သာသနာ့အာဇာနည် ဦးလောကနာထ

ကျွန်တော်အရင်တစ်ခေါက်တုန်းက အီတလီဘုန်းတော်ကြီး ဥိးလောကနာထအကြောင်း A. Rawlinsonရေးတဲ့ ထေရုပတ္တိဘာသာပြန်ကို ဘလော့ဂ်မှာတင်ပြပေးခဲ့ပါတယ်။ ထိုအချိန်တုန်းက ဦးလောကနာထအကြောင်း ကျွန်တော်မြန်မာလိုဖတ်ဖူးတဲ့ စာအကိုးအကားကိုရှာမတွေ့ခင် အင်္ဂလိပ်လိုလတ်တလောတွေ့ထားတဲ့ အကြောင်းအရာကို ကူးယူဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အခုမေတ္တာရှင်(ရွှေပြည်သာ)ရေးတဲ့ ဦးလောကနာထအကြောင်း ကို တင်ပြပါရစေ။ အခုဘလော့ဂ်ပို့စ်နဲ့ ကျွန်တော်ကြည်ညိုတဲ့ ဆရာတော်ဦးလောကနာထကို ပူဇော်လိုက်ပါတယ်ခင်ဗျား။
--------------------------------------------------------------------------------------

ခရစ်ယာန်ဘာသာဝင်ဖြစ်သော ဆာဗာတိုရေစီအိုဖီသည် ... အီတလီနိုင်ငံ၊ မီလန်မြို့ တွင် အသက်မွေးဝမ်းကြောင်းပြုနေထိုင်ခဲ့သည်။ သူသည် အမေရိကန်နိုင်ငံ၊ ကိုလံဗီယာတက္ကသိုလ်မှ ဘီအက်စ်စီ ဘွဲ့ရ ခေတ်ပညာတတ် တစ်ဦး ပင်ဖြစ်သည်။

တစ်နေ့တွင် ခရစ္စမတ်လက်ဆောင် အဖြစ် မိတ်ဆွေတစ်ယောက်က အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒစာအုပ်လေး တစ်အုပ်ကို ပေးလိုက်သည်။ ထို ဓမ္မပဒ ကိုဖတ်ရင်းမှ မည်သူမှ တရားမဟောဘဲ ၊ မစည်းရုံးဘဲ .. အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ရသည်။

(ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော တရားတော်တို့တွင် ဓမ္မပဒသည်ကား နိုင်ငံခြားဘာသာခြားတို့အနှစ်သက်ဆုံး တရားပါပေ။)
ဘာသာခြားများပင် ထိုမျှလောက် ကြည်ညိုလေးစားရသော ဓမ္မပဒ တရားတော်ဂါထာတစ်ပုဒ် ကို ကြည်ညိုသဒ္ဓါပွားနိုင်ရန် တင်ပြအပ်ပါသည်။


မဏိံမိဂေါပဿန္တောပိ၊ တိဏံခါဒံဝ ဂစ္ဆတိ။

လဒ္ဓကာလော ဒုပ္ပညောပိ၊ ကာမံဘုဉ္ဖံဝ ဂစ္ဆတိ။



သမင်သည် ပြည်တန်ပတ္တမြားကို တွေ့မြင်သော်လည်း တန်ဖိုးမသိသည့်အတွက် မြက်ကိုသာစားပြီး တောတွင်းဝင်သွားသကဲ့သို့
ပညာမဲ့သောလူမိုက်တို့သည် လူ့ဘဝအခွင်းကာလကောင်းကိုရနေပါသော်လည်း တန်ဖိုးမသိသည့်အတွက် အာရုံငါးပါးကာမဂုဏ် တရားကိုခံစားပြီး
အပါယ်လေးပါးသို့ သွားသည်။

ဤကဲ့သို့ အနှစ်သာရပြည့်ဝသော ဓမ္မများစွာကိုဖော်ပြထားသော ထို ဓမ္မပဒ ကျမ်းစာအုပ်လေးဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာသော ဆာဗာတိုရေစီအိုဖီသည် အသက်ထက်ဆုံး ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်ကို ခံယူလိုက်ပါသည်။

မြန်မာနိုင်ငံကို အမြဲနေရာဌာနအဖြစ်ထားကာ ကမ္ဘာကို သုံးပတ် ပတ်မိသည်အထိ သာသနာပြုခြင်းမှာ ဘာသာခြားအဖြစ်နှင့် ကွယ်လွန်ခဲ့သော မိဘနှစ်ပါးသည် ဖြစ်ရာ ဘဝ၊ ဖြစ်ရာ ဒေသမှ သူ့တရားကို နာယူကာ ဗုဒ္ဓဘာသာဖြစ်စေချင်သောကြောင့်ဟု ပါ၏။

တစ်ခါကလည်း ဝမ်းဗိုက်မှာဖြစ်သာ ရောဂါတစ်ခုကြောင့်ခွဲစိတ်ကုသရန် အီတလီသို့ ခေတ္တပြန်ကြွရသည်။ ရောဂါပျောက်၍ ပြန်မည်အပြုတွင် ...
ဘာသာခြားဖြစ်သော ဦးလေးနှင့်ဆွေမျိုးတစ်စုက သူတို့ဘာသာကို စွန့်ပစ်သည့်အပြင် တခြားဘာသာ၏ ရဟန်းအဖြစ်သို့ပင် တက်ရောက်ခြင်းကို မကျေနပ်သဖြင့် ဗုဒ္ဓဘာသာနိုင်ငံများသို့ ပြန်သွားခွင့်မပြုနိုင် ၊ အီတလီမှာပင် နေရမည် ဟု အကျပ်ကိုင်ကြလေသည်။

ထိုအခါက ရှင်လောကနာထ တစ်ဖြစ်လဲ ဘုန်းကြီးလေးက ဗုဒ္ဓဘာသာရဟန်းအဖြစ်နှင့် သာသနာမပြုရလျှင် သေခြင်းကမှ မြတ်သေးသည်ဟု အဓိဋ္ဌာန်ပြုကာ အစားအစာများ လုံးလုံးမစားတော့ခြင်းဖြင့် ဆွေမျိုးများကို အနုနည်းဖြင့် တုန့်ပြန်လိုက်ပါသည်။

လေးငါးရက်ရှိ၍ လူလည်း မျော့မျော့ကျန်သော အခါမှ ဆွေမျိုးများလည်း အလျော့ပေးပြီး ပြန်ခွင့်ပေးရပါတော့သည်။ ထိုသို့ပြန်ခွင့်ပေးသော်လည်း လမ်းစရိတ် မပေးသဖြင့် - - -

အီတလီ ၊ ပြင်သစ် ၊ ဆွစ်ဇာလန် ၊ သြစတြေးလျ ၊ ယူဂိုစလားဗီးယား ၊ ဘူလ်ဂေးရီးယား ၊ တူရကီ ၊ ဆီးရီးယား ၊ ပါလက်စတိုင်း ၊ အိန္ဒိယ

ဟူသော နိုင်ငံဆယ်နိုင်ငံ ကို ရှစ်လ ကျော်ကြာခြေလျင်ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ အရောက်ပြန်ခဲ့ရပါသည်။

ဓူတင် ၁၃ ပါးကိုလည်း အမြဲဆောင်ကာ ဘယ်သော အခါမှ ဖိနပ်မစီး ၊ ထီးမဆောင်းပါပေ။
အသားငါးကိုလည်း အသက်ထက်ဆုံးရှောင်ကြဉ်၍ သဗ္ဗတ္ထကမ္မဋ္ဌာန်း ခေါ် မေတ္တာဘာဝနာကို အထူးတလည်ပွားများတော်မူပါသည်။

ဆရာတော်၏ မေတ္တာဦးစီးသော အဆုံးအမကြောင့် ဗုဒ္ဓဘာသာဖြစ်ခဲ့ကြသော ဘာသာခြားများမှ မနည်းလှပေ။
အီတလီ ဘုန်းတော်ကြီး ဆရာတော် ဦးလောကနာထသည် ဗုဒ္ဓသာသနာ ကမ္ဘာအနှံ့ပြန့်ပွားအောင် မနေမနား၊ သာသနာပြုရင်း ပြင်ဦးလွင်မြို့တွင် ပျံလွန်တော်မူခဲ့ပါသည်။

မျက်ရည်မကျခင်သိစေချင် - မေတ္တာရှင်(ရွှေပြည်သာ)

ကယ်တင်ရှင် ဘယ်သူလဲ...

ဗုဒ္ဓဘာသာ ဘုန်းကြီးဝတ်ပီ မနေနိုင်တော့ လူထွက် ပီတော့ ခရစ်ဖြစ်သွားတဲ့ ဆရာကံထူးရဲ့ သက်သေခံချက်

http://www.mirrorcreator.com/files/4...lip0.mp4_links

http://www.mirrorcreator.com/files/0...lip0.mp4_links

ဆရာကံထူးရဲ့ သက်သေခံချက် ဆိုတာကို နားထောင်ကြည့်ကြပါဦး

အကြောင်းတိုက်ဆိုင်လို့ ဆရာကံထူး သက်သေခံခဲ့တဲ့ အကြောင်းအရာများကို နာထောင်ဖြစ်ခဲ့ပါတယ်. ဆရာကံထူးရဲ့ စကားတစ်ခုတည်း နားထောင်မယ်ဆိုရင် အတွေးအခေါ်မှားများ ဖြစ်နိုင်တာမို့ မိမိနားလည်သလောက် ဆရာကံထူး မပြောဘဲ ကျန်ခဲ့သော အကြောင်းအရာမျာကို ရေးသားလိုက်ရပါတယ်..
ဆရာကံထူးမပြောမိဘဲကျန်ခဲ့သော အကြောင်းအရာများ..

ကျွန်တော်ဟာ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်တယ်လို့ ပြောခဲ့ပေမဲ့. ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းကို မရောက်ခဲ့ပါဘူး.. တကယ်တမ်း ဗုဒ္ဓဘာသာစစ်ဆိုတာ လောကုတ္တရာသရဏဂုံတည်သူ သောတာပန်သာဖြစ်ပါတယ်.. (၁၀၀) % ဗုဒ္ဓဘာသာဖြစ်ပါတယ်.. တကယ်လို့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါးလုံးမှာ ပဋိစ္စသမုပ္ပါဒ်သဘောကို ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်သိခဲ့ရင်တော့ (၈၀)% ဗုဒ္ဓဘာသာဖြစ်ပါတယ်. စူဠသောတာပန်ပေါ့။ သာသာနာတော်မှာ အမြစ်တွယ်သူလို့ ခေါ်ပါတယ်… ဂတိမြဲသွားပါပီ… ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်သိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တိုင်အောင် ရောက်ခဲ့မယ်ဆိုရင်တော့ (၆၀)% လောက် ဗုဒ္ဓဘာာသာဖြစ်ပါတယ်.. သထမကမ္မဋ္ဌာန်း လေးဆယ်ထဲက တစ်ခုခုကို အောင်မြင်ပေါက်မြောက်အောင် ကျင့်ကြံနိုင်ရင်တော့ (၅၀)%ခန့် ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်မှာပါ.. (မိမိထင်မိတာကို တွက်ချက်ထားခြင်း ဖြစ်ပါတယ်)
ဒါမှ မဟုတ်လည်း ဥပါသကာ ပဒုမ္မာတို့. ဥပါသကာ ပုဏ္ဏရိတ်တို့လည်း ဗုဒ္ဓဘာသာစစ်စစ်တွေဖြစ်ကြပါတယ်.
ဒီတော့ ဆရာကံထူးက ဗုဒ္ဓဘာသာစစ်စစ်ဆိုတာ ရာခိုင်နှုန်းဘယ်လောက်လဲဆိုတာကို ပြောခဲ့ဖို့ ကျန်ခဲ့ပါတယ်.. ဖြစ်နိုင်ချေကတော့ ဆရာကံထူး တရားထိုင်စဉ် စိတ်တည်ငြိမ်မှုကိုမျှ မရလေသောကြောင့် သမာဓိမျှပင် မဖြစ်ခဲ့ချေ။ ထိုကြောင့် တရားလျှောက်တိုင်း လိမ်ညာမှုများနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ လိမ်ညာတတ်သူဖြစ်သောကြောင့်လည်း သမာဓိမဖြစ်တာ ဖြစ်ရပါတယ်.. ဒါဆိုရင် ဆရာကံထူးရဲ့ဗုဒ္ဓဘာသာစစ်မှုသည်.. သီလမျှ မလုံလေသောကြောင့် (၁၀) %ဗုဒ္ဓဘာသာမျှ မဖြစ်ခဲ့ပါချေ.. ရဟန်းတစ်ပါးဖြစ်ခဲ့ပါမူ. တရားကိုနေစဉ် လိမ်လျှောက်ခဲ့လေသောကြောင့် သီလကင်းမဲ့နေသော ဒုဿီလမျှ ဖြစ်ခဲ့ရချေတယ်..လိမ်လည်တတ်သော သူသည် မပြုလုပ်ရဲသော မကောင်းမှု ဒုစရိုက်မရှိချေ.. ဥတ္တရိမနုဿဓမ္မများကို လိမ်ညာပြောခဲ့ပါမူ သာသနာတော်မှ ဆုံးရှုံးလျှက်ရှိသော သူတစ်ယောက်ဖြစ်ခဲ့ရပါတယ်.ဒါကြောင့်လည်း လူထွက်မိပါတယ်.. (၈)နှစ်သားမှ (၁၀)နှစ်တိုင်တိုင် (၁၈)နှစ်သားထိဆိုရင် ကိုရင်ဝတ်ခဲ့တဲ့ ဆရာကံထူးဟာ… ချွတ်ယွင်းတဲ့စကားများကို အဘယ်မျှလောက် ပြောခဲ့ပါသလဲ……

ဒါကြောင့် ဆရာကံထူးရဲ့ ဗုဒ္ဓဘာသာစစ်စစ်ဟူသော စကားကို မယုံစားမိဖို့ ခရစ်ယာန်ညီအစ်ကို မောင်နှမများကို သတိပေးလိုက်ရပါတယ်… ခရစ်ယာန်ညီအစ်ကိုမောင်နှမများက မိမိတို့ ဘာသာထဲကို ဝင်လာတိုင်း အထင်မကြီးသင့်ပါ…. သူတစ်ပါးပြောစကားနဲ့ လမ်းဆုံးမနေသင့်ပါ…. လိမ်ညာတတ်သူဟု ဝန်ခံထားတဲ့ သူတစ်ယောက်ရဲ့ စကားကို ချင့်ချိန်ပီ ယုံသင့်ပါတယ်…..

နောက်တစ်ခါ ဆရာကံထူး.. ခွဲခြားပြသွားတဲ့ ဘုရား၊ ဘုရားသခင်ဆိုသော စကားကိုလည်း ခရစ်ယာန်ညီအစ်ကို မောင်နှမ သတိထားမိပါရဲ့လား.. ဘုရားသခင်ဆိုတဲ့ စကားက ဘယ်က လာသလဲ.. ဗုဒ္ဓဘုရားသခင်ကို ခေါ်တဲ့ စကားကနေလာတာနော်… God ဆိုတဲ့ စကားကို ဘုရားသခင်လို့ ဘာသာပြန်နိုင်တာဟာ…. ဗုဒ္ဓစာပေကို ဖတ်ရှုပီ ဘာသာပြန်ထားတာပါ… ဗုဒ္ဓစာပေမှာလည်း မြတ်ဗုဒ္ဓကို ဘုရားသခင်လို့ ဘာသာပြန်တာပဲ.. ဒီတော့ မြတ်ဗုဒ္ဓဟာ မြတ်ဗုဒ္ဓပါပဲ.. God ဟာလဲ God ပါပဲ.. ဘယ်သူက ဘုရား၊ ဘယ်သူက ဘုရားသခင်လို့ ပြောပိုင်ခွင့် မရှိပါဘူး..

ဆရာကံထူးရဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝကလည်း သနားစရာပါ… ဒါပေမဲ့သူက ခရစ်ယာန်ကျမ်းအလိုအရ ဘုရားသခင်က ရှေးမဆွကပင် ရွေးကောက်တာဟု ပြောဆိုခဲ့ပါတယ်. ဆရာကံထူးပြောပုံအရဆိုရင်. ဓမ္မပဒထဲက ကောသမ္ဗီ သူဌေးအကြောင်း မကြားဖူးသလားဟု သံသယဖြစ်ရတယ်.. မွေးကတည်း အကြိမ်ကြိမ်အသတ်ခံရသော်လည်း မသေဘဲ နောက်ဆုံး ကောသမ္ဗီသူဌေး ဃောသကဖြစ်ခဲ့ရပါတယ်.. နောက်ဆုံး (၁၀၀) % ဗုဒ္ဓဘာသာဖြစ်ခဲ့ပါတယ်… ဒါပေမဲ့ သူကို ဗုဒ္ဓသာသာက ရွေးကောက်ထားတာဟု မပြောခဲ့ချေ.. ဆရာကံထူးနဲ့ ဇာတ်လမ်ခြင်း ဆင်တူသောလည်း တလမ်းစီ ခွဲထွက်သွားသူများဖြစ်ပါတယ်.. တကယ်လို့ ဆရာကံထူးအနေနဲ့ ဃောသသူဌေးအကြောင်းကို ဖတ်ရှုဖူးပါက ခရစ်ယာန်ဘုရားသခင် ရွှေးကောက်မခံရတဲ့ ဃောသကသူဌေးအကြောင်းကို ထည့်သွင်းပြောကြားခဲ့မယ်ဆိုရင် ခရစ်ယာန်တရားနာပရိတ်သတ်အနေနဲ့ စဉ်းစားနှိုင်းချိန်ဖို့ အခွင့်အရေးများ ရရှိကြမှာပါ….ဒါပေမဲ့ ဆရာကံထူး မပြောခဲ့…

နောက်တခါ ဆရာကံထူးက ဗုဒ္ဓသာသနာကို ဘာသာတရားတစ်ခုလို့ ထင်ခဲ့ပုံရပါတယ်.. ဒါဆိုရင် ဆရာကံထူး မှားပါပီ… ရှေးယခင် မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ တစ်ခုတည်း ထွန်းကားခဲ့စဉ်က သမ္မာဒိဋ္ဌိ နဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားဘဲရှိပါတယ်.. ဗုဒ္ဓဘာသာတို့ ခရစ်ယာန်ဘာသာတို့ဆိုတဲ့စကားလုံးက အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပိုက်ပီ နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့တာပါ….
ဒါကြောင့် ဗုဒ္ဓသာသနာဟာလည်း သမ္မာတရားပဲဆိုတာ ဆရာကံထူး ဟောပြောရန်ကျန်ရှိခဲ့ပါတယ်ဆိုတာ ခရစ်ယာန်ညီအစ်ကိုများ သိစေရပါတယ်…..
ဘုရားတရားလိုက်စားတယ်.. ဘုရားပြောတဲ့အတိုင်း လျှောက်တယ်..-- ဆုံးမစကားကို လိုက်နာတယ်.. ဒါတွေကတော့ အထူးရှင်းပြစရာမလိုတဲ့ အဓိပ္ပါယ်တူ စကားတွေပါပဲ..
တရားကျင့်တယ်။။ တရားအားထုတ်တယ်.. တရားထိုင်တယ်.. တရားတော်ကို ကိုးစားယုံကြည်ပီ ကြိုးစားနေတယ်..ဒါတွေလဲ အဓိပ္ပါယ်တူတွေပါပဲ..
လူကိုဖန်ဆင်းတဲ့ သမ္မာကျမ်းစာအကြောင်းကို ဆရာကံထူးဟောပြောခဲ့သော်လည်း လူမရှိ၊ နတ်မရှိ၊ အသက်ဇီဝ၊ ဝိညာဏ်မရှိကြောင်းကို ဗုဒ္ဓသာသာတရားတော်များကို ခရစ်ယာန်ပရိသတ်များကို ဆရာကံထူး ပြောပေးခဲ့ပါမူ များစွာ အကျိုးရှိလေရာတယ်…

