ကယ်တင်ရှင် (ခေါ်) အရှင်လောကနာထ

အရှင်လောကနာထ (၁၈၉၇ - မေ ၂၅, ၁၉၆၆) သည် အီတလီလူမျိုး ဗုဒ္ဓသာသနာပြု ဆရာတော် တစ်ပါး ဖြစ်ခဲ့သည်။

အရှင်လောကနာထ ကို အီတလီနိုင်ငံ၊ နေပယ်လ် (Naples) ကမ်းခြေအနီး ထင်ရှားသော မိသားစု Cioffi မှ ၁၈၉၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ Salvatore ဟု အမည်ပေးခဲ့သည်။ အဓိပ္ပာယ်မှာ ကယ်တင်ရှင် ဟူ၍ ဖြစ်သည်။ ပါရမီထူးကဲသော ယဉ်ကျေးမှု နယ်ပယ်တွင် နေထိုင်ရင်း သူသည် တယောတီးခတ်သော ပညာရှင် တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၉၂ တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် B.Sc ဘွဲ့ကို The Cooper Union for the Advancement of Science and Art ကျောင်းမှ ရရှိခဲ့သည်။ အချုပ်အားဖြင့် ပြောရလျှင် Columbia University Medical School ကျောင်းတွင် မတက်ရောက်မီ The Crucible Steel Co. နှင့် Procter & Gamble အလုပ်တွင် ဓာတုဗေဒ သရုပ်ခွဲသူ တစ်ယောက် အဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုအလုပ်သည် သူ့ကို ဗုဒ္ဓဘာသာ ဖြစ်လာစေရန် လက်တွေ့ကျသော စိတ်ဓာတ် ခွန်အားကို ဖြစ်စေခဲ့သည်။ ဘွဲ့ရရှိပြီး သိပ်မကြာမီပင် သူသည် လက်ခံယုံကြည်ခဲ့သည်။ မကြာမီတွင် သူသည် ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် ဖြစ်သော မဇ္ဈိမဒေသ ကို ဘုရားဖူး ထွက်ခဲ့ပြီး၊ ၁၉၂၅ တွင် မြန်မာပြည်၌ ဗုဒ္ဓသားတော် ရဟန်းတစ်ပါးအဖြစ် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့တော့သည်။ ထိုနောက် သူသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဗုဒ္ဓတရားတော်များကို ပြန့်ပွားအောင် သာသနာပြုရန် ဆုံးဖြတ်ခဲ့တော့သည်။

ခြောက်လကြာအောင် ၀ိနည်းတော်များနှင့် ဗုဒ္ဓတရားတော်များကို လက်တွေ့ ကျင့်ကြံပွားများ အားထုတ်ခဲ့ပြီး ၄င်း၏ နေရပ်ထံသို့ ပြန်လာစဉ် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်နေသော ဆရာတော်အတွက် အီတလီတွင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ လက်ခံခြင်း၊ ထောက်ခံအား မရှိတော့ပေ။ ဆရာတော်သည် အိန္ဒိယသို့ ခြေကျင်ခရီးဖြင့် တောင်ဥရောပနှင့် အာရှဒေသနိုင်ငံ အချို့ကို ဖြတ်ကျော်၍ ၁၉၂၈ တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ တရားစာပေများနှင့် တရားအားထုတ်ခြင်းကို ငါးနှစ်ကြာအောင် ပြုလုပ်ခဲ့သည်။ ထိုနှစ်များ အတွင်းတွင် ဘုန်းကြီးကျောင်းများ၊ ဟိမ၀န္တာတောင်တန်းမှ လိုဏ်ဂူများနှင့် တောမြိုင်ထဲတွင်သာ အချိန်ကုန်စေခဲ့သည်။ ဓုတင် ၁၃ ပါးကိုလည်း အပြင်းအထန် ကျင့်ကြံပွားများခဲ့သည်။ ၁၉၃၂ ခုနှစ် နှောင်းပိုင်းတွင် သီလ၊ သမာဓိ၊ ပညာများ ရင့်သန်လာခဲ့သည်။ ၁၉၂၈ ခုနှစ်မှ စ၍ ဆရာတော်၏ ဘ၀တစ်လျှောက်လုံး မိမိကိုယ်ကို ထိန်းချုပ်ရင်း အိပ်သည့် အနေအထားမှ ထိုင်လျှက် အနေအထားကို ကျင့်ကြံပွားများခဲ့သည်။ မသေရုံတမယ် ဖြစ်မှသာလျှင် ကျောခင်းအိပ်ခဲ့သည်။

၁၉၃၃၊ ၁၉၃၄ နှင့် ၁၉၃၅ ခုနှစ်များတွင် အရှင်လောကနာထသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့မှ ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ သုံးဖွဲ့ကို မြတ်စွာဘုရား ဗောဓိဉာဏ်တော်ကို ရရှိခဲ့သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဒေသတို့ အသီးသီး စတင်စေလွတ်သည်။ အရှင်လောကနာထသည် အနောက်နိုင်ငံများ တွင် ၄င်း၏ သာသနာပြု ခရီးစဉ်ကို အသုံးပြုရန် ရှုထောင့် တစ်ခုဖြင့် များစွာသော စာအုပ်များကို ရေးသားခဲ့ပြီး ပုံနှိပ် ထုတ်ဝေခဲ့သည်။ အရှေ့နိုင်ငံများတွင် ဆရာတော်၏ သာသနာပြု လုပ်ငန်းများနှင့်အတူ ပြုလုပ်နိုင်စွမ်းခဲ့သည်။ ဥရောပနှင့် အမေရိကန် သာသနာပြု ခရီးစဉ်များ အတွက် နောက်ဆုံး အစီအစဉ် ဆွဲနေစဉ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ခဲ့တော့သည်။ စစ်ပွဲအတွင်း နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှု အရ အရှင်လောကနာထ ကို အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းထားစဉ် သူ၏ စာပေလက်ရာများ အားလုံးသည် ပျောက်ဆုံးခဲ့ရသည်။

