ယေရှုအမှန်တကယ်သာ ပြန်လည်ရှင်သန်ထမြောက်ခဲ့ပါမူ

၁။ သေသူကိုအသက်သွင်းပေးနှိုင်သော (၀ါ ) ရှင်အောင်တတ်နှိုင်သော တန်ခိုးရှိသူဖြစ်ကြောင်းကို မည်သူတစ်စုံ တစ်ယောက်ကမျှ ၀င်ရောက်သက်သေမခံခဲ့တကား။ သေဘေးကို မကြောက်သူမရှိ၊သို့မရှိလျှင် အသေကိုအရှင် ဖြစ်အောင် လုပ်နှိုင်သော တန်ခိုးရှင်ကိုဖိလိတ်ဘုရင်ခံက သတ်ပစ်မည်လော။

၂။ “ဤသူနှစ်ယောက်တို့တွင် ( ခရစ် နှင့် သူခိုးဗာရဗ္ဗ ) သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း” ဟုလူအများအား မြို့ဝန်မင်းကမေးသောအခါ အဘယ်ကြောင့်“တန်ခိုးရှင်ဖြစ်သော (၀ါ) အသေကိုရှင်အောင်၊ အကန်းကို မြင်အောင်လုပ်နှိုင်သော ခရစ်ကို လွှတ်စေချင်သည်”
ဟု မပြောခဲ့ကြသနည်း။


၃။ ခရစ်သည် သင်္ချိုင်းအတွင်းမှ ပြန်ထလာရိုးဟုတ်ခဲ့သော်
(က)အဘယ်ကြောင့်် ရန်သူ များထံသို့ မသွားခဲ့သနည်း။
(ခ )အဘယ်ကြောင့် ဖိလိတ်ထံသို့ မသွားခဲ့သနည်း။
(ဂ )အဘယ်ကြောင့် ဘုန်းကြီးကေဖါ့စ်ထံသို့ မသွားခဲ့သနည်း။
(ဃ)အဘယ်ကြောင့် ကေရုဒ်ဘုရင်ထံသို့သွားပြီး “အသင်တို့သတ်လည်း ငါမသေ” ဟုမပြောခဲ့သနည်း။
(င )အဘယ်ကြောင့် ခရစ်၏မိတ်ဆွေများက သူ၏အလောင်းကို ခိုးသွားပါသည်ဟု ပြောကြသော ရောမစစ်သားများထံသို့သွားပြီး မဟုတ်ကြောင်းကို ဘာကြောင့်မရှင်းခဲ့သနည်း။

၎။ ပထမတစ်ကြိမ်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာဂျေရုစလင်မြို့တွင်းသို့အထင်အရှားဘာကြောင့် မ၀င်ခဲ့သနည်း။

၅။ "ကြည့်လော့၊ ငါ၏ခြေ၊လက်၊ နားတောင်းတို့၌ အသင်တို့ ရိုက်ထားသောဓါးဒဏ်ရာများကို ကြည့်လော့၊ အသင်တို့သည် ကျွန်ုပ်ကို သတ်ရန်အားထုတ်ကြ၏။ သို့သော် သေမင်းသည် ကျွန်ုပ်၏ ကျွန်ဖြစ်၏။ ကျွန်ုပ်မသေ”ဟု လူအများတို့ထံသွားပြီး အဘယ်ကြောင့် မပြောခဲ့ သနည်း။


အကြောင်းကား ပြန်ရှင်ခြင်းဟူသောစကားသည် အမှန်မဟုတ်၊ လုပ်ကြံပြောခဲ့သော ဒဏ္ဏာရီစကားမျှသာ ဖြစ်သောကြောင့်ဟူပေ။

( ဆရာတော် သျှင်ဥက္ကဋ္ဌ )

0 comments:

Post a Comment