ကယ်တင်ရှင်မမျှော်စေချင်

written by လူထုစိန်ဝင်း

Two Girls


ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။

ပါရမီနဲ့ ဉာဏ်ပညာကြောင့်

အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သစ်ရိပ်ဝါးရိပ်မှာ

အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။

ဘယ်သူမပြုမိမိမှု

သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ် (Savior Complex) တွေကြောင့် ဖြစ်ပါတယ်။

ကယ်တင်ရှင်မရှိ

ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။

ကိုယ့်ထမင်းကိုယ်ရှာစား

လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။

ကယ်တင်ရှင်မလုပ်နဲ့

ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။

အမှောင်တိုက်ကြီး

အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။

လှေနဲ့ ပိုက်တွေပေးရမှာ

'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။

ကယ်တင်ရှင် မမျှော်စေချင်

'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။

ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။

ခရစ်ရှန်စတိုင် အကြမ်းဖက်ခြင်း

ယခုမူကားငွေအိတ် ရှိသောသူသည်ယူစေ။ လွယ်အိတ်ရှိသော သူသည်ယူစေ။ ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ဓားကိုဝယ်စေ။ (လုကာ ၂၂:၃၆)

အကြမ်းဖက်သမားယေရှုက ဘယ်လောက်တောင်မှစစ်သွေးကြွနေလဲဆိုတာကြည့်ပါ။ သတ်ဖို့ဖြတ်ဖို့အတွက် သူ့ရဲ့နောက်လိုက်တွေကို ဓားမဖြစ်မနေဝယ်ခိုင်းပါတယ်။ ပိုက်ဆံမရှိရင်တောင်မှ အဝတ်ကိုချွတ်ရောင်းပြီးဝယ်ခိုင်းပါတယ်။ အရှက်အကြောက်လုံဖို့နဲ့ ရာသီဥတုဒဏ်ကာကွယ်ဖို့အတွက် အဝတ်အစားထက် ဓားကပိုအရေးကြီးပုံရပါတယ်။ အဲဒီဓားကိုဘယ်မှာသွားသုံးမလဲဆိုတာကြည့်ကြပါ။

မြေပေါ်သို့ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ် အံ့သောငှါ ငါလာသည်မဟုတ်။ ဓားကိုစေလွှတ်အံ့သောငှါ ငါလာသတည်း။ (မဿဲ ၁၀:၃၄)

ယေရှုဆင်းလာတာက ငြိမ်သက်ဖို့အတွက် ဒါမှမဟုတ် ငြိမ်းချမ်းရေးအတွက်မဟုတ်ပါဘူးလို့ သူကိုယ်တိုင်ဝန်ခံထားပါတယ်။ ဓားကိုစေလွှတ်ဖို့အတွက်လာတာပါတဲ့။ အဲဒါမို့လို့လည်းခရစ်ရှန်များဟာ ယေရှုနာမတော်နဲ့ ခရစ်ရှန်စတိုင်အကြမ်းဖက်မှုတွေကို ကျူးလွန်နေကြတာဖြစ်ပါတယ်။ ယေရှုကိုဘုရားလုပ်ပြီး ကိုးကွယ်နေတဲ့ခရစ်ယာန်များဟာ အခုမှအကြမ်းဖက်မှုတွေကိုကျူးလွန်ကြတာမဟုတ်ပါဘူး။ ယေရှုလက်ထက်မှာတင် ယေရှုရဲ့အချစ်ဆုံးတပည့်ရင်း ရှိမုန်ပေတရုဟာ အင်မတန်မှရုတ်ရင်း ကြမ်းတမ်းလှကြောင်း ကျမ်းစာမဟုတ်တဲ့ ကြမ်းစာမှာလာပါတယ်။


ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသော ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက် ကိုခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏ အမည်ကား မာလခုဖြစ်သတည်း။ (ယောဟန် ၁၈:၁၀)