အောက်တိုဘာလ၊ ၁၉၄၆ ခုနှစ်တွင် သူသည် မြန်မာပြည်သို့ ပြန်ရောက်စဉ် မန္တလေးမြို့တွင် ဖွဲ့စည်း တည်ထောင်ထားသော ဗုဒ္ဓဘာသာ ပြည်ပသာသနာပြု အဖွဲ့ ကို တွေ့ခဲ့သည်။ ထိုအဖွဲ့မှ ကမကထ ပြုပြီး အမေရိကန် တိုင်းပြည် အဓိက ထား၍ မျက်မှောက်ခေတ် ကမ္ဘာကြီး၏ ဗုဒ္ဓဘာသာ သာသနာပြု လုပ်ငန်းအတွက် ၁၉၄၇ ခုနှစ်တွင် အရှင်လောကနာထကို အကူအညီတောင်း လျှောက်ထားကာ သာသနာ ပြုစေခဲ့သည်။ ၄င်းသည် မြန်မာပြည်မှ ပထမဦးဆုံး သာသနာပြု ခရီးစဉ် ဖြစ်ခဲ့သည်။ ၄င်းသာသနာပြု အဖွဲ့ကြီး၏ ရလဒ်သည် အမှန်တရားဖြင့် လောကကြီးကို လွှမ်းခြုံခြင်း ဟု ဆိုအပ်သော သူ၏ အလုပ်ကို ပြည့်စုံစေခဲ့သည်။ စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ရှန်ဟိုင်းနှင့် မနီလာ အစရှိသည့် တိုင်းပြည်များတွင် တရားများ ဟောပြောရင်း ဟာဝါအီ တစ်လျှောက် ပစိဖိတ်ကို ဖြတ်ပြီး အမေရိက ကို ခရီး အပြင်းနှင်ခဲ့သည်။ အမေရိကတွင် သာသနာပြု ခရီး အောင်မြင်ပြီးသည့်နောက် အင်္ဂလန်နိုင်ငံနှင့် ဥရောပ နိုင်ငံများတွင် တရားဟောပြောရင်း ၁၉၅၀ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များ၏ ပထမဦးဆုံး ကမ္ဘာ့ညီလာခံ ကို တက်ရောက်၍ တရားဟောပြောရန် သီရိလင်္ကာ နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၁၉၅၁ ခုနှစ် မတ်လတွင် အရှင်လောကနာထ သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆရာတော်အတွက် ကြီးကျယ်သော အခမ်းအနားဖြင့် ကြိုဆိုရန် စောင့်ဆိုင်း နေခဲ့ကြသည်။ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မြန်မာပြည်၏ ပထမဦးဆုံး အတွက် ကမ္ဘာ့ ဗုဒ္ဓဘာသာ အလံတော်ကို အရှင်လောကနာထမှ မန္တလေး၌ လွှင့်တင်ပေးနိုင်ခဲ့သည်။

၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် တရားများ ဟောပြောခဲ့သည်။ မြန်မာ၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံများသို့လည်း ကြွရောက် ဟောပြောခဲ့သည်။ မြန်မာနိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ ညီလာခံကို တက်ရောက်ခဲ့ပြီး ဟောပြောခဲ့သည်။ ထို့အပြင် အရှင်လောကနာထ ကို ၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်၌ ကျင်းပသော မဟာဇယန္တိ အခမ်းအနား၏ ဦးဆောင်ဦးပြုသူ အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၀ နှစ်ဦးပိုင်းများ လောက်တွင် အရှင်လောကနာထနှင့် အိန္ဒိယနိုင်ငံ ဇာတ်နိမ့်များ ခေါင်းဆောင် B.R Ambedkar တို့သည် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခဲ့သည်။ သူတို့ နှစ်ဦးကြားတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ထုတ်ခဲ့သည်။ Ambedkar သည် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင် နေပြီးဖြစ်သော အရှင်လောကနာထအား ယုံကြည်အားကိုးခဲ့သည်။ Ambedkar သည် ၁၉၅၆ ခုနှစ်တွင် သူ၏ နောက်လိုက်များစွာ နှင့်အတူ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြသည်။

လောက ဓမ္မဒူတ ခရီးစဉ်များအတွက် လှူဒါန်းမှုများသည် မြန်မာပြည်တွင် အရှင်လောကနာထကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်များတွင် ကမ္ဘာအနှံ့ တရားဟောအစီအစဉ် အတွက် စီစဉ်ထားခဲ့သည်။ ထိုအစီအစဉ်များသည် အခြေအနေအရ မဖြစ်မြောက်ခဲ့ပေ။ ၁၉၆၅ ခုနှစ် နှောင်းပိုင်း တွင် သူ၏ နဖူးတွင် ရှိခဲ့သော ဒဏ်ရာတစ်ခုသည် ကင်ဆာရောဂါ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ သင့်တော်သော ကုသမှုကို ခံယူရန် အမေရိကန်သို့ ကြွရောက်ရန် စီစဉ်နေစဉ် ဆေးပညာရှင်များ၏ အကြံဉာဏ်များကို လက်မခံတော့ဘဲ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့သည်။ ၁၉၆၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မေမြို့၌ ကျန်ရစ်ခဲ့သော ဥတုဇ ရုပ်ကလာပ်တော်ကို တည်ငြိမ်အေးဆေးစွာ လှည့်လည် အပူဇော်ခံပြီး လူအများ ပူဇော်နိုင်ရန် ရွှေစည်းဂုံ ဘုန်းကြီးကျောင်းသို့ ပင့်ဆောင် လာခဲ့သည်။

အရှင်လောကနာထသည် သက်သတ်လွတ် ဘုဉ်ပေးသူ တစ်ဦး ဖြစ်သည်။ ရန်ကုန်တွင် ဆူးလေ ဓမ္မာရုံကို တည်ဆေက်ရာတွင် အလှူပါဝင် ကူညီခဲ့သည်။ ဆရာတော်ကို ကြည်ညိုကြသူများသည် အဆင့်အတန်း အလွှာမျိုးစုံက ဖြစ်သည်။ ပညာတတ်များ၊ သိပ္ပံပညာရှင်များနှင့် တိုင်းပြည် အမျိုးမျိုးမှ အစိုးရ အဖွဲ့အစည်းများမှ လူများ စသည်တို့သည် ဆည်းကပ် ကိုးကွယ်ခဲ့ကြသည်။ ထေရ၀ါဒကိုသာ သက်ဝင် ယုံကြည်သော်လည်း အားလုံးသော အမြင်ရှုထောင့် အမျိုးမျိုးအတွက် အရှင်လောကနာထသည် သဘောထားကြီးစွာ ကျင့်သုံးခဲ့သည်။

