ကျွန်တော်တို့ဘလော့ဂ်မှာ contributorတွေတစ်ယောက်မကရှိပါတယ်။ ကျွန်တော်တို့ကိုယ့်စာကိုယ် ရေးပြီးတိုင်းလည်း အောက်မှာနာမည်အပြည့်အစုံနဲ့ ကိုယ့်စာကိုယ်တာဝန်ယူကြပါတယ်။ အခုရေးတဲ့ပို့စ်ကိုသုံးသပ်ကြည့်ရင် ရေးတဲ့သူတစ်ယောက်တည်းမဖြစ်နိုင်ဘူးခင်ဗျ။ ကျွန်တော်ယုံတယ် မိတ်ဆွေကြီးယောင်ကိုင်းနုရယ် သူ့ရဲ့မိတ်ဆွေ ကလောင်နာမည်တောင် မဖော်ပြနိုင်ရလောက်အောင် ဘာဖြစ်နေမှန်းမသိတဲ့ စာရေးသူရယ်နှစ်ယောက်ပေါင်း ရေးထားတာပဲဖြစ်ရမယ်။ အရေးအသားစတိုင်လ် ၂မျိုးကိုတွေ့ရလို့ အခုလိုပြောနိုင်တာပါ။ အဓိကရေးသားသူကတော့ ကိုယ့်ကလောင်ကိုယ်မပြောရဲရလောက်အောင်ကို ထမီခြုံထဲကလက်သီးပုန်းပြနေတဲ့ သူတို့ဘလော့ဂ်က contributor တစ်ယောက်ဖြစ်ပုံရပါတယ်ခင်ဗျ။ အောက်မှာအဆုံးသတ်ထားတဲ့ နာမည်ကိုလည်းကြည့်လိုက်ပါ
အမှုတော်မြတ်၌( ကျေးဇူးတော် ) တဲ့။ ကျေးဇူးတော်ဆိုတာ ဘလော့ဂ်နာမည်။ ကျွန်တော်အခု ကျေးဇူးတော်ဆိုတဲ့ ဘလော့ဂ်ကြိးကို ဖက်ပြောရမယ့်သဘောဖြစ်နေပါတယ် ပရိသတ်ကြီးရေ။ ကလောင်ထည့်မရေးရလောက်အောင် ဘာကြောင့်များဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုးနိုင်နေရပါသလဲလို့ ထိုဘလော့ဂ်ဂါကို ကျွန်တော်ကမေးခွန်းထုတ်ချင်ပါတယ်။
တော်လှ တတ်လှ လို့ ထင် နေတတ်တဲ့ ဓမ္မမိတ်ဆွေကြီးဆီ စာပါးလိုက်ပါတယ်။ ဒီစာဟာ အခြားသူထံရည်ရွယ်ပြီးရေးတာ မဟုတ်ပါ ။ A-bomb ဟု အမည်ခံယူကာ ခရစ်ယာန် ဘာသာဆန့်ကျင်ရေး ဘလော့ တည်ထောင်မည် ဟုတစ်မျိုး ၊ ခရစ်တော် ယေရှု သည် ဘုရားမဟုတ်ပါဟု တစ်ဖုံ ကလောင်ကို အပျော် သုံးပြီး လိုက်လံတိုက်ခိုက်ကြ တဲ့ A-bomb အမည်ခံ တစ်ဦး( ဝါ ) တစ်သိုက် ဆီ ဦးတည်ပြီး ဒီစာ အကြောင်းဖန်လာ ရတာ ဖြစ်ပါတယ်။
ချက်ကျလက်ကျ အကိုးအကားတွေနဲ့ တစ်ဖက်သားမငြင်းနိုင်လောက်အောင် ချေပခဲ့ပါတယ်။ နောက်ပိုင်းသူကြောက်ချေးပန်းပြီး ကွန်မန့်တွေပိတ်၊ စီဘောက်စ်ပိတ်ပစ်ပြီး ဆဲစာဆန်တဲ့ ပို့စ်များရေးလာတော့ ကျွန်တော်အရေးစိုက်ဖို့မတန်တော့လို့ ဒီဘလော့ဂ်မှာစတင်ရေးသားခဲ့တာပါ။ ယေရှု သည် ဘုရားမဟုတ်ပါ ဆိုတာ အမှန်တရားဖြစ်ပါတယ်။ ဘယ်သူမှမငြင်းနိုင်အောင်လည်း ထင်ရှားတဲ့ဘိုင်ဘယ်လ်အထောက်အထားနဲ့ သက်သေပြပြီးပါပြီ။ လိုက်လံတိုက်ခိုက် တယ်လို့ယူဆရင်တော့ ဒါခရစ်ရှန်များ ဘိုင်ဘယ်လ်မဖတ်တတ်ရလောက်အောင် brainwashအလုပ်ခံထားရလို့ပါပဲ။ အွန်လိုင်းကသနားစရာကောင်းလှတဲ့ မြန်မာခရစ်ရှန်တွေကို အမှန်မြင်ပါစေဆိုတဲ့စေတနာနဲ့ အမှန်တရားကိုမီးမောင်းထိုးပြတာကို လိုက်လံတိုက်ခိုက်တယ်လို့ယူဆရင်ဖြင့် ဒါဟာကျွန်တော့်စေတနာကိုနားမလည်သေးလို့ပါ။ ဒီဘလော့ဂ်မှာ ခရစ်ရှန်ဘာသာနဲ့ပတ်သက်ပြီး ရေးတာကျွန်တော်တစ်ယောက်ပဲရှိပါတယ်။ ကျန်တဲ့contributor တွေက သူတို့ကျွမ်းကျင်ရာ အကြောင်းအရာများရေးသားကြပါတယ်။ စာဖတ်ပရိသတ်များကိုသိစေချင်တာက ကျွန်တော်တို့ဓမ္မဂါးဒီးယန်းဘလော့ဂ်ဂါများသည် ကိုယ့်စာကိုယ်သာ ကိုယ့်ကလောင်နိမ်းဖြင့်သိက္ခာရှိရှိရေးပါတယ်။ ပို့စ်တစ်ခုတည်းကို ၂ယောက်ရေးပြီး ကလောင်မဖော်ပြရအောင်လည်း သူရဲဘောမကြောင်ကြပါဘူးခင်ဗျ။
