ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း ကြီးပွါးတိုးတက် ကြသည်. - ၁

တကယ်ပါ.။ မယုံမရှိနဲ့.. အဲဒါ။
တစ်ချို့က ပြောတတ်ကြတာ..ဗုဒ္ဓအဆုံးအမ က တိုးတက်ရေးကို အားမပေးဘူးဆိုပဲ။ ဗုဒ္ဓအဆုံးအမ ပစ်မယ် မှ မြန်မာပြည်တိုးတက်မယ်လို့လဲ .. ဆိုကြသေးတယ်။

ထိုသူများဟာ စနစ်တကျ လေ့လာဆည်းပူး ခြင်းမရှိ။ ထင်ရာမြင်ရာ စွပ်ပြော..တောပြော တောင်ပြော ပြောနေခြင်းသာ။

တကယ့်ဘုရားအဆုံးအမ ကို သိထားပါက.. ဗုဒ္ဓအဆုံအမ အတိုင်းကျင့်သုံးလိုက်နာမှ သာ တိုင်းပြည်တိုးတက်မည် ဟု ကျိန်းသေ ပြောကြပါလိမ့်မယ်။

အဘယ်ကြောင့်နည်း..

ဗုဒ္ဓဟောပြ. စီးပွါးရေး အဆုံအမ ကို သာလေ့လာကြည့်စမ်းပါ။


တစ်ချို့က ဆိုကြတယ်..မြန်မာပြည် ဆင်းရဲနေတာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကြောင့်တဲ့။

မြန်မာ ဗုဒ္ဓဘာသာအများစု ကားအမည်ခံ ဗုဒ္ဓဘာသာ မျသာ။ ထိုသူအများစုကား ..ဘုရားရှိခိုး၊ ပုတီးစိပ်.တရားထိုင် .စေတီ တည် ..စသည့် အမှု များကို သာလျှင် ဘုရားအဆုံးအမ ဟု မှတ်ထင်နေကြဟန်ရှိတယ်။


ယနေ့ မြန်မာဗုဒ္ဓဘာသာ ကား ကိုလိုနီခေတ်ကတည်းက အညွန့်ချို့ခဲ့ ခြင်းရလာဒ်ကြောင့် အညွှန့်ချိုးခံ ဗုဒ္ဓဘာသာ မျှသာ။

အညွှန့်ချိုးခံ ရတဲ့ အတွက် အစွမ်းအစ ညံ့တုံး မှန်းမသိ.ညံ့တုံး ကုန်ကြပါ၏။
ထိုသို့ ညံ့တုံး သည်ကို ညံ့တုံးသည်ဟု နားလည်ပါက ..ပြင်နိုင်စရာ လမ်းရှိပါသေး၏။ အများစုက ထိုသို့မဟုတ်..မိမိ တို့ အစွမ်းညံ့တုံးခြင်းကို..ပင် လျှင် ဘာသာတရားအဆုံးအမ ကြောင့် ဟု လက်ညှိုးထိုးတတ်ကြပါတယ်။

ထိုသို့ လက်ညိုးထိုး စွပ်စွဲ တာကိုပဲ့ .အဟုတ် တကယ်..အမှန်တရား ဟု ယူဆ ပြောနေသူများလဲ ရှိကြပါတယ်။

ယခုအခါ ဘာသာခြားများက ပေါ်တင်ပင် ထုတ်ပြောလာကြပါပြီ။ ရှုလှည့်ကြ..ကြည့်လှည့်ကြလော...

တိုင်းပြည်နဲ့ လူမျိုးကို မက..ဘာသာ သာသနာကို ပါ စော်ကား လာကြပြီတည်း။

http://messengerforbuddhist.blogspot.com/ တွင် ဖတ်ရှု နိုင်ပါ၏။



ဘာသာခြားများ . ပြောပြုလုပ်သမျှ .ဘာမှ တုန့်ပြန်ဆောင်ရွက်ခြင်း မပြု ရ..ဟု...မြတ်ဘုရား ဆုံးမ သွန်သင်ထားသည် ဟု အသင်ယုံကြည်ပါ၏လော....

0 comments:

Post a Comment