စင်္ကာပူနိုင်ငံတွင် အရှင်လောကနာထမှ ဟောကြားခဲ့သော အမှန်တရား၏ အလင်းရောင် တရားတော်ကို မဟာဗောဓိ ကျောင်း၏ ကျောင်းအုပ်ကြီးမှ စာအုပ်တစ်အုပ်ဖြစ်အောင် တည်းဖြတ်ခဲ့သည်။ ထိုစာအုပ်ကို ထုတ်ဝေခဲ့သော ကျောင်းများမှာ

(၁) The Singapore Budhist Lodge

(၂) The Singapore Maha Budhi School

(၃) The Singapore Buddhist Institute (1947)

တို့ ဖြစ်ပေသည်။

A. Rawlinson ရေးသားသော The Book of Enlightened Masters စာအုပ် စာမျက်နှာ ၆၁၅-၆၁၆ကို အရှင်ဉာဏဒီပ (ဓမ္မရတနာ)မှ ဘာသာပြန်ဆိုပါသည်။


ထာဝရဘုရားမရှိ၊ အတ္တဇီဝဝိညာဏ်မရှိ

ကျွန်တော်စာအုပ်လေးတစ်အုပ်ဖတ်လိုက်ရပါတယ်။ မြန်မာကျူးပစ်ဖိုရမ်က အစ်ကိုတော်များရဲ့လုံ့လကြောင့် တန်ဖိုးရှိတဲ့စာအုပ်လေးတစ်အုပ် E-bookအဖြစ်ရောက်လာခဲ့ရတာပါပဲ။ အဲဒီစာအုပ်လေးကိုဖတ်ပြီး သဘောကျလို့ပဲ အခုဘလော့ဂ်မှာတင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီစာအုပ်လေးကို reviewလုပ်ပါရစေ။ စာအုပ်နာမည်က ဦးလောကနာထ၏ ကမ္ဘာလှည့်တရားလို့ဆိုထားပါတယ်။ စာရေးသူဟာ ရိုမန်ကက်သလစ် ခရစ်ရှန်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းယုံကြည်လာတဲ့ အီတလီလူမျိုးရဟန်းတစ်ပါးဖြစ်ပါတယ်။

သူ့အကြောင်းကိုအကျဉ်းချုပ်ပြောရရင်ဖြင့် သူ့မွေးနေ့ပွဲတစ်ခုမှာ မိတ်ဆွေတစ်ယောက်က စာအုပ်လက်ဆောင်ပေးလိုက်တယ်။ ဘာစာအုပ်လဲဆိုရင် ဓမ္မပဒစာအုပ်လေးပါပဲ။ ဓမ္မပဒဆိုတာ ခုဒ္ဒကနိကာယ်ထဲမှာ ဘုရားဟောထားတဲ့အနှစ်သာရတွေကို စုစည်းထားတာပါ။ ကျမ်းပိုဒ်ပေါင်း ၄၂၄ပိုဒ်ပဲပါပေမယ့်လည်း အနှစ်သာရက လေးနက်လှပါတယ်။ အဲဒီစာအုပ်လေးကိုဖတ်ရတော့ ဦးလောကနာထအလောင်းအလျာပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာပါတယ်။ ဒီနောက်ပိုင်းမှာဆက်လေ့လာတော့ ဗုဒ္ဓဘာသာကိုယုံကြည်လာပြီး မှားယွင်းတဲ့ခရစ်ရှန်နတီကို စွန့်လွှတ်ခဲ့ပါတယ်။ ကျွန်တော်သူ့ဘဝကို အသေးစိတ်မမှတ်မိပေမယ့် ဗုဒ္ဓဘာသာဝင်ဥပသကာဖြစ်လာပြီးနောက် အစွန်းရောက်ခရစ်ရှန်တွေဖြစ်တဲ့ သူ့မိသားစုနဲ့ အကြီးအကျယ်အတိုက်အခံလုပ်ခဲ့ရတာကို မှတ်မိပါသေးတယ်။ သူ့မိသားစုကသူ့ကို အိမ်ပြင်ပေးမထွက်ရာမှာ သူကအစာငတ်ခံပြီးဆန္ဒပြခဲ့လို့ နောက်ဆုံးမှာသူ့ကိုလိုက်လျောခဲ့ရတာပါ။ ဒီနောက်မှာရဟန်းဘဝနဲ့ ဇနကမင်းသားလို မလျော့သောဇွဲလုံ့လနဲ့ နိုင်ငံဖြတ်ကျော်ရတဲ့ ခြေကျင်ခရီးအရှည်ကြီးကို သဒ္ဒါတရားသပ်သပ်ကြောင့်သာ အောင်မြင်ခဲ့ပါတယ်။