မင်းပြောနေတဲ့ ခရစ်တော် ဟာ ဘုရားမဟုတ်ဘူးဆိုတာ အဆွေမှား တယ် ၊ ကျွန်ုပ် မှားတယ် ဆိုပြီး ပြောနေ ကျလို့တော့ ဖြစ်မယ် မထင်ဘူး ။ YGN ဆိုတဲ့ ကလောင် ရယ် ၊ A-bomb ဆိုတဲ့ ကလောင် ဒီ ကလောင် နှစ်ခုကြောင့် ဘာသာတရားတစ်ခု ရဲ့ အမှန်တွေကို အမှားတွေနဲ့ ရောယှက်သွားစေလိမ့်မယ်။
အဆွေမှားတယ် ကျွန်ုပ်မှားတယ်လို့တော့ ဘယ်စာရေးသူကမှမပြောလောက်ပါဘူးနော်။ အဲဒါဆိုမှန်တာဘာကျန်တော့မှာလဲခင်ဗျာ? အဆွေမှားတယ် ကျွန်ုပ်မှန်တယ်ကိုဆိုလိုတာ ဖြစ်ပါလိမ့်မယ်။
မင်းမှားတယ် ငါမှန်တယ်ဆိုတဲ့ ပြောပုံဆိုပုံဟာ မှန်မှန်မှားမှား ငါ့စကားနွားရပြောနည်း၊ ကျားကျားမီးယပ်ပြောနည်းသာ ဖြစ်ပါတယ်။ ကျွန်တော်အဲဒီလို ပြောခဲ့တာရှိရင်ထောက်ပြကြပါ ပရိသတ်တို့။ ကျွန်တော်ပြောခဲ့သမျှဟာ အထောက်အထား၊ အကိုးအကားခိုင်ခိုင်လုံလုံ အကြောင်းအကျိုး လော့ဂျစ်တို့နဲ့ ပြည့်စုံပါတယ်။ ကလောင်အတည်အကျနဲ့ရေးတဲ့လူနှစ်ဦးကြောင့် အမှန်နဲ့အမှားနဲ့ရောယှက်သွားမှာလား? ကလောင်မရှိတဲ့လူတစ်ယောက်ရဲ့ အရေမရအဖတ်မရတွေကြောင့် ရှုပ်ထွေးသွားမှာလား? ဆွေးနွေးပွဲတွေကတစ်ဆင့်သာ အမှန်နဲ့အမှားကိုကွဲပြားခြားနားစွာ သိလာကြတာပါ။ နှစ်ပေါင်းများစွာ အသင်းတော်တွေရဲ့ ဝါဒရိုက်သွင်း brainwash လုပ်ခြင်းခံလာရတဲ့ ခရစ်ရှန်များကတော့ အလင်းကိုမကြည့်နိုင်တဲ့ အမှောင်ထဲကလူတွေလိုပါပဲ။ ကိုယ်နေနေကျ အမှောင်မှာသာပျော်ပိုက်ကြတယ်။ အလင်းလာရင် မျက်စိလက်နဲ့အုပ်ထားကြတယ်။ အဲဒီသဘောတရားတွေ အခုစာရေးသူဆီမှာ အထင်းသားပေါ်လွင်နေတယ်။
ဘာကြောင့် A-bomb ရဲ့ စွပ်စွဲ မှုကို တုန့်ပြန် ဖြေရှင်းခြင်းမပြုသလဲဆိုတာ ကို ခရစ်တော် ဘုရားကို ယုံကြည် ကိုးကွယ် ကြတဲ့ ခရစ်ယာန်များ ( အမည်ခံ ခရစ်ယာန် ၊ ဒေါ်လာစား ငနဲများ မပါ ) ကတော့ ထွေထွေ ထူးထူး ပြောပြစရာ မလိုအောင်ကို သိသာထင်ရှားလွန်းပါတယ်။ဘာတွေများ သိသာထင်ရှားလွန်းတာလည်းခင်ဗျာ? အဲဒီစာရေးသူက ရေးလက်စတန်းလန်းနဲ့ အကြောင်းရင်းပြောပြဖို့ မေ့သွားတယ်ထင်ပါရဲ့။ ဒေါ်လာစားငနဲများမပါ ဆိုရင်တော့ဖြင့် စာဖတ်ပရိသတ်ရေ မြန်မာပြည်ကို သာသနာပြုရောက်တဲ့သူက ဆရာယုဒသန်ဆိုတဲ့ အမေရိကန် Adoniram Judson ဖြစ်ပါတယ်။ မြန်မာပြည်မှာတည်ထောင်ထားတဲ့ ခရစ်ရှန်ဂိုဏ်းပေါင်းစုံဟာလည်း ပြည်တွင်းဖြစ်မဟုတ်ပဲ အမေရိကား၊ UK၊ ဗာတိကန်စတဲ့ အနောက်တိုင်းကလာတာဖြစ်ပါတယ်။ ခရစ်ရှန်ဘာသာတစ်ခုလုံးကို နောက်ကွယ်ကနေ ဘဏ္ဍာရေးအရ ထောက်ပံ့နေသူများကလည်း