အသက်ရှုတယ်ဆိုတာ ဘုရားသခင်ဖန်ဆင်းပေးလို့ရှုရတာ မဟုတ်ပါဘူး။။ ဟဒယဝတ္ထုကို မှီတွယ်နေတဲ့ စိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း ဝင်လေထွက်လေ.. အဿာသ ပဿာသတွေ ဖြစ်နေပါတယ်. အသက်ရှုတဲ့လေကို ဘုရားသခင်ဖန်ဆင်းပေးစရာမလိုကို ကိုကံထူး ဘာကြောင့် ထည့်မပြောခဲ့ပါလိမ့်..
ကိလေသာတွေနဲ့ နှောင်ဖွဲ့ ရှုပ်ထွေးနေမှုကြောင့် လွတ်မြောက်မှု မရနိုင်တာကို ဆရာကံထူး စေတနာထား၍ ဟောပြောသင့်ရပါတယ်.. ထိုသို့ မပြောနိုင်ပဲ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်. မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဟု အပေါ်ယံလောက်တာ ဟောပြောလေသောကြောင့် ဟာကွက်ကြီးလို ဖြစ်ခဲ့၇ပါတယ်…
ဘာသာတရားက ချည်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကို ပြောနေတာ မဟုတ်ဘူးဆိုတာကို ဆရာကံထူး ပွင့်ပွင့်လင်းလင်းပြောသွားသင့်ပါတယ်.. ဗုဒ္ဓသာသာအလိုတော်အရ ကုသိုလ်ဆိုတာ ရွှေလှောင်အိမ်နဲ့ တူတယ်.. အကုသိုလ်ဆိုတာ သံလှောင်အိမ်နဲ့တူတယ်.. နှစ်ခုလုံးက နှောင်ဖွဲ့ပါတယ်. အနှောင့်အဖွဲ့ဟူသမျှမှ လွတ်မြောက်ဖို့ ဗုဒ္ဓဝါဒပေါ်ထွန်းလာတာကို ဆရာကံထူး ပြောဆိုသင့်ပါတယ်..
အပူတွင် ကိလေသာ၊ အအေးတွင် မေတ္တာဟု ဆိုရိုးရှိသည်။ သတ္တဝါတို့၏ စိတ်ကို ပူပန်စေတတ်။ ဆင်းရဲစေတတ်၊ ညစ်နွမ်းစေတတ်သော သဘောကို ကိလေသာဟု ခေါ်ဆိုသည်။ တရားကိုယ်အားဖြင့် လောဘ။ ဒေါသ စသော တရားများကို ကောက်ယူရသည်။ အရာဌာနသို့ လိုက်၍ ကိလေသကိုပင် သံကိလေသလည်းကောင်း၊ ဥပက္ကိလေသဟုလည်းကောင်း သုံးစွဲလေ့ရှိသည်။

နောက်တစ်ခါ ဆရာကံထူး ပြောသွားတဲ့ နှလုံးသားညစ်နွမ်းစေတဲ့ အကြောင်းအရာတွေက ကိလေသာတွေပါ..
ကိလေသာ သုံးမျိုး ရှိသည်။ ၃ မျိုးကား...
(၁) အနုသယ ကိလေသာ..( ၂) ပရိယုဋ္ဌာနကိလေသာ၊ (၃) ဝီတိက္ကမကိလေသာတို့ ဖြစ်သည်။

တနည်းကိလေသာ (၈)မျိုးရှိသည်။ (၈)မျိုးကား..
(၁) ကလဟ-- ငြင်းခုံခြင်း၊
(၂) ဝိဝါဒ = ခိုက်ရန်ဖြစ်ခြင်း။
(၃) ပရိဒေဝ = ငိုကျွေးခြင်း၊
(၄) သောက = စိုးရိမ်ပူပန်ခြင်း၊
(၅) မစ္ဆရိယ = နှမြောဝန်တိုခြင်း။
(၆) မာန = ထောင်လွှား မာန်မူခြင်း။
(၇) အတိမာန = အလွန်ထောင်လွှာမာန်မူခြင်း။
(၈) ပေသုည = ချောပစ် ကုန်းတိုက်ခြင်းတို့ ဖြစ်သည်။

တနည်း ကိလေသာ (၁၀)ပါးရှိသည်။
(၁) လိုချင်တပ်မက်မှု လောဘ၊
(၂) ဖျက်ဆီး ပြစ်မှားမှု ဒေါသ၊
(၃) (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) မောဟ၊
(၄) (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) မာန၊
(၅) အမြင်မှားမှု ဒိဋ္ဌိ၊
(၆) ယုံမှားမှု ၀ိစိကိစ္ဆာ၊
(၇) (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ထိန၊
(၈) ပျံ့လွင့်မှု ဥဒ္ဓစ္စ၊
(၉) (ကာယဒုစရိုက် စသော မကောင်းမှုမှ) မရှက်မှု အဟိရီက၊
(၁၀) (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု အနောတ္တပ္ပ တိုဖြစ်ကြသည်။

တနည်း ကိလေသာ (၁၇)မျိုးရှိ၏။ (၁၇)မျိုးကား...
(၁) လောဘ
(၂) ဒေါသ
(၃) မောဟ
(၄) ကောဓ = အမျက်ထွက်ခြင်း
(၅) ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း
(၆) မက္ခ = သူပြုဘူးသော ကျေးဇူးကို ချေဖျက်ခြင်း၊
(၇) ပဠာသ = ဖက်ပြိုင်ခြင်း။
(၈) ဣဿာ = ငြူစူခြင်း၊ မနာလိုခြင်း၊ သူတထူး ပျက်စီးစေလိုခြင်း၊
(၉) မစ္ဆရိယ = မိမိစည်းစိမ်စသည်ကို လျို့ဝှက်ခြင်း။ ဝန်တိုခြင်း
(၁၀) မာယာ = မိမိ`၌ ရှိသော အပြစ်ကို လှည့်ပတ် ဖုံးကွယ်ခြင်း
(၁၁) သာဌေယျ = မိမိ`၌ မရှိသော ဂုဏ်ကို ထုတ်ဖော် ဟန်ဆောင်ခြင်း
(၁၂) ထမ္ဘ = စိတ်ဓာတ် ခက်ထန်ကြမ်းတမ်း
(၁၃) သာရမ္ဘ = သူတပါးကို ပြိုင်ဆိုင် ထိပါးချုပ်ချယ်ခြင်း..
(၁၄) မာန
(၁၅) အတိမာန
(၁၆) မဒ = အမျိုးဇာတ်စသည်ကို စွဲ၍ မာန်ယစ်မူးခြင်း
(၁၇)ပမာဒ = ကာမဂုဏ်`၌ တွယ်တာသဖြင့် ကုသိုလ်ကောင်းမှု`၌ မေ့လျော့ခြင်းတို့ ဖြစ်သည်။
ဒီတော့ အဲဒီကိလေသာတွေ ရှိနေမယ်ဆိုရင် နှလုံးသား မစင်ကြယ်သေးပါဘူး…. ဒါကြောင့် ကိုကံထူး အခုစင်ကြယ်သွားပီ မစင်ကြယ်သေးဘူးဆိုတာ ကိုကံထူး သိမှာပါနော်…

နောက်တစ်ခု တရားကျင့်တဲ့သူတွေ မျက်လုံးပြူးနေတယ်လို့ ကိုကံထူးပြောသွားတယ်နော်. ကောင်းတာလုပ်ရင် ကောင်းတာပဲ ဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့လောက်ပဲ ကိုကံထူးနားလည်းပုံရတယ်နဲ့တူတယ်.. မြတ်ဗုဒ္ဓဟာ ဖောင်ဥပမာရှိတဲ့ တရားကို ဟောခဲ့တယ်နော်… ဖောင်ဆိုတာ ဟိုဘက်ကမ်းရောက်ဖို့ပဲ ဟိုဘက်ကမ်းရောက်ရင် ဖောင်မလိုတော့ဘူး.. ဖောင်ကို သိမ်းပိုက်ထားဖို့ မဟုတ်ဘူး။။ အဲဒီဥပမာအတိုင်းပဲ…ကုသိုလ်ကောင်းမှုတွေ လုပ်နေကြတယ်. တရားတော်ကို ထိုးထွင်းသိအောင် လုပ်ကြတယ်ဆိုတာလဲ အဲဒီကုသိုလ်တွေကို သိမ်းပိုက်ဖို့ မဟုတ်ပါဘူး.. ကုသိုလ်ဖောင်ကလည်း တဖက်ကမ်းရောက်သွားရင် သိမ်းပိုက်မနေတော့ပါဘူး… အကုသိုလ်ဖောင်ဆိုရင် အဘယ်ဆိုဖွယ်ရာ ရှိပါတော့မလဲ.. ကုသိုလ်ကိုလည်း စွန့်ပါမယ်.. အကုသိုလ်ကိုလည်း စွန့်ပါတယ်။ လွတ်မြောက်သွားပီရင် အားလုံးကို စွန့်ပါတယ်. မလွတ်မြောက်ခင်မှာတော့ ဖောင်ကို ဖက်တွယ်ထားသလို ကုသိုလ်တွေကို လုပ်ကြရပါတယ်….

ကိုကံထူးက ရိုးရိုးသာမာန်ကာမာဝစရကုသိုလ်လောက်သာ နားလည်ထားပုံရပါတယ်. အင်အားကြီးတဲ့ ကုသိုလ်တွေဖြစ်တဲ့ ဈာန်ကုသိုလ်။ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ်။ အကြောင်းကို ထည့်သွင်းပြောခဲ့မယ်ဆိုရင် ခရစ်ယာန်ပရိသတ်က ပိုမိုစိတ်ဝင်စားကြမှာပါ… ကယ်တင်ခြင်း အစစ်အမှန်ကို ပိုမိုနားလည်ကြမှာပါ. ဒါပေမဲ့ ကိုကံထူး မပြောဘဲ ချန်ခဲ့ပါတယ်…
နာမ်ဝိညာဏ်မရှိဘူးဆိုတဲ့ ဗုဒ္ဓအယူဝါဒကို ကံထူးပြောကြားပေးမယ်ဆိုရင် ခရစ်ယာန်ညီအစ်ကိုမောင်နှမများ ဝေဖန်နှိုင်းချိန်တဲ့ အသိညာဏ်ဖြစ်လာမှာပါ…

ရေနစ်တဲ့သူကို ဘယ်သူက ကယ်မှာလည်း အားလုံးဟာ ရေနစ်နေတာပဲ မဟုတ်လား. ကယ်မဲ့သူလည်း ကိလေသာတွေနဲ့ နစ်နေတယ်.. မီး ဆယ့်တစ်ပါးနဲ့ လောင်နေတယ်.. ကိလေသာမီးတွေ မလောင်အောင် ဘယ်သူက တားပေးနိုင်မှာလဲ…. ဒါဆိုရင် ဘယ်သူက ဘယ်သူကို ကယ်မှာလည်းဆိုတာ ကိုကံထူးပြောသင့်ပါတယ်..

တရားက မကယ်ဘူးလို့ ကိုကံထူးပြောတယ်နော်.. ဒါဆိုရင် သုစရိုက်တရားတွေ ဖြည့်ကျင့်မယ်သူတွေ နည်းကုန်မယ်နော်.. သုစရိုက်တရားတွေကို ကျင့်ထားကတာ စိတ်ချရပါတယ်လေ. ဘယ်သူကယ်မလဲဆိုတာ ဘယ်သူမှ အတိအကျသိတာမှ မဟုတ်တာ.. သုစရိုက်တရားတွေ ကျင့်ထားတာတော့ မလွဲတဲ့လမ်းပါပဲလေ…. ဘယ်သူမှ မကယ်လဲ ကိစ္စမရှိဘူးလေ…..
အားလုံး နားလည်ပေးနိုင်ကြပါစေ…

Credit to ဘုန်းလေး

မိုးကုတ်ဆရာတော်ကြီးနှင့် ခရစ်ယာန်တစ်ယောက်


မိုးကုတ်ဆရာတော်ဘုရားကြီး၏တစ်ဘ၀သာသနာကျမ်း (စာမျက်နှာ ၃၉၂ ၊ ၃၉၃ ။)

ဂျိမ်းစ်လှကျော်

မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်

မြန်မာ စာပေလောကတွင် ဂျိမ်းစ်လှကျော် ကို ပထမဆုံးကာလပေါ်ဝတ္ထုရေးသူအဖြစ် အသိအမှတ်ပြုကြသည်။ ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုမှာ ပြင်သစ်စာရေး ဆရာကြီး အလက်ဇန်းဒါးဒူးမား (Alexander Dumas) ၏ The Count of Monte Christo ဝတ္ထုကို မှီငြမ်းရေးသားခဲ့သော်လည်း မြန်မာမှုပြုရာတွင် လက်ရာမြောက်လှ သဖြင့် မြန်မာ စာဖတ်ပရိတ်သတ်တို့ အလွန်နှစ်သက်ကြ၏။

ဂျိမ်းစ်လှကျော် ဖြစ်လာမည့် မောင်လှကျော်ကို (၂၁) ဇွန်လ (၁၈၆၆)ခုနှစ် တွင် ဦးစွပ်၊ ဒေါ်ဆိုင်းတို့က ရွှေကျင်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ သူ ငယ်စဉ်ကပင် ကွယ်လွန်သွားရာ အဒေါ်ဖြစ်သူ ဒေါ်မျှင် နှင့် ခင်ပွန်းသည် စစ်ကဲကြီး ဦးညိုတို့၏ အစောင့်အရှောက်ဖြင့် ကြီးပြင်းလာခဲ့ရသည်။

စစ်ကဲကြီး ဦးညိုသည် ခရစ်ယာန်ဘာသာဝင်တစ်ဥိးဖြစ်သည်။ မောင်လှကျော်အား ဂျိမ်းစ်လှကျော် အမည်ဖြင့် နှစ်ခြင်း မင်္ဂလာပြုပေးခဲ့သည်။ ဂျိမ်းစ်လှကျော် သည် ရန်ကုန်ဟိုက်စကူး ကျောင်း၌ ဘင်္ဂလားစာမေးပွဲအောင်မြင့်ခဲ့သည်။

မောင်ရင်မောင် မမယ်မ ဝတ္ထုဖြင့် နာမည်ကြီးလှသော ဂျိမ်းစ်လှကျော်သည် ယင်းဝတ္ထုထက် ၁ဝ နှစ်ထက်စော၍ ၁၈၉၄ ခုနှစ်ကပင် ဥပဒေစာအုပ်ဖြစ်သော ဖြတ်ထုံးကြီးပြန်ချက် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့ပြင် ၁၉၁၂ ခုနှစ်တွင် .. “ရှေ့နေလိုက်လဲမှု နျူပဒေသကျမ်း” စာအုပ်ကိုလည်းရေးခဲ့သည်။ အင်မတန်နာမည်ကြီးသော “မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်” ပင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာသို့ကူးပြောင်းခြင်း

ဂျိမ်းစ်လှကျော် သည် ရွှေဘိုတွင် နေထိုင်စဉ်က မြို့ရိုးနံဘေးသို့ လမ်းလျှောက်လေ့ရှိ၏ ။ တစ်နေ့တွင်မြို့ရိုးစနေထောင့်၌ ဘုရားပျက်တစ်ဆူ ချုံနွယ်များ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရ၍ ရှင်းလင်းခုတ်ထွင်ခဲ့သည်။ ထိုသို့ ရှင်းလင်းစဉ် “အောင်ဇေယျဇနီးမောင်နှံကောင်းမှု” ကမ္ဗည်းကျောက်ပြားကို တွေ့ရှိခဲ့ရာ အလောင်းမင်းတရားကြီး၏ ကုသိုလ်တော်ဟု ယူဆခဲ့သည်။

ဂျိမ်းစ်လှကျော် သည် ငယ်စဉ်ကာလ မိဘများကွယ်လွန်စဉ်ကပင် ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ရာ .. ၁၉၁၉ ခုနှစ်၌ မြသိန်းတန်ဘုရားခေါ် ယင်းစေတီပျက်အား ပြုပြင်မွမ်းမံပေးခဲ့ရာမှ မွန်မြတ်လှသော ဗုဒ္ဓဘာသာ အဖြစ်ကူးပြောင်းခံယူခဲ့ပါသည်။

သူက “ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း” အမည်ဖြင့် စာအုပ်ကိုပင် ရေးသားထုတ်ဝေခဲ့ပါသည်။


တစ်သက်တာလုံး ခရစ်ဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လာသော “မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်” သည် ၁၇ ရက်နေ့ နိုဝင်ဘာလ ၁၉၁၉ ခုနှစ်တွင် အဖျားရောဂါဖြင့် ၊ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ပါသည်။ ထိုစဉ်က အသက်မှာ ၅၃ နှစ်ဖြစ်ပါသည်။

ကျမ်းကိုး
၁။ စာဆိုနှင့် သုတေသီ (တိုက်စိုးနှင့် မင်းသုဝဏ်)
၂။ ပထမမြန်မာများ (မင်းယုဝေ)
၃။ ဂျိမ်းစ်လှကျော်၏ မြေးဒေါ်ခင်ထားဦးနှင့် တွေ့ဆုံးမေးမြန်းချက်မှတ်တမ်း (၁၆. ၂. ၂၀၀၉)
၎။ Weekly Eleven News Journal

Credit to PKZ

ဝိဘဇ္ဇဝါဒီ ဘာထရန်ရပ်ဆဲလ်

ထာဝရဘုရားရဲ့ ၀ါဒပဲဖြစ်ဖြစ် .... ဗုဒ္ဓ၀ါဒပဲဖြစ်ဖြစ် ... ဘယ်ဘာသာတရားရဲ့ ၀ါဒပဲဖြစ်ဖြစ်...