အခုဒီစာအုပ်မှာ သူ့ရဲ့အင်္ဂလိပ်လိုပေးစာလေးတွေကို စုစည်းပြီးစာအုပ်အဖြစ်ထုတ်ထားတာဖြစ်ပါတယ်။ အဲဒါကို မန္တလေးမြို့၊မစိုးရိမ်တိုက်ဆရာတော် ဦးညာဏကနေပြီးတော့ မြန်မာဘာသာအဖြစ် ဆီလျော်စွာဘာသာပြန်ထားတာပါ။ အခုဘလော့ဂ်မှာတင်မှာက ထိုစာအုပ်တစ်အုပ်လုံးမဟုတ်ပါဘူး။ စာအုပ်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အကြောင်းအရာကတော့ တောင်ငူမြို့က ကရင်လူမျိုး၇၀၀၀ဝန်းကျင်ဟာ အယူမှားခရစ်ရှန်ဘာသာကို စွန့်လွှတ်ခဲ့ပါတယ်။ ထိုဘာသာမဲ့ ကရင်လူမျိုးတွေကိုရည်စူးပြီး မိစ္ဆာဒိဌိကိုစွန့်လွှတ်ခဲ့တဲ့ ဘဝတူဆရာတော်ဟာ ပေးစာရေးသားခဲ့တာပါပဲ။ ထို၇၀၀၀မျှသော ကရင်လူမျိုးများကိုရည်စူးပြီး ဆရာတော်က ခရစ်ရှန်ဘာသာကိုကိုးကွယ်ခြင်းဖြင့် အကြွင်းမဲ့လွတ်မြောက်ခြင်းမရနိုင်ကြောင်း၊ ပြီးတော့ ဗုဒ္ဓဘာသာအကြောင်းအကျဉ်းချုပ်ကို ပေးစာအစပိုင်းမှာ မိတ်ဆက်ပေးထားပါတယ်။

နောက်တော့ ထာဝရဘုရားမရှိကြောင်း၊ ဝိဥာဉ်ဆိုတာမရှိကြောင်းကို အကြောင်းအကျိုး ကျမ်းဂန်အကိုးအကား၊ သိပ္ပံပညာတွေနဲ့ သက်သေပြထားပါတယ်။ ထာဝရဘုရားမရှိကြောင်းဆိုရာမှာ ဖန်ဆင်းရှင်ဝါဒများစပေါ်ပေါက်လာပုံကို သမ္မာသမ္ဗုဒ္ဓက ဗြဟ္မဇာလသုတ်တော်မှာ ဟောကြားခဲ့တဲ့အတိုင်း ကိုးကားထားတာတွေ့ရပါတယ်။ ပြီးတော့ ဖန်ဆင်းရှင်ဝါဒများရဲ့ လက်တွေ့မကျတဲ့ လေဖန်းဒန်းစီးယုံကြည်မှုအကြောင်း၊ ဗုဒ္ဓသည်ဘုရားစစ်စစ်ဖြစ်ကြောင်း သက်သေပြထားပါတယ်။ အသက်ဝိဥာဉ်ရှိတယ်ဆိုတဲ့ အတ္တဝါဒတွေ မည်ကဲ့သို့ပေါ်ပေါက်လာပုံကိုလည်း ဗြဟ္မဇာလသုတ်ကိုကိုးကားထားပါတယ်။ အင်မတန်ကောင်းပါတယ်။ အဲဒီနောက်ပိုင်းမှာ ဝိဥာဉ်မရှိကြောင်းကို ရှုထောင့်အဖုံဖုံကနေ အဆင့်ဆင့်သက်သေပြထားတာ တွေ့ရပါတယ်ခင်ဗျ။ ကျွန်တော်ဝိဥာဉ်မရှိကြောင်း သိပ္ပံနည်းကျသက်သေပြတုန်းက ဗုဒ္ဓနည်းကျသက်သေပြလို့မရလို့လားဆိုပြီး ကြောက်ကန်ကန် ရှက်ရမ်းရမ်းတဲ့ ခရစ်ရှန်လူပြိန်းများ ဤအပိုင်းကိုသေချာဖတ်စေချင်ပါတယ်။ ထို့နောက်မှာတော့ နိဗ္ဗာန်အကြောင်းကို အကျဉ်းချုပ်ရှင်းပြထားပါတယ်။ နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူးလို့ပဲသိထားတဲ့ ဧဝံဂေလိလူပြိန်းများအတွက် အံဝင်ဂွင်ကျပါပဲ။ အဲဒါပြီးတော့ အိန္ဒိယနိုင်ငံကနေ ဗုဒ္ဓဘာသာပျောက်ကွယ်ရတဲ့ အကြောင်းရင်းတစ်ချက်ကို ရှင်းပြထားပြီးတော့ နိဂုံးချုပ်ထားပါတယ်။ စာအုပ်တစ်အုပ်လုံး စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ဖတ်ရင်နာရီဝက်ခန့်ပဲကြာပြီး စာလည်းမလေးပါဘူး။ ထိုစာအုပ်လေးထဲက ကျွန်တော်အကြိုက်ဆုံးအပိုင်းကိုပြောရရင်ဖြင့်-

ခရစ်ယာန်ဘာသာသည် စိတ်ပျက်ဖွယ်အကောင်းဆုံးသော ဘာသာတို့တွင် တစ်ခုအပါအဝင်ဖြစ်၏။ အကြောင်းမူကား ထာဝရငရဲ၌ ထာဝရဆင်းရဲခြင်းခံရရန် ကြောက်မက်ဖွယ်တို့သည် ထိုခရစ်ရှန်ဘာသာ၌ ရှိ၏။ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူ အပေါင်းအား ထိုအကြောင်းကိုစဉ်းစားမိက အရူးထောင်ကို ပို့လိုက်ဘိသကဲ့သို့ ဖြစ်၏။ (လူစီဖာ)ဆိုသူသည် ကောင်းကင်ဘုံမှ ငရဲသို့ တဖန်ဆင်းရပြန်သကဲ့သို့ မမြဲသောကောင်းကင်ဘုံ၌ မမြဲသောသုခ ခံစံရခြင်း၊ နိဗ္ဗာန်ကဲ့သို့ တစ်ခါတည်း ထွက်မြောက်ရာ မရရှိနိုင်ခြင်းကို စဉ်းစားမိသော ခရစ်ယာန်ဘာသာဝင် ပုဂ္ဂိုလ်တိုင်း စိတ်အပျက်ကြီး ပျက်ကြ၏။ (စာ ၂၉၂-၂၉၃)
လောကကြီးသည် သူကန်းလမ်းပြလျှက်ရှိသော နောက်လိုက်သူကန်းတွေနှင့်တူ၏။ ထို့ကြောင့် အစ်ကိုကြီးတို့-ညီမောင်တို့၊ ကလေးများကဲ့သို့ ယုံစားခြင်းသက်သက်မျှဖြင့် အယူဝါဒများကို မယူကြပါကုန်လင့်။ ရှိရှိသမျှသော အယူဝါဒအပေါင်းကို အလင်းပြဓာတ်မှန်တည်းဟူသော ဥာဏ်ဖြင့်၊ အကြောင်းအကျိုးစိတ်ဖြာ၍ ကြည့်ကြပါကုန်လော့။ အားလုံးသောအယူဝါဒများကို ဥာဏ်တည်းဟူသောဓားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ နက်နက်နဲနဲအသည်းစွဲ ယုံကြည်ကိုးစားလောက်မှ ယူကြပါကုန်။ (စာ ၃၂၈)