အနောက်တိုင်းကဖြစ်ပါတယ်။ Individually အားဖြင့် ဒေါ်လာစား၊ ကျပ်ငွေစား၊ ထိုင်းဘတ်စား၊ အသင်းတော်အလှူငွေစားစသည် ကွဲပြားပေမယ့် သမိုင်းတစ်လျှောက်နဲ့ မျက်မှောက်ကာလကိုကြည့်လိုက်ရင် ခရစ်ရှန်လောကဟာ ဒေါ်လာနဲ့စ၊ ဒေါ်လာနဲ့ဆုံးပြီး ဒေါ်လာနဲ့လည်ပတ်လျှက်ရှိပါတယ်။ ဒီနေရာမှာ ဒို့အသင်းတော်ကတော့ ဒေါ်လာမစားဘူးဟေ့လို့ အရှက်မရှိလိမ်ချင်သူများ လိမ်နိုင်ပါတယ်ခင်ဗျား။
ဒီတော့က A-bomb အနေနဲ့ အမှန်ကို သိချင်ပါသလား ၊ သေချာစဉ်းစားပါ မိတ်ဆွေ ၊ မိတ်ဆွေတို့ ကျွန်တော်တို့ တစ်တွေ သိတယ် ၊ တတ်တယ် ဆိုတာ မသေခင်အထိလေးပါဘဲ ။ အသိညာဏ်တွေကို အထင်ကြီးမနေပါနဲ့ ။ နောက်တစ်ချက် A-bomb ရဲ့ မှားယွင်းစွာ အဓိပ္ပာယ် ဖွင့်ဆိုမှုတွေကို မဖြေရှင်းလို့ A-bomb က ကျွမ်းလှပြီဘဲ ၊ ငကျွမ်းဘဲလို့ မထင်မိပါစေနဲ့ ။
သူခိုးကလူပြန်ဟစ်တဲ့ အရေးအသားမျိုးပါလားခင်ဗျ။ ကျွန်တော်က လမ်းလွဲနေတဲ့ခရစ်ရှန်တွေကိုရည်စူးပြီး ယေရှုဘုရားမဟုတ်ကြောင်း အမှန်တရားကိုထုတ်ပြပြီးပါပြီ။ အမှန်တရားဖြစ်ကြောင်းကို မှတ်ကျောက်တင်ခံဝံ့လို့လည်း ကျွန်တော်စိန်ခေါ်ထားပါတယ်။ ကျွန်တော်မသေခင်လေးမှာပဲ မှားယွင်းတဲ့ခရစ်ရှန်ဘာသာကို ယုံကြည်နေကြသူများကို ကယ်တင်ချင်ပါသေးတယ်ခင်ဗျာ။ ကျွန်တော်က မှားယွင်းစွာအဓိပ္ပါယ်ဖွင့်တာလား သူတို့တွေကပဲ အဓိပ္ပါယ်မှားဖွင့်တာလားဆိုတ်ာယေရှုဘုရားဟုတ်မဟုတ်ပို့စ်မှာ အထင်အရှားတွေ့နိုင်ပါတယ်ခင်ဗျား။ ကျွန်တော်ထုတ်ပြတဲ့ ကျမ်းအထောက်အထားတွေမှာ အများစုက အနက်ဖွင့်စရာမလိုလောက်အောင်ပဲ ရှင်းလင်းလွန်းလှပါတယ်။ ပြီးတော့ ကျွန်တော့်ကိုအနက်ဖွင့်မှားပါတယ်လို့စွတ်စွဲသူတွေအနေနဲ့ ဘယ်နေရာမှာဘယ်လိုမှားကြောင်း၊ ငါတို့ကတော့ဘယ်လိုဖွင့်ကြောင်းစသည်ဖြင့် ပြန်လည်ချေပသင့်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ကျွမ်းတယ်လို့တော့မထင်မိဘူးခင်ဗျ။ ပရိသတ်ကထင်နေရင်လည်း မဟုတ်ကြောင်းကို ရိုးသားစွာဝန်ခံပါရစေ။ ကျွန်တော်တို့မြတ်ဗုဒ္ဓက "မိမိကိုယ်ကိုယ်နှိမ့်ချခြင်းသည် မင်္ဂလာတစ်ပါးလို့" ဆုံးမသွန်သင်ခဲ့တယ် မဟုတ်ပါလားခင်ဗျာ။
သိချင်တာ သေချာတယ် ။ ဆိုကြပါစို့ ခရစ်တော် ဘုရားကို ဘုရားမဟုတ်ကြောင်း သက်သေ အရမ်းပြချင် တယ်ဆိုရင်ပေါ့ ။ ကျွန်တော်နဲ့ စကားလေးနဲ့ ဆွေးနွေးကြည့်ရအောင် ။ ကျွန်တော် ဒီလိုဆွေးနွေးမယ်လို့ ပြောတာဟာ အောက်ဆင်းပြီးပြောရတယ် ဆိုတာ ကိုတော့ A-bomb အနေဖြင့် မသိပါစေနဲ့ ။ဒီလေးပြောကြမယ်. . . သက်သေတွေ ၊ သာဓက တွေ သိပ်ဆာလောင်မွတ်သိပ် နေတဲ့ A-bomb တွက် အဆင်ပြေအောင်လို့ပါ ။ A-bomb လို လူပိန်းဆန်ဆန်လေး ပြောရရင် ကျွန်တော် ဒီကနေ စိန်ခေါ်ပါတယ် ပေါ့ဗျာ ( ခွင့်မတောင်းဘဲ ယူတောင်းမိတာ ခွင့်လွှတ်ပါ ) ။ကျွန်တော်လည်းမသိချင်ပဲနဲ့ သူ့ဘာသူမေး သူ့ဘာသူဖြေနေတာပါလား ပရိသတ်ရေ။ ယေရှုဘုရားမဟုတ်ကြောင်းကို သက်သေအရမ်းပြချင်တယ်ကိုမဟုတ်ပါဘူး။ ပြကိုပြပြီးသွားပါပြီ။ အဲဒီစာရေးသူက စာကိုသေချာမဖတ်တတ်ဘူးထင်ပါရဲ့ဗျာ။ ဆွေးနွေးချင်တယ်ဆို အားရဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ခင်ဗျာ။ ဒါပေမယ့် ရေးထားတာတွေမှာ အဆင့်အတန်းတော့ရှိစေချင်ပါရဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အရေးအသားဟာ ယေရှုကိုကိုယ်စားပြုမှာဖြစ်တဲ့အတွက် သူတို့အဆင့်အတန်းမရှိလေ ယေရှုသိက်ခါကျလေဖြစ်ပါတယ်။ အောက်ဆင်းပြီးပြောရတယ်ဆိုတော့ အဲဒီစာရေးသူက ၁၀ထပ်တိုက်မှာနေတာလား၊ ဒါမှမဟုတ် အထက်ကောင်းကင်ဘုံကနေ ဆင်းလာတာလားတော့ ကျွန်တော်လည်းမပြောတတ်။ သူတို့ယာဇ်ဘုရားကြီး ယေဟောဝါကိုယ်တိုင် အောက်ဆင်းပြီးပြောရင်တော့ ကျွန်တော့်တန်ဖိုးရှိလှတဲ့အချိန်လေးကို ဖဲ့ပေးမှာဖြစ်ပါတယ်။ စိန်ခေါ်တယ်ဆိုတာ ကျွန်တော်လုပ်တာလေဗျာ။ ဒုတိယအကြိမ်မြောက် သူခိုးကလူပြန်ဟစ်ခြင်းလို့ မှတ်ထားပါတယ်။ တောင်းပန်တော့လည်း ခွင့်လွှတ်ပါတယ်ဗျာ။ ခွင့်လွှတ်ပါတယ်။ နောက်ဆိုရင် ကြိုတင်ခွင့်တောင်းပေါ့ မဟုတ်လား။
- ခရစ်တော် ကို ဘုရားမဟုတ်ဘူးဆိုတာ ကို A-bomb သိသမျှ တတ်သမျှ အကုန်နဲ့ပြောကြည့်ပါ။ အခြား မိတ်ဆွေ တွေ ဆီကလည်း မေးပါ ။
ဒီတစ်ကြောင်းကို ကျွန်တော်အရမ်းသဘောကျတယ်ခင်ဗျာ :)။ ယေရှုဘုရားမဟုတ်ကြောင်း လက်တစ်ဆုပ်စာ ကျမ်းပိုဒ်လေးတွေကိုတောင် မချေပနိုင်ပဲ နောက်ထပ်ထပ်တောင်းနေပုံကတော့ ဝမ်းမနိုင်ဘဲ ပဲကြီးဟင်းစားနေခြင်းပါပဲ။ ကျွန်တော်ရေးထားတာတွေကို မချေပနိုင်ပဲ၊ ဒေါသတွေမွှန်ပြီး ပြောမိပြောရာပြော အကြံကုန်ဂဠုန်ဆားချက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဆွေးနွေးပွဲတွေရဲ့သဘောတရားကို ထိုစာရေးသူမသိကြောင်း ထင်ရှားနေပါတယ်။ ဆွေးနွေးပွဲသဘောတရားနားမလည်ဘဲနဲ့တော့ ကျွန်တော့်ကိုစိန်မခေါ်ပါနဲ့လားခင်ဗျာ။ အဆင့်အတန်းမရှိရာကျလို့ပါ။ အခြားမေးစရာမိတ်ဆွေ ကျွန်တော့်မှာမရှိပါ။ ကျွန်တော့်မှာမေးစရာမိတ်ဆွေဆိုလို့ ဘိုင်ဘယ်လ်ပဲရှိပါတယ်။ ကျွန်တော့်ခရစ်ရှန်မိတ်ဆွေများကလည်း ဘုရားသုံးဆူကိုးကွယ်တဲ့ ခရစ်ရှန် polytheistတွေမို့လို့ မေးလို့မရပါ။ ကျွန်တော်ရေးသမျှသည် ကျွန်တော့်ရဲ့ကိုယ်ပိုင်အိုင်ဒီယာများ၊ ဗဟုသုတများသာဖြစ်ပါတယ်ခင်ဗျ။ အဲဒီတော့ ထိုစာရေးသူအနေနဲ့ လုပ်ရမှာက ကျွန်တော်ရေးထားတဲ့ ယေရှုသည်ဘုရားမဟုတ်ပါ ဆိုတဲ့ပို့စ်ကိုပြန်ချေပပြီးမှ ကျွန်တော့်ရဲ့တုန့်ပြန်မှုကို တောင်းဆိုသင့်ပါတယ်။ နို့မို့ဆိုရင်ဖြင့် ခရစ်ရှန်တွေဘက်က ဆွေးနွေးချက်ဟာ အင်မတန်ကို ကလေးကလားဆန်သွားပါလိမ့်မယ်ခင်ဗျာ။
