ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း ကြီးပွါးတိုးတက် ကြသည်- ၂

အများသိနေကြ ဖြစ်တဲ ဗုဒ္ဓ၀င် ကို ပဲ လေ့လာကြည့်ကြရအောင်။

ဗုဒ္ဓဘုရား မပွင့် ခင် အချိန်က ဒီကမ္ဘာမှာ ဗုဒ္ဓဘာသာ ၀င် ရှိပါသလော။ မရှိဟု ပဲ အဖြေထွက်ပါမယ်။

သစ္စာလေးပါးကို သယမ္ဘူဥာဏ် ဖြင့် ကိုယ်တိုင် ထွင်းဖေါက်သိမြင်တော်မူပြီးနောက် သတ္တ၀ါ ဝေနေယျ အများ .. အား အလို အကြိုက် စရိုက် အားလျှော်စွာ ထိုသိထားတဲ့တရားကို ဟောကြားပေးတော်မူပါတယ်။ ဆို ဆုံးမ ပေးတော်မူခဲ့တယ်။ ပထမ ၀ါ အတွင်း.. ပဉ္စ၀ဂ္ဂီ ငါးပါး နှင့် ယဿသတိုးသား နဲ့သူငယ်ချင်း အပေါင်း .. ရဟန်းပြုကြတယ်။ ပထမ ၀ါအပြီး..မှာတော့.. လောကမှာ ရဟန္တာပေါင်း ၆ ကျပ်နဲ့ ၁ ပါး ပေါ်ထွန်းလာခဲ့၏။

ရဟန်းတို့.. ခရီးထွက်ကြ.. တစ်ကြောင်းတည်း သော ခရီး ကို နှစ်ပါး မကြွ နဲ့...စသည်ဖြင့် . သာသနာပြု သြ၀ါဒ ပေးတော်မူပါတယ်။

အသေချာစဉ်းစားကြည့်ပါ။

မြတ်ဘုရား သာသနာပြုစေလွတ်တော်မူတဲ့အရပ်ဒေသ ဆိုတာ ဘာသာခြားတွေ ချည်းပါ။ ဘယ်ဗုဒ္ဓဘာသာ တစ်ဦးတစ်ယောက်မှ မရှိကြတဲ့ အရပ်။

ရောက်ရာအရပ်မှာ အယူဝါဒ ပြိုင်ပွဲတွေ၊ စကးစစ်ထိုးပွဲတွေ ဖြစ်ခဲ့ ပါတယ်။

အရှုံးပေး ရသူက တပည့်ခံ ကြေး ဆိုပြီး စိန်ခေါ် ၀ါဒပြိုင်ပွဲများပင်လျှင် ပိဋကတ် မှာ မှတ်တမ်းတင်ထားတာ မှတ်သားမိပါတယ်။

သုတ္တန်ဒေသနာတော် အတော်များများ ရဲ့ အဆုံး တွေမှာ..

”အရှင်ဘုရား..အကျွနုပ်သည် အသျှင်ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော် ကို လည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာ ဘုရား သည် အကျွနုပ် ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာ သုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါ ဟု (လျှောက်၏)။ ”

ဆိုတဲ့ စကားရပ်တွေ ကို ဖတ်ရှုရတယ်။

တကယ်တော့ ရတနာ သုံးပါးကို ကိုးကွယ်ပါတယ်.ဆိုခြင်းဟာ ဘာသာခြားမှ ဗုဒ္ဓဘာသာ အဖြစ် ကူးပြောင်းခြင်း မဟုတ်ပါလား။


ယနေ့ မြန်မာအများစု ကတော့ ..တလွဲအယူမှား တွေ နဲ့ အခြေခိုင်နေကြပါ၏။ ဘာသာခြားကို ဗုဒ္ဓတရား မဟောရ ဟု အယူစွဲမှား နေကြတယ်။ ဘာသာရေးဆိုင်ရာ ဖေါ်ဝပ်မေး တစ်ချို့ ရဲ့အောက်မှာ..တကယ်၍ ဤစာကို ဘာသာခြား တွေ လက်ခံရရှိပါက ... ဆောရီး ပါ..တဲ့။ လွဲ သမှ တကယ့် ကို အလွဲ။

တကယ်တော့....