အဲဒီစာပိုဒ်ကိုဖတ်ပြီး ဦးနှောက်မရှိတဲ့ခရစ်ရှန်တွေ(သို့) ဦးနှောက်ရှိပြီးမသုံးတဲ့ ခရစ်ရှန်လူမိုက်တွေလို့ သွယ်ဝိုက်ဝန်ခံထားတဲ့ စင်္ကာပူက ဧဝံဂေလိလူရှော်ကြီးကို သွားပြီးသတိရမိပါတယ်ခင်ဗျား။ လူသားအပေါင်း သမ္မာဘုရားရဲ့ မဂ္ဂင်၈ပါး သမ္မာတရားကို ရရှိနိုင်ကြပါစေ။


PDF Output

ပညတ်တော်၁၀ပါး ဘယ်ကစ

မိုးဇက်သည် အီဂျစ်ဘုရင်၏ နန်းတော်ထဲ၌ တောင်ဝှေး၏ တန်ခိုးအမျိုးမျိုးကို ပြပြီးလျှင် ဘုရင်ကို ခြိမ်းခြောက်၍ အဇ္ဇရေးတို့ကို အီဂျစ်မှ ထွက်သွားခွင့်ပေးရန် ပြော၏။ ကြောက်လန့်သော ဘုရင်သည် အဇ္ဇရေးတို့ကို သွားခွင့်ပြုလိုက်၏။ မိုးဇက်သည် အီဂျစ်မှ အဇ္ဇရေးအားလုံးကို ဦးဆောင်လျက် ဆိုင်းနိုင်းတောင်ဆီသို့ ရှေးရှုခေါ်ဆောင်သွား၏။ အဇ္ဇရေးတို့သည် ဆိုင်းနိုင်းတောင်ခြေတွင် ဂျေဟိုဗဘုရားသခင်ကို နွားသိုးကြီးအသွင်ဖြင့်ဖြစ်စေ၊ ဇီးကွက်အသွင်ဖြင့်ဖြစ်စေ တွေ့ရလိမ့်မည်ဟု မျှော်လင့်ကာ ဝမ်းသာနေကြ၏။ မျှော်လင့်သည့်အတိုင်း တောင်ခြေတွင် ဘာကိုမျှ မမြင်မတွေ့ရသောအခါ စိတ်ပျက်ကြ၏။ မိုးဇက်သည် သူ့လူများကို တောင်ခြေ၌ ထားခဲ့၍ တောင်ပေါ်သို့ တက်သွားပြီးလျှင် ရက်ပေါင်း၄၀မျှ တောင်ပေါ်တွင်နေခဲ့ရာ ဂျေဟိုဗဘုရားသခင်နှင့် တွေ့ရုံမျှမက ပဉာတ်တော်၁၀ပါးကိုလည်း ဘုရားသခင်ထံမှ ရခဲ့၏။

မိုးဇက်သည် ပညတ်တော်၁၀ပါးကို ယူပြီးလျှင် ဆိုင်းနိုင်းတောင်ပေါ်မှ ဆင်းခဲ့၍ ပညတ်တော်များကို အဇ္ဇရေးတို့အား ရှင်းပြ၏။ ထို ပညတ်တော်၁၀ပါးမှာ -

၁။ ဂျေဟိုဗ ဘုရားမှတပါး တစ်ခြားဘုရားကို မကိုးကွယ်ရ။
၂။ ရုပ်ထုကို မကိုးကွယ်ရ။
၃။ မုသားနှင့်စပ်၍ ဘုရားသခင်၏ နာမတော်ကို မမြွတ်ဆိုရ။
၎။ ရက်သတ္တပတ်၏ ၇ရက်မြောက်နေ့၌ အလုပ်မလုပ်ပဲ နားရမည်။ ထိုနေ့ကို မြတ်သောနေ့(Holy Day)ဟု ခေါ်ရမည်။
၅။ မိဘတို့ကို ရိုသေရမည်။
၆။ လူကိုမသတ်ရ။
၇။ မခိုးရ။
၈။ သူတစ်ပါးသားမယား မပြစ်မှားမကျူးလွန်ရ။
၉။ ကိုယ်နှင့်နီးစပ်သူ အပြစ်ရအောင် မမှန်သက်သေမခံရ။
၁၀။ ကိုယ်နှင့်နီးစပ်သူ၏ သားမယား၊ ပစ္စည်းဥစ္စာကို လိုချင်တပ်မက်စိတ်မရှိရ။

ဤပညတ်တော်၁၀ပါးအနက် များစွာသောပညတ်ချက်တို့မှာ အီဂျစ်တို့အတွက် အစိမ်းသက်သက်မဟုတ်ပေ။ သူတို့ကိုယ်တိုင် သင်ပေးနေသော သဘောတရားများဖြစ်ကြ၏။

သို့သော် ပညတ်ချက်၂ခုမှာမူ အီဂျစ်တို့မသိသောအချက်များဖြစ်ကြ၏။

အဇ္ဇရေးတို့မှာ ကျွန်ဘဝနှင့်အီဂျစ်ပြည်တွင် ရက်သတ္တပတ်တိုင်း ၇ရက်လုံးလုံး အနားမရပဲ ပင်ပန်းဆင်းရဲခြင်းကြီးစွာဖြင့် အလုပ်လုပ်ခဲ့ကြရ၏။ မိုးဇက်သည် သူ့လူမျိုးများ၏ ဤအခြေအနေကို ကိုယ်တွေ့မျက်မြင်ဖြစ်ခဲ့၏။ သို့ဖြင့် "သင်တို့၆ရက် အလုပ်လုပ်ရမည်၊ ၇ရက်မြောက်နေ့သည် သင်တို့နားသောနေ့ ဖြစ်ရမည်"ဟု ပညတ်ချက်ဖြစ်ပေါ်လာ၏။

