ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း ကြီးပွါးတိုးတက်ကြသည်. ၃

သာသနာ အရှည်တည်တံ့ စေရန် အတွက် ပရိတ်သတ် ၄ ပါးကို အားထားယုံကြည်ထားကြောင်း.. ဖေါ်ပြခဲ့ပြီး ပါပြီ။


အားထားယုံကြည် ထိုက်တဲ့ တရားတော်မြတ်လဲ ၄၅ ၀ါပတ်လုံး ဟောကြားခဲ့ပြီး တာဝန်တွေ လဲ ခွဲဝေပေးခဲ့ပါတယ်။



ပရိတ်သတ် (၄ ) ပါး ကို ခွဲခြားကြည့်ရင်...ဘိက္ခု နှင့် ဘိက္ခူနီ တွေ က အိမ်ရာမထောင် ရဟန်းဘောင်မှာနေ တဲ့ အုပ်စု နှင့်. ဥပါသကာ .ဥပါသိကာ တွေ က အိမ်ရာတည်ထောင် လူ့ဘောင်မှာနေတဲ့ အုပ်စု. ဆိုပြီးခွဲခြားနိုင်ပါတယ်။


ထိုအုပ်စု နှစ်ခုဟာ တစ်ခုနှင့် တစ်ခု အပြည်အလှန်အမှီသဟဲ ပြုနေကြပြီး သာသနာ ကို ကာကွယ်စောင့်ရှောက် တည်တံ့ .ကြီးပွါးတိုးတက်အောင် လုပ်ဆောင်ကြရမဲ့  တာဝန်ရှိပါတယ်။ ကိုယ်စီကိုယ်ငှ နိုင်ရာ အသိဖြင့် ထမ်းရွက်ကြရပါတယ်။



သာဂါရာ အနဂါရာစ ဥဘော အညောည နိဿိတာ၊
အာရာဓယန္တိ သဒ္ဓမ္မံ ယောဂက္ခေမံ အနုတ္တရံ ။ ။


အိမ်ရာထောင်သူ လူ နှင့် အိမ်ရာ မထောင်သူ ရဟန်း နှစ်ဦးတို့သည် အချင်းချင်း မှီကြကုန် ၍ ယောဂ လေးဖြာ ကုန်ရာဖြစ်သော အတုမရှိ မြတ်သော သူတော်ကောင်းတရား ကို ပြီးစေနိုင်ကြကုန်၏။

ဟု..

ခုဒ္ဒက နိကာယ်. ဣတ္တိဝုတ္တက ပါဠိတော်မှာ ဖေါ်ပြထားပါတယ်။


ဓမ္မ.ဖြင့် ဘိက္ခူ. ဘိက္ခူနီတွေ က လူ့ဘောင်နေတဲ့အုပ်စု ကို သွန်သင်ဆုံးမ လမ်းပြပေး၊.. လူ့ဘောင်နေတဲ့ အုပ်စု က အိမ်ထောင်ပြု .စီးပွါးရှာ.. ၊ သာသနာ့ဝန်ထမ်းတွေ ကို ပစ္စည်းလေးပါးနဲ့ ပြုစု ထောက်ပံ့.. ဒီလိုနည်းနဲ့ အချင်းချင်းပြန်အလှန် အမှီသဟဲပြုရင်း သူတော်ကောင်းတရားကို ပြီးစီးစေ နိုင်ပါသတဲ့။ ဘုရား .ရဟန္တာ တို့ရဲ့ ပန်းတိုင် ..ဒုက္ခကုန်ရာ နိဗ္ဗာန် ကို ရနိုင်တယ်။



ဒီစကားက သိပ်ကိုရှင်းပါတယ်။ လူအားလုံး ရဟန်းပြုမှ.သာလျှင် .သူတော်ကောင်းတရား သိနိုင်မယ်.. လို့ မဆိုလို.. နိဗ္ဗာန်ရနိုင်မယ်. လို့ ပြောတာမဟုတ်။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း နဲ့ ပဲ သူတော်ကောင်းတရား ကို သိနိုင်မယ်..နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြု နိုင်တယ် လို့ အာမခံချက် ပေးထားပါတယ်။



ကိုယ့် အလုပ်ကိုယ်လုပ်ဆိုရာတွင်.. လူက လူအလုပ် ဖြစ်တဲ့ စီးပွါးရှာ.အိမ်ထောင်ပြု..နိုင်ငံရေး..လူမှု ရေး..စသည်ပေါ့။


ဒါတော့ .. နိဗ္ဗာန် သို့ ဦးတည်နေတဲ့ စီးပွါးရေး..အိမ်ထောင်ရေး..နိုင်ငံရေး..လူမှု ရေး..ဆိုတာရှိပါ၏လော... မြတ်ဗုဒ္ဓ ဆုံးမ က.ဆုံးမ သွန်သင်ထားချက် တစုံ တရာ ရှိပါ၏လော..

0 comments:

Post a Comment