ခရစ်ရှန်များဟာ ဘယ်လောက်တောင်မှ သတ်ဖို့ဖြတ်ဖို့လက်မနှေးဘူးဆိုတာကို တမန်တော်ပေတရုက သက်သေခံပါတယ်။ ခရစ်ရှန်များလက်ထဲမှာ လက်နက်ရှိပြီဆိုရင်ဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတဲ့ မယုံကြည်သူများအတွက်တော့ မတွေးဝံ့စရာအနာဂါတ်ပါပဲ။ ခရစ်ရှန်တွေနဲ့ ခရစ်ရှန်မဟုတ်သူတွေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။

သမိုင်းမှာလည်း ယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံခဲ့တဲ့ ခရစ်ရှန်ကြီးဟစ်တလာဟာလည်း အနုမြူလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းခဲ့တာ လူတိုင်းအသိဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ အနုမြူလက်နက်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲမှာ ခရစ်ယာန်ဘာသာအရိပ်လွှမ်းမိုးနေတဲ့ အစိုးရတွေအုပ်ချုပ်တဲ့ နိုင်ငံတွေကအများစုဖြစ်တာတွေ့ရပါတယ်။ အမေရိကားက ခရစ်ရှန်ဖြစ်တဲ့ သမ္မတဟောင်းဘွတ်ရှ်ဟာလည်း အီရတ်နိုင်ငံကို စွမ်းအားမြင့် ဖျက်အားပြင်းလက်နက်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ကျူးကျော်စစ်ဆင်နွဲခဲ့တာ ထင်ရှားတဲ့ဥပမာတစ်ခုပါ။ ဗုဒ္ဓဘုရားကတော့ စွမ်းအားမြင့်လက်နက်တွေတင်မကပါဘူး လက်နက်ရောင်းဝယ်ဖောက်ကားခြင်းကိုပါ မပြုသင့်မပြုအပ်တဲ့ ကုန်သွယ်ရောင်းဝယ်ခြင်းဆိုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုရှေးရှုပြီး ဆုံးမသွန်သင်ခဲ့ပါတယ်( အင်္ဂုတ္တရနိကာယ်၊ ၅၊ ၁၇၇-ဝဏိဇ္ဖာသုတ်)။ ကမ္ဘာ့ခေါင်းဆောင် ဗုဒ္ဓဘာသာဝင်ဦးသန့်ဟာဆိုရင်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးနဲ့ ပထမသက်တမ်းမှာပဲ ကျူးဘားကအနုမြူဒုံးကျည်တွေကို အောင်မြင်စွာဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ကျူးဘား ဒုံးပျံအရေးအခင်းဟာဆိုရင် အမေရိကန် နဲ့ ဆိုဗီယက်ယူနီယံတို့ဟာ တတိယကမ္ဘာစစ်ကြီးဆီကို ဦးတည်နေကြတဲ့ အချိန်မှာ ဦးသန့်ဟာ နှစ်ဘက်ခေါင်းဆောင်နှစ်ဦးလုံးကို ဖြောင်းဖြပြီး တတိယ ကမ္ဘာစစ်ကြီးဖြစ်မယ့်ဘေးကနေ ကာကွယ်ပေးနိုင်ခဲ့တာပါပဲ။

ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် လူ့ဘောင်အဖွဲ့အစည်း ငြိမ်းချမ်းမှာအသေအချာပါပဲ။ ဘာသာဝင်အရေအတွက်များတိုင်း၊ ဘာသာရေးအဆောက်အဦများတိုင်း သာသနာထွန်းကားတာမဟုတ်ပါဘူး။ သာသနာဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပါယ်က အဆုံးအမလို့အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာသ၍ သာသနာထွန်းကားတာပါပဲ။ ဗုဒ္ဓဘာသာဝင်မိဘကမွေးလာလို့ ဗုဒ္ဓဘာသာဝင်ဖြစ်လာ၊ အာဏာသိမ်းလို့ အစိုးရဖြစ်လာပြီးနောက် ဘုရားအဆုံးအမနဲ့ဆန့်ကျင်စွာ အနုမြူလက်နက်ရဖို့ကြိုးပမ်းတဲ့အစိုးရဟာ ဘယ်လောက်ပင် ဗုဒ္ဓမွေးဖွားရာအရပ်ကိုသွားရောက်ပြီး ဗုဒ္ဓဘာသာစစ်မှန်ကြောင်း သရုပ်ဆောင်ပြနေပေမယ့် ဗုဒ္ဓဘာသာဝင်အစိုးရ ဘယ်သောအခါမှဖြစ်မလာပဲ ဘိုးတော်တွေကို ယုံကြည်ကိုးကွယ်လိုက်နာသောကြောင့် ဘိုးတော်ဘာသာဝင်များသာဖြစ်ကြောင်း ပြောပါရစေခင်ဗျာ။

