ကယ်တင်ရှင် ဘယ်သူလဲ...

ဗုဒ္ဓဘာသာ ဘုန်းကြီးဝတ်ပီ မနေနိုင်တော့ လူထွက် ပီတော့ ခရစ်ဖြစ်သွားတဲ့ ဆရာကံထူးရဲ့ သက်သေခံချက်

http://www.mirrorcreator.com/files/4...lip0.mp4_links

http://www.mirrorcreator.com/files/0...lip0.mp4_links

ဆရာကံထူးရဲ့ သက်သေခံချက် ဆိုတာကို နားထောင်ကြည့်ကြပါဦး

အကြောင်းတိုက်ဆိုင်လို့ ဆရာကံထူး သက်သေခံခဲ့တဲ့ အကြောင်းအရာများကို နာထောင်ဖြစ်ခဲ့ပါတယ်. ဆရာကံထူးရဲ့ စကားတစ်ခုတည်း နားထောင်မယ်ဆိုရင် အတွေးအခေါ်မှားများ ဖြစ်နိုင်တာမို့ မိမိနားလည်သလောက် ဆရာကံထူး မပြောဘဲ ကျန်ခဲ့သော အကြောင်းအရာမျာကို ရေးသားလိုက်ရပါတယ်..
ဆရာကံထူးမပြောမိဘဲကျန်ခဲ့သော အကြောင်းအရာများ..

ကျွန်တော်ဟာ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်တယ်လို့ ပြောခဲ့ပေမဲ့. ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းကို မရောက်ခဲ့ပါဘူး.. တကယ်တမ်း ဗုဒ္ဓဘာသာစစ်ဆိုတာ လောကုတ္တရာသရဏဂုံတည်သူ သောတာပန်သာဖြစ်ပါတယ်.. (၁၀၀) % ဗုဒ္ဓဘာသာဖြစ်ပါတယ်.. တကယ်လို့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါးလုံးမှာ ပဋိစ္စသမုပ္ပါဒ်သဘောကို ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်သိခဲ့ရင်တော့ (၈၀)% ဗုဒ္ဓဘာသာဖြစ်ပါတယ်. စူဠသောတာပန်ပေါ့။ သာသာနာတော်မှာ အမြစ်တွယ်သူလို့ ခေါ်ပါတယ်… ဂတိမြဲသွားပါပီ… ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်သိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တိုင်အောင် ရောက်ခဲ့မယ်ဆိုရင်တော့ (၆၀)% လောက် ဗုဒ္ဓဘာာသာဖြစ်ပါတယ်.. သထမကမ္မဋ္ဌာန်း လေးဆယ်ထဲက တစ်ခုခုကို အောင်မြင်ပေါက်မြောက်အောင် ကျင့်ကြံနိုင်ရင်တော့ (၅၀)%ခန့် ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်မှာပါ.. (မိမိထင်မိတာကို တွက်ချက်ထားခြင်း ဖြစ်ပါတယ်)
ဒါမှ မဟုတ်လည်း ဥပါသကာ ပဒုမ္မာတို့. ဥပါသကာ ပုဏ္ဏရိတ်တို့လည်း ဗုဒ္ဓဘာသာစစ်စစ်တွေဖြစ်ကြပါတယ်.
ဒီတော့ ဆရာကံထူးက ဗုဒ္ဓဘာသာစစ်စစ်ဆိုတာ ရာခိုင်နှုန်းဘယ်လောက်လဲဆိုတာကို ပြောခဲ့ဖို့ ကျန်ခဲ့ပါတယ်.. ဖြစ်နိုင်ချေကတော့ ဆရာကံထူး တရားထိုင်စဉ် စိတ်တည်ငြိမ်မှုကိုမျှ မရလေသောကြောင့် သမာဓိမျှပင် မဖြစ်ခဲ့ချေ။ ထိုကြောင့် တရားလျှောက်တိုင်း လိမ်ညာမှုများနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ လိမ်ညာတတ်သူဖြစ်သောကြောင့်လည်း သမာဓိမဖြစ်တာ ဖြစ်ရပါတယ်.. ဒါဆိုရင် ဆရာကံထူးရဲ့ဗုဒ္ဓဘာသာစစ်မှုသည်.. သီလမျှ မလုံလေသောကြောင့် (၁၀) %ဗုဒ္ဓဘာသာမျှ မဖြစ်ခဲ့ပါချေ.. ရဟန်းတစ်ပါးဖြစ်ခဲ့ပါမူ. တရားကိုနေစဉ် လိမ်လျှောက်ခဲ့လေသောကြောင့် သီလကင်းမဲ့နေသော ဒုဿီလမျှ ဖြစ်ခဲ့ရချေတယ်..လိမ်လည်တတ်သော သူသည် မပြုလုပ်ရဲသော မကောင်းမှု ဒုစရိုက်မရှိချေ.. ဥတ္တရိမနုဿဓမ္မများကို လိမ်ညာပြောခဲ့ပါမူ သာသနာတော်မှ ဆုံးရှုံးလျှက်ရှိသော သူတစ်ယောက်ဖြစ်ခဲ့ရပါတယ်.ဒါကြောင့်လည်း လူထွက်မိပါတယ်.. (၈)နှစ်သားမှ (၁၀)နှစ်တိုင်တိုင် (၁၈)နှစ်သားထိဆိုရင် ကိုရင်ဝတ်ခဲ့တဲ့ ဆရာကံထူးဟာ… ချွတ်ယွင်းတဲ့စကားများကို အဘယ်မျှလောက် ပြောခဲ့ပါသလဲ……

