အသိပေးခြင်း

http://burmatoday.net/news2005/2010/201001/100122_bty_bur_buddhism.swf
ယနေ့မြန်မာဆိုဒ်မှာ ဒီဆောင်းပါးလေး တွေ့မိပါတယ် ... ဘာသာရေးပြသနာ ဖြစ်ပွားမယ့်အရေးကို သတိပေးထားတာ ကျိုးကြောင်း သင့်လျော်ပါတယ် ... အဲဒါနဲ့ ပက်သက်ပြီး ကျနော် အရင်ထဲက ကျနော့်ဘလော့မှာ ပို့စ်တခု ရေးဖူးပါတယ် .... အဲဒါ မက်ဆင်ဂျာဘလော့ပေါ်ကစတုန်းကပါ ...

အမှာမှန် ခွဲခြားနိုင်ဖို့ရာ ဒီပို့စ်ကို တင်ရပါတယ်။

ကျနော်တို့ ဒီဘလော့ စဖွင့်တာ မက်ဆင်ဂျာဘလော့ ပေါ်ပြီးတော့မှပါ။ စဖွင့်ဖွင့်ချင်း ရည်ရွယ်ချက်ကလဲ မက်ဆင်ဂျာဘလော့ကို တုံ့ပြန်ချေပဖို့အတွက်ပါ။ မက်ဆင်ဂျာဘလော့ထံမှာ စနစ်တကျဆွေးနွေးအဖြေရှာဖို့ကို တောင်းဆိုခဲ့ပါတယ်။ စနစ်တကျ ဆွေးနွေးခြင်းအားဖြင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မဖြစ်လာနိုင်ဘူးလို့ ထင်တဲ့အတွက်ပါ။ ထင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒါတခု။

နောက်တခုက အယူဝါဒ ပြန့်ပွားဖို့ပါ။ ရည်ရွယ်ချက်မှာကိုက ဗုဒ္ဓအယူဝါဒကို ပိုမိုလေးနက်စွာ နားလည်လာစေရန် လို့ ရေးထားပါတယ်၊ ကျနော်တို့ ဒီနေရာမှာ ပရိတ်တရားတော်တွေကိုပဲ ဖွင့်ပြနေမှာမဟုတ်ပါဘူး၊ အယူဝါဒအကြောင်းတွေကိုအလေးထားပြီး ရေးပါတယ်၊ ဆန်းစစ်ဝေဖန်ပြီး ဆွေးနွေးပါတယ်၊ ဗုဒ္ဓအယူဝါဒကို ပြန့်ပွားအောင် ကျနော်တို့လုပ်ကြပါတယ်။

ကိုယ့်ဘာသာ သူ့ဘာသာ ဆန်းစစ်ဝေဖန်ချက်တွေ ကျိုးကြောင်းခိုင်လုံစွာ တင်ပြထားပါတယ်၊ အမှားသိရင် အမှန်ကိုရောက်ပါမယ်။ ကျိုးကြောင်းဆီလျော်စွာ နှိုင်းယဉ်ဝေဖန်နေသရွေ့လည်း စော်ကားရာမရောက်ဖူးလို့ ယုံကြည်ပါတယ်၊ အရှိကို အရှိအတိုင်းပြောပါတယ်၊ အချက်လက် အကိုးကားနဲ့ ပြောကြပါတယ်၊ အယူအဆတွေကို ဆွေးနွေးဖို့ကိုလဲ လမ်းဖွင့်ပေးထားပါတယ်၊

အယူအဆတွေကို ဆွေးနွေးတဲ့နေရာမှာ အတိမ်းစောင်းမခံပါဘူး။ အဲဒါကြောင့် သေချာလေ့လာသုံးသပ်ပြီးမှ ရေးကြပါတယ်။ တဖက်က ကြမ်းကြမ်းတမ်းတမ်းဝေဖန်လာရင်တောင် အထောက်ထားပြည့်စုံနဲ့ ကိုယ့်ဖက်က မလွန်ရအောင် စနစ်တကျ ပြန်လည်ချေပပါတယ်။

ပေါ်လစီဘလော့လား ဘာလားေ၀၀ါးမနေအောင်လဲ ရေးတဲ့သူတွေရဲ့ အိုင်ဒီကိုလဲ ရှာနိုင်တယ်လို့ နဂိုတည်းက ပြောထားပါတယ်။ ကျနော့်အိုင်ဒီကိုဆို ဖွင့်ပေးထားပါတယ်။ ကျန်တဲ့သူတွေကိုလဲ ဘယ်သူက ဘယ်သူဆိုတာ သိတဲ့သူတွေ သိပြီးလောက်ပါပြီ။ အရင်ဘာသာရေးဒီဘိတ်တွေမှာ ဖတ်ဖူးတဲ့သူတွေ ဒီအရေးအသားမျိုးတွေကို သိကြပါလိမ့်မယ်၊ နောက်ပြီး ဘာသာရေး(ဘာသာရေးပို့ချမှုသက်သက်)ဘလော့တွေမှာ ရေးတဲ့သူတွေ ပါပါတယ် တချို့က လူ၊ တချို့က သံဃာပါ။ ဒီလောက်အထိကို ကျနော် ပြောပြနိုင်ပါတယ်။

အဲဒီတော့ ရည်ရွယ်ချက်မှာ ရေးထားတဲ့အတိုင်း ကျန်တော်တို့ ဝေဖန် ဆန်းစစ်ပါတယ်။ အယူဝါဒ ပြန့်ပွားအောင် လုပ်ပါတယ်။ အဲဒီလောက်ပါပဲ။

0 comments:

Post a Comment