ဒဿနအချို့

အယူမှားမိစ္ဆာဒိဌိ ခရစ်ယာန်ဘာသာကိုစွန့်လွှတ်ခဲ့၍ ဝါဒပေါင်းများစွာ၌ ကျင်လည်ခဲ့ပြီးနောက်ဆုံးတွင် သမ္မာဒိဌိဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာသော စာရေးဆရာ/ဒဿနပညာရှင် ဦးဆန်းလွင်ရေးသားပြုစုသော "ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း"စာအုပ် စာမျက်နှာ ၅၁-၅၂မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ ဖတ်ရှုခံစားတွေးတောနိုင်ကြပါစေ။



မုသာ၏အဘ


သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။
(ရာဇဝင်ချုပ်ဒုတိယစောင် ၁၈:၂၂) (ဓမ္မရာဇဝင် တတိယစောင် ၂၂:၂၃)

သင်တို့သည် သင်တို့၏အဘ တည်းဟူသော ယေဟောဝါမှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ ယေဟောဝါသည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကား ပြောသောအခါ ကြားခံဝိဥာဉ်တော်အားဖြင့် ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။

ကုဉ္စရ၀ိမာနဝတ္ထု

၅- ကုဉ္စရ ၀ိမာန၀တ္ထု၊ ပီဋ္ဌ၀ဂ်၊ ၀ိမာန၀တ္ထုပါဠိတော်၊ ခုဒ္ဒကနိကာယ်၊ သုတ္တန်ပိဋက၊ တိပိဋက။

ကိလေသာကင်းစင်၍ ဈာန်ဝင်စားလျက်ရှိသော သူတော်ကောင်းတို့အား လက်တွေ့ ဖူးမြင်ကာ အရွက်နှင့်တကွသော ပဒုမာကြာပန်းကို လှူဒါန်းခဲ့ရသော ကုသိုလ်ကံကြောင့် ပဒုမာကြာအသွင် ကြန်အင်ပြည့်စုံ ကြာဝတ်မှုန်ပြွန်းလျက်ရှိသော ရုပ်အသွင်ရှိသူ နတ်သမီး

၃၁-၂။ ပဒုမ္မာကြာချပ်နှင့်တူသော မျက်စိရှိသော ပဒုမ္မာနတ်သမီး သင်၏ မြတ်သော စီးတော်ဆင်သည်* အထူးထူးသော ရတနာအဆင်တန်ဆာ ရှိ၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ ခွန်အားလည်း ရှိ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ ကောင်းကင်၌လည်း ငြိမ့်ညောင်းစွာ သွား၏၊ ပဒုမ္မာကြာ၏ အရောင်ကိုလည်း ဆောင်၏၊ ပဒုမ္မာကြာဝတ်မှုန်တို့ဖြင့် ပြွမ်းသော ကိုယ်အင်္ဂါလည်း ရှိ၏၊ ရွှေဖြင့်ပြီးသော ကြာပန်းကိုလည်း ဆောင်၏။

၃၃။ ပဒုမ္မာကြာတို့ဖြင့် ပြွမ်း၍ ပဒုမ္မာကြာချပ်တို့နှင့် တန်ဆာဆင်လျက် တည်ရှိသော ခရီး လမ်းသို့ ဆင်သည် သာယာဖြည်းညင်းစွာ သွား၏၊ မနှေးမမြန် သွား၏။