ဒါကြောင့် ဆရာကံထူးရဲ့ ဗုဒ္ဓဘာသာစစ်စစ်ဟူသော စကားကို မယုံစားမိဖို့ ခရစ်ယာန်ညီအစ်ကို မောင်နှမများကို သတိပေးလိုက်ရပါတယ်… ခရစ်ယာန်ညီအစ်ကိုမောင်နှမများက မိမိတို့ ဘာသာထဲကို ဝင်လာတိုင်း အထင်မကြီးသင့်ပါ…. သူတစ်ပါးပြောစကားနဲ့ လမ်းဆုံးမနေသင့်ပါ…. လိမ်ညာတတ်သူဟု ဝန်ခံထားတဲ့ သူတစ်ယောက်ရဲ့ စကားကို ချင့်ချိန်ပီ ယုံသင့်ပါတယ်…..

နောက်တစ်ခါ ဆရာကံထူး.. ခွဲခြားပြသွားတဲ့ ဘုရား၊ ဘုရားသခင်ဆိုသော စကားကိုလည်း ခရစ်ယာန်ညီအစ်ကို မောင်နှမ သတိထားမိပါရဲ့လား.. ဘုရားသခင်ဆိုတဲ့ စကားက ဘယ်က လာသလဲ.. ဗုဒ္ဓဘုရားသခင်ကို ခေါ်တဲ့ စကားကနေလာတာနော်… God ဆိုတဲ့ စကားကို ဘုရားသခင်လို့ ဘာသာပြန်နိုင်တာဟာ…. ဗုဒ္ဓစာပေကို ဖတ်ရှုပီ ဘာသာပြန်ထားတာပါ… ဗုဒ္ဓစာပေမှာလည်း မြတ်ဗုဒ္ဓကို ဘုရားသခင်လို့ ဘာသာပြန်တာပဲ.. ဒီတော့ မြတ်ဗုဒ္ဓဟာ မြတ်ဗုဒ္ဓပါပဲ.. God ဟာလဲ God ပါပဲ.. ဘယ်သူက ဘုရား၊ ဘယ်သူက ဘုရားသခင်လို့ ပြောပိုင်ခွင့် မရှိပါဘူး..

ဆရာကံထူးရဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝကလည်း သနားစရာပါ… ဒါပေမဲ့သူက ခရစ်ယာန်ကျမ်းအလိုအရ ဘုရားသခင်က ရှေးမဆွကပင် ရွေးကောက်တာဟု ပြောဆိုခဲ့ပါတယ်. ဆရာကံထူးပြောပုံအရဆိုရင်. ဓမ္မပဒထဲက ကောသမ္ဗီ သူဌေးအကြောင်း မကြားဖူးသလားဟု သံသယဖြစ်ရတယ်.. မွေးကတည်း အကြိမ်ကြိမ်အသတ်ခံရသော်လည်း မသေဘဲ နောက်ဆုံး ကောသမ္ဗီသူဌေး ဃောသကဖြစ်ခဲ့ရပါတယ်.. နောက်ဆုံး (၁၀၀) % ဗုဒ္ဓဘာသာဖြစ်ခဲ့ပါတယ်… ဒါပေမဲ့ သူကို ဗုဒ္ဓသာသာက ရွေးကောက်ထားတာဟု မပြောခဲ့ချေ.. ဆရာကံထူးနဲ့ ဇာတ်လမ်ခြင်း ဆင်တူသောလည်း တလမ်းစီ ခွဲထွက်သွားသူများဖြစ်ပါတယ်.. တကယ်လို့ ဆရာကံထူးအနေနဲ့ ဃောသသူဌေးအကြောင်းကို ဖတ်ရှုဖူးပါက ခရစ်ယာန်ဘုရားသခင် ရွှေးကောက်မခံရတဲ့ ဃောသကသူဌေးအကြောင်းကို ထည့်သွင်းပြောကြားခဲ့မယ်ဆိုရင် ခရစ်ယာန်တရားနာပရိတ်သတ်အနေနဲ့ စဉ်းစားနှိုင်းချိန်ဖို့ အခွင့်အရေးများ ရရှိကြမှာပါ….ဒါပေမဲ့ ဆရာကံထူး မပြောခဲ့…

နောက်တခါ ဆရာကံထူးက ဗုဒ္ဓသာသနာကို ဘာသာတရားတစ်ခုလို့ ထင်ခဲ့ပုံရပါတယ်.. ဒါဆိုရင် ဆရာကံထူး မှားပါပီ… ရှေးယခင် မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ တစ်ခုတည်း ထွန်းကားခဲ့စဉ်က သမ္မာဒိဋ္ဌိ နဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားဘဲရှိပါတယ်.. ဗုဒ္ဓဘာသာတို့ ခရစ်ယာန်ဘာသာတို့ဆိုတဲ့စကားလုံးက အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပိုက်ပီ နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့တာပါ….
ဒါကြောင့် ဗုဒ္ဓသာသနာဟာလည်း သမ္မာတရားပဲဆိုတာ ဆရာကံထူး ဟောပြောရန်ကျန်ရှိခဲ့ပါတယ်ဆိုတာ ခရစ်ယာန်ညီအစ်ကိုများ သိစေရပါတယ်…..
ဘုရားတရားလိုက်စားတယ်.. ဘုရားပြောတဲ့အတိုင်း လျှောက်တယ်..-- ဆုံးမစကားကို လိုက်နာတယ်.. ဒါတွေကတော့ အထူးရှင်းပြစရာမလိုတဲ့ အဓိပ္ပါယ်တူ စကားတွေပါပဲ..
တရားကျင့်တယ်။။ တရားအားထုတ်တယ်.. တရားထိုင်တယ်.. တရားတော်ကို ကိုးစားယုံကြည်ပီ ကြိုးစားနေတယ်..ဒါတွေလဲ အဓိပ္ပါယ်တူတွေပါပဲ..
လူကိုဖန်ဆင်းတဲ့ သမ္မာကျမ်းစာအကြောင်းကို ဆရာကံထူးဟောပြောခဲ့သော်လည်း လူမရှိ၊ နတ်မရှိ၊ အသက်ဇီဝ၊ ဝိညာဏ်မရှိကြောင်းကို ဗုဒ္ဓသာသာတရားတော်များကို ခရစ်ယာန်ပရိသတ်များကို ဆရာကံထူး ပြောပေးခဲ့ပါမူ များစွာ အကျိုးရှိလေရာတယ်…