- ခရစ်တော် ကိုကိုးကွယ်ပြီး ဘုရားမဟုတ်ပါဘူးလို့ လက်ခံတဲ့ သူ ကိုဖော်ပြပါ ။ ဖော်ပြနိုင်ရင် - သူ့သင်းအုပ်ဆရာ နာမည် ၊ သူ့ အသင်းတော် ၊ သူ့လိပ်စာ အပြည့် အစုံ ( ကမ္ဘာ့နိုင်ငံများအားလုံး လကမ္ဘာ မပါ ။)
ကျွန်တော်တို့ ဘာသာဝင်တွေအကြောင်းပြောမှာလား ဘာသာအကြောင်းကိုပြောကြမှာလားခင်ဗျာ? အထက်မှာပြောပြီးတဲ့အတိုင်းပဲ ကျွန်တော့်ပတ်ဝန်းကျင်မှာ ဘုရားသုံးဆူကိုးကွယ်တဲ့ ခရစ်ရှန်တွေပဲရှိပါတယ်။ အခုလို အတိအကျသိချင်ရင် မေးတဲ့နေရာမှားနေပါပြီခင်ဗျ။ ပြီးတော့ ကျွန်တော်သိခဲ့သည်ထားဦး၊ privacy အရ ကျွန်တော်ထုတ်ပြောမှာမဟုတ်ပါဘူး။ ကိုးကွယ်တယ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ? worshipလား? ၂.၁ ဘီလီယံကျော်ရှိတဲ့ ခရစ်ရှန်တွေထဲမှာ ယေရှုကိုဖန်ဆင်းရှင်လို့မယုံပေမယ့် ကိုးကွယ်တဲ့လူရှိကောင်းရှိနိုင်ပါတယ်။ အဲဒါက ဘာသာဝင်တွေအကြောင်းပြောတာပါ။ ဘာသာအကြောင်းပြောရရင်တာ့ အဲဒီလိုကိုးကွယ်မှုက Blasphemy ပါပဲ။ နောက်တစ်နည်းအနေနဲ့ ကိုးကွယ်တယ်ဆိုတာကို follow(လိုက်နာ)တာလို့ဆိုရင်တော့ ရှိပါတယ်။ အဖဘုရားသခင်ဆိုတဲ့ ဖန်ဆင်းရှင်ကိုပဲကိုးကွယ်ပြီး ယေရှုရဲ့အဆုံးအမတွေကိုလိုက်နာ၊ ယေရှုရဲ့ကယ်တင်ခြင်းကို ကျေးဇူးတင်တဲ့ ခရစ်ရှန်ဂိုဏ်းတွေရှိပါတယ်။ ထိုစာရေးသူကိုသိစေချင်တာက ခရစ်ရှန်တိုင်း church မတတ်ပါဘူး။ Church မတက်ပဲ ဘိုင်ဘယ်လ်ဖတ်ပြီး ခရစ်ရှန်စစ်စစ်ဖြစ်နေတာတွေ အများကြီးပါ။ အဲဒါကို အသင်းတော်နာမည်၊ သင်းအုပ်ဆရာနာမည်စတဲ့ infoတွေတောင်းနေတာတော့ ပေါကြောင်ကြောင်နိုင်ပြီး အဓိပ္ပါယ်ကင်းမဲ့လှပါတယ်။ ( ကမ္ဘာ့နိုင်ငံများအားလုံး လကမ္ဘာ မပါ ။) ဆိုတဲ့ ကျပ်မပြည့်တဲ့အထာမျိုးတွေကို ကျွန်တော့်ကိုရည်စူးတဲ့ပို့စ်တွေထဲမှာ ထည့်မရေးပါနဲ့လို့ တောင်းဆိုပါတယ်ခင်ဗျာ။ ကျွန်တော်အရူးတွေနဲ့ ဖက်စကားမပြောချင်လို့ပါ။ နောက်ထပ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး တစ်ချက်ပြောချင်ပါသေးတယ်ခင်ဗျ။ ယေရှုကိုဖန်ဆင်းရှင်လို့မယုံကြည်သူ၊ ဖန်ဆင်းရှင်ကိုပဲကိုးကွယ်သူတစ်ယောက်ကိုပြပါဆိုရင် ကျွန်တော် အိုက်ဆက် နယူတန် ကိုပဲ ညွှန်းပါရစေ။ နေရပ်လိပ်စာ၊ အသင်းတော်၊ သင်းအုပ်ဆရာတွေအကြောင်းတော့ လာမမေးနဲ့ပေါ့ခင်ဗျာ။
နောက်ဆုံး တစ်ချက်က ဗုဒ္ဓ ကို ဘုရားဖြစ်ကြောင်းသက်သေပြပါ ။ ( ဒီမေးခွန်း ကိုမဖြေခင် A-bomb အနေနဲ့ သေချာစဉ်းစားသင့်တာလေး တစ်ခုပြောမယ် . . . ဗုဒ္ဓ ကိုကိုးကွယ်နေတာ ဘုရားစစ်မှန် ပါတယ်လို့ သေချာကော သုံးတတ်ပြီးပြီလား ၊ ဘာကြောင့်ကိုးကွယ်နေတာလဲ ၊ သေချာလေးတော့ စဉ်းစားနော် )ဒီမေးခွန်းကို ကျွန်တော်သဘောအကျဆုံးပဲခင်ဗျာ။ မေးတဲ့အတွက်လည်းကျေးဇူးပါ။ သူရေးတဲ့ပို့စ်တစ်ခုလုံးက အရည်မရအဖတ်မရဆိုပေမယ့် အခုမေးခွန်းကြောင့်ပဲ ကျွန်တော်ဒီရီပလိုင်းကို ရေးဖြစ်တာဖြစ်ပါတယ်။ ဒီမေးခွန်းကိုကျွန်တော်ဖြေချင်လွန်းလို့ပါ။ ဒီမေးခွန်းသာမပါဘူးဆိုရင် ကျွန်တော်အခုလိုအဆင့်မရှိတဲ့ ပို့စ်တွေကိုတုန့်ပြန်မှာမဟုတ်ပါဘူး။ မေးခွန်းကိုဖြေပါပြီခင်ဗျ။ ဘုရားဆိုတာကို ဘယ်လိုသတ်မှတ်မလဲဆိုတာပေါ်မှာ အများကြီးမူတည်သွားပါပြီခင်ဗျ။ ကျွန်တော်ယေရှုကိုဘုရားမဟုတ်ကြောင်း သက်သေပြတုန်းက ဘုရား = ဖန်ဆင်းရှင်လို့ သတ်မှတ်ခဲ့ပါတယ်။ ယေရှုကို ခရစ်မဟုတ်ကြောင်း သက်သေပြပါဆိုရင်လည်း ပြလို့ရတယ်ခင်ဗျ။ ဒါပေမယ့်ကျွန်တော်စိတ်မဝင်စားပါ။ ထို့အတူပဲ ဗုဒ္ဓကိုဘုရားဖြစ်ကြောင်းဆိုရင် ဘုရားဆိုတာကို ဘယ်လိုသတ်မှတ်မလဲ? ဗုဒ္ဓကတော့ ဖန်ဆင်းရှင်၊ တန်ခိုးရှင်၊ ထာဝရဘုရား မဟုတ်ဘူးခင်ဗျ။ အဲဒါမို့လို့လည်း ဗုဒ္ဓကိုကျွန်တော် ကြည်ညိုလေးစားမိတာပေါ့။ အဲဒီတော့ ဘုရားဆိုတဲ့ ဝေါဟာရကို ကျွန်တော်စာပေအထောက်အထားနဲ့ ဖွင့်ဆိုပါ့မယ်။ တည်တောဆရာတော်ဖြေကြားတော်မူတဲ့ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၁)စာအုပ် စာမျက်နှာ၂၆မှာ ဘုရားဆိုတဲ့ဝေါဟာရဟာ ရှေးဟောင်းကျောက်စာများမှာ (ပုရဟာ-ပုတြာ-ပုရှာ)လို့တွေ့ရကြောင်း၊ ဆရာတော်ကြီးများကတော့ (ပုရဟာ)ဆိုတာ ပူဇာဟရဆိုတဲ့ပုဒ်ရင်းက လာတာဖြစ်ကြောင်း၊ ပူဇော်ထိုက်သူမှန်သမျှကို ဆိုကြောင်း တွေ့ရပါတယ်။ ထိုင်းစကားမှာလည်း "ဖရာ" ဆိုတဲ့စကားလုံး ရှိပါတယ်။ ဥပမာ မဟာပိန္နဲလို့ မြန်မာတွေကခေါ်တဲ့ ဆင်ခေါင်းနဲ့နတ်ကို ထိုင်းတွေက ဖရာပိကနက်လို့ခေါ်ကြတယ်။ ယေရှုကို ဖရာယေစူးပေါ့။ တော်ဝင်မိသားစုဝင်တွေကိုလည်း ဖရာတပ်ပြီးခေါ်ကြပါသေးတယ်။ အဲဒီတော့ ဘုရားဆိုတဲ့စကားလုံးဟာ ပူဇော်ထိုက်သူမှန်သမျှကိုဆိုလိုကြောင်းထင်ရှားတော့ ဗုဒ္ဓဟာဘုရားဖြစ်ကြောင်း အဓိပ္ပါယ်အနေနဲ့ သက်သေပြနိုင်တယ်။ ဟုတ်ပြီဒါဆို ဗုဒ္ဓကဘာလို့ အပူဇော်ခံထိုက်လဲ? မခက်ပါဘူး။ ဘုရားဂုဏ်တော်၉ပါးထဲမှာ ပထမဆုံးဖြစ်တဲ့ အရဟံဂုဏ်တော်ဟာ "ပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေ၏"လို့ အနက်အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက ဗုဒ္ဓကိုဖူးတွေ့ရတဲ့လူအတော်များများဟာ ဗုဒ္ဓကိုဂုဏ်တော်၉ပါးနဲ့ ပြည့်စုံပါပေ၏လို့ ချီးမွမ်းပူဇော်ကြတာ ပါဠိတော်တွေမှာ နေရာအနှံ့တွေ့ရပါတယ်။ ဘုရားဆိုတဲ့အခေါ်အဝေါ်ဟာ ဘုရင်တွေ၊ ပုဏ္ဏားတွေအပေါ်မှာပါ အကြုံးဝင်လို့ ဗုဒ္ဓဘုရားက သူတို့နဲ့တန်းတူဖြစ်သွားမယ်လို့ထင်ကြရင် ကျွန်တော်က သတ္တာဒေ၀မနုဿာနံ ဂုဏ်တော်နဲ့ ဗုဒ္ဓဟာအမြတ်ဆုံးသောဘုရားဖြစ်ကြောင်း သက်သေပြချင်ပါတယ်ခင်ဗျ။ တောင်မြို့ဆရာတော်ကြိး အရှင်ဇနကာဘိဝံသရေးသားတဲ့- ရတနာ့ဂုဏ်ရည် စာ-၅၀)ကို ကောက်နုတ်ဖော်ပြရရင်
သတ္တာဒေ၀မနုဿာနံ ဂုဏ်တော်
- လူ နတ် ဗြဟ္မာ တို့၏ ရှေ့ဆောင်ဦးစီး ဖြစ်တော်မူသော မြတ်စွာဘုရား