အဝေဖန်ခံနိုင်မှ .. အစမ်းသက်ခံနိုင်မှ .. လက်တွေ့ကျမှ ၀ါဒအစစ်ဖြစ်ပါသည်။


ဗြိတိန်နိုင်ငံမှ ယထာဘူတပညာရှင် ဘာထရန်ရပ်ဆဲလ်သည် ကမ္ဘာကျော် ကျမ်းပြုပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ သူပြုစုသောကျမ်းများအနက် သိပ္ပံလောကအတွက် အလွန်အကျိုးပြုခဲ့သော ကျမ်းကြီးမှာ အိုင်းစတိုင်း၏နိယာမ အမြင်ဆိုင်ရာ ကကြီးခကွေးခေါ် အဏုမြူဗေဒ ခေတ်ဦးကို တံခါးဖွင့်ပေး ခဲ့သူလည်းဖြစ်၊ အဏုမြူဗေဒ ပေါ်ပေါက်လာစေရန် စတင်အုတ်မြစ်ချခဲ့သူ ပိသုကာလည်း ဖြစ်သော ကမ္ဘာကျော် သိပ္ပံပညာရှင် အိန်စတိန်၏ အဏုမြူဗေးသဘောတရားဟောကိန်း အကြောင်း ရှင်းလင်းချက်ကျမ်းကြီးဖြစ်ပါ၏။

ထိုမျှအထိ ခေတ်သိပ္ပံပညာကို ဒိုးလိုမွှေ၊ ရေလိုနှောက်နိုင်သော၊ ခေတ်သိပ္ပံဘက်မှ ကျွမ်းကျင်နှံ့စပ်သော၊ ဆရာတစ်ဆူဖြစ်သော ဘာထရန်ဆဲလ်သည် သူ့ခေတ်နှင့်သူ အလွန်ခေတ်မှီ လှစွာပင် ဘာသာရေးပိုင်း၌ ခံယူချက်ထူးဆန်းခဲ့သူဖြစ်ပါသည်။ ထိုခေတ်ထိုကာလမှာ .. 1910 ခုနှစ်ဝန်းကျင်ဖြစ်ပါသည်။

ထိုကာလတွင် ... ဘာထရန်ဆဲလ်သည် သူ၏ ဘာသာရေးပိုင်း၌ ခံယူချက်နှင့် ပတ်သက်၍ ဖွင့်ဟရေးသားခဲ့သည်။ ထိုစာအုပ်မှာ .. ကိုယ်ရေးသမိုင်းမှ ကဏ္ဍကြီးအချို့ အမည်ရှိသော စာအုပ်ဖြစ်သည်။
ထိုစာအုပ်ထဲ၌ ကျွန်ုပ်အဘယ်ကြောင့် ခရစ်ယာန်ဘာသာဝင်မဖြစ်သနည်းဆိုသော အခန်းတစ်ခုပါဝင်သည်။ ထိုအခန်းတစ်နေရာ၌ -

“ခရစ်ယာန်ဘာသာကို လက်ခံယုံကြည်နိုင်ခြင်းမရှိပါ။ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက် တစ်စုံတစ်ရာဖြစ်သော ဘာသာကို လက်ခံရန်အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့်ဘာသာမှာ ... ဗုဒ္ဓဘာသာဖြစ်သည်ဟု”
.... ထုတ်ဖော်ရေးသားခဲ့ပါသည်။

သိပ္ပံ ပညာရှင်အိန်စတိန်က ဘာသာရေးမပါသော သိပ္ပံပညာသည် အကန်းနှင့်တူသည်။ သိပ္ပံပညာမပါသော ဘာသာရေးသည် အကျိုးနှင့်တူသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

တနည်းအားဖြင့် မျက်စိမှိတ်ယုံကြည်မှုကို လက်မခံဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ခွဲခြားဝေဖန်ကျင့်သုံးပြီးမှ လက်ခံယုံကြည်ရသော .. ၀ိဘဇ္ဇ၀ါဒကို လက်ကိုင်ထားသောကြောင့်လည်း. ဗုဒ္ဓ၀ါဒကို ကမ္ဘာ့ပညာရှင်များက လက်ခံလာရခြင်းဖြစ်သည်။

Credit to PKZ

ခရစ်ယာန် တရားဟောဆရာ(ဖာစတာ)၏ ကိုယ်တွေ.တရား

ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ၊ ဘယ်လိုအပြစ်တွေဘဲ ကျူးလွန်ခဲ့ပါစေ ခရစ်တော်ကိုယုံကြည်ပြီး ၀ကွက်အပ်လိုက်ရင် ခရစ်တော်ကကယ်တင်သွားမယ်တဲ့။ နောက်တနေရာမှာကျတော့ တမန်တော် ရှင်ပေါလုပြောတာက မိမိတို.ကျင့်ခဲ့တဲ့ အကျင့်အတိုင်းဘဲ နောက်ဆုံးတနေ.မှာ တရားအစီရင်ခံရမှာဘဲလို.ပါပြန်တော့ ကျမ်းစာက ရှေ.နောက်မညီဘူးဖြစ်နေတယ် crossing ပြန်ဖြစ်နေတယ်။အဲဒါကြောင့် ယေရှုခရစ်ရဲ.ကယ်တင်ခြင်းကိုရဘို.ဆိုတာ မသေချာတဲ့သဘောဖြစ်နေတယ်............

ကလေးမြို.နယ်၊တဟန်းအုပ်စု၊ရုပ်လှကျေးရွာမှာ အသားမဲတဲ့ ချင်းလူမျိုးမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ကလေး(၄)ယောက်ဟာ အသားဖြူ မျက်လုံးပြာပြီး ဆရာဝန်တွေ သွေးစစ်ဆေးကြည့်တော့လဲ နိုင်ငံခြားသွေးသားအစစ်ဖြစ်နေတယ်၊ ညီအကို(၃)ယောက်စလုံးရော နှမငယ်မှာရောအဲဒီလိုပါဘဲတဲ့။သူတို.ထဲက အရင်ဘ၀ကို ပြန်ပြောနိုင်တဲ့ကလေး ပြန်ပြောပြတာကတော့ သူတို.အရင်ဘ၀တုန်းက ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးကြဲလေယာဉ်နဲ.ဗုံးကြဲရင်း ဂျပန်တွေကသတ်လို.သေခဲ့ကြရပြီး လေယာဉ်အပျက်ကြီးမှာနေလိုက် ရေချောင်းထဲနေလိုက်နဲ. တနေ.မှာ ချင်းတွေလေယာဉ်အပျက်ကြီးကို လာဖျက်တော့ သူတို.အိမ်ရောက်ပြီး ဒီမှာလူလာဖြစ်တာပါတဲ့။အဲဒါကိုတွေ.လိုက်တော့ ဖာစတာကြီးက သူ.တပည်.ဓမ္မဆရာတွေကို ဒါ အရင်ဘ၀ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားဘဲလို.ပြောပြတော့ သူ.တပည့် ဓမ္မဆရာတွေက အရင်ဘ၀ကိုပြန်ပြောတာဟာ စာတန်(မာနတ်)ကပြောခိုင်းတာနေမှာပေါ့တဲ့၊ကဲ ပြောတာကတော့ထားလိုက်ပါတော့ ရုပ်ရည်နဲ.အသွေးအသားက ဘာလို.နိုင်ငံခြားသားလိုဖြစ်နေတာလဲလို. ထပ်မေးတော့ ဓမ္မဆရာတွေက အဲဒါလဲ စာတန်(မာနတ်)က သူတို.ကိုဖန်ဆင်းခဲ့တာနေမှာပေါ့လို. ပြန်ဖြေကြတော့ ဖာစတာကြီးက ခင်ဗျားတို.ဘဲ ထာဝရဘုရားကဖန်ဆင်းတယ်ပြောလိုက် စာတန်(မာနတ်)ကဖန်ဆင်းတယ်လုပ်လိုက် ရှေ.နောက် မညီတော့ဘူးတဲ့..........

ဖာစတာကြီး၊ ကိုယ်ကျင့် အဘိဓမ္မာကို လေ့လာကြည့်လိုက်တော့ ဘာကိုသွားတွေ.လိုက်သလဲဆိုတော့၊ ဗျာဒိတ်ကျမ်းလာ ထာဝရဘုရားရဲ့ ကောင်းကင်နိုင်ငံတော်ဆိုတာ နတ်ပြည်အဆင့်သာရှိသေးတာပါလား၊ နောက်ပြီး ကောင်းကင်နိုင်ငံတော်ရဲ့ သက်တမ်းနဲ.နတ်ပြည်သက်တမ်းတို. တူညီနေတာကိုလဲ တွေ.လိုက်ရပါတယ်တဲ့။ အဲဒီက သက်တမ်းကုန်ပြီးရင် လူ.ပြည် ငရဲပြည်များသို. ပြန်ကျရောက်နိုင်
သေးတာပါလားလို. သိလိုက်ပါတယ်တဲ့။

ဖာစတာကြီး ဘွဲ.တွေ တခုပြီးတခုယူနေတာဟာ နိုင်ငံခြားသွားရဖို.လား၊ကောင်းကင်နိုင်ငံတော်သွားဖို.လား လို.အမေးခံရတော့လဲဖာစတာကြီး ပြန်မဖြေနိုင်ခဲ့ပါဘူးတဲ့။ ပဋိစ္စသမုပ္ပါဒ်လောက် လေးနက်တဲ့တရားကိုလဲ ခရစ်ယန်ကျမ်းထဲမှာ မတွေ.ရပါဘူးတဲ့။

ဒါနဲ. ဖာစတာကြီးဟာ ဗုဒ္ဓဘာသာ ရဟန်းတော်ဘ၀ကို ခံယူလိုက်ပါတယ်တဲ့

မှတ်ချက်။ ။ ချင်းဆရာတော် ဦးတေဇ၀န္တ ဖလမ်းမြို. ဖလမ်း ဗုဒ္ဓဘာသာအဖွဲ.သို.ရောက်ရှိစဉ်က ကိုယ်တွေ.ရှင်းလင်းချက်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။

Credit to သစ္စာယုံသူ မှတ်ချက် (စိတ်ပါဝင်စားသူများ ထိုလင့်ခ်သို့သွားရောက်၍ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။ စာရေးသူကိုယ်တိုင် ဖိတ်ကြားထားခြင်းဖြစ်ပါသည်။)

လူသားကျွန်ပြု ခရစ်ယာန်နယ်ချဲ့ဝါဒ

နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးစုများ အယူဝါဒမတူညီကြဘဲ စိတ်ဝမ်းကွဲနေကြမည်ဆိုလျှင်၊ နိုင်ငံတည်ငြိမ်ရေးအတွက် အန္တရာယ်ဖြစ်လာနိုင်ပေသည်။ နိုင်ငံသားများ၏စိတ်ထဲတွင် ကောင်းကင်နိုင်ငံတော်ကြီးမှာနေရသလို စည်းလုံးညီညွတ်ကြမည်ဟုစိတ်ထားကြလျှင် နိုင်ငံတည်ငြိမ်
ရေးအတွက် ကောင်းမွန်ပါပေသည်။ အဲဒါကြောင့်လဲဘဲ BC- 4 ခုနှစ်တွင် ဂျေရုစလင်မြို.ကိုသိမ်းပိုက်ခဲ့သော ရောမတို.သည် အလွန်ကျယ်ပြန်.လှတဲ့ ရောမအင်ပိုင်ယာကြီး၏လက်အောက်ခံနိုင်ငံအားလုံး စည်းလုံးညီညွတ်မှုရရှိရန် မည်သည့်ရုပ်တုကိုမှမကိုးကွယ်ကြစေဘဲ ခရစ်ယန်ဘာသာတခုထဲကိုသာ ကိုးကွယ်ကြရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပေသည်။ခရစ်ယန်ဘာသာကို ရွေးချယ်ခဲ့သော အကြောင်းများစွာထဲမှ အကြောင်းတချို.မှာ-

(၁)ဤလောက၏စစ်ပွဲများ(သို.)နိုင်ငံရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်းကို ထာဝရဘုရားမုန်းသောကြေင့် ရှောင်ကြဉ်ကြရမည်။ ဟေရှာယ ၂း၎း ယောဟန် ၆း၁၅း ၁၇း၁၆

(၂)အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကိုဝန်ခံ၊တရားဥပဒေကိုလိုက်နာရမည်ဟု ထာဝရဘုရားသခင့်နှုတ်မြွက်တော်က အမိန်.ပေးထားသည်။(ရောမ ၁၃း၁)

ကမ္ဘာ့သမိုင်းတွင် အလယ်ခေတ်ခရစ်ယန်ကျောင်းတော်ဝါဒ ထွန်းကားလာတော့၊ သိပ္ပံပညာရှင်အချို.ဟာ ဘာသာရေးအယူဝါဒနှင့်မတူတဲ့ အယူအဆတွေကိုတင်ပြလို.ဆိုပြီး အသတ်ခံခဲ့ကြရတယ်။ ဘာသာရေးခေါင်းဆောင်များက ထာဝရဖန်ဆင်းရှင်၏အလိုကျ အသက်ရှင်နေရသောလူကို နှလုံးနှင့်အဆုတ်တို.၏စနစ်တကျဆက်သွယ်မှုဖြင့် သွေးသစ်များလှည့်ပတ်လှုပ်ရှားမှုကြောင့် အသက်ရှင်နေရသည်ဟု ဆိုရသလောဟု ဒေါသအမျက် ချောင်းချောင်းထွက်ကာ သိပ္ပံပညာရှင်ကြီး ဆာဗီတုစ်အား ဂျနီဗာမြို.တွင်ခုံရုံးတင်၍ အရှင်လတ်လတ်မီးရှို.သတ်ခဲ့လေသည်။ အဝေးကြည့်
မှန်ပြောင်းတီထွင်ခဲ့သော ဂယ်လီလီယိုကိုလည်း ကမ္ဘာနှင့်ဂြိုလ်များက နေကိုဗဟိုပြု၍ လှည့်ပတ်နေကြသည်ဟုဆိုလာသဖြင့် ထိုခေတ်ဘာသာရေးအမြင်နှင့် ဆန်.ကျင်သည်ဟုဆိုကာ သတ်ပစ်ခဲ့ကြလေသည်။

ခရစ်ယန်ဂိုဏ်းချုပ်+ပုပ်ရဟန်းမင်း+ရှင်ဘုရင် တို.ပူးပေါင်းပြီး ဘာသာရေးကိုအသုံးချကာ၊အခွန်အတုတ် ကောက်ခံရလွယ်ကူရန်၊ငြိမ်ဝပ်ပိပြားကြစေရန် စီစဉ်ခဲ့ကြလေသည်။

ဘာသာအယူဝါဒတွေဟာ နောက်ပိုင်းမှာ ၀ါဒချဲ.ထွင်ရေးအတွက်၊ စစ်ပွဲတွေတောင်ဆင်နွှဲခဲ့ကြပါတယ်။ခရူးဆိတ်စစ်ပွဲတို.လို ဘာသာရေးစစ်ပွဲကြီးတွေလဲ ဖြစ်ခဲ့တယ်။

ဒဿနပညာရှင် နိဇ်ရှေးက၊ ထာဝရဖန်ဆင်းရှင်ကို အကြောက်ကြီးကြောက်ပြီး ခ၀ပ်ကိုးကွယ်မှုကိုဖန်တီးထားသော ဘာသာအယူဝါဒမှန်သမျှကို (ကျွန်စိတ်သွင်းသည့် ကိုယ်ကျင့်တရားများ)ဟုခေါ်ခဲ့လေသည်။ ကိုယ့်ကိုယ်ကို အပြစ်သားပါလို.ယူဆပြီး၊ ကိုယ့်ကိုယ်ကိုအားမကိုးဘဲ ကယ်တင်ရှင်ကိုသာစောင့်မျှော်တဲ့ကျွန်စိတ်တွေ ၀င်နေမှလည်း၊ အင်ပိုင်ယာလက်အောက်ခံနိုင်ငံတွေ ကျွန်သက်ရှည်မည်ဖြစ်သလို၊ပုန်ကန်ထကြွမှုတွေလဲနဲမည်ဖြစ်ပေသည်။

ခရစ်ယာန်ဘာသာမှာ အကြောက်တရားနဲ.ကိုင်ထားတော့ ၊ ဘာသာပြောင်းဖို. အတော်ကြောက်ရွံ.ကြပါတယ်။ ဗုဒ္ဓဘာသာမှာတော့ အကြောက်တရားမရှိတော့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေဟာ လွယ်လွယ်နဲ.ဘဲ ဘာသာပြောင်းသွားခဲ့ကြပါတယ်။

ဗြိတိသျှ အသိမ်းပိုက်ခံနိုင်ငံများထဲမှ နိုင်ငံတခုမှာ နေ၀င်ရင် အခြားနိုင်ငံတခုမှာ နေမ၀င်သေးပါဘူး၊အဲဒီလောက်ထိ ကျယ်ပျံ.တဲ့ နေမ၀င်အင်ပိုင်ယာကြီးကိုလဲ အင်္ဂလိပ်တို.က လက်အောက်ခံနိုင်ငံအားလုံး ခရစ်ယန်ဝါဒကိုသွတ်သွင်းခဲ့ကြပါတယ်။ဒို.မြန်မာနိုင်ငံလဲ အပါအ၀င်ပေါ.။အင်္ဂလိပ၊်
အမေရိကန်၊ပေါ်တူဂီ/ငဇင်ကာ တို.က ဒို.မြန်မာနိုင်ငံမှာ ခရစ်ယန်ဝါဒဖြန်.ခဲ့ကြတယ်။ရိုးသားပြီး၊ ဘာသာဝါဒခိုင်မာမှုရှိမထားတဲ့ တောင်ပေါ်သားတွေ ခရစ်ယန်ဖြစ်ကုန်ကြရတယ်၊ အင်္ဂလိပ်တို.အုပ်ချုပ်စဉ် မျက်နှာဖြူတွေကို ကပ်ဖား ယက်ဖားလုပ်တဲ့ဗမာတချို.လဲ ခရစ်ယန်ဖြစ်ကုန်ပါတယ်။ နှစ်နှစ်ရာနီးပါး နိုင်ငံပိုင်သယံဇာတတွေ ဂုတ်သွေးစုပ် ခံခဲ့ရတဲ့ဒို.မြန်မာတွေဟာ ပထွေးလက်အောက်မှာ တာဝန်မဲ့သားတွေလို နေခဲ့ကြရတယ်။ ခရစ်တွေရဲ.လက်အောက်မှာ နှစ်နှစ်ရာနီးပါးနေခဲ့ရပေမဲ့ ဒို.မြန်မာတွေဟာ အာဖရိကနိုင်ငံတချို.လိုတော့ ခရစ်ယန်ဖြစ်မကုန်ကြသေးလို. တော်ပေသေးတော့တယ်။ အစ္စလာမ်ဝါဒဖြန်.ဝေမှုကိုလဲ ဒို.နိုင်ငံခံခဲ့ရပါသေးတယ်။

တရုတ်တွေရဲ့ အဓိကရည်ရွယ်ချက်က ပစ္စည်းဥစ္စာချမ်းသာဖို.ပါတဲ့၊ သီလတို.၊ ကိုယ်ကျင့်တရားစောင့်ထိန်းဖို.တို.ဆိုတာတွေအဓိကမဟုတ်ပါတဲ့။ တချိန်က ဂျပန်တို.၊အမေရိကန်တို. စီးပွားရေးထိပ်တန်းဖြစ်ခဲ့ကြပေမဲ့ ယခုတရုတ်က စီးပွားရေးထိပ်တန်းဖြစ်နေတာကိုကြည့်ပြီး သူတို.ယူတဲ့
ဘာသာအယူဝါဒကမှန်တယ်လို.ပြောမရပါဘူး။