အသက်ရှုတယ်ဆိုတာ ဘုရားသခင်ဖန်ဆင်းပေးလို့ရှုရတာ မဟုတ်ပါဘူး။။ ဟဒယဝတ္ထုကို မှီတွယ်နေတဲ့ စိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း ဝင်လေထွက်လေ.. အဿာသ ပဿာသတွေ ဖြစ်နေပါတယ်. အသက်ရှုတဲ့လေကို ဘုရားသခင်ဖန်ဆင်းပေးစရာမလိုကို ကိုကံထူး ဘာကြောင့် ထည့်မပြောခဲ့ပါလိမ့်..
ကိလေသာတွေနဲ့ နှောင်ဖွဲ့ ရှုပ်ထွေးနေမှုကြောင့် လွတ်မြောက်မှု မရနိုင်တာကို ဆရာကံထူး စေတနာထား၍ ဟောပြောသင့်ရပါတယ်.. ထိုသို့ မပြောနိုင်ပဲ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်. မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဟု အပေါ်ယံလောက်တာ ဟောပြောလေသောကြောင့် ဟာကွက်ကြီးလို ဖြစ်ခဲ့၇ပါတယ်…
ဘာသာတရားက ချည်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကို ပြောနေတာ မဟုတ်ဘူးဆိုတာကို ဆရာကံထူး ပွင့်ပွင့်လင်းလင်းပြောသွားသင့်ပါတယ်.. ဗုဒ္ဓသာသာအလိုတော်အရ ကုသိုလ်ဆိုတာ ရွှေလှောင်အိမ်နဲ့ တူတယ်.. အကုသိုလ်ဆိုတာ သံလှောင်အိမ်နဲ့တူတယ်.. နှစ်ခုလုံးက နှောင်ဖွဲ့ပါတယ်. အနှောင့်အဖွဲ့ဟူသမျှမှ လွတ်မြောက်ဖို့ ဗုဒ္ဓဝါဒပေါ်ထွန်းလာတာကို ဆရာကံထူး ပြောဆိုသင့်ပါတယ်..
အပူတွင် ကိလေသာ၊ အအေးတွင် မေတ္တာဟု ဆိုရိုးရှိသည်။ သတ္တဝါတို့၏ စိတ်ကို ပူပန်စေတတ်။ ဆင်းရဲစေတတ်၊ ညစ်နွမ်းစေတတ်သော သဘောကို ကိလေသာဟု ခေါ်ဆိုသည်။ တရားကိုယ်အားဖြင့် လောဘ။ ဒေါသ စသော တရားများကို ကောက်ယူရသည်။ အရာဌာနသို့ လိုက်၍ ကိလေသကိုပင် သံကိလေသလည်းကောင်း၊ ဥပက္ကိလေသဟုလည်းကောင်း သုံးစွဲလေ့ရှိသည်။

နောက်တစ်ခါ ဆရာကံထူး ပြောသွားတဲ့ နှလုံးသားညစ်နွမ်းစေတဲ့ အကြောင်းအရာတွေက ကိလေသာတွေပါ..
ကိလေသာ သုံးမျိုး ရှိသည်။ ၃ မျိုးကား...
(၁) အနုသယ ကိလေသာ..( ၂) ပရိယုဋ္ဌာနကိလေသာ၊ (၃) ဝီတိက္ကမကိလေသာတို့ ဖြစ်သည်။

တနည်းကိလေသာ (၈)မျိုးရှိသည်။ (၈)မျိုးကား..
(၁) ကလဟ-- ငြင်းခုံခြင်း၊
(၂) ဝိဝါဒ = ခိုက်ရန်ဖြစ်ခြင်း။
(၃) ပရိဒေဝ = ငိုကျွေးခြင်း၊
(၄) သောက = စိုးရိမ်ပူပန်ခြင်း၊
(၅) မစ္ဆရိယ = နှမြောဝန်တိုခြင်း။
(၆) မာန = ထောင်လွှား မာန်မူခြင်း။
(၇) အတိမာန = အလွန်ထောင်လွှာမာန်မူခြင်း။
(၈) ပေသုည = ချောပစ် ကုန်းတိုက်ခြင်းတို့ ဖြစ်သည်။

