ကွန်မန့်တခု

ဦးဇင်းတပါးေ၇းထားတဲ့ ကွန်မန့်တခုပါ ..

သီးခံခြင်း .ခန္တီ . ဟာ တရားကိုယ်အားဖြင့်..အဒေါသ စေတသိက် ၊ မေတ္တာ လို့ သဘောပေါက်ထားပါတယ်။
သီတဂူ ဆရာတော်ကြီးရဲ့ မေတ္တာပို့ ထဲက တစ်ခု က ..

" ခန္တီ ၏ ရန် ဒေါသမာန် .တွန်းလှန်နိုင်ပါစေ. "

ဘယ်သူ က ဘယ်လိုပင်ပြုမူစော်ကားပါစေ..မေတ္တာမပျက်ခြင်း.. သူ့အကျိုးလိုလားတဲ့ စိတ်ဓါတ်လေး မပျက်ပြားသွားခြင်း ကိုပဲ ခန္တီ လို့သဘောကျမိပါတယ်..ဘုရား။

နွားပဲ.ခွေးပဲ.စသည် ဖြင့် ဆဲရေးလာရင်တော့... ဘာမှ တုန့်ပြန်စရာ မလို.လစ်လျူရှုကြရမယ် ဆိုတဲ့ နည်းဥပဒေ သ ရှိသလို၊

ဘုရား မဟော တာ ကို ဘုရာ ဟော ပါဟု ပြောခြင်း.. ဘုရားမှာ မရှိတဲ့ဂုဏ်ကို အရှိ ဟု ဆိုခြင်း.စသည်.(ဥပမာ. အရဟံ..ကိလေသာ မြူမှ မရှိတဲ့ မြတ်စွာ ဘုရားကို..ကိလေသာ ကြွယ်ဝသော ဂေါတာမ ဟု .. http://messengerforbuddhist.blogspot.com က ဖေါ်ပြခြင်း) ဟာ မြတ်စွာဘုရားကို ပုတ်ခေတ်စော်ကား ခြင်း သာ ဖြစ်ပါတယ်။

ဆဲရေးခြင်း ကို မည်သို့မှ တုန့်ပြန်ရန်မလို လစ်လျူရှုခြင်းဟာ မှန်ကန်သော်လဲ ဘဲ.. ကိလေသာကင်းတဲ့ ဘုရားကို ကိလေသာထူပြောတဲ့ ဘုရားရှင်အဖြစ် ဆိုနေခြင်းဟာ ..စွပ်စွဲပုတ်ခတ်ခြင်း၊ စော်ကား ခြင်း သာ ဖြစ်တယ် ဟု နားလည်မိပါတယ် ဘုရား။

ဒီဃနိကာယ်ပါဠိတော်. . မဟာပရိနိဗ္ဗာန သုတ် တွင်. သာသနာအရှည်တည်တံ့စေရန်.့ ပရိတ်သတ်လေးပါး အား အားကိုးပုံ၊ စိတ်ချယုံကြည်ထားပုံ ။ ဗြဟ္မဇာလ သုတ်တော်ပါ စွပ်စွဲစော်ကားလာရင် မည်သို့မည်ပုံ ပြုမူဆောင်ရွက်ရမည် ဟု သွန်သင်ညွှန်ကြားချက် များရှိပါတယ်။
ထိုညွှန်ကြားချက်များကား......

ဓမ္မပဒပါဠိတော် လာ

" ခန္တီ ပရမံ တပေါ တိတိက္ခာ "

ဂါထာ အဆုံးအမ နဲ့ ၀ိရောဓိ ဖြစ်သည်မဟုတ်.
မည်သို့ပင် စော်ကားပုတ်ခတ်လာပါစေ..စွပ်စွဲပုတ်ခတ်လာသူကို သူ့အကျိုးလိုလားသောစိတ်ထားဖြင့် ဒေါသမဖက် မေတ္တာသက်သက် ဖြင့် ထိုက်သင့်သလို အရေးယူဆောင်ရွက် ရမည် ဟု မြတ်ဘုရား ဆုံးမထားသည်ဟု နှစ်ခြိုက် သဘောကျ မိပါတယ် ဘုရား။

0 comments:

Post a Comment