၃၄။ ထိုဆင်သွားသောအခါ ရွှေဆည်းလည်းတို့သည် နှစ်သက်ဖွယ်သော အသံ ရှိကြပေ ကုန်၏၊ ထိုဆည်းလည်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပေ၏။

၃၅။ ထိုဆင်၏ ကျောက်ကုန်းထက်၌ သန့်ရှင်းသော အဝတ်စုံကို ဝတ်ဆင်ကာ တန်ဆာ ဆင်လျက် (တည်နေသော သင်) နတ်သမီးသည် နတ်သမီးအပေါင်းများစွာထက် အရောင် အဆင်းဖြင့်သာလွန်တင့်တယ်လှပေ၏။

၃၆။ နတ်သမီး သင်၏ အကျိုးသည် အလှူဒါန၏ အကျိုးပင်လော၊သို့မဟုတ် အကျင့် (သီလ)၏အကျိုးပင်လော၊သို့မဟုတ် လက်အုပ်ချီမိုး ရှိခိုးခြင်းစသည်၏ အကျိုးပင်လော၊ ငါ မေးအပ်သော သင်သည် ထိုအကြောင်းကို ငါ့အား ဖြေကြားပါလော။

၃၇။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေ ကြားလျှောက်ထား၏။

၃၈။ အကျွန်ုပ်သည် (သာဝက) ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ဈာန်ဝင်စားကာ ဈာန်၌မွေ့လျော်သောသူတော်ကောင်းကို ဖူးမြင်ရ၍ အဝတ်ခင်းထားလျက် ပဒုမ္မာကြာပန်းတို့ဖြင့်ကြဲဖြန့်ထားသော နေရာကို ပေးလှူခဲ့ဖူးပါပြီ။

၃၉။ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ (ပဒုမ္မာကြာစည်းမှ) ပဒုမ္မာကြာပန်း ထက်ဝက်ကို ရွက်ချပ်တို့နှင့်တကွ နေရာ၏ ပတ်ဝန်းကျင်၌ ကိုယ်ထိလက်ရောက် ကြဲဖြန့်ခဲ့ဖူးပါပြီ။

၎ဝ။ အကျွန်ုပ်၏ ဤသို့သော အကျိုးသည် ထိုကုသိုလ်ကံ၏ အကျိုးပါတည်း၊ အကျွန်ုပ်ကို နတ်တို့ကအရိုအသေလည်း ပြုပါ၏၊ အလေးအမြတ်လည်း ပြုပါ၏၊ ပူဇော်လည်း ပူဇော် ပါ၏။

၄၁။ အကြင်သူသည် ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက် ကုန်ပြီးသော အကျင့်မြတ်ကို ကျင့်လေ့ရှိကုန်သောသူတော်ကောင်းတို့အား နေရာကို ပေးလှူ ရာ၏၊ ထိုသူသည် ယခုအကျွန်ုပ် နှစ်သက်ဝမ်းမြောက်ရသကဲ့သို့ ဤအတူ ဝမ်းမြောက်ရ မည်သာတည်း။

၄၂။ ထို့ကြောင့်ပင်လျှင် မိမိ၏ အစီးအပွားကို အလိုရှိ၍ များမြတ်သော အကျိုးကို တောင့်တသူသည်အဆုံးစွန်သော ကိုယ်ကို ဆောင်သော ရဟန္တာပုဂ္ဂိုလ်တို့အား နေရာကို ပေးလှူသင့်၏။

ငါးခုမြောက်သော ကုဉ္ဇရဝိမာနဝတ္ထု ပြီး၏။
------
* ရှေးကုသိုလ်ထူးကြောင့် ဖြစ်ပေါ်လာသော ဆင်နှင့်တူသော ယာဉ်အထူးတည်း။