ဗုဒ္ဓသာသနာ စတင်ပေါ်ပေါက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ယခုဗုဒ္ဓဘာသာဝင် မရှိသလောက်ဖြစ်သွားပါပြီ၊ ယခုအိန္ဒိယနိုင်ငံမှလူအများစု ဗုဒ္ဓသာသနာတော်ကြီးနဲ.တွေ.ကြုံရမဲ့အခွင့်အရေးကြီးဆုံးရှုံးသွားကြရတာဟာ သူတို.ရဲ့အတိတ်ကံနဲ.လဲ သက်ဆိုင်ပါတယ်။

ဗုဒ္ဓသာသနာတော်ကြီးနဲ.တွေ.ကြုံနိုင်တဲ့အတိတ်ကံပါလာသူမျိုး တစ်ယောက်မှမရှိတော့တဲ့အချိန်မှာတော့ ဂေါတမဗုဒ္ဓသာသနာတော်ကြီး ဒီကမ္ဘာမြေပေါ်မှ အပြီးပျောက်ကွယ်တော့မှာပါ။အဲဒီနောင်တချိန်မှာတော့ အရိမေတ္တေးယျအမည်ရှိဗုဒ္ဓတစ်ဆူ ဒီကမ္ဘာမြေပြင်ပေါ်မှာ ပွင့်ထွန်းပေါ်ပေါက်ဦးမှာဖြစ်လို. အတိတ်ကောင်းမှု ကုသိုလ်ကံပြည့်စုံသူများတော့ ဖူးတွေ.ကြရဦးမှာပါ။ ဘုန်းကံကြီးမားတြဲ့မတ်စွာဘုရားရှင်ရဲ.သာသနာကို ဘုန်းကံရှိသူတို.သာခိုလှုံထောက်ပံ့ခွင့်ရကြပါကြောင်း ရေးသာလိုက်ရပါတယ်။

သာသနာတော်ကြီးနဲ.ကြုံပြီး ကြိုက်နိုင်ကြပါစေလို. ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ---------

Forumer သစ္စာယုံသူ၏ရေးသားချက်ကို တည်းဖြတ်ပြီး ပြန်လည်မျှဝေပေးလိုက်ပါသည်။

ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့

ကြိုက်လို့ကူးယူလိုက်တဲ့စာအုပ်လေးတစ်အုပ်ပါ။ လွန်ခဲ့တဲ့၂နှစ်တာကာလ နာဂစ်ကပ်ဘေးပြီးခါစ အချိန်ကိုအခြေပြုထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ။ အရှင်ပညောဘာသရေးပြီး ဆယ်ဇင်းမြေစာပေကထုတ်ဝေပါတယ်။ အရှင်ဝရသာမိဘလော့မှာလည်း တင်ထားတာရှိပြီးသားပါ။ မြန်မာဗုဒ္ဓဘာသာဝင်များ သင်ခန်းစာယူနိုင်ကြပါစေ။



ငွေဟာ လူတွေရဲ့သည်းခြေကြိုက်တစ်မျိုးဖြစ်ပါတယ် ။ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်သည့်အတွက် လူတိုင်းဟာ ငွေကိုမက်မောကြပါတယ် ။ ငွေကြောင့် လူတွေချမ်းသာသုခရကြ သလို ငွေကြောင့်လည်း သောကပင်လယ်ဝေနေကြရတဲ့ လူတွေလည်း အများကြီးရှိပါတယ် ။

ငွေကို လူတွေ ဘာကြောင့်မက်မောနေကြတာလဲလို့ ဆိုရင် အဓိကအခြေခံအကြောင်းရင်းကတော့ စားဝတ်နေရေး ၊ ကျန်းမာရေးတွေကြောင့်ပဲ ဖြစ်ပါတယ် ။ စားဝတ်နေရေး ၊ ကျန်းမာရေးအတွက် ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး ဖြစ်ခဲ့ရပါတယ် ။

ဒါကြောင့် ငွေကိုသာရမယ်ဆိုရင် အရာရာကို စွန့်လွှတ်ရဲတဲ့ လူတွေတောင်ရှိပါတယ်။ တစ်ချို့က ငွေကိုသာရမယ်ဆိုရင် မိမိတို့ရဲ့အရှက်နဲ့သိက္ခာကို စတေးပြီးရှာကြံကြပါတယ်။ တစ်ချို့ကတော့ သူတစ်ပါးတွေရဲ့အသက်ကိုပါသတ်ပြီး တိုက်ခိုက်လုယက်ယူကြပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း မျက်မှောက်ဘ၀မှာ ဖြစ်ပျက်နေတဲ့ ဘ၀ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သံသရာမှာ ကျင်လည်ရမည့်အရေးကိုပါ ထည့်မစဉ်းစားနိုင်တော့ပဲ ဘ၀ကို ရေစုန်မျှောလိုက်ကြတဲ့ လူတွေလည်း ရှိခဲ့ကြပါတယ် ။

မိမိတို့ ဘိုးဘေးစဉ်ဆက်တွေ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ လူမျိုး ၊ ဘာသာ ၊ ယဉ်ကျေးမှု စတာတွေလည်း သတိမထားနိုင်ပဲ လက်ရှိတွေ့ကြုံနေရတဲ့ ဘ၀အခက်အခဲကိုပြေလည်သွားရင် ပြီးတာပဲဆိုပြီး အမျိုး ၊ ဘာသာအပေါ် သစ္စာမဲ့သွားကြတဲ့ လူတွေလည်းအများကြီးပါပဲ ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေတဲ့ ကိုကြည်လွင်မခင်အုန်းမြင့်တို့ မိသားစုအကြောင်းကို ပြောပြချင်ပါတယ် ။ ကိုကြည်လွင် + မခင်အုန်းမြင့်တို့ မှာသားသမီးခြောက်ယောက်ရှိပါတယ် ။ အကြီးနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားကြပြီ မို့ မိဘတွေနဲ့အတူမနေကြတော့ဘူး ။ ကျန်တဲ့လေးယောက်ကတော့ မိဘတွေနဲ့အတူနေပြီး သုံးယောက်ကတော့ ကကျောင်းတက်နေတုန်း ဖြစ်ပါတယ် ။

ကိုကြည်လွင်ဟာ အလွန်ရိုးသားဖြူစင်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် ။ ဆေးလိပ်အရက်စတာတွေလည်း မသောက်မစားပါဘူး ။ သားသမီးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ပီသစွာ လုပ်ကိုင်ကျွေးမွေး ပြုစုစောင့်ရှောက်ခဲ့ပါတယ် ။

အသက် ၅၀လောက်အရောက်မှာတော့ ကိုကြည်လွင်ရဲ့ဘ၀ကျဆုံးချိန်လို့ပဲ ပြောရမှာပါပဲ။ တစ်နေ့မှာ ကိုကြည်လွင် ဘ၀အတွက် အမှောင်လမ်းကို လျှောက်လှမ်းဖို့ လေဖြတ်ခြင်းရောဂါဆိုတဲ့ အရိပ်မဲကြီးကျရောက်ခဲ့ပါတယ်။ ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းလုံး ဘယ်လိုမှလှုပ်ရှားလို့မရတော့ပဲ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲခဲ့ရပါတယ် ။

တစ်အိမ်လုံးမှာ ကိုကြည်လွင်ရဲ့လုပ်စာနဲ့ ဘ၀ရပ်တည်နေရတဲ့ မိသားစုစားဝတ်နေရေးဟာ တော်တော်လေးကျပ်တည်းသွားခဲ့ရပါတယ် ။ ကိုကြည်လွင်ရဲ့ ရောဂါကိုလည်း ရှိသမျှပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ကုသပေးပေမယ့်လည်း ထူးခြားခြင်း မရှိခဲ့ပါဘူး။ ဇနီးဖြစ်သူ မခင်အုန်းမြင့်အနေနဲ့လည်း အိမ်ထောင်ကျကတည်းက ဘာလုပ်ငန်းမှလုပ်ကိုင်ခဲ့ဖူးတာမဟုတ်ပါဘူး ။ ဒါပေမယ့် အခုလို အရေးကြုံလာတဲ့အခါမှာတော့ မိသားစု စားဝတ်နေရေးအတွက် ရပ်ကွက်ထဲမှာ အိမ်တကာအ၀တ်လျှော်လိုက် ၊ မိုးတွင်းကာလမှာ ချောင်းမြောင်းထဲက ကန်စွန်းရွက်ခူးရောင်းလိုက် ၊ သူတစ်ပါး အိမ်ခြံဝင်းအတွင်း ပေါင်းမြက်ရှင်းလိုက်စတဲ့ကျပန်းအလုပ်များကို လုပ်ကိုင်ရပါတော့တယ် ။

မခင်အုန်းမြင့်ရဲ့ ကြိုးစားမှု လုံ့လ၀ီရိယတွေကြောင့် မိသားစု စားဝတ်နေရေးမှာ အချောင်လည်ကြီးမဟုတ်ပေမယ့် ငါးပိရေနဲ့ကန်စွန်းရွက်တို့စရာကတော့ နပ်မှန်ခဲ့ပါတယ် ။
ဒါပေမယ့် “ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ “ ဆိုသလို သူတို့မိသားစုရဲ့ ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့ နောက်ထပ်ကြုံတွေ့လာရပြန်ပါတယ် ။ မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းတွေမှာ ကျရောက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ သူတို့မှီခိုနေထိုင်ရာ အိမ်ဂေဟာကို ဖျက်ဆီးဝါးမြိုပစ်လိုက်ပါတယ် ။

မခင်အုန်းမြင့်ဟာ လေဖြတ်ရောဂါနဲ့အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့ ကိုကြည်လွင် ကိုပြုစုနေရတာကတစ်မျိုး ၊ မိသားစုစားဝတ်နေရေးကျပ်တည်းရတာကတစ်ဖုံ ၊ နေအိမ်ပြိုလဲသွားရတာက တစ်နည်းဆိုတော့ သောကအပူလုံး ကြိမ်မီးအုံးသလိုမျိုး ဖြစ်ခဲ့ရပါတယ် ။

ရန်ကုန်မြို့အနေအထားအရ နေဖြစ်ရုံအိမ်တစ်လုံးဆောက်နိုင်ဖို့ဆိုတာတောင် တော်ရုံတန်ရုံငွေကြေးနဲ့ မပြီးမြောက်နိုင်ပါဘူး ။ ကိုကြည်လွင်သာ ကျန်းမာရေးကောင်းနေမယ်ဆိုရင်လည်း ပြိုလဲပျက်စီးသွားတဲ့ အိမ်ရဲ့အပိုင်းအစလေးတွေနဲ့ ပြန်ဆောက်လိုက်မယ် ဆိုရင်တောင်ဖြစ်သလိုနေနိုင်လောက်တဲ့ အိမ်ကတော့ ဆောက်လို့ရနိုင်ပါတယ် ။ အခုတော့ သူတို့မိသားစုအနေနဲ့ သိကြားမင်းစေခိုင်းတဲ့ ၀ိသကြိုနတ်သားဖန်ဆင်းပေးမယ့် အိမ်ဂေဟာကိုပဲ မျှော်လင့်နေရပါတယ် ။

ကိုကြည်လွင်အနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်မပါ လိုရာမရောက် ခရီးမပေါက်ဖြစ်နေတဲ့အပြင် အသက်ရှင်လျက် ဘ၀သေသလို ဖြစ်နေပါတယ် ။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ပြီးဆုံးသွားတဲ့အခါ ပျက်စီးဆုံးရှုံးသွားကြတဲ့ မိသားစုတွေကို လူမျိုးအသီးသီး ၊ ဘာသာစုံအသီးသီးတို့မှ စွမ်းအားရှိသလောက် ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုခဲ့ကြပါတယ် ။

ကိုကြည်လွင် + မခင်အုန်းမြင့်တို့နေတဲ့ ရပ်ကွက်ထဲမှာလည်း ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်တွေလည်း လာရောက်လှူဒါန်းလျက်ရှိပါတယ် ။ အဲဒီပုဂ္ဂိုလ်တွေဟာ မရှိဆင်းရဲနွမ်းပါးတဲ့လူတွေကို လူသားချင်းစာနာထောက်ထားပြီး ရိုးရိုးသားသားနဲ့ ထောက်ပံ့လှူဒါန်းကြမယ်ဆိုရင် ၀မ်းမြောက်စွာ သာဓုခေါ်စရာ ဖြစ်ပါတယ် ။

ဒါပေမယ့် “ ပွဲလန့်တုန်းဖျာခင်း “ဆိုတဲ့ပုံစံမျိုးဆိုရင်တော့ ဒါဟာ တကယ့်စေတနာ အစစ်အမှန် မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအရ အလှူဒါနပြုကြပြီဆိုလျှင် ကိုယ်လှူဒါန်းလိုက်တဲ့ ပုဂ္ဂိုလ်ထံက ဘာမှမျှော်လင့်ချက်မထားပါဘူး ။ ဗုဒ္ဓကလည်း ခံတွင်းကထွေးထုတ်လိုက်တဲ့ တံတွေးပေါက်လို ကပ်ငြိတွယ်တာခြင်း မရှိပဲ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲရမယ်ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ် ။

အချို့ဘာသာဝင်တွေက အဲဒီလို မဟုတ်ပါဘူး ။ ကိုယ့်ဆီကပေးရင် သူ့ဆီကလည်းပြန်လိုချင်မှုတွေ ရှိကြပါတယ် ။ အဲဒါကတော့ အခြားတော့မဟုတ်ပါဘူး ။ သူတို့နဲ့ အမြင်တူအကျင့်တူဖြစ်တဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ဖို့ရာပါပဲ ။

ဗုဒ္ဓဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေကို အစားအသောက်အကူအညီ အထောက်အပံ့တွေပေးပြီး ဗုဒ္ဓဘာသာကို အတင်းအကျပ် ကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မရှိကြပါဘူး ။ ကိုယ်ကျွေးမွေးထောက်ပံ့လှူဒါန်းနိုင်လို့ ပေးကမ်းစွန့်ကြဲရင်တောင် အယုတ် - အလတ်- အမြတ်မရွေး လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ပုဂ္ဂိုလ်မရွေးဘဲ လွတ်လွတ်လပ်လပ်စွန့်ကြဲပေးကမ်းလိုက်တာမျိုးပဲ ရှိပါတယ် ။ ကိုယ်လှူဒါန်းလိုက်လို့ အလှူခံပုဂ္ဂိုလ်တွေအနေနဲ့ချမ်းသာသွားတာကို မြင်လိုက်ရရင်ပဲ အလှူပေးပုဂ္ဂိုလ်တွေအနေနဲ့ ဒိဋ္ဌလက်ငင်းကြည်နူးမှုဖြစ်ရတဲ့ကုသိုလ်မျိုးကိုပဲ မျှော်လင့်ခဲ့ကြပါတယ် ။

အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ လာရောက်ပေးကြပါတယ် ။ အစတုန်းကတော့ ဘာတစ်ခုမှတောင်းဆိုမှုမရှိဘဲ ပေးကမ်းကြပါတယ် ။ ကိုကြည်လွင်တို့မိသားစုကလည်း သူတို့ မိသားစုဒုက္ခရောက်နေတဲ့အချိန်မှာ လာရောက်ပေးကမ်းကြတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေကိုကျေးဇူးတင်မဆုံးရှိကြပါတယ် ။

နောက်တစ်ဖြည်းဖြည်း အပေးအကမ်းတွေများလာတဲ့အခါ တောင်းဆိုမှုတွေရှိလာကြပါတယ်။ သူတို့ရဲ့တောင်းဆိုမှုတွေကတော့ “ခင်ဗျားတို့ကို အခုလိုကျွေးမွေးနေတာ ကျွန်တော်တို့က ကျွေးမွေးနေတာမဟုတ်ဘူး ။ ကျွန်တော်တို့ရဲကဘုရားက ကျွေးမွေးနေတာပါ ။ ကျွန်တော်တို့ဘုရားက သူ့ကို အားထားယုံကြည်မယ့် လူသားတွေကို ဘယ်တော့မှပစ်မထားဘူး ။ သူ့ရဲ့တန်ခိုးတော်နဲ့စောင့်ရှောက်နေတယ် ။ ခင်ဗျားတို့မိသားစုအနေနဲ့ ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ အခုလောလောဆယ်တွေ့ကြုံနေရတဲ့ ဘ၀အခက်အခဲပြဿနာတွေကို ကျွန်တော်တို့ဘုရားရဲ့ဆန္ဒတော်အတိုင်း အဆင်ပြေချောမွေ့တဲ့အထိကူညီပါ့မယ်။ ပြိုလဲနေတဲ့အိမ်ကိုလည်း ပြန်ဆောက်ပေးမယ် ။ ကျောင်းထုတ်ထားရတဲ့ ကလေးတွေ ကိုလည်း ကျောင်းပြန်တက်နိုင်အောင် ဆက်ထားပေးမယ် ။ ခင်ဗျားမှာဖြစ်နေတဲ့ ရောဂါကို လည်း
ကျွန်တော်တို့ဘုရားရဲ့ မေတ္တာနဲ့ပေါင်းစပ်ပြီး သက်သာပျောက်ကင်းတဲ့အထိ အထူးကုဆရာဝန်တွေနဲ့ ကုသပေးပါ့မယ် ။ အခုလိုပြောရတာကလည်း ခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ကယ်တင်ချင်လို့ပါ ။ ဒီလိုကယ်တင်တဲ့နေရာမှာလည်း ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မှဖြစ်နိုင်မှာမို့ပါ ။ အဲဒါ ခင်ဗျားတို့ မိသားစုအနေနဲ့ စဉ်းစားပြီးရင် ကျွန်တော်တို့ဆီကို အကြောင်းကြားပါ “

ကိုကြည်လွင်တို့မိသားစုဟာ မမျှော်လင့်အချိန်မှာ မမျှော်လင့်တဲ့စကားကို ကြားလိုက်ရတော့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားပါတယ် ။ မိမိတို့ ငယ်ငယ်လေးကတည်းက အရိုးစွဲအောင် ကိုးကွယ်ယုံကြည်ခဲ့တဲ့ ဘာသာတရားကို စွန့်လွှတ်ပြီး စားဝတ်နေရေး ၊ ကျန်းမာရေးကြောင့်အခြားဘာသာတရားကို ကိုးကွယ်ယုံကြည်ရမယ်ဆိုတာ အိမ်မက်တောင်မှမက်ခဲ့ဖူးတာမဟုတ်ပါဘူး ။ အခုတော့ ဘယ်လိုမှ ထင်မထားတဲ့အရာတွေက မိမိတို့စိတ်ကို မွန်းကြပ်စေခဲ့ပါတယ် ။