နောက်ပညတ်ချက်တစ်ခုသည်လည်း အတွေ့အကြုံမှပေါ်ထွက်လာသော ပညတ်ချက်ဖြစ်၍ အရေးပါဆုံးဖြစ်၏။ ယင်းမှာ "ငါသည် သင်တို့ကို အီဂျစ်ပြည်အတွင်း အနှောင်အဖွဲ့ခံနေရခြင်းမှ ထုတ်ဆောင်ကယ်တင်လာသော သင်တို့၏ဘုရားဖြစ်သည်။ သင်တို့သည် ငါမှတစ်ပါး တစ်ခြားဘုရားကို မကိုးကွယ်ရ"ဟူသော ပညတ်ချက်ပင်။

ချမ်းမြေ့ဆရာတော် ပြုစုသည့် လူငယ်သင် ချမ်းမြေ့အခြေပျိုး ဗုဒ္ဓဘာသာစာအုပ် စာမျက်နှာ၃၀၁-၃၀၃မှ ကောက်နုတ်ချက်ဖြစ်ပါသည်။

ဖန်ဆင်းရှင်ဝါဒများ၏သဘာဝမှာ ဤကဲ့သို့လူများရေးသောကျမ်းများပညတ်ချက်များကို တစ်ဆူတည်းသောဘုရားသခင်ထံမှ လာသည်ဟူ၍ မျက်စိမှိတ်ယုံကြခြင်းပင်။ အမှန်မှာကား ဘိုင်ဘယ်လ်တစ်အုပ်လုံးမှာ ဘုရားသခင်ရေးသည့်ကျမ်းဟူ၍ တစ်အုပ်မှမရှိပဲ လူများရေးသားသောစာအုပ်များသာဖြစ်သည်။ ဘုရားသခင်ရေးကြောင်း၊ ကောင်းကင်တမာန်ကလာချပေးကြောင်း မည်သည့်သက်သေမျှမရှိပါ။ ဤပညတ်တော်ဆယ်ပါး၌လည်းကြည့်ပါ။ မောရှေက ဆိုင်းနိုင်းတောင်ထိပ်ပေါ်သို့တက်ပြီး အစာမစားရေမသောက်ပဲ ရက်လေးဆယ်စောင့်ဆိုင်းခဲ့ရ၏။ ထို့နောက်မောရှေသည် ကျောက်ပြားတစ်ချပ်ကိုကိုင်၍ ထိုကျောက်ပြားပေါ်တွင်ဘုရားသခင်က ပညတ်တော်ဆယ်ပါးကို လက်ညှိုးတော်ဖြင့်(?) ရေးပေးလိုက်ကြောင်း သူ၏အစ္စရေးလိုက်လူမျိုးများကို ကြေငြာ၏။ သို့သော် နွားရုပ်ကိုထုလုပ်ကိုးကွယ်နေကြသော သူ့မျိုးနွယ်စုကိုမြင်တွေ့ရသောအခါ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး လက်ထဲမှဘုရားသခင်ပေးအပ်လိုက်သော ပညတ်တော်ဆယ်ပါးကျောက်ပြားကို ချိုးလိုက်သည်ဟူသတတ်။

ထို့ကြောင့်လည်းဘုရားသခင်က ပညတ်တော်ဆယ်ပါးကို ပြန်လည်ချပေးစေသောငါ မောရှေကဆိုင်းနိုင်းတောင်ပေါ်သို့ပြန်တက် ကျောက်ပြား၂ပြားကိုယူရ၏။ နောက်ထပ်ရက်၄၀ထပ်စောင့်ရ၏။ ဤသို့ဖြင့် ထပ်တူမကျ ကွဲပြားသော ပညတ်တော်ဆယ်ပါး မှတ်တမ်း၂ခုကို ယူဆောင်လာခဲ့၏။ ထွက်မြောက်ရာကျမ်း အခန်းကြီး၃၄တွင် ပညတ်တော်၁၀ပါးဟုဆိုသော်လည်း ထွက်မြောက်ရာကျမ်း အခန်းကြီး၂၀နှင့် တရားဟောရာကျမ်း အခန်းကြီး၅တွင် ပညတ်ချက်၁၄၊၁၅ခုမျှ ပါရှိလေ၏။ တစ်ဆူတည်းသောဘုရားသခင်ကချပေးသော ပညတ်ချက်များမှာ အဘယ့်ကြောင့်၂မျိုးဖြစ်နေသနည်း? စာကြောင်း၁၀ကြောင်းမျှ ကျောက်တွင်ထွင်းထုရသည်မှာ ထာဝရဘုရားအတွက် မျက်စိတစ်မှိတ်၊လက်ဖျစ်တစ်တွတ်မျှသာ ကြာမည်ဖြစ်ပေသည်။ သို့သော် ပထမအကြိမ်ရက်၄၀စောင့်ရ၏။ ဒုတိယအကြိမ်ရက်၄၀ထပ်စောင့်ရ၏။ ထို့ကြောင့် ထာဝရဘုရားထံမှလာသည်မဖြစ်နိုင်ပဲ မောရှေ၏အတွေ့အကြုံအရ ရေးသားထားသော ပညတ်များသာဖြစ်ရမည်။ လူတစ်ယောက် ကျောက်ပြားပေါ်ထွင်းထုရသောကြောင့်လည်း ရက်၄၀ကြာရှည်ရခြင်းဖြစ်ပေသည်။ ထို့အပြင် ပညတ်တော်၁၄၊၁၅ခုဖြစ်နေသည်မှာ နောက်ထပ်ပြင်ဆင်ဖြည့်စွက်ချက်များပင်တည်း။ ထာဝရဘုရားက ဤကျောက်ပြားတွင်တစ်မျိုးရေးပြီး ထိုကျောက်ပြားတွင်တစ်မျိုးရေးသည်မှာ ဖြစ်နိုင်၏လော? ဤသည်မှာ ပညတ်တော်ဆယ်ပါးဖြစ်ပေါ်လာပုံပင်။ စဉ်းစားဥာဏ်ရှိသူတိုင်း မိမိဦးနှောက်ကိုကောင်းကောင်း အသုံးချနိုင်ကြပါစေ။