ဘုရား သာ သနာ တည်ခဲ့တာ လွယ်လွယ်နဲ့တော့ မဟုတ်။ ထိုခေတ်က ပေါ်ထွန်းနေခဲ့တဲ့အယူဝါဒ မျိုးစုံ ကြား .၀ါဒချင်းယှဉ်ပြိုင် အနိုင်ယူကာ. .ယူနီဗာဆယ် အမှန်တရား ဆိုတာ ဒါပဲ ဆိုပြီး. ရဲ့ဝံ့ ပြတ်သား စွာ ချပြ နိုင်ခဲ့ပါတယ်။ ထို့ကြောင့် ပင်.. ဘုရားပွင့်ပြိး နောက် ၄၅ နှစ် အကြာ.အိန္ဒိယ မှာ သာသနာအရှိန်အဟုန်ကောင်းစွာ ထွန်းကားခဲ့ပါတယ်။


တကယ်တော့ ရှိပြီးသားသာသနာ ကို အစဉ်တည်တံ့ စေဖို့ အားလုံးမှာ တာဝန်ရှိပါ၏။ နောင်တစ်ချိန် ပေါ်ပေါက်လာမဲ့ အတွင်း အပြင် ဓမ္မန္တရယ်များ ကို.. ဘယ်နည်း ဘယ်ပုံ ဖြေရှင်းရမယ်၊ ချေမှုန်းရမယ်..ဆိုတာ နည်းစနစ် ဥပဒေ သများ..ဘုရားရှင် အပြည့်စုံ ချပြ ဟောကြားတော်မူခဲ့ပါ၏။



ထိုအကြောင်းကို ဒီဃနိကာယ်. မဟာပရိနိဗ္ဗာန်သုတ်တွင် မှတ်တမ်းတင်ထားသည်မှာကား...........


အသျှင်ဘုရား၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုရန် အချိန်တန်ပါပြီ။

အသျှင် ဘုရား၊ မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ “ မာရ် နတ် ငါ၏ တပည့် ရဟန်းတို့သည်. ( ရဟန်းမိန်းမ တို့သည်၊ ဥပါသကာ တို့သည်၊ ဥပါသိကာမတို့သည်) အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကိုသင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒ ကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုမဟောပြနိုင်ကြကုန်သေး၊ ထိုမျှ လောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန် ပြုတော်မူမည်မဟုတ်“ ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည်. ( ရဟန်းမိန်းမ တို့သည်၊ ဥပါသကာ တို့သည်၊ ဥပါသိကာမတို့သည်) တတ်သိလိမ္မာရှိကြပါပြီ။ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ တရားနှင့် လျော်သောတရားကို ကျင့်နိုင်ကြပါပြီ။ လျော်သော အကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့် လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ။ ဖြစ်ပေါ်လာသော သူတစ်ပါးဝါဒကို အကြောင်း မှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်ကြပါကုန်ပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရား သည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သောအကျင့် ဟု ဆိုအပ်သော သာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့် တိုင်အောင် ပြည့်စုံပါပြီ။ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများ သိပါပြီ။ များစွာဖြစ် ထွန်းပါပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုချိန် တန်ပါပြီ” ဟု (လျှောက်၏)။

ဤသို့လျှောက်သော် မြတ်စွာဘုရားသည်ယုတ်မာသော မာရ် နတ်အား ဤစကားကို မိန့်တော်မူ၏။ -

”မာရ်နတ် သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလ လွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုလိမ့်မည် ” ဟု (မိန့်တော်မူ၏)။

0 comments:

Post a Comment