ကိုကြည်လွင်အနေနဲ့ စဉ်းစားစရာအချက်နှစ်ချက်ပေါ်လာပါတယ် ။ အဲဒါကတော့ ယခုဘ၀ကောင်းစားရေးနဲ့ နောင်သံသရာကျင်လည်ရေးတို့ပဲ ဖြစ်ပါတယ် ။ နောက်ပြီး ဒီကိစ္စ ဟာမိသားစုအရေးဖြစ်တဲ့အတွက် မိမိတစ်ဦးတည်းနဲ့တင်လည်း ဆုံးဖြတ်လို့မရပါဘူး ။ အိမ်ထောင်ဦးစီးဖြစ်တဲ့ မိမိက ဆုံးဖြတ်ချက်လွဲမှားသွားပြီဆိုလျှင် ဇနီးနဲ့သားသမီးတွေပါ မိစ္ဆာဒိဋ္ဌိအယူဖြစ်သွားနိုင်ပါတယ် ။

တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း မိမိကျန်းမာရေးကောင်းစဉ်အခါက နှစ်ထပ်အိမ်ကြီးအပေါ်မှာ ဘာအပူအပင်မှမရှိဘဲ နေလာခဲ့တဲ့သားသမီးတွေဟာ အခုတော့ တစ်ဘက်ရပ်တဲကုတ်လေးထဲမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရပါတယ် ။

မိသားစုစီးပွားရေး ချွတ်ခြုံကျမှုကြောင့် ကလေးတွေရဲ့ကျောင်းပညာရေးကလည်းတစ်ပိုင်းတစ်စနဲ့ ကျောင်းထုတ်ထားရပါတယ် ။ သားသမီးတွေရဲ့ ဘ၀ရှေ့ရေး ၊ မိသားစုစားဝတ်နေရေး ၊ မိမိရဲ့ကျန်းမာရေး ၊ နောက်ပြီး တစ်ဘက်ရပ်တဲကုတ်လေးထဲမှာနေရတဲ့ ဘ၀နောင်ရေးစတာတွေဟာ ကိုကြည်လွင်တို့ မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာထဲ ကိုရောက်ဖို့အတွက် တွန်းအားတွေဖြစ်စေခဲ့ပါတယ် ။

ဒီအချိန်မှာတော့ အခြားဘာသာဝင်တွေဟာ ကိုကြည်လွင်တို့မိသားစုနေတဲ့အိမ်ကို နေ့ညမပြတ် တစ်ယောက်ပြီးတစ်ယောက် ၀င်ထွက်နေကြပြီး သူတို့ဘုရားက လူသားတွေအပေါ်ကို ဘယ်လိုစောင့်ရှောက်တယ် ၊ တရားတော်တွေရဲ့အနှစ်သာရတွေဟာ ဘယ်လိုအကျိုးကျေးဇူးများတယ် ၊ သူတို့ဘုရားသာလျှင် လူသားတွေအတွက် ကယ်တင်ရှင်အစစ်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို လာရောက်စည်းရုံးဟောပြောကြပါတယ် ။

သူတို့ဘာသာရေးအဖွဲ့အစည်းများမှလည်း သူတို့လတ်တလော စားသောက်ဖို့ ၊ ၀တ်ဖို့အတွက် ဆန် ၊ ဆီ ၊ ငြုပ် ၊ ကြက်သွန်မှအစ အ၀တ်အထည်များကိုလည်း ပို့ပေးကြပါတယ်။ နောက်ပြီး ပြိုလဲနေတဲ့ အိမ်ကိုလည်း ပြန်လည်တည်ဆောက်ဖို့အတွက် သံများ ၊ သွပ်များ ၊သစ်များကိုလည်း မက်လောက်အောင် ပို့ပေးကြပါတယ် ။

ကိုကြည်လွင်ခံစားနေရတဲ့ ရောဂါဝေဒနာကိုလည်း သက်သာပျောက်ကင်းအောင်ဆို ပြီး သူတို့ဘုရားကျောင်းကိုခေါ်ကာ ၀တ်ပြုဆုတောင်းပြီး အထူးကုဆရာဝန်တွေနဲ့ ကုသပေးကြပါတယ် ။ အထူးကုဆရာဝန်တွေရဲ့ကျေးဇူးကြောင့် အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့ကိုကြည်လွင်ရဲ့ဝေဒနာဟာ တဖြည်းဖြည်းသက်သာလာပါတယ် ။ အိမ်ကိုလည်း လက်သမားများနှင့် ဆောက်လိုက်တဲ့အခါ နှစ်ပတ်အတွင်း ပြီးသွားပါတယ် ။

ကိုကြည်လွင်တို့မိသားစုကို အခုလို စေတနာဗလပွနဲ့ ဘာလို့ ထောက်ပံ့လှူဒါန်းနေကြတာလဲဆိုရင် အဖြေကတော့ရှင်းနေတာပါပဲ ။ ခွေးအ,များဟာသူတို့အစာဖြစ်လာမဲ့သားကောင် ကိုစုပေါင်းအင်အားနဲ့ ၀ိုင်းအုံလိုက်ပြီး ကိုက်ဖြတ်စားသောက်သလိုမျိုး ဖြစ်နေပါတယ် ။ သူတို့စက်ကွင်းထဲကို ရောက်လာတဲ့ သားကောင်ကိုလည်း အလွတ်ပေးတယ်ဆိုတာ မရှိပါဘူး ။

အခုလည်းပဲ ကိုကြည်လွင်တို့ မိသားစုဟာ သူတို့အတွက် သားကောင်ဖြစ်ခဲ့ရသလို သူတို့ထောက်ပံ့လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေဟာလည်း ကိုကြည်လွင်တို့ မိသားစုအတွက်တော့အဆိပ်ဖြစ်ခဲ့ရပါတယ် ။ ကိုကြည်လွင်တို့နေမယ့် အိမ်လေးဆောက်ပြီးလို့ တစ်ပတ်လောက်အကြာမှာတော့ သူတို့ကိုထောက်ပံ့လှူဒါန်းကြတဲ့ပုဂ္ဂိုလ်တွေ စုရုံးရောက်ရှိလာကြပါတယ် ။သူတို့ဘာတွေပြောကြတယ် ၊ ဘာတွေလုပ်ကြတယ်ဆိုတာကတော့ ကိုကြည်လွင်တို့မိသားစုနှင့်သူတို့သာလျှင် အသိဆုံး ဖြစ်ပါတယ် ။

သေချာတာတစ်ခုကတော့ နောက်နေ့မနက်ပိုင်းမှာ ကိုကြည်လွင်တို့မိဘဘိုးဘွားတွေလက်ထက်ကတည်းက အိမ်ဦးခန်းမှာ အမြတ်တနိုးကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာအိမ်ရှေ့ရှိ ရေမြောင်းထဲ ရောက်နေတယ်ဆိုတာပါပဲ ။ အိမ်နီးနားချင်းရှိ ဗုဒ္ဓဘာသာဝင်တွေမှာ ဗုဒ္ဓရုပ်ပွားတော် အိမ်ရှေ့ရှိ ရေမြောင်းထဲရောက်နေတာနှင့်ပတ်သက်လို့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ် ။ မဆင်မခြင်နဲ့ဘာသာပြောင်းသွားတဲ့ ကိုကြည်လွင်တို့ မိသားစုကိုလည်း အခြားဗုဒ္ဓဘာသာဝင်တွေက မနှစ်
မြို့ကြပေမယ့် သူတို့ရဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုတော့ ဘယ်သူမှ မတားမြစ်ကြပါ ဘူး ။

ဒါပေမယ့် ဗုဒ္ဓရုပ်ပွားတော်ကိစ္စနှင့်ပတ်သက်လို့ကတော့ “ ခင်ဗျားတို့ မယုံကြည်လို့မကိုးကွယ်ရင်နေပါ ။ ဒီလို လူမြင်မကောင်းတဲ့နေရာမှာတော့ စွန့်ပစ်မထားပါနဲ့ “ ဆိုတော့မှဗုဒ္ဓရုပ်ပွားတော်ကို ပြန်ပင့်ပြီး ရပ်ကွက်ထဲရှိရေကန်ကြီးထဲကို သွားရောက်စွန့်ပစ်လိုက်ပါတယ် ။

ဒီနေရာလေးမှာ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ပတ်သက်ပြီး ပြောစရာစကားလေးတွေရှိလာပါတယ် ။ အခြားဘာသာဝင်တွေဟာ သူတို့ဘာသာကို ကိုးကွယ်ယုံကြည်မယ့်လူပုဂ္ဂိုလ်များပေါ်ပေါက်လာပြီဆိုလျှင် အဲဒီပုဂ္ဂိုလ်များကို သူတို့ဘာသာထဲမရောက်ရောက်အောင်အစွမ်းကုန်ထိ ကြိုးစားပြီး လက်ကမ်းခေါ်ယူကြပါတယ် ။ ဒါပေမယ့် သူတို့ဘာသာဝင်တွေထဲကတစ်ယောက်ယောက်ကများ အခြားဘာသာထဲကို ၀င်မယ်ဆိုရင်တော့ သေလုမတတ်ကြောက်ကြပါတယ် ။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါဟာ သူတို့ကို အပြစ်တင်စရာမဟုတ်ပါဘူး ။ အတုယူစရာ
ဖြစ်ပါတယ် ။ အချို့ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာတရားအပေါ် မကြည်ညိုသေး
တဲ့သူတွေကိုလည်း ကြည်ညိုတတ်လာအောင် နည်းပေးလမ်းပြနိုင်မှု မရှိသလို ကြည်ညိုပြီး
သားဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေက စားဝတ်နေရေး ၊ ကျန်းမာရေးနှင့်လူမှုရေးတွေကြောင့်
အခြားဘာသာထဲကို ပြောင်းသွားရင်လည်း ဘယ်လိုခံစားမှုမျိုးမှ မထားတတ်ကြပါဘူး ။ ဒါဟာ
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ကြီးလေးတဲ့ ပေါ့ဆမှုတစ်ခုဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာတည်တံ့ဖို့ဟာ လူတွေအားလုံးရဲ့အပေါ်မှာ အခြေခံ
ထားတာမဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အပေါ်မှာသာ အခြေခံထားတာ ဖြစ်ပါ တယ်
။ မြန်မာလူမျိုးတွေဖြစ်နေပေမယ့် ဗုဒ္ဓဘာသာမဟုတ်ကြတဲ့ လူတွေအများကြီးရှိပါတယ် ။

ဒီလိုပြောလို့ မြန်မာလူမျိုးအချင်းချင်း သွေးခွဲတာလားလို့ မေးစရာဖြစ်လာပါတယ် ။ သွေးခွဲတာမဟုတ်ပါဘူး ။ ဘာသာနဲ့လူမျိုး ၊ လူမျိုးနဲ့ဘာသာဟာ တစ်ချို့နေရာတွေမှာ အတူတကွရှိနေကြသလို ကွဲပြားတာတွေလည်း ရှိပါတယ် ။ မြန်မာလူမျိုးလို့ဆိုလိုက်တာနဲ့ အများအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ် ။ ဗုဒ္ဓဘာသာလို့ ဆိုလိုက်ပြန်ရင်လည်း အများအားဖြင့် မြန်မာလူမျိုးတွေက များပါတယ် ။

ဒါကြောင့်မို့ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာနိုင်ငံတော်ကြီးမှာ ရေရှည်တည်တံ့နိုင်ဖို့ဆိုရင် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုးရှိကြဖို့ လိုပါတယ် ။ ဟိုရပ်ကွက်က အခြားဘာသာထဲကို တစ်ယောက်ပါသွားလိုက် ၊ ဒီရပ်ကွက်က တစ်မိသားစုလုံးပြောင်းသွားလိုက်ဆိုရင် ကြာလာရင် ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အထောက်အပံ့ပေးနိုင်မယ့် မြန်မာလူမျိုးများ တဖြည်းဖြည်းလျော့ပါးသွားနိုင်ပါတယ် ။

ဒီအကြောင်းမျိုးတွေကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အခြားဘာသာထဲကို ပြောင်းသွားရင် တော်တော်ကိုပဲ စိတ်ထိခိုက်ဖို့ကောင်းပါတယ် ။ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေ ကိုမနှစ်သက်လို့ ဒါမှမဟုတ် အခြားဘာသာရေးတရားတော်တွေကို ယုံကြည်လို့ ပြောင်းသွားတယ်ဆိုရင်တော့ သူတို့ရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်လို့ ပြောလို့ရပါတယ် ။

ကိုကြည်လွင်တို့ မိသားစုဟာ သူတို့ပြောင်းသွားတဲ့ ဘာသာအပေါ်ကို တကယ်ယုံကြည်မှုအပြည့်ရှိလို့ ပြောင်းသွားကြတာ မဟုတ်ပါဘူး ။ လတ်တလောတွေ့ကြုံနေရတဲ့ မိသားစုဘ၀ပြဿနာတွေကို အဖြေရှာဖို့ ပြောင်းသွားကြတာဖြစ်ပါတယ် ။ အခြားဘာသာဝင်တွေက သူတို့ကိုထောက်ပံ့လှူဒါန်းလိုက်တဲ့ ငွေကြေးဟာ လေးငါးခြောက်သိန်းလောက်ပါတယ်။

ဒီစကားကိုရှင်းအောင်ပြောရရင် ငွေခြောက်သိန်းနှင့် လူခြောက်ယောက်ကို သူတို့ဘာသာဝင်ဖြစ်အောင် ၀ယ်ယူလိုက်တာပဲဖြစ်တယ် ။ အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်သာ ခြောက်ယောက်လို့ထင်ရပေမယ့် သူတို့ရဲ့နောင်ဖြစ်လာမယ့်မျိုးဆက်သစ်အဆက်ဆက်ကို ကြည့်မယ်ဆိုရင်တော့ ဆယ်ဂဏန်း ၊ ရာဂဏန်းတောင် မကပါဘူး ။ အခြားဘာသာဝင်တွေကလည်း ဒီလိုမျိုးသားသမီးများတဲ့မိသားစုကိုပဲ အဓိကပစ်မှတ်ထားတတ်ကြပါတယ် ။

ဒီနေရာလေးမှာ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီးများကို သိစေချင်တာလေးက အခြား ဘာသာရေးအသင်းအဖွဲ့များလို အောက်ခြေသိမ်း သာသနာပြုမယ်ဆိုရင် ပိုပြီး ထိရောက်မယ် လို့ထင်ပါတယ် ။ မလိုအပ်ပဲ ဘုရားတည်တာ ၊ ကျောင်းဆောက်တာ နောက်ပြီး ပေါများတဲ့နေရာတွေမှာ အလှူဒါနပြုတာတွေဟာ “ ရေပြည့်နေတဲ့အိုးကို ထပ်ဖြည့်သလိုမျိုး “ ဖြစ်နေတတ်ပါတယ် ။

ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုခုကများ ထောက်ပံ့လှူဒါန်းလိုက်မယ်ဆိုရင် အခြားဘာသာထဲကို ရောက်သွားစရာအကြောင်း မရှိပါဘူး ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနှင့် ကိုကြည်လွင်တို့ မိသားစုလို ဟိုတစ်ယောက်ဒီတစ်ယောက် ဘာသာပြောင်းသွားရုံနဲ့ ဒို့ဗုဒ္ဓဘာသာကြီးတော့ ဘာမှ မဖြစ်သွားပါဘူးဆိုပြီး ခပ်ပေါ့ပေါ့လေးတော့ မနေလိုက်ကြပါနဲ့ ။ ကြာလာရင် လူမျိုးရောဘာသာပါ ပျောက်သွားနိုင်တယ်ဆိုတာ ကောင်းကောင်းကြီး သတိထားကြဖို့ လိုအပ်ပါတယ် ။

အမျိုးဘာသာနဲ့ပတ်သက်ပြီး ကိုကြည်လွင်တို့ရပ်ကွက်ထဲမှာ စိတ်မကောင်းစရာတွေ တစ်ခုပြီးတစ်ခုပေါ်လာပြန်ပါတယ် ။ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအဖွဲ့အစည်းတွေ က မရှိဆင်းရဲနွမ်းပါးတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုတွေကို သူတို့ဘာသာထဲဝင်ရင် အိမ်ဆောက် ပေးမယ် ၊
ငွေဘယ်လောက်ပေးမယ် ၊ လစဉ်ဘာတွေထောက်ပံ့ပေးမယ် ၊ အပတ်စဉ်သူတို့ ဘုရားကျောင်းကိုလာရင် ငွေငါးရာနှင့်ဆန်တစ်ပြည်ပေးမယ်ဆိုပြီး ပြောင်ပြောင်တင်းတင်းဝင်ရောက်စည်းရုံးနေကြပါတယ် ။

မရှိဆင်းရဲနွမ်းပါးတဲ့သူတွေဟာ သူတို့ရဲ့ဘုရားကို ယုံကြည်တာ မယုံကြည်တာထက်လောလောဆယ်ရမယ့် ဆန်တစ်ပြည်နဲ့ ငွေငါးရာမက်ပြီး သူတို့ဘုရားကျောင်းကို သွားနေကြပါတယ် ။ အခုလောလောဆယ် ကိုကြည်လွင်တို့ မိသားစုအပါအ၀င် အခြားဘာသာထဲကိုပြောင်းသွားတဲ့ မိသားစု(၆)စုရှိသွားပြီလို့ သိရပါတယ် ။ ဒါဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာပြည်မှာ ရေရှည်တည်တံ့ဖို့အတွက်အပေါင်းလက္ခဏာ မဟုတ်ပါဘူး ။ အနှုတ်လက္ခဏာသာဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာဝင်များအနေ ဖြင့်မဖြစ်စလောက်ငွေကြေး အစားအသောက်ရရုံလောက်နဲ့တော့ မိမိတို့ ဘိုးဘွားအစဉ်အ ဆက်တွေထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဘာသာတရားကို မစွန့်လွှတ်သင့်ပါဘူး ။ ဘာသာလည်းသိက္ခာကျသလို လူမျိုးလည်း မျက်နှာငယ်ရပါတယ် ။ ဒါလောက် ငွေကြေးလောက်က တော့ဘယ်ဘုန်းကြီးကျောင်း ၊ ဘယ်သီလရှင်ကျောင်းမှာ ၀င်တောင်းဦးတော့ ရနိုင်ပါတယ် ။ အခြားဘာသာအခြားလူမျိုးတွေဆီမှာ ဘာမှ မျက်နှာသွားငယ်စရာ မလိုပါဘူး ။ အခြားဘာသာ
ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေကြေးကို ဗန်းပြပြီး မရှိဆင်းရဲ နွမ်းပါးတဲ့သူတွေအပေါ်
အတင်းအဓမ္မကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မပြုလုပ်သင့်ပါဘူး ။ အဲဒီလို ပြုလုပ်ခြင်းဟာ ဗုဒ္ဓ
ဘာသာအပေါ်ကို တစ်ဘက်လှည့်နဲ့ စော်ကားသလိုမျိုး ဖြစ်နေပါတယ် ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံဆိုတာ သိထားသင့်ပါတယ် ။ အဲဒါကြောင့် လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ငွေကြေးနဲ့ ၀ယ်ယူစရာမလိုပါ ဘူး ။အဲဒီလို ငွေကြေးနဲ့ ၀ယ်ယူလို့ရတဲ့ ဘာသာတရားဆိုရင်လည်း ဘယ်တော့မှ အစစ်အမှန်ဖြစ်မလာနိုင်ပါဘူးဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားဖို့ လိုပါတယ်။