ယေရှုအမှန်တကယ်သာ ပြန်လည်ရှင်သန်ထမြောက်ခဲ့ပါမူ

၁။ သေသူကိုအသက်သွင်းပေးနှိုင်သော (၀ါ ) ရှင်အောင်တတ်နှိုင်သော တန်ခိုးရှိသူဖြစ်ကြောင်းကို မည်သူတစ်စုံ တစ်ယောက်ကမျှ ၀င်ရောက်သက်သေမခံခဲ့တကား။ သေဘေးကို မကြောက်သူမရှိ၊သို့မရှိလျှင် အသေကိုအရှင် ဖြစ်အောင် လုပ်နှိုင်သော တန်ခိုးရှင်ကိုဖိလိတ်ဘုရင်ခံက သတ်ပစ်မည်လော။

၂။ “ဤသူနှစ်ယောက်တို့တွင် ( ခရစ် နှင့် သူခိုးဗာရဗ္ဗ ) သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း” ဟုလူအများအား မြို့ဝန်မင်းကမေးသောအခါ အဘယ်ကြောင့်“တန်ခိုးရှင်ဖြစ်သော (၀ါ) အသေကိုရှင်အောင်၊ အကန်းကို မြင်အောင်လုပ်နှိုင်သော ခရစ်ကို လွှတ်စေချင်သည်”
ဟု မပြောခဲ့ကြသနည်း။


၃။ ခရစ်သည် သင်္ချိုင်းအတွင်းမှ ပြန်ထလာရိုးဟုတ်ခဲ့သော်
(က)အဘယ်ကြောင့်် ရန်သူ များထံသို့ မသွားခဲ့သနည်း။
(ခ )အဘယ်ကြောင့် ဖိလိတ်ထံသို့ မသွားခဲ့သနည်း။
(ဂ )အဘယ်ကြောင့် ဘုန်းကြီးကေဖါ့စ်ထံသို့ မသွားခဲ့သနည်း။
(ဃ)အဘယ်ကြောင့် ကေရုဒ်ဘုရင်ထံသို့သွားပြီး “အသင်တို့သတ်လည်း ငါမသေ” ဟုမပြောခဲ့သနည်း။
(င )အဘယ်ကြောင့် ခရစ်၏မိတ်ဆွေများက သူ၏အလောင်းကို ခိုးသွားပါသည်ဟု ပြောကြသော ရောမစစ်သားများထံသို့သွားပြီး မဟုတ်ကြောင်းကို ဘာကြောင့်မရှင်းခဲ့သနည်း။

၎။ ပထမတစ်ကြိမ်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာဂျေရုစလင်မြို့တွင်းသို့အထင်အရှားဘာကြောင့် မ၀င်ခဲ့သနည်း။

၅။ "ကြည့်လော့၊ ငါ၏ခြေ၊လက်၊ နားတောင်းတို့၌ အသင်တို့ ရိုက်ထားသောဓါးဒဏ်ရာများကို ကြည့်လော့၊ အသင်တို့သည် ကျွန်ုပ်ကို သတ်ရန်အားထုတ်ကြ၏။ သို့သော် သေမင်းသည် ကျွန်ုပ်၏ ကျွန်ဖြစ်၏။ ကျွန်ုပ်မသေ”ဟု လူအများတို့ထံသွားပြီး အဘယ်ကြောင့် မပြောခဲ့ သနည်း။


အကြောင်းကား ပြန်ရှင်ခြင်းဟူသောစကားသည် အမှန်မဟုတ်၊ လုပ်ကြံပြောခဲ့သော ဒဏ္ဏာရီစကားမျှသာ ဖြစ်သောကြောင့်ဟူပေ။

( ဆရာတော် သျှင်ဥက္ကဋ္ဌ )

အပြစ်သား နှင့် ထာဝရငရဲ

လူရယ်လို.စဖြစ်လာကတည်းကိုက ဒို.ရဲ.စိတ်မှာ မကောင်းဆိုးဝါးတွေက ကပ်ပြီးပါလာကြတယ် ဒို.ဟာ မွေးရာပါအပြစ်သားပါ

ဘယ်လိုမကောင်းဆိုးဝါးတွေလဲဆိုတော့-

-လိုချင် တပ်မက် တွယ်တာတတ်တဲ့ တဏှာ၊ရာဂ၊လောဘ ဓါတ်ဆိုးဓါတ်ဝါး
-မနှစ်သက်စရာနဲ.ကြုံရင် စိတ်ဆိုး အမျက်ထွက်တတ်တဲ့ ဒေါသ ဓါတ်ဆိုးဓါတ်ဝါး
-တွေ.ကြုံလာတဲအရာတွေကို အမှန်အတိုင်း မသိတတ်တဲ့ မောဟ ဓါတ်ဆိုးဓါတ်ဝါး
စတဲ့ (၁၀)မျိုးသော ကိလေသာ မကောင်းဆိုးဝါးတွေပါဘဲ။အဲဒီ မကေါင်းဆိုဝါးတွေ ဒို.ရဲ.စိတ်ကိုဝင်ပူးပြီး ထကြွသောင်းကျန်းပြီဆိုရင်
ဒို.ဟာ အပြစ်တွေကို ကျူးလွန်မိတော့တာပါဘဲ၊ဒုစရိုက်တွေကို ကျူးလွန်မိတော့တာပါဘဲ ။မကေါင်းဆိုဝါးခေါင်းဆောင်ကြီးကို အပြီးအပိုင်
မဖယ်ရှားရသေးတဲ့သူကို ယုံမှတ်လို. မပုံအပ်လိုက်နဲ.နော် ဟဲဟဲ ယုံမှတ်လို.ပုံအပ်လိုက်မယ်ဆိုရင်တော့ ၊ မေတ္တာရှင်(ရွှေပြည်သာ)ရေးထားတဲ့
ယုံမှတ်လို.ပုံအပ်မိသူများ ဆိုတဲ့စာအုပ်ထဲက လူတွေလို ခံစားသွားရမယ်နော်