- သတ္တ၀ါအများကို ကြမ်းတမ်းသော သံသရာခရီးမှ ကယ်တင်ရာ၌ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရား
- သတ္တ၀ါအများကို ဇာတိ ဇရာ မရဏ ဟူသော ဘေးကြီးတို့မှ ကယ်တင်တော်မူသော မြတ်စွာဘုရား
- သတ္တ၀ါအများကို ပင်ပန်းဆင်းရဲ ဘေးဒုက္ခအမျိုးမျိုးတို့မှ ကယ်တင်တော်မူသော မြတ်စွာဘုရား
- သတ္တ၀ါအများကို အေးမြချမ်းသာသော နိဗ္ဗာန်ပြည် သို့ ပို့ဆောင်ပေးတော်မူသော မြတ်စွာဘုရား
ဘယ်လောက်ကြည်ညိုဖို့ကောင်းလဲခင်ဗျာ။ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ ရှေ့ဆောင်ဦးစီးဖြစ်တော်မူသော မြတ်စွာဘုရားတဲ့ခင်ဗျ။ ဗုဒ္ဓထက်မြင့်မြတ်တာ ဘာမှမရှိတော့ပါဘူး။ နောက်တစ်ခုအနေနဲ့သက်သေပြချင်တာကတော့ လွယ်လည်းလွယ်၊ လေးလည်းလေးနက်ပါတယ်။ ဗုဒ္ဓဆိုတဲ့ဂုဏ်ပုဒ်ကိုယ်တိုင်က ဘုရားလို့အဓိပ္ပါယ်ရပါတယ်ခင်ဗျ။ ဗုဒ္ဓရဲ့နာမည်အရင်းက သိဒ္ဓတ္ထ ဂေါတမပါ။ ဘာသာခြားတွေအမြင်မှာတော့ ရဟန်းဂေါတမပေါ့။ အဲဒီရဟန်းဂေါတမဟာ ဗုဒ္ဓဂုဏ်တော်နဲ့ပြည့်စုံတော်မူလို့ ဗုဒ္ဓလို့အမည်တွင်ရခြင်းဖြစ်ပါတယ်။ အရှင်ဇနကာဘိဝံသရေးသားတဲ့- ရတနာ့ဂုဏ်ရည် စာ-၅၃မှာ
ဗုဒ္ဓဂုဏ်တော်
- ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်းသိစေတော်မူနိုင်သော မြတ်စွာဘုရား
- သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူသလို သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား
- သစ္စာလေးပါး တရားတော်များဖြင့် ဟောပြောဆုံးမပေးသော မြတ်စွာဘုရား
- သတ္တ၀ါအပေါင်းတို့အား အကျင့်ကောင်းအကျင့်မြတ်များကို သိကြဖို့ရာ ညွှန်ပြဆုံးမပေးနိုင်သော မြတ်စွာဘုရား
- မဂ္ဂင်လမ်းကြောင်းမှန်ကို ညွှန်ပြ ပေးတော်မူနိုင်သော မြတ်စွာဘုရား
- သတ္တ၀ါအပေါင်းတို့အား သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်း တရားမြတ်များကို ဟောပြဆုံးမပေးတော်မူသော မြတ်စွာဘုရား
- နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကိုသတ္တ၀ါအပေါင်းတို့အား သိကြဖို့ရာ ညွှန်ပြပေးတော်မူသော မြတ်စွာဘုရား
- သစ္စာလေးပါးကို သတ္တ၀ါတို့အား ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူသော မြတ်စွာဘုရား
သင်တို့သည်ပြောသံ ကြားကာမျှဖြင့်၊ အစဉ်အဆက် စကားမျှဖြင့်လည်း၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း၊ မိမိတို့ရှေးဟောင်းကျမ်းဂန်စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း၊ နည်းမှီးယူခြင်းမျှဖြင့်လည်း၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း၊ ငါတို့ ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။
အယူဝါဒတစ်ခုမှ လာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။