ဖိုးပညော(သပိတ်ကျင်း)

ဖြောင့်မတ်သောသူ

သူတပါးယုံကြည်တာကို မဝေဖန်လိုပါ.. ဒါပေမဲ့ အဲဒီသူတွေ မိမိရဲ့ ညီအစ်ကို မောင်နှမတွေသာဖြစ်ခဲ့မယ်ဆိုရင်…………….
ခရစ်ရှန်တစ်ယောက်၏ သက်သေခံချက်

တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓွေယူစဉ်ပင် အပြစ်စွဲပါ၏၊၊ အပြစ်ဆိုတာ လူသားတိုင်းမှာရှိကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ မွေးကတည်းက ကျွန်တော်တို့ဟာအပြစ်သားတွေဖြစ်ကြလို့ပဲ။


တကယ်လို့သာ ခရစ်ယာန်တွေဟာ မိမိရဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်မယ်ဆိုရင် ဒီလို လမ်းမှန်ကို ညွန်းပြပါမယ်….
ကျွန်ပ်တို့ကို အပြစ်သားလို့ သတ်မှတ်တဲ့အတွက် များစွာစိတ်မကောင်းပါဘူး.. ကျွန်ပ်တို့ လွန်ကျူးခြင်းမရှိတဲ့ အမှုအတွက် ကျွန်ပ်တို့ အဘယ်ကြောင့် အပြစ်သားဟု သမုသ်ခံရပါသနည်း.. မွေးစအချိန်မှာကတည်း ဘာမှ မသိသေးတဲ့ ကျွန်ပ်တို့ဟာ.. အပြစ်သားဟု ခေါ်ဝေါ်ပီ ဘာကြောင့် နှိမ်ချရပါသလဲ.. ကျွန်ပ်တို့ မှာ မိမိကိုယ်ကို ကောင်းအောင် လုပ်နိုင်တဲ့ အစွမ်းသတ္တိများ မရှိတော့ပီလား.. ကျွန်ပ်တို့ဟာ သူတစ်ပါးကို သည်းခံနိုင်စွမ်းရည်တွေကို လေ့ကျင့်ပြုစုပျိုးထောင်လို့ရပါတယ်. သူတစ်ပါးကို သနားကြင်နာတတ်ပါတယ်.. သူတစ်ပါးကို ဘေးရန်းကင်စေချင်တဲ့ စိတ်တွေလည်း ရှိကြပါတယ်.. တကယ်တမ်းပြောမယ်ဆိုရင် ကျွန်ပ်တို့ဟာ ကောင်းချင်သူတွေ ဖြစ်ကြပါတယ်. အပြစ်ရှိသူများမဟုတ်ကြပါ။ တကယ်အပြစ်က ဘာတွေလည်း ဆိုရင် လောဘ၊ ဒေါသ၊ မာန၊ အစရှိတဲ့ ကိလေသာတွေကသာ အပြစ်ပါ.. အဲဒီအပြစ်တွေကို ဘယ်သူက ကျွန်ပ်တို့ စိတ်နှလုံးထဲ ထည့်ပေးလိုက်တာလဲ.. အဲဒီကိလေသာတွေကို ကျွန်ပ်တို့ စိတ်နှလုံးထဲ ထည့်ပေးလိုက်တဲ့သူရှိမယ်ဆိုရင် အဲဒိသူသာ အပြစ်သားဖြစ်ပါတယ်.

အဲဒီလူသာ အဆိုးဝါးဆုံးဖြစ်ပါတယ်.. တကယ်တော့ ကျွန်ပ်တို့ နဂိုက ဘာမှ မသိတဲ့ သူတွေပါ. ကျွန်ပ်တို့ အပြစ်သားဖြစ်အောင် နာမည်ပေးကင်ပွန်းတပ်တဲ့သူသာ မိမိရဲ့ အပြစ်ကို မမြင်တဲ့ အပြစ်သားဖြစ်ပါတယ်.. ကျွန်ပ်တို့ အပြစ်သားများမဟုတ်ကြပါ.. ကျွန်ပ်တို့ မွေးကတည်းက ဘာမှ မကောင်းမှုကို မလွန်းကျူးရသေးပါ. ဗီဇအပြစ်လို့လဲ မဆိုနိုင်ပါ… အကယ်၍ အာဒံကြောင့် အပြစ်ဖြစ်ခဲ့လျှင် အာဒံပြုသမျှ ကျွန်ပ်တို့ ခံရမည်လော.. အာဒံတစ်ယောက်ရဲ့ အပြစ်ကို အများပေါ် ဘာကြောင့်ကျခံစေရတာလဲ.. အာဒံတစ်ယောက်ရဲ့အပြစ်ကို အများပေါ်ကျရောက်အောင် ဘယ်သူက သတ်မှတ်တာပါလဲ.. သတ်မှတ်သူရော တရားနည်းလမ်းကျပါရဲ့လား.. သူရော အပြစ်သားမဖြစ်နိုင်ဘူးလား။ တကယ်တော့ မိမိရဲ့ အပြစ်ကို ဖုံးကွယ်ချင်လို့သာ။ ဒါမမှတ်လူသားတစ်ယောက်ရဲ့ အဖြစ်သနစ်အမှန်ကို သိခဲ့မယ်ဆိုရင် လူသားကို သေးသိမ်အောင် အပြစ်သားဟု သတ်မှတ်ပြောဆိုခြင် မပြုလေရာ။။။

ဒီတော့ ကျွန်တော်တို့ လူသားတစ်ယောက် အမိဝမ်းတွင်း ယောက်လာတာ အပြစ်ကြောင့် ရောက်လာတာမဟုတ်ပါဘူး..

ကျွန်ပ်တို့ ပြုစုပျိုးထောင်ထားခဲ့တဲ့ ကုသိုလ်ကံသင်္ခါရတရားတွေက ပို့ဆောင်ပေးလိုက်လို့ ကျွန်ပ်တို့နဲ့ထိုက်တန်တဲ့ အမိဝမ်းတိုက်ကို ရောက်ရှိလာခဲ့ပါတယ်.. ပဋိသန္ဓေကမ္မဇရုပ်သုံးဆယ်ဖြစ်ပါတယ်.. နာမ်တရားအနေနဲ့ မဟာကုသိုလ်စိတ်ရဲ့ အကျိုးဖြစ်တဲ့ မဟာဝိပါက်စိတ် (၃၄)ခန့်ဖြစ်ပါတယ်.. အဲဒါကို ကြည့်မယ်ဆိုရင် ကျွန်ပ်တို့ဟာ စင်ကြယ်တဲ့ စိတ်နဲ့ လူသားဖြစ်လာကြတာပါ။ ကျွန်ပ်တို့ အပြစ်မရှိပါဘူး.. ပဋိသန္ဓေစိတ်ပီတော့ ဘဝင်စိတ်ဖြစ်ပါတယ်..ဘဝင်စိတ်တွေ ဆက်တိုက်ကလည်း အပြစ်မရှိသေးပါဘူး. အဲဒီဘဝင်စိတ်တွေရဲ့ နောင် ဘဝနိကန္တိက လောဘဇောတွေဖြစ်ပါတယ်. လောဘဇောဖြစ်ပေမဲ့ ကျွန်ပ်တို့ဟာ အပြစ်သားများမ ဟုတ်ကြပါဘူး။ ကျွန်ပ်တို့ ရရှိတဲ့ ဘဝကိုတွယ်တာငြိကပ်တဲ့ သဘောပါပဲ…

သူတစ်ပါး ပြုလုပ်တဲ့ကောင်းမှု မကောင်းမှုသည် ကျွန်ပ်တို့နှင့် မဆိုင်ပါ.. အကယ်၍ ဆိုင်တယ်ယူဆပါက ကျွန်ပ်တို့ ကောင်းမှု လုပ်တော့မည်မဟုတ်ပါ။ ကျွန်ပ်တို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ ကောင်းမှု မကောင်းမှုသည်သာ ကျွန်ပ်တို့နှင့်ဆိုင်ပါတယ်… အကယ်၍ ကျွန်ပ်တို့သည် စာတန်ရဲ့ လှည့်ဖျားမှုကို နားထောင်ပီ အပြစ်သားဟုသတ်မှတ်သူ စကားကို အဘယ်ကြောင့် နားထောင်အောင် ဘာကြောင့် စီစဉ်ခဲ့ပါသနည်း.. အပြစ်သားဟု သတ်မှတ်သူသည် ကျွန်ပ် စင်ကြယ်သူဖြစ်အောင် အဘယ်ကြောင့် ပြုလုပ်ဖန်းတီးမှု မလုပ်ခဲ့ပါသနည်း..တကယ်တော့ အပြစ်သားဟု သတ်မှတ်ခြင်း ယုတ္တိမတန်ပါ..
ဒါဆိုရင် ကျွန်ပ်တို့ အဘယ်ကြောင့်သေရသနည်း.. ကျွန်ပ်တို့ ခန္ဓာကိုယ်သည် စက္ကန့်မလပ် ဖြစ်ပျက်ပြောင်းလဲနေပါသည်။ တဖြည်းဖြည်း အိုမင်းရင့်ရော်နေပါတယ်။ ဥခွံသဖွယ်ဖြစ်နေပါတယ်. အမြှေးပါးနဲ့ ဖုံးအုပ်ထားပါတယ်. အမြဲတမ်းနာကျင်ကိုက်ခဲနေပါတယ်.. အဘယ်မှာလျှင် ရေရည်တည့်တံ့ပါအံ့နည်း.. အပြစ်ရှိသောကြောင့် သေကြရတာမဟုတ်ပါ။။ ထိလွယ် ခိုက်လွယ် ပျက်စီးလွယ်သော တရားများနဲ့ ပေါင်းစပ်ထားသောကြောင့် ရေရှည်မတည်တံ့နိုင်ပါ။

ဒါဆိုရင် ကျွန်ပ်တို့၏ အပြစ်များကို တစ်စုံတစ်ယောက်က ကယ်တင်တယ်ဆိုတာရော ဖြစ်နိုင်ပါမလား.. အပစ်စီရင်ခြင်းကို မခံရဆိုတာ ဖြစ်နိုင်ပါ့မလား.. စဉ်းစာကြည့်ပါမိတ်ဆွေ။ သင် ရွံညွံတွေ ပေတာ ခံရဖူးပါလိမ့်မယ်. ရွှံညွံတွေက ဘာကြောင့်ဖြစ်ပါသလဲ.. ရေရှိမှဖြစ်ရတာပါ။ ရေကြောင့်ဖြစ်ရတာပါ.. ရေကြောင့်ဖြစ်တဲ့ ရွံညွံတွေ ပေကျံသွားလို့ စင်ကြယ်ချင်တယ်ဆိုရင် ရေကိုပဲ အသုံးပြုရတယ်မဟုတ်လား.. ရေကြောင့်ဖြစ်တဲ့ ရွှံညွံသည် ရေဖြင့်ပင် စင်ကြယ်ရသလို့..

မိတ်ဆွေက အပြစ်တစ်စုံတရာကို ကျူးလွန်မိတာ မိတ်ဆွေရဲ့စိတ်ကြောင့်ပါ… အဲဒီညစ်နွမ်းနေတဲ့စိတ်ကို ဖြူစင်စေချင်တယ်ဆိုရင် စင်ကြယ်တဲ့စိတ်နဲ့ ဆေးကြောရပါတယ်. နမူနာဆိုကြပါစို့ ဒေါသဖြစ်နေတဲ့စိတ်နဲ့ ညစ်နွမ်းနေတဲ့သူတစ်ယောက် သူတစ်စိတ်ကို ဖြူစင်စေချင်တယ်ဆိုရင် မေတ္တာစိတ်ကို အစားထိုးပေးရပါတယ်.. မာနစိတ်နေရာမှာ နှိမ့်ချတဲ့ စိတ်ကို အစားထိုးပေးရတယ်.. ဒါဆိုရင် စိတ်တွေ စင်ကြယ်သွားပါတယ်. အဲဒီတော့ စိတ်တွေ အလုံးစုံ စင်ကြယ်ချင်တယ်ဆိုရင်တော့ စွမ်းအားမြင့်တဲ့ စိတ်ဖြစ်ပေါ်လာအောင် လုပ်ရပါလိမ့်မယ်..
သူတစ်ပါးရဲ့ ကယ်တင်ခြင်းကို ယုံကြည်ပီနေစဉ်ဒေါသနဲ့ နေကြည့်ပါလား. နေ့စဉ်မာနနဲ့ နေကြည့်ပါလား.. မိတ်ဆွေ စင်ကြယ်သလား မစင်ကြယ်သလားသိနိုင်ပါတယ်.. တကယ်တော့ ကယ်တင်တယ်ဆိုတာ ယုံတမ်းစကားပဲ.. စိတ်နှလုံး မစင်ကြယ်ရင် ဘယ်သူမှ ကယ်တင်လို့ မရဘူး.. စိတ်ကို စင်ကြယ်အောင်သာ လုပ်သင့်ပါတယ်.. သေခြင်းမှ ထမြောက်တာဆိုတာလဲ… ချင့်ချိန်ပီ ယုံကြည်သင့်ပါတယ်.. အခုအချိန်မှာ သေခြင်းမှ ထမြောက်တယ်ဆိုတာ စာအုပ်ထဲမှာပဲ ရှိပါတယ်.. တကယ်သေခြင်းမှ ထ၏ မထ၏ အခုပြောနေသူတွေ တစ်ယောက်မှ မသိကြပါ..

သေခြင်းမှ ထတယ်ပဲ ထားပါဦး… ဒီလောက်အစွမ်းထက်နေပါလျှက်နဲ့ အခုနေကိုယ်ထင်ရှား ဘွားကနဲပြလိုက်ရင် အားလုံးကို သူ့အလိုကို ပါအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်.. ဒါပေမဲ့ မပြနိုင်ခဲ့။ ဒီတော့ ကယ်မယ်ဆိုတာလည်း မသေချာသောအရာ။ သေခြင်းမှ ထမြောက်တယ်ဆိုတာလဲ မယုံကြည်နိုင်စရာ။ ဒါတွေကို သင်မျက်စိမှိတ်ပီ သင့်ဘဝကို ပုံအပ်လိုက်မှာလား။ သင့်စိတ်ကို ဖြူအောင် သင်လုပ်နိုင်ပါတယ်.. သင့်မှာအရည် အချင်းတွေရှိပါတယ်. မယုံကြည်ရင် တနေ့တာလုံး လူတွေအားလုံးကို ဘေးရန်ကင်းပါစေလို့ မေတ္တာပို့ကြည့်ပါလား.. သင့်စိတ်တွေ ဘယ်လောက်အေးချမ်းကြည်လင်သွားမယ်ဆိုတာ သိနိုင်ပါတယ်. ဒီထက်မြင့်မားတဲ့ စိတ်ကြည်လင်တဲ့နည်းစနစ်တွေ ရှိပါသေးတယ်လေ..

ကျွန်ပ်တို့ မိမိမှာ အပြစ်ရှိနေတယ်လို့ မိမိကိုယ်ကိုနှိပ်စက်နဲ့ ကုက္ကုစ္စနဲ့တော့ မနေကြပါနဲ့.. ကျွန်ပ်တို့ရဲ့စိတ်ကို ဖြူအောင် ကြိုးစားကြည့်ပါ.. အပြစ်မရှိသူတစ်ယောက်ပြန်ဖြစ်သွားတာပဲ။ စိတ်ထဲမှာ စင်နေရင် လူဟာလည်း စင်ကြယ်သူပဲ။တစ်ခါတရံ မစင်ကြယ်တဲ့ စိတ်တွေ ပြန်ဝင်လာရင်တော့ မစင်ကြယ်သူပြန်ဖြစ်သွားတာပဲ။ ဒါကြောင့်မိမိကိုယ်ကို စင်ကြယ်သူ တစ်ယောက်ဖြစ်ချင်ပါသလား ဘယ်သူ့ကိုမှ ယုံကြည်နေစရာမလိုဘူး.. စိတ်စင်ကြယ်အောင် သာ လုပ်ပါ.. ဒါဆိုရင် သင်ဟာ စင်ကြယ်သူ တစ်ယောက်ဖြစ်ပါပီ…

စင်ကြယ်နေတဲ့စိတ်ရှိသူဟာ မကောင်းမှုကို လုပ်ချင်မှာ မဟုတ်ဘူး.. အေးချမ်းနေတဲ့သူဟာ မိမိကိုယ်ကို ယုံကြည်မှုလည်း တိုးပါတယ်.. ဒါဟာ ဘယ်သူ့ကိုမှ ယုံစရာမလိုတဲ့ စင်ကြယ်ကြောင်းနည်းလမ်းတွေပါပဲ.. ဒီထက်မကသော အတွေ့အကြုံများ နည်းလမ်းများကို ပြောနိုင်ပါသေးတယ်.. ကျွန်ပ်ဟာ မိရိုးဖလာ မဟုတ်ပါဘူး… အားလုံးသိ အားလုံးတတ်သူ မဟုတ်ပါဘူး… မိမိရဲ့ စိတ်ကို ပြုပြင်ပီပြောင်းလဲလာသူ တစ်ယောက်ပါ.. အားလုံးမိမိရဲ့စိတ်ကို ပြောင်းလဲ နိုင်ပါစေ..