တနည်း ကိလေသာ (၁၀)ပါးရှိသည်။
(၁) လိုချင်တပ်မက်မှု လောဘ၊
(၂) ဖျက်ဆီး ပြစ်မှားမှု ဒေါသ၊
(၃) (အမှန်သဘော၌) တွေဝေမှု (အမှန်ကို မသိမှု) မောဟ၊
(၄) (ငါသာလျှင် မြတ်၏ဟု စသည်ဖြင့်) မှတ်ထင်မှု (ထောင်လွှားမှု) မာန၊
(၅) အမြင်မှားမှု ဒိဋ္ဌိ၊
(၆) ယုံမှားမှု ၀ိစိကိစ္ဆာ၊
(၇) (စိတ်၏) မခံ့မှု (ထိုင်းမှိုင်းမှု) ထိန၊
(၈) ပျံ့လွင့်မှု ဥဒ္ဓစ္စ၊
(၉) (ကာယဒုစရိုက် စသော မကောင်းမှုမှ) မရှက်မှု အဟိရီက၊
(၁၀) (ကာယ ဒုစရိုက်စသော မကောင်းမှုမှ) မကြောက်လန့်မှု အနောတ္တပ္ပ တိုဖြစ်ကြသည်။

တနည်း ကိလေသာ (၁၇)မျိုးရှိ၏။ (၁၇)မျိုးကား...
(၁) လောဘ
(၂) ဒေါသ
(၃) မောဟ
(၄) ကောဓ = အမျက်ထွက်ခြင်း
(၅) ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း
(၆) မက္ခ = သူပြုဘူးသော ကျေးဇူးကို ချေဖျက်ခြင်း၊
(၇) ပဠာသ = ဖက်ပြိုင်ခြင်း။
(၈) ဣဿာ = ငြူစူခြင်း၊ မနာလိုခြင်း၊ သူတထူး ပျက်စီးစေလိုခြင်း၊
(၉) မစ္ဆရိယ = မိမိစည်းစိမ်စသည်ကို လျို့ဝှက်ခြင်း။ ဝန်တိုခြင်း
(၁၀) မာယာ = မိမိ`၌ ရှိသော အပြစ်ကို လှည့်ပတ် ဖုံးကွယ်ခြင်း
(၁၁) သာဌေယျ = မိမိ`၌ မရှိသော ဂုဏ်ကို ထုတ်ဖော် ဟန်ဆောင်ခြင်း
(၁၂) ထမ္ဘ = စိတ်ဓာတ် ခက်ထန်ကြမ်းတမ်း
(၁၃) သာရမ္ဘ = သူတပါးကို ပြိုင်ဆိုင် ထိပါးချုပ်ချယ်ခြင်း..
(၁၄) မာန
(၁၅) အတိမာန
(၁၆) မဒ = အမျိုးဇာတ်စသည်ကို စွဲ၍ မာန်ယစ်မူးခြင်း
(၁၇)ပမာဒ = ကာမဂုဏ်`၌ တွယ်တာသဖြင့် ကုသိုလ်ကောင်းမှု`၌ မေ့လျော့ခြင်းတို့ ဖြစ်သည်။
ဒီတော့ အဲဒီကိလေသာတွေ ရှိနေမယ်ဆိုရင် နှလုံးသား မစင်ကြယ်သေးပါဘူး…. ဒါကြောင့် ကိုကံထူး အခုစင်ကြယ်သွားပီ မစင်ကြယ်သေးဘူးဆိုတာ ကိုကံထူး သိမှာပါနော်…

နောက်တစ်ခု တရားကျင့်တဲ့သူတွေ မျက်လုံးပြူးနေတယ်လို့ ကိုကံထူးပြောသွားတယ်နော်. ကောင်းတာလုပ်ရင် ကောင်းတာပဲ ဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့လောက်ပဲ ကိုကံထူးနားလည်းပုံရတယ်နဲ့တူတယ်.. မြတ်ဗုဒ္ဓဟာ ဖောင်ဥပမာရှိတဲ့ တရားကို ဟောခဲ့တယ်နော်… ဖောင်ဆိုတာ ဟိုဘက်ကမ်းရောက်ဖို့ပဲ ဟိုဘက်ကမ်းရောက်ရင် ဖောင်မလိုတော့ဘူး.. ဖောင်ကို သိမ်းပိုက်ထားဖို့ မဟုတ်ဘူး။။ အဲဒီဥပမာအတိုင်းပဲ…ကုသိုလ်ကောင်းမှုတွေ လုပ်နေကြတယ်. တရားတော်ကို ထိုးထွင်းသိအောင် လုပ်ကြတယ်ဆိုတာလဲ အဲဒီကုသိုလ်တွေကို သိမ်းပိုက်ဖို့ မဟုတ်ပါဘူး.. ကုသိုလ်ဖောင်ကလည်း တဖက်ကမ်းရောက်သွားရင် သိမ်းပိုက်မနေတော့ပါဘူး… အကုသိုလ်ဖောင်ဆိုရင် အဘယ်ဆိုဖွယ်ရာ ရှိပါတော့မလဲ.. ကုသိုလ်ကိုလည်း စွန့်ပါမယ်.. အကုသိုလ်ကိုလည်း စွန့်ပါတယ်။ လွတ်မြောက်သွားပီရင် အားလုံးကို စွန့်ပါတယ်. မလွတ်မြောက်ခင်မှာတော့ ဖောင်ကို ဖက်တွယ်ထားသလို ကုသိုလ်တွေကို လုပ်ကြရပါတယ်….