ထာဝရငရဲ.........
ကောင်းတဲ့အလုပ်က ကောင်းကျိုးပေးတယ် ၊ မကောင်းတဲ့အလုပ်က မကောင်းကျိုးပေးတယ် ဆိုတာကိုမယုံကြည်တဲ့ ကံ နှင့် ကံ၏အကျိုးကိုမယုံကြည်တဲ့ နိယတမိစ္ဆာဒိဋ္ဌိ အယူသန်တဲ့သူဟာ သေပြီးရင် ငရဲသို. အမြဲကျရောက်ရတယ်တဲ့ ။အဲဒီအယူမှားကြီးကို မစွန်.သမျှ
ကာလပတ်လုံး အပါယ်/ငရဲက ဘယ်တော့မှ မလွတ်ဘူးတဲ့ ထာဝရငရဲလို.တောင် ပြောချင်စရာပါဘဲလေ။အဲဒီတော့ ကမ္ဘာလောကသားအားလုံး
အနေနဲ. ကံဆိုတာ ဘာလဲ၊ ကံ၏အကျိုးဆိုတာဘာလဲ ဆိုတာတွေကို လေ့လာပြီး ယုံကြည်ကြဖို. သိပ်အရေးကြီးတယ်နော်

အပြစ်တွေ ကင်းအောင် စိတ်မှာ လာကပ်နေတဲ့ မကောင်းဆိုးဝါးတွေ ရှင်းလင်းသုတ်သင်တဲ့နည်းလမ်းကို ဖေါ်ထုတ်နိုင်ခဲ့တဲ့သူတွေလည်း ပေါ်ခဲ့ကြပါတယ် ဘယ်သူတွေလဲဆိုတော့ အားလုံးကို တခုမကျန် သိမြင်နိုင်တဲ့ သဗ္ဗညုတဥာဏ်ပိုင်ရှင် ဗုဒ္ဓဘုရားရှင်တို.ပါဘဲ၊ သုညကမ္ဘာကလွဲလို. ကမ္ဘာတိုင်းမှာ ဘုရားပွင့်ခဲ့တယ်လေ ၊အခု ဒီကမ္ဘာကြီးမှာလည်း ဗုဒ္ဓဘုရား(၄)ဆူတောင် ပွင့်ခဲ့ပြီးပြီနော်
ဘုရားရှင်တို. တွေ.ရှိခဲ့တဲ့ အပြစ်ဆင်းရဲကင်းရေး နည်းလမ်းကတော့ ၀ိပဿနာ နည်းလမ်းကြီးပါဘဲ သူငယ်ချင်းတို.ရေ............

credit to သစ္စာယုံသူ http://www.myanmarchatonline.org/forum/index.php?topic=33192.0

ထာဝရအသက်တာ မက်စရာလော?

ဓမ္မပဒ


၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ် တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် သီလရှိ၍ သမထ၊ ဝိပဿနာကို ရှုနေသော သူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။



၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် တရားပညာရှိ၍ သမထ၊ ဝိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။



၁၁၂။ ပျင်းရိသည်ဖြစ်၍ ဝီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ဝီရိယကို မြဲမြံစွာ အားထုတ်သော သူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။



၁၁၃။ (ခန္ဓာငါးပါးတို့၏) အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာ ငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။



၁၁၄။ သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက် ရှည်နေရခြင်းထက် သေခြင်းကင်းသော နိဗ္ဗာန်ကို မြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။



၁၁၅။ မြတ်သော လောကုတ္တရာတရားကို မမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် မြတ်သော လောကုတ္တရာတရားကို မြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။



သမ္မာတရားအစစ်အမှန်ကို ရှာဖွေနိုင်ပါစေ။

ခရစ်ရှန်ဟာသများ(၂)

လူရွှင်တော် မစ္စတာGibsonရဲ့ ပွဲဦးထွက်ပြက်လုံးပါခင်ဗျ

Photobucket

FAIL!!


မစ္စတာGibsonရေ circleဆိုတာ sphereမှမဟုတ်တာကွယ်။ အဲဒီတော့ ဘိုင်ဘယ်လ်အဆိုအရ ကမ္ဘာကြီးက အကြွေစေ့တစ်စေ့လို ပြားနေတာပေါ့။ အခုလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အတွက် ကျေးဇူးပါပဲနော်။ ကမ္ဘာလုံးကြောင်းကို ဂရိအတွေးအခေါ်တွေ၊ ဘေဘီလွန်းနီးယန်း အာကာသဗေဒတွေမှာ ပရောဖက်ဟေရှာယထက်စောပြီး တွေ့ရပါတယ်။ ပြီးတော့ ဂယ်လီလီယိုလို သိပ္ပံပညာရှင်တွေကိုသတ်တာ ဘယ်သူတွေပါလဲ?


ဦးအောင်နိုင်စောရဲ့ ဟဒယရွှင်ဆေးပါခင်ဗျာ

Photobucket


သူ့လော့ဂျစ်အရ

-ကျွန်တော့်တွင် ဘုရားကိုလက်ခံနိုင်သော နှလုံးသားရှိသည်။
-သို့သော် ကျွန်တော်သည်လက်မခံ
-တစ်နည်းအားဖြင့်ဆိုရသော် ကျွန်တော်သည် ဘုရားကိုငြင်းဆန်သည်။
-အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်မှာ ဦးနှောက်ရှိသောကြောင့်
-ထိုဦးနှောက်ကငြင်းဆန်သည်။

-ခရစ်ရှန်များသည် ဘုရားကိုလက်ခံသည်။
-တစ်နည်းအားဖြင့် ဘုရားကိုငြင်းဆန်ခြင်းမရှိ။
-ထို့ကြောင့် ခရစ်ရှန်များတွင် ဦးနှောက်မရှိ။ အဲဒီတော့-

FAIL!!

ကျွန်တော်တို့မိတ်ဆွေကြီး ယောင်ကိုင်းနုရဲ့ စီဘောက်စ်ကဖြစ်ပါတယ်။