ထိုကဲ့သို့ လွတ်လပ်စွာ ဝေဖန်ပိုင်းခြားခွင့်ပေးတဲ့ဘာသာရှိရင် ကျွန်တော့်ကိုပြောပါ။ ကေတမုတ္တိသုတ်နဲ့ အလားတူကျမ်းပိုဒ်ရှိရင် ဘိုင်ဘယ်လ်ထဲကထုတ်ပြပါ။ စိန်ခေါ်ပါတယ်။ လုံးဝမရှိစေရဘူး။ ငါပြောတာယုံ၊ မယုံရင်ငရဲကျမယ်ဆိုပြီး ငရဲနဲ့ခြောက် ကောင်းကင်ဘုံနဲ့မြှောက်တဲ့ ဘာသာမျိုးဟာ စဉ်းစားဉာဏ်ရှိတဲ့လူသားတွေကို ကျွန်ဇာတ်သွင်းနေတာပါပဲ။ ပြီးတော့ တရားဂုဏ်တော်တွေထဲမှာ ဒုတိယမြောက်ဂုဏ်တော်က "သန္ဒိဋ္ဌိက" တဲ့။ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်နိုင်စစ်ဆေးနိုင်တဲ့ တရားတော်တွေလို့ အဓိပ္ပါယ်ရတယ်။ ဘိုင်ဘယ်လ်ထဲမှာတော့ ထာဝရဘုရားကို အစုံအစမ်းမပြုရ လို့ပဲ ဝမ်းနည်းဖွယ်ရာတွေ့ရပါတယ်(တရား ၆:၁၆) (မဿဲ ၄:၇) (လုကာ ၄:၁၂) ။
နောက်ထပ်တစ်နည်းနဲ့ စစ်မှန်သောဘုရားဖြစ်ကြောင်း သက်သေပြပါ့မယ်။ သိဒ္ဓတ္ထဂေါတမဟာ ဗုဒ္ဓလို့အမည်တွင်တာ တစ်ခြားမဟုတ်ပါဘူး။ သဗ္ဗေညုတရွှေဉာဏ်တော်ကို ရရှိခဲ့လို့ဖြစ်ပါတယ်။ အဲဒီဥာဏ်တော်နဲ့သာထိုက်တန်တဲ့ သစ္စာလေးပါးတရားတွေကို ဗုဒ္ဓကဟောခဲ့ပါတယ်။ အဲဒီတော့ နောက်တစ်ခါထပ်ပြီးကျွန်တော်စိန်ခေါ်ပါ့မယ်။ သစ္စာလေးပါးတရားလို့ပြောရင် အင်မတန်နက်နဲကျယ်ပြန့်လွန်းလို့ထားဦး ဓမ္မစကြသုတ်ကိုပဲ ကျွန်တော်ပြောပါ့မယ်နော်။ ဓမ္မစကြသုတ်ထဲမှာ အမှားတစ်လုံးပါရင် ထောက်ပြပါ။ ဗုဒ္ဓဘာသာမှာ ဒါန၊ သီလ၊ ဘာဝနာ ဆိုပြီးရှိပါတယ်။ ဘာဝနာမှာလည်း သမထနဲ့ ဝိပဿနာဆိုပြီး၂မျိုးထပ်ကွဲပါတယ်။ ခရစ်ရှန်ဘာသာမှာကျတော့ ဒါနနဲ့ သီလမှာသာလမ်းဆုံးသွားတာတွေ့ရပါတယ်။ ကျင့်စဉ်ပိုင်းဆိုတာမတွေ့ရပါဘူး။ ဘိုင်ဘယ်လ်ထဲက ကျင့်စဉ်ပိုင်း၊ ပညာပိုင်းထုတ်ပြပါဆိုပြီးတော့ အနိုင်မကျင့်တော့ပါဘူးနော်။ ဖြစ်မှမဖြစ်နိုင်တာပဲ။ အဲဒီတော့ ဗုဒ္ဓကိုဘုရားဖြစ်ကြောင်း သက်သေပြစရာ နည်းလမ်းပေါင်းစုံရှိတဲ့အထဲက ကျွန်တော်ကြိုက်တဲ့နည်းနဲ့ သက်သေပြထားတာဖြစ်ပါတယ်။ ပို့စ်ကလည်းတော်တော်ရှည်သွားပြီခင်ဗျာ။ စိတ်ရှည်ရှည်နဲ့အဆုံးထိဖတ်ရှုတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဟို ယောင်ကိုင်းနုတို့ဘက်ကလည်း အဆင့်အတန်းရှိတဲ့ တုန့်ပြန်မှုမျိုးပြန်လာပါစေလို့ ကျွန်တော်မျှော်လင့်လျှက်ပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား။
PS: ကျွန်တော့်ကိုမေးလ်ပို့ချင်သူများ၊ ဆဲစာပို့ချင်သူများ ကျွန်တော့်ရဲ့ official အီးမေးလ်လိပ်စာဖြစ်တဲ့ onlinepaperboi@yahoo.com ကိုပို့နိုင်ပါတယ်ခင်ဗျား။ ဆဲစာများကိုလည်း ယေရှုခြေရာနင်းနေကြတာလို့ သဘောထားကြီးကြီးနဲ့ နားလည်ပြီး ဖတ်ပေးပါ့မယ်။ ဤလိပ်စာမှလွဲပြီး တစ်ခြားမည်သည့်လိပ်စာကိုမျှ မှားယွင်းပေးပို့ပြီး ပြန်စာမရပါက ကျွန်တော်တာဝန်မယူကြောင်း ပြောပါရစေခင်ဗျာ။
0 comments:
Post a Comment