ကိုကံထူးက ရိုးရိုးသာမာန်ကာမာဝစရကုသိုလ်လောက်သာ နားလည်ထားပုံရပါတယ်. အင်အားကြီးတဲ့ ကုသိုလ်တွေဖြစ်တဲ့ ဈာန်ကုသိုလ်။ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ်။ အကြောင်းကို ထည့်သွင်းပြောခဲ့မယ်ဆိုရင် ခရစ်ယာန်ပရိသတ်က ပိုမိုစိတ်ဝင်စားကြမှာပါ… ကယ်တင်ခြင်း အစစ်အမှန်ကို ပိုမိုနားလည်ကြမှာပါ. ဒါပေမဲ့ ကိုကံထူး မပြောဘဲ ချန်ခဲ့ပါတယ်…
နာမ်ဝိညာဏ်မရှိဘူးဆိုတဲ့ ဗုဒ္ဓအယူဝါဒကို ကံထူးပြောကြားပေးမယ်ဆိုရင် ခရစ်ယာန်ညီအစ်ကိုမောင်နှမများ ဝေဖန်နှိုင်းချိန်တဲ့ အသိညာဏ်ဖြစ်လာမှာပါ…

ရေနစ်တဲ့သူကို ဘယ်သူက ကယ်မှာလည်း အားလုံးဟာ ရေနစ်နေတာပဲ မဟုတ်လား. ကယ်မဲ့သူလည်း ကိလေသာတွေနဲ့ နစ်နေတယ်.. မီး ဆယ့်တစ်ပါးနဲ့ လောင်နေတယ်.. ကိလေသာမီးတွေ မလောင်အောင် ဘယ်သူက တားပေးနိုင်မှာလဲ…. ဒါဆိုရင် ဘယ်သူက ဘယ်သူကို ကယ်မှာလည်းဆိုတာ ကိုကံထူးပြောသင့်ပါတယ်..

တရားက မကယ်ဘူးလို့ ကိုကံထူးပြောတယ်နော်.. ဒါဆိုရင် သုစရိုက်တရားတွေ ဖြည့်ကျင့်မယ်သူတွေ နည်းကုန်မယ်နော်.. သုစရိုက်တရားတွေကို ကျင့်ထားကတာ စိတ်ချရပါတယ်လေ. ဘယ်သူကယ်မလဲဆိုတာ ဘယ်သူမှ အတိအကျသိတာမှ မဟုတ်တာ.. သုစရိုက်တရားတွေ ကျင့်ထားတာတော့ မလွဲတဲ့လမ်းပါပဲလေ…. ဘယ်သူမှ မကယ်လဲ ကိစ္စမရှိဘူးလေ…..
အားလုံး နားလည်ပေးနိုင်ကြပါစေ…

Credit to ဘုန်းလေး

1 comments:

Anonymous said...
January 2, 2012 at 11:16 AM

ေ၇နှစ်သူဆိုတာ အပြစ်နွံ့ထဲမှာ နှစ်နေသူကိုပြောတာပါ...လူသားတိုင်းအပြစ်အတွက် ခ၇စ်တော်ဟာကားတိုင်မှာအသေခံခဲ့ပြီးပြီးမို့ သူ့ကိုယုံကြည်သောသူတိုင်းက အပြစ်ကလွတ်မြောက်ပါတယ်

Post a Comment