Credit to ဘုန်းလေး

ကယ်တင်ရှင် (ခေါ်) အရှင်လောကနာထ

အရှင်လောကနာထ (၁၈၉၇ - မေ ၂၅, ၁၉၆၆) သည် အီတလီလူမျိုး ဗုဒ္ဓသာသနာပြု ဆရာတော် တစ်ပါး ဖြစ်ခဲ့သည်။

အရှင်လောကနာထ ကို အီတလီနိုင်ငံ၊ နေပယ်လ် (Naples) ကမ်းခြေအနီး ထင်ရှားသော မိသားစု Cioffi မှ ၁၈၉၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ Salvatore ဟု အမည်ပေးခဲ့သည်။ အဓိပ္ပာယ်မှာ ကယ်တင်ရှင် ဟူ၍ ဖြစ်သည်။ ပါရမီထူးကဲသော ယဉ်ကျေးမှု နယ်ပယ်တွင် နေထိုင်ရင်း သူသည် တယောတီးခတ်သော ပညာရှင် တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၉၂ တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် B.Sc ဘွဲ့ကို The Cooper Union for the Advancement of Science and Art ကျောင်းမှ ရရှိခဲ့သည်။ အချုပ်အားဖြင့် ပြောရလျှင် Columbia University Medical School ကျောင်းတွင် မတက်ရောက်မီ The Crucible Steel Co. နှင့် Procter & Gamble အလုပ်တွင် ဓာတုဗေဒ သရုပ်ခွဲသူ တစ်ယောက် အဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုအလုပ်သည် သူ့ကို ဗုဒ္ဓဘာသာ ဖြစ်လာစေရန် လက်တွေ့ကျသော စိတ်ဓာတ် ခွန်အားကို ဖြစ်စေခဲ့သည်။ ဘွဲ့ရရှိပြီး သိပ်မကြာမီပင် သူသည် လက်ခံယုံကြည်ခဲ့သည်။ မကြာမီတွင် သူသည် ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် ဖြစ်သော မဇ္ဈိမဒေသ ကို ဘုရားဖူး ထွက်ခဲ့ပြီး၊ ၁၉၂၅ တွင် မြန်မာပြည်၌ ဗုဒ္ဓသားတော် ရဟန်းတစ်ပါးအဖြစ် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့တော့သည်။ ထိုနောက် သူသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဗုဒ္ဓတရားတော်များကို ပြန့်ပွားအောင် သာသနာပြုရန် ဆုံးဖြတ်ခဲ့တော့သည်။

ခြောက်လကြာအောင် ၀ိနည်းတော်များနှင့် ဗုဒ္ဓတရားတော်များကို လက်တွေ့ ကျင့်ကြံပွားများ အားထုတ်ခဲ့ပြီး ၄င်း၏ နေရပ်ထံသို့ ပြန်လာစဉ် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်နေသော ဆရာတော်အတွက် အီတလီတွင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ လက်ခံခြင်း၊ ထောက်ခံအား မရှိတော့ပေ။ ဆရာတော်သည် အိန္ဒိယသို့ ခြေကျင်ခရီးဖြင့် တောင်ဥရောပနှင့် အာရှဒေသနိုင်ငံ အချို့ကို ဖြတ်ကျော်၍ ၁၉၂၈ တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ တရားစာပေများနှင့် တရားအားထုတ်ခြင်းကို ငါးနှစ်ကြာအောင် ပြုလုပ်ခဲ့သည်။ ထိုနှစ်များ အတွင်းတွင် ဘုန်းကြီးကျောင်းများ၊ ဟိမ၀န္တာတောင်တန်းမှ လိုဏ်ဂူများနှင့် တောမြိုင်ထဲတွင်သာ အချိန်ကုန်စေခဲ့သည်။ ဓုတင် ၁၃ ပါးကိုလည်း အပြင်းအထန် ကျင့်ကြံပွားများခဲ့သည်။ ၁၉၃၂ ခုနှစ် နှောင်းပိုင်းတွင် သီလ၊ သမာဓိ၊ ပညာများ ရင့်သန်လာခဲ့သည်။ ၁၉၂၈ ခုနှစ်မှ စ၍ ဆရာတော်၏ ဘ၀တစ်လျှောက်လုံး မိမိကိုယ်ကို ထိန်းချုပ်ရင်း အိပ်သည့် အနေအထားမှ ထိုင်လျှက် အနေအထားကို ကျင့်ကြံပွားများခဲ့သည်။ မသေရုံတမယ် ဖြစ်မှသာလျှင် ကျောခင်းအိပ်ခဲ့သည်။

၁၉၃၃၊ ၁၉၃၄ နှင့် ၁၉၃၅ ခုနှစ်များတွင် အရှင်လောကနာထသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့မှ ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ သုံးဖွဲ့ကို မြတ်စွာဘုရား ဗောဓိဉာဏ်တော်ကို ရရှိခဲ့သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဒေသတို့ အသီးသီး စတင်စေလွတ်သည်။ အရှင်လောကနာထသည် အနောက်နိုင်ငံများ တွင် ၄င်း၏ သာသနာပြု ခရီးစဉ်ကို အသုံးပြုရန် ရှုထောင့် တစ်ခုဖြင့် များစွာသော စာအုပ်များကို ရေးသားခဲ့ပြီး ပုံနှိပ် ထုတ်ဝေခဲ့သည်။ အရှေ့နိုင်ငံများတွင် ဆရာတော်၏ သာသနာပြု လုပ်ငန်းများနှင့်အတူ ပြုလုပ်နိုင်စွမ်းခဲ့သည်။ ဥရောပနှင့် အမေရိကန် သာသနာပြု ခရီးစဉ်များ အတွက် နောက်ဆုံး အစီအစဉ် ဆွဲနေစဉ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ခဲ့တော့သည်။ စစ်ပွဲအတွင်း နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှု အရ အရှင်လောကနာထ ကို အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းထားစဉ် သူ၏ စာပေလက်ရာများ အားလုံးသည် ပျောက်ဆုံးခဲ့ရသည်။

အောက်တိုဘာလ၊ ၁၉၄၆ ခုနှစ်တွင် သူသည် မြန်မာပြည်သို့ ပြန်ရောက်စဉ် မန္တလေးမြို့တွင် ဖွဲ့စည်း တည်ထောင်ထားသော ဗုဒ္ဓဘာသာ ပြည်ပသာသနာပြု အဖွဲ့ ကို တွေ့ခဲ့သည်။ ထိုအဖွဲ့မှ ကမကထ ပြုပြီး အမေရိကန် တိုင်းပြည် အဓိက ထား၍ မျက်မှောက်ခေတ် ကမ္ဘာကြီး၏ ဗုဒ္ဓဘာသာ သာသနာပြု လုပ်ငန်းအတွက် ၁၉၄၇ ခုနှစ်တွင် အရှင်လောကနာထကို အကူအညီတောင်း လျှောက်ထားကာ သာသနာ ပြုစေခဲ့သည်။ ၄င်းသည် မြန်မာပြည်မှ ပထမဦးဆုံး သာသနာပြု ခရီးစဉ် ဖြစ်ခဲ့သည်။ ၄င်းသာသနာပြု အဖွဲ့ကြီး၏ ရလဒ်သည် အမှန်တရားဖြင့် လောကကြီးကို လွှမ်းခြုံခြင်း ဟု ဆိုအပ်သော သူ၏ အလုပ်ကို ပြည့်စုံစေခဲ့သည်။ စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ရှန်ဟိုင်းနှင့် မနီလာ အစရှိသည့် တိုင်းပြည်များတွင် တရားများ ဟောပြောရင်း ဟာဝါအီ တစ်လျှောက် ပစိဖိတ်ကို ဖြတ်ပြီး အမေရိက ကို ခရီး အပြင်းနှင်ခဲ့သည်။ အမေရိကတွင် သာသနာပြု ခရီး အောင်မြင်ပြီးသည့်နောက် အင်္ဂလန်နိုင်ငံနှင့် ဥရောပ နိုင်ငံများတွင် တရားဟောပြောရင်း ၁၉၅၀ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များ၏ ပထမဦးဆုံး ကမ္ဘာ့ညီလာခံ ကို တက်ရောက်၍ တရားဟောပြောရန် သီရိလင်္ကာ နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၁၉၅၁ ခုနှစ် မတ်လတွင် အရှင်လောကနာထ သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆရာတော်အတွက် ကြီးကျယ်သော အခမ်းအနားဖြင့် ကြိုဆိုရန် စောင့်ဆိုင်း နေခဲ့ကြသည်။ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မြန်မာပြည်၏ ပထမဦးဆုံး အတွက် ကမ္ဘာ့ ဗုဒ္ဓဘာသာ အလံတော်ကို အရှင်လောကနာထမှ မန္တလေး၌ လွှင့်တင်ပေးနိုင်ခဲ့သည်။

၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် တရားများ ဟောပြောခဲ့သည်။ မြန်မာ၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံများသို့လည်း ကြွရောက် ဟောပြောခဲ့သည်။ မြန်မာနိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ ညီလာခံကို တက်ရောက်ခဲ့ပြီး ဟောပြောခဲ့သည်။ ထို့အပြင် အရှင်လောကနာထ ကို ၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်၌ ကျင်းပသော မဟာဇယန္တိ အခမ်းအနား၏ ဦးဆောင်ဦးပြုသူ အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၀ နှစ်ဦးပိုင်းများ လောက်တွင် အရှင်လောကနာထနှင့် အိန္ဒိယနိုင်ငံ ဇာတ်နိမ့်များ ခေါင်းဆောင် B.R Ambedkar တို့သည် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခဲ့သည်။ သူတို့ နှစ်ဦးကြားတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ထုတ်ခဲ့သည်။ Ambedkar သည် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင် နေပြီးဖြစ်သော အရှင်လောကနာထအား ယုံကြည်အားကိုးခဲ့သည်။ Ambedkar သည် ၁၉၅၆ ခုနှစ်တွင် သူ၏ နောက်လိုက်များစွာ နှင့်အတူ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြသည်။

လောက ဓမ္မဒူတ ခရီးစဉ်များအတွက် လှူဒါန်းမှုများသည် မြန်မာပြည်တွင် အရှင်လောကနာထကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်များတွင် ကမ္ဘာအနှံ့ တရားဟောအစီအစဉ် အတွက် စီစဉ်ထားခဲ့သည်။ ထိုအစီအစဉ်များသည် အခြေအနေအရ မဖြစ်မြောက်ခဲ့ပေ။ ၁၉၆၅ ခုနှစ် နှောင်းပိုင်း တွင် သူ၏ နဖူးတွင် ရှိခဲ့သော ဒဏ်ရာတစ်ခုသည် ကင်ဆာရောဂါ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ သင့်တော်သော ကုသမှုကို ခံယူရန် အမေရိကန်သို့ ကြွရောက်ရန် စီစဉ်နေစဉ် ဆေးပညာရှင်များ၏ အကြံဉာဏ်များကို လက်မခံတော့ဘဲ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့သည်။ ၁၉၆၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မေမြို့၌ ကျန်ရစ်ခဲ့သော ဥတုဇ ရုပ်ကလာပ်တော်ကို တည်ငြိမ်အေးဆေးစွာ လှည့်လည် အပူဇော်ခံပြီး လူအများ ပူဇော်နိုင်ရန် ရွှေစည်းဂုံ ဘုန်းကြီးကျောင်းသို့ ပင့်ဆောင် လာခဲ့သည်။

အရှင်လောကနာထသည် သက်သတ်လွတ် ဘုဉ်ပေးသူ တစ်ဦး ဖြစ်သည်။ ရန်ကုန်တွင် ဆူးလေ ဓမ္မာရုံကို တည်ဆေက်ရာတွင် အလှူပါဝင် ကူညီခဲ့သည်။ ဆရာတော်ကို ကြည်ညိုကြသူများသည် အဆင့်အတန်း အလွှာမျိုးစုံက ဖြစ်သည်။ ပညာတတ်များ၊ သိပ္ပံပညာရှင်များနှင့် တိုင်းပြည် အမျိုးမျိုးမှ အစိုးရ အဖွဲ့အစည်းများမှ လူများ စသည်တို့သည် ဆည်းကပ် ကိုးကွယ်ခဲ့ကြသည်။ ထေရ၀ါဒကိုသာ သက်ဝင် ယုံကြည်သော်လည်း အားလုံးသော အမြင်ရှုထောင့် အမျိုးမျိုးအတွက် အရှင်လောကနာထသည် သဘောထားကြီးစွာ ကျင့်သုံးခဲ့သည်။

စင်္ကာပူနိုင်ငံတွင် အရှင်လောကနာထမှ ဟောကြားခဲ့သော အမှန်တရား၏ အလင်းရောင် တရားတော်ကို မဟာဗောဓိ ကျောင်း၏ ကျောင်းအုပ်ကြီးမှ စာအုပ်တစ်အုပ်ဖြစ်အောင် တည်းဖြတ်ခဲ့သည်။ ထိုစာအုပ်ကို ထုတ်ဝေခဲ့သော ကျောင်းများမှာ

(၁) The Singapore Budhist Lodge

(၂) The Singapore Maha Budhi School

(၃) The Singapore Buddhist Institute (1947)

တို့ ဖြစ်ပေသည်။

A. Rawlinson ရေးသားသော The Book of Enlightened Masters စာအုပ် စာမျက်နှာ ၆၁၅-၆၁၆ကို အရှင်ဉာဏဒီပ (ဓမ္မရတနာ)မှ ဘာသာပြန်ဆိုပါသည်။


ထာဝရဘုရားမရှိ၊ အတ္တဇီဝဝိညာဏ်မရှိ

ကျွန်တော်စာအုပ်လေးတစ်အုပ်ဖတ်လိုက်ရပါတယ်။ မြန်မာကျူးပစ်ဖိုရမ်က အစ်ကိုတော်များရဲ့လုံ့လကြောင့် တန်ဖိုးရှိတဲ့စာအုပ်လေးတစ်အုပ် E-bookအဖြစ်ရောက်လာခဲ့ရတာပါပဲ။ အဲဒီစာအုပ်လေးကိုဖတ်ပြီး သဘောကျလို့ပဲ အခုဘလော့ဂ်မှာတင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီစာအုပ်လေးကို reviewလုပ်ပါရစေ။ စာအုပ်နာမည်က ဦးလောကနာထ၏ ကမ္ဘာလှည့်တရားလို့ဆိုထားပါတယ်။ စာရေးသူဟာ ရိုမန်ကက်သလစ် ခရစ်ရှန်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းယုံကြည်လာတဲ့ အီတလီလူမျိုးရဟန်းတစ်ပါးဖြစ်ပါတယ်။

သူ့အကြောင်းကိုအကျဉ်းချုပ်ပြောရရင်ဖြင့် သူ့မွေးနေ့ပွဲတစ်ခုမှာ မိတ်ဆွေတစ်ယောက်က စာအုပ်လက်ဆောင်ပေးလိုက်တယ်။ ဘာစာအုပ်လဲဆိုရင် ဓမ္မပဒစာအုပ်လေးပါပဲ။ ဓမ္မပဒဆိုတာ ခုဒ္ဒကနိကာယ်ထဲမှာ ဘုရားဟောထားတဲ့အနှစ်သာရတွေကို စုစည်းထားတာပါ။ ကျမ်းပိုဒ်ပေါင်း ၄၂၄ပိုဒ်ပဲပါပေမယ့်လည်း အနှစ်သာရက လေးနက်လှပါတယ်။ အဲဒီစာအုပ်လေးကိုဖတ်ရတော့ ဦးလောကနာထအလောင်းအလျာပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာပါတယ်။ ဒီနောက်ပိုင်းမှာဆက်လေ့လာတော့ ဗုဒ္ဓဘာသာကိုယုံကြည်လာပြီး မှားယွင်းတဲ့ခရစ်ရှန်နတီကို စွန့်လွှတ်ခဲ့ပါတယ်။ ကျွန်တော်သူ့ဘဝကို အသေးစိတ်မမှတ်မိပေမယ့် ဗုဒ္ဓဘာသာဝင်ဥပသကာဖြစ်လာပြီးနောက် အစွန်းရောက်ခရစ်ရှန်တွေဖြစ်တဲ့ သူ့မိသားစုနဲ့ အကြီးအကျယ်အတိုက်အခံလုပ်ခဲ့ရတာကို မှတ်မိပါသေးတယ်။ သူ့မိသားစုကသူ့ကို အိမ်ပြင်ပေးမထွက်ရာမှာ သူကအစာငတ်ခံပြီးဆန္ဒပြခဲ့လို့ နောက်ဆုံးမှာသူ့ကိုလိုက်လျောခဲ့ရတာပါ။ ဒီနောက်မှာရဟန်းဘဝနဲ့ ဇနကမင်းသားလို မလျော့သောဇွဲလုံ့လနဲ့ နိုင်ငံဖြတ်ကျော်ရတဲ့ ခြေကျင်ခရီးအရှည်ကြီးကို သဒ္ဒါတရားသပ်သပ်ကြောင့်သာ အောင်မြင်ခဲ့ပါတယ်။

အခုဒီစာအုပ်မှာ သူ့ရဲ့အင်္ဂလိပ်လိုပေးစာလေးတွေကို စုစည်းပြီးစာအုပ်အဖြစ်ထုတ်ထားတာဖြစ်ပါတယ်။ အဲဒါကို မန္တလေးမြို့၊မစိုးရိမ်တိုက်ဆရာတော် ဦးညာဏကနေပြီးတော့ မြန်မာဘာသာအဖြစ် ဆီလျော်စွာဘာသာပြန်ထားတာပါ။ အခုဘလော့ဂ်မှာတင်မှာက ထိုစာအုပ်တစ်အုပ်လုံးမဟုတ်ပါဘူး။ စာအုပ်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အကြောင်းအရာကတော့ တောင်ငူမြို့က ကရင်လူမျိုး၇၀၀၀ဝန်းကျင်ဟာ အယူမှားခရစ်ရှန်ဘာသာကို စွန့်လွှတ်ခဲ့ပါတယ်။ ထိုဘာသာမဲ့ ကရင်လူမျိုးတွေကိုရည်စူးပြီး မိစ္ဆာဒိဌိကိုစွန့်လွှတ်ခဲ့တဲ့ ဘဝတူဆရာတော်ဟာ ပေးစာရေးသားခဲ့တာပါပဲ။ ထို၇၀၀၀မျှသော ကရင်လူမျိုးများကိုရည်စူးပြီး ဆရာတော်က ခရစ်ရှန်ဘာသာကိုကိုးကွယ်ခြင်းဖြင့် အကြွင်းမဲ့လွတ်မြောက်ခြင်းမရနိုင်ကြောင်း၊ ပြီးတော့ ဗုဒ္ဓဘာသာအကြောင်းအကျဉ်းချုပ်ကို ပေးစာအစပိုင်းမှာ မိတ်ဆက်ပေးထားပါတယ်။

နောက်တော့ ထာဝရဘုရားမရှိကြောင်း၊ ဝိဥာဉ်ဆိုတာမရှိကြောင်းကို အကြောင်းအကျိုး ကျမ်းဂန်အကိုးအကား၊ သိပ္ပံပညာတွေနဲ့ သက်သေပြထားပါတယ်။ ထာဝရဘုရားမရှိကြောင်းဆိုရာမှာ ဖန်ဆင်းရှင်ဝါဒများစပေါ်ပေါက်လာပုံကို သမ္မာသမ္ဗုဒ္ဓက ဗြဟ္မဇာလသုတ်တော်မှာ ဟောကြားခဲ့တဲ့အတိုင်း ကိုးကားထားတာတွေ့ရပါတယ်။ ပြီးတော့ ဖန်ဆင်းရှင်ဝါဒများရဲ့ လက်တွေ့မကျတဲ့ လေဖန်းဒန်းစီးယုံကြည်မှုအကြောင်း၊ ဗုဒ္ဓသည်ဘုရားစစ်စစ်ဖြစ်ကြောင်း သက်သေပြထားပါတယ်။ အသက်ဝိဥာဉ်ရှိတယ်ဆိုတဲ့ အတ္တဝါဒတွေ မည်ကဲ့သို့ပေါ်ပေါက်လာပုံကိုလည်း ဗြဟ္မဇာလသုတ်ကိုကိုးကားထားပါတယ်။ အင်မတန်ကောင်းပါတယ်။ အဲဒီနောက်ပိုင်းမှာ ဝိဥာဉ်မရှိကြောင်းကို ရှုထောင့်အဖုံဖုံကနေ အဆင့်ဆင့်သက်သေပြထားတာ တွေ့ရပါတယ်ခင်ဗျ။ ကျွန်တော်ဝိဥာဉ်မရှိကြောင်း သိပ္ပံနည်းကျသက်သေပြတုန်းက ဗုဒ္ဓနည်းကျသက်သေပြလို့မရလို့လားဆိုပြီး ကြောက်ကန်ကန် ရှက်ရမ်းရမ်းတဲ့ ခရစ်ရှန်လူပြိန်းများ ဤအပိုင်းကိုသေချာဖတ်စေချင်ပါတယ်။ ထို့နောက်မှာတော့ နိဗ္ဗာန်အကြောင်းကို အကျဉ်းချုပ်ရှင်းပြထားပါတယ်။ နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူးလို့ပဲသိထားတဲ့ ဧဝံဂေလိလူပြိန်းများအတွက် အံဝင်ဂွင်ကျပါပဲ။ အဲဒါပြီးတော့ အိန္ဒိယနိုင်ငံကနေ ဗုဒ္ဓဘာသာပျောက်ကွယ်ရတဲ့ အကြောင်းရင်းတစ်ချက်ကို ရှင်းပြထားပြီးတော့ နိဂုံးချုပ်ထားပါတယ်။ စာအုပ်တစ်အုပ်လုံး စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဖတ်ရင်နာရီဝက်ခန့်ပဲကြာပြီး စာလည်းမလေးပါဘူး။ ထိုစာအုပ်လေးထဲက ကျွန်တော်အကြိုက်ဆုံးအပိုင်းကိုပြောရရင်ဖြင့်-

ခရစ်ယာန်ဘာသာသည် စိတ်ပျက်ဖွယ်အကောင်းဆုံးသော ဘာသာတို့တွင် တစ်ခုအပါအဝင်ဖြစ်၏။ အကြောင်းမူကား ထာဝရငရဲ၌ ထာဝရဆင်းရဲခြင်းခံရရန် ကြောက်မက်ဖွယ်တို့သည် ထိုခရစ်ရှန်ဘာသာ၌ ရှိ၏။ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူ အပေါင်းအား ထိုအကြောင်းကိုစဉ်းစားမိက အရူးထောင်ကို ပို့လိုက်ဘိသကဲ့သို့ ဖြစ်၏။ (လူစီဖာ)ဆိုသူသည် ကောင်းကင်ဘုံမှ ငရဲသို့ တဖန်ဆင်းရပြန်သကဲ့သို့ မမြဲသောကောင်းကင်ဘုံ၌ မမြဲသောသုခ ခံစံရခြင်း၊ နိဗ္ဗာန်ကဲ့သို့ တစ်ခါတည်း ထွက်မြောက်ရာ မရရှိနိုင်ခြင်းကို စဉ်းစားမိသော ခရစ်ယာန်ဘာသာဝင် ပုဂ္ဂိုလ်တိုင်း စိတ်အပျက်ကြီး ပျက်ကြ၏။ (စာ ၂၉၂-၂၉၃)
လောကကြီးသည် သူကန်းလမ်းပြလျှက်ရှိသော နောက်လိုက်သူကန်းတွေနှင့်တူ၏။ ထို့ကြောင့် အစ်ကိုကြီးတို့-ညီမောင်တို့၊ ကလေးများကဲ့သို့ ယုံစားခြင်းသက်သက်မျှဖြင့် အယူဝါဒများကို မယူကြပါကုန်လင့်။ ရှိရှိသမျှသော အယူဝါဒအပေါင်းကို အလင်းပြဓာတ်မှန်တည်းဟူသော ဥာဏ်ဖြင့်၊ အကြောင်းအကျိုးစိတ်ဖြာ၍ ကြည့်ကြပါကုန်လော့။ အားလုံးသောအယူဝါဒများကို ဥာဏ်တည်းဟူသောဓားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ နက်နက်နဲနဲအသည်းစွဲ ယုံကြည်ကိုးစားလောက်မှ ယူကြပါကုန်။ (စာ ၃၂၈)

အဲဒီစာပိုဒ်ကိုဖတ်ပြီး ဦးနှောက်မရှိတဲ့ခရစ်ရှန်တွေ(သို့) ဦးနှောက်ရှိပြီးမသုံးတဲ့ ခရစ်ရှန်လူမိုက်တွေလို့ သွယ်ဝိုက်ဝန်ခံထားတဲ့ စင်္ကာပူက ဧဝံဂေလိလူရှော်ကြီးကို သွားပြီးသတိရမိပါတယ်ခင်ဗျား။ လူသားအပေါင်း သမ္မာဘုရားရဲ့ မဂ္ဂင်၈ပါး သမ္မာတရားကို ရရှိနိုင်ကြပါစေ။


PDF Output

ပညတ်တော်၁၀ပါး ဘယ်ကစ

မိုးဇက်သည် အီဂျစ်ဘုရင်၏ နန်းတော်ထဲ၌ တောင်ဝှေး၏ တန်ခိုးအမျိုးမျိုးကို ပြပြီးလျှင် ဘုရင်ကို ခြိမ်းခြောက်၍ အဇ္ဇရေးတို့ကို အီဂျစ်မှ ထွက်သွားခွင့်ပေးရန် ပြော၏။ ကြောက်လန့်သော ဘုရင်သည် အဇ္ဇရေးတို့ကို သွားခွင့်ပြုလိုက်၏။ မိုးဇက်သည် အီဂျစ်မှ အဇ္ဇရေးအားလုံးကို ဦးဆောင်လျက် ဆိုင်းနိုင်းတောင်ဆီသို့ ရှေးရှုခေါ်ဆောင်သွား၏။ အဇ္ဇရေးတို့သည် ဆိုင်းနိုင်းတောင်ခြေတွင် ဂျေဟိုဗဘုရားသခင်ကို နွားသိုးကြီးအသွင်ဖြင့်ဖြစ်စေ၊ ဇီးကွက်အသွင်ဖြင့်ဖြစ်စေ တွေ့ရလိမ့်မည်ဟု မျှော်လင့်ကာ ဝမ်းသာနေကြ၏။ မျှော်လင့်သည့်အတိုင်း တောင်ခြေတွင် ဘာကိုမျှ မမြင်မတွေ့ရသောအခါ စိတ်ပျက်ကြ၏။ မိုးဇက်သည် သူ့လူများကို တောင်ခြေ၌ ထားခဲ့၍ တောင်ပေါ်သို့ တက်သွားပြီးလျှင် ရက်ပေါင်း၄၀မျှ တောင်ပေါ်တွင်နေခဲ့ရာ ဂျေဟိုဗဘုရားသခင်နှင့် တွေ့ရုံမျှမက ပဉာတ်တော်၁၀ပါးကိုလည်း ဘုရားသခင်ထံမှ ရခဲ့၏။

မိုးဇက်သည် ပညတ်တော်၁၀ပါးကို ယူပြီးလျှင် ဆိုင်းနိုင်းတောင်ပေါ်မှ ဆင်းခဲ့၍ ပညတ်တော်များကို အဇ္ဇရေးတို့အား ရှင်းပြ၏။ ထို ပညတ်တော်၁၀ပါးမှာ -

၁။ ဂျေဟိုဗ ဘုရားမှတပါး တစ်ခြားဘုရားကို မကိုးကွယ်ရ။
၂။ ရုပ်ထုကို မကိုးကွယ်ရ။
၃။ မုသားနှင့်စပ်၍ ဘုရားသခင်၏ နာမတော်ကို မမြွတ်ဆိုရ။
၎။ ရက်သတ္တပတ်၏ ၇ရက်မြောက်နေ့၌ အလုပ်မလုပ်ပဲ နားရမည်။ ထိုနေ့ကို မြတ်သောနေ့(Holy Day)ဟု ခေါ်ရမည်။
၅။ မိဘတို့ကို ရိုသေရမည်။
၆။ လူကိုမသတ်ရ။
၇။ မခိုးရ။
၈။ သူတစ်ပါးသားမယား မပြစ်မှားမကျူးလွန်ရ။
၉။ ကိုယ်နှင့်နီးစပ်သူ အပြစ်ရအောင် မမှန်သက်သေမခံရ။
၁၀။ ကိုယ်နှင့်နီးစပ်သူ၏ သားမယား၊ ပစ္စည်းဥစ္စာကို လိုချင်တပ်မက်စိတ်မရှိရ။

ဤပညတ်တော်၁၀ပါးအနက် များစွာသောပညတ်ချက်တို့မှာ အီဂျစ်တို့အတွက် အစိမ်းသက်သက်မဟုတ်ပေ။ သူတို့ကိုယ်တိုင် သင်ပေးနေသော သဘောတရားများဖြစ်ကြ၏။

သို့သော် ပညတ်ချက်၂ခုမှာမူ အီဂျစ်တို့မသိသောအချက်များဖြစ်ကြ၏။

အဇ္ဇရေးတို့မှာ ကျွန်ဘဝနှင့်အီဂျစ်ပြည်တွင် ရက်သတ္တပတ်တိုင်း ၇ရက်လုံးလုံး အနားမရပဲ ပင်ပန်းဆင်းရဲခြင်းကြီးစွာဖြင့် အလုပ်လုပ်ခဲ့ကြရ၏။ မိုးဇက်သည် သူ့လူမျိုးများ၏ ဤအခြေအနေကို ကိုယ်တွေ့မျက်မြင်ဖြစ်ခဲ့၏။ သို့ဖြင့် "သင်တို့၆ရက် အလုပ်လုပ်ရမည်၊ ၇ရက်မြောက်နေ့သည် သင်တို့နားသောနေ့ ဖြစ်ရမည်"ဟု ပညတ်ချက်ဖြစ်ပေါ်လာ၏။

နောက်ပညတ်ချက်တစ်ခုသည်လည်း အတွေ့အကြုံမှပေါ်ထွက်လာသော ပညတ်ချက်ဖြစ်၍ အရေးပါဆုံးဖြစ်၏။ ယင်းမှာ "ငါသည် သင်တို့ကို အီဂျစ်ပြည်အတွင်း အနှောင်အဖွဲ့ခံနေရခြင်းမှ ထုတ်ဆောင်ကယ်တင်လာသော သင်တို့၏ဘုရားဖြစ်သည်။ သင်တို့သည် ငါမှတစ်ပါး တစ်ခြားဘုရားကို မကိုးကွယ်ရ"ဟူသော ပညတ်ချက်ပင်။

ချမ်းမြေ့ဆရာတော် ပြုစုသည့် လူငယ်သင် ချမ်းမြေ့အခြေပျိုး ဗုဒ္ဓဘာသာစာအုပ် စာမျက်နှာ၃၀၁-၃၀၃မှ ကောက်နုတ်ချက်ဖြစ်ပါသည်။

ဖန်ဆင်းရှင်ဝါဒများ၏သဘာဝမှာ ဤကဲ့သို့လူများရေးသောကျမ်းများပညတ်ချက်များကို တစ်ဆူတည်းသောဘုရားသခင်ထံမှ လာသည်ဟူ၍ မျက်စိမှိတ်ယုံကြခြင်းပင်။ အမှန်မှာကား ဘိုင်ဘယ်လ်တစ်အုပ်လုံးမှာ ဘုရားသခင်ရေးသည့်ကျမ်းဟူ၍ တစ်အုပ်မှမရှိပဲ လူများရေးသားသောစာအုပ်များသာဖြစ်သည်။ ဘုရားသခင်ရေးကြောင်း၊ ကောင်းကင်တမာန်ကလာချပေးကြောင်း မည်သည့်သက်သေမျှမရှိပါ။ ဤပညတ်တော်ဆယ်ပါး၌လည်းကြည့်ပါ။ မောရှေက ဆိုင်းနိုင်းတောင်ထိပ်ပေါ်သို့တက်ပြီး အစာမစားရေမသောက်ပဲ ရက်လေးဆယ်စောင့်ဆိုင်းခဲ့ရ၏။ ထို့နောက်မောရှေသည် ကျောက်ပြားတစ်ချပ်ကိုကိုင်၍ ထိုကျောက်ပြားပေါ်တွင်ဘုရားသခင်က ပညတ်တော်ဆယ်ပါးကို လက်ညှိုးတော်ဖြင့်(?) ရေးပေးလိုက်ကြောင်း သူ၏အစ္စရေးလိုက်လူမျိုးများကို ကြေငြာ၏။ သို့သော် နွားရုပ်ကိုထုလုပ်ကိုးကွယ်နေကြသော သူ့မျိုးနွယ်စုကိုမြင်တွေ့ရသောအခါ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး လက်ထဲမှဘုရားသခင်ပေးအပ်လိုက်သော ပညတ်တော်ဆယ်ပါးကျောက်ပြားကို ချိုးလိုက်သည်ဟူသတတ်။

ထို့ကြောင့်လည်းဘုရားသခင်က ပညတ်တော်ဆယ်ပါးကို ပြန်လည်ချပေးစေသောငါ မောရှေကဆိုင်းနိုင်းတောင်ပေါ်သို့ပြန်တက် ကျောက်ပြား၂ပြားကိုယူရ၏။ နောက်ထပ်ရက်၄၀ထပ်စောင့်ရ၏။ ဤသို့ဖြင့် ထပ်တူမကျ ကွဲပြားသော ပညတ်တော်ဆယ်ပါး မှတ်တမ်း၂ခုကို ယူဆောင်လာခဲ့၏။ ထွက်မြောက်ရာကျမ်း အခန်းကြီး၃၄တွင် ပညတ်တော်၁၀ပါးဟုဆိုသော်လည်း ထွက်မြောက်ရာကျမ်း အခန်းကြီး၂၀နှင့် တရားဟောရာကျမ်း အခန်းကြီး၅တွင် ပညတ်ချက်၁၄၊၁၅ခုမျှ ပါရှိလေ၏။ တစ်ဆူတည်းသောဘုရားသခင်ကချပေးသော ပညတ်ချက်များမှာ အဘယ့်ကြောင့်၂မျိုးဖြစ်နေသနည်း? စာကြောင်း၁၀ကြောင်းမျှ ကျောက်တွင်ထွင်းထုရသည်မှာ ထာဝရဘုရားအတွက် မျက်စိတစ်မှိတ်၊လက်ဖျစ်တစ်တွတ်မျှသာ ကြာမည်ဖြစ်ပေသည်။ သို့သော် ပထမအကြိမ်ရက်၄၀စောင့်ရ၏။ ဒုတိယအကြိမ်ရက်၄၀ထပ်စောင့်ရ၏။ ထို့ကြောင့် ထာဝရဘုရားထံမှလာသည်မဖြစ်နိုင်ပဲ မောရှေ၏အတွေ့အကြုံအရ ရေးသားထားသော ပညတ်များသာဖြစ်ရမည်။ လူတစ်ယောက် ကျောက်ပြားပေါ်ထွင်းထုရသောကြောင့်လည်း ရက်၄၀ကြာရှည်ရခြင်းဖြစ်ပေသည်။ ထို့အပြင် ပညတ်တော်၁၄၊၁၅ခုဖြစ်နေသည်မှာ နောက်ထပ်ပြင်ဆင်ဖြည့်စွက်ချက်များပင်တည်း။ ထာဝရဘုရားက ဤကျောက်ပြားတွင်တစ်မျိုးရေးပြီး ထိုကျောက်ပြားတွင်တစ်မျိုးရေးသည်မှာ ဖြစ်နိုင်၏လော? ဤသည်မှာ ပညတ်တော်ဆယ်ပါးဖြစ်ပေါ်လာပုံပင်။ စဉ်းစားဥာဏ်ရှိသူတိုင်း မိမိဦးနှောက်ကိုကောင်းကောင်း အသုံးချနိုင်ကြပါစေ။

ယေရှုအမှန်တကယ်သာ ပြန်လည်ရှင်သန်ထမြောက်ခဲ့ပါမူ

၁။ သေသူကိုအသက်သွင်းပေးနှိုင်သော (၀ါ ) ရှင်အောင်တတ်နှိုင်သော တန်ခိုးရှိသူဖြစ်ကြောင်းကို မည်သူတစ်စုံ တစ်ယောက်ကမျှ ၀င်ရောက်သက်သေမခံခဲ့တကား။ သေဘေးကို မကြောက်သူမရှိ၊သို့မရှိလျှင် အသေကိုအရှင် ဖြစ်အောင် လုပ်နှိုင်သော တန်ခိုးရှင်ကိုဖိလိတ်ဘုရင်ခံက သတ်ပစ်မည်လော။

၂။ “ဤသူနှစ်ယောက်တို့တွင် ( ခရစ် နှင့် သူခိုးဗာရဗ္ဗ ) သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း” ဟုလူအများအား မြို့ဝန်မင်းကမေးသောအခါ အဘယ်ကြောင့်“တန်ခိုးရှင်ဖြစ်သော (၀ါ) အသေကိုရှင်အောင်၊ အကန်းကို မြင်အောင်လုပ်နှိုင်သော ခရစ်ကို လွှတ်စေချင်သည်”
ဟု မပြောခဲ့ကြသနည်း။


၃။ ခရစ်သည် သင်္ချိုင်းအတွင်းမှ ပြန်ထလာရိုးဟုတ်ခဲ့သော်
(က)အဘယ်ကြောင့်် ရန်သူ များထံသို့ မသွားခဲ့သနည်း။
(ခ )အဘယ်ကြောင့် ဖိလိတ်ထံသို့ မသွားခဲ့သနည်း။
(ဂ )အဘယ်ကြောင့် ဘုန်းကြီးကေဖါ့စ်ထံသို့ မသွားခဲ့သနည်း။
(ဃ)အဘယ်ကြောင့် ကေရုဒ်ဘုရင်ထံသို့သွားပြီး “အသင်တို့သတ်လည်း ငါမသေ” ဟုမပြောခဲ့သနည်း။
(င )အဘယ်ကြောင့် ခရစ်၏မိတ်ဆွေများက သူ၏အလောင်းကို ခိုးသွားပါသည်ဟု ပြောကြသော ရောမစစ်သားများထံသို့သွားပြီး မဟုတ်ကြောင်းကို ဘာကြောင့်မရှင်းခဲ့သနည်း။

၎။ ပထမတစ်ကြိမ်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာဂျေရုစလင်မြို့တွင်းသို့အထင်အရှားဘာကြောင့် မ၀င်ခဲ့သနည်း။

၅။ "ကြည့်လော့၊ ငါ၏ခြေ၊လက်၊ နားတောင်းတို့၌ အသင်တို့ ရိုက်ထားသောဓါးဒဏ်ရာများကို ကြည့်လော့၊ အသင်တို့သည် ကျွန်ုပ်ကို သတ်ရန်အားထုတ်ကြ၏။ သို့သော် သေမင်းသည် ကျွန်ုပ်၏ ကျွန်ဖြစ်၏။ ကျွန်ုပ်မသေ”ဟု လူအများတို့ထံသွားပြီး အဘယ်ကြောင့် မပြောခဲ့ သနည်း။


အကြောင်းကား ပြန်ရှင်ခြင်းဟူသောစကားသည် အမှန်မဟုတ်၊ လုပ်ကြံပြောခဲ့သော ဒဏ္ဏာရီစကားမျှသာ ဖြစ်သောကြောင့်ဟူပေ။

( ဆရာတော် သျှင်ဥက္ကဋ္ဌ )