ဒါကတော့ကုဉ္စရ၀ိမာနဝတ္ထု အစအဆုံးပါပဲ။ ရှင်မဟာမောဂ္ဂလန်မေးတဲ့မေးခွန်းကို နတ်သမီးတစ်ပါးကပြန်ဖြေဆိုတဲ့ဇာတ်လမ်းပါ။ ဒါဘုရားဟောမဟုတ်ပါဘူး။ နေဗိမာန်၊ လဗိမာန်ဆိုတာလည်း ပိဋကတ်တော်တွေထဲမှာမတွေ့ရပဲ အဌကထာထဲမှာတွေ့ရပါတယ်။ အဌကထာဆိုတာ commentry တွေပါ။
ဝိမာနဝတ္ထုအဋ္ဌကထာကို အေဒီ၅ရာစုမှာ ရှင်ဗုဒ္ဓဃောသရေးပါတယ်။ Commentry တွေကို ဘုရားဟောတာပါဆိုပြီး လိမ်ညာစော်ကားတဲ့ လူလိမ်တစ်ယောက်ရဲ့အတွင်းစိတ်၊ စေတသိတ်ကို ခြေရာခံလိုက်ကြည့်မယ်ဆိုရင် အရင်းစစ်အမြစ်မြေကဆိုသလိုပါပဲ...........

သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ (ရာဇဝင်ချုပ်ဒုတိယစောင် ၁၈:၂၂) (ဓမ္မရာဇဝင် တတိယစောင် ၂၂:၂၃)

ဘိုင်ဘယ်လ်လာ ဂျူးဘုရားကြီးယေဟောဝါက လူတွေထဲသို့ လိမ်တတ်ညာတတ်တဲ့ဝိဉာဉ်ကို သွင်းပြီး လိမ်ခိုင်းညာခိုင်းလေ့ရှိပါတယ်။ လိမ်စေညာစေတဲ့ဝိဉာဉ်တော်ဟာ အဘယ်သို့သန့်ရှင်းနိုင်ပါမည်နည်း? အဘယ်သို့ holyဖြစ်နိုင်ပါမည်နည်း။ ထို့ကြောင့် မုသာရဲ့အဖဟာ ယေဟောဝါပင်။ လူဆိုရင်တော့လူလိမ်ပေါ့၊ ဘုရားဆိုရင်တော့ . . . . . . . . . . . . ။


စိတ်ဝင်စားဖွယ် အင်္ဂလိပ်ခေတ် ဖြစ်ရပ်မှန် ဇာတ်လမ်လေး

ဦးညို-အထ္ထုပ္ပတ္တိ

၁။နိဒါန်း

ကျွန်ုပ်သည် ဝဋ်ဒုက္ခမှ ထွက်လို၍ တရားကိုရှာရာ ခရစ်ယန်တရားကို နှစ်သက်၍ ခရစ်ယန် တစ်ဆယ့်ရှစ်နှစ် ဖြစ်ပြီးမှ ဗုဒ္ဓဘာသာသို့ ပြန်ရောက်ခြင်း၏ အထ္ထုပ္ပတ္တိ ကိုရေးမည်ဟု ကြံစည်ပါသော်လည်း အစိုးရ အလုပ်ဝတ္တရားက များ၍ အချိန်မရခြင်းကြောင့် တကြောင်း။ အများလူတို့၏သဘောတွင် ပကာသနကိုလို၍ ရေးသည်ထင်မည်ကို စိုးသောကြောင့် တကြောင်း မရေးဘဲ ကြာမြင့်စွာ ဆိုင်းငံ့နေရသည်။ ယခုမှ ကျွန်ုပ်သည် အငြိမ်းစားဖြစ်၍ အားလပ်ခွင့် ရရှိသဖြင့် မိတ်ဆွေများကလည်း တိုက်တွန်းသောကြောင့် အများလူတို့က မည်သို့ပင် ထင်စေကာမူ အမျိုးသားချင်းတို့၏ အကျိုးကို စောင့်ရှောက်ရာ ရောက်စေတော့ ဟူသော စေတနာနှင့် ရေးသားဘော်ပြလိုက်ပါအံ့။ ကျွန်ုပ်သည် ဤကျမ်းငယ်ကို ရေးရာ၌ သူတပါးအမြတ်တနိုး ကိုးကွယ်သော ဘာသာကို ထိခိုက်စေလိုသော သဘောဆန္ဒမရှိ။ ကျွန်ုပ်၏ ဝဋ်သုံးပါးမှ ထွက်မြောက်ရာလမ်းကို အပန်းတကြီးရှာတွေ့ပုံနှင့် ဗုဒ္ဓဘာသာကို ဘယ်အတွက် နှစ်သက်ကြောင်း ပြလိုသော စိတ်သာ ရှိသည့်အတွက် ဖြစ်ပျက်သမျှ အတိုင်းကိုသာ ရေးလိုက်ပါသည်။
မောင်ညို ရန်ကုန်မြို့။ ၁၂၇၈ ခု။ တခူးလ္ဆုပ်(၇) ရက်။

၂။ ခရစ်ယန်ဘာသာကို ရှေးဦးစွာ စဉ်းစားခြင်း။

၁၈၈၃-ခုနှစ်တွင် ကျွန်ုပ်သည် ရွှေကျင်မြို့၌ ငွေတိုက်၊ စာရင်းကိုင်၊ စာရေးကြီးအလုပ်နှင့် နေစဉ် ဦးသီလစာရ အရှင်သူမြတ်လည်း ၄င်းမြို့အရှေ့ဘက် ကျောက်လုံးကြီးရွာက တမိုင်ကွာခန့် တောရ ကျောင်း၌ သီတင်းသုံးတော်မူလေသည်။ ထိုအခါ ဗုဒ္ဓဘာသာ မြန်မာရုံးအရာရှိ ကြီးငယ်တို့လည်း မိမိတို့ အားလပ်ခွင့်ရသော တနင်္ဂနွေနေ့တိုင်း ထိုပုဂ္ဂိုလ်မြတ်ထံသို့ သွားရောက် သီလကို အသီးသီးဆောက်တည်ကြရာ ကျွန်ုပ်သည်လည်း ထိုအရှင်ကို အလွန်ကြည်ညိုသောကြောင့် ထိုသူများနှင့်အတူ ဥပုသ်ဆောက်တည်ကြပါသည်။ ကျွန်ုပ်သည် တရား၌ လွန်စွာအားထုတ်လိုသဖြင့် မေးမြန်းစုံစမ်းရာ အရိုးစုကမ္မဋ္ဌာန်းကို အားထုတ်သင့်ကြောင်း ပြောပြကြ၍ အားထုတ်သည့်ကာလ အတော်အသင့်ပင် ပေါက်ရောက်လာသည်။ ထိုနောက် မည်ကဲ့သို့ ရှေ့သို့ တိုးတက်၍ ပြုလုပ်သင့်ကြောင်းကို ကိုယ်ထက် အသက်ကြီးသော သီတင်းသည် အတော်များများကို မေးမြန်းသော်လည်း မည်သူတဦးတယောက်ကမျှ မပြောနိုင်ကြ။ ဥပုသ်ဆောက်တည်သောနေ့ပင် မဟုတ်သော်လည်း ၄င်းအရိုးစုသည် အာရုံ၌ မပြတ်မလပ် ထင်လေ့ရှိသောကြောင့် ည-တညတွင် ထိုအရိုးစုထင်မြင်လာသောအခါ အိမ်နီးချင်းဖြစ်သော ရဟန်းလူထွက်ကြီး တယောက်ကို တိုင်ပင်ရာ မကောင်းသော နတ်များက တိုက်တွန်း ၍ပင် ဖြစ်သည်။ သို့မဟုတ် မည်သည့် သဘောနှင့်ဖြစ်သည်မသိ။ ထိုသူက ပြောသည်မှာ ဤအရိုးစု ကမ္မဋ္ဌာန်းကို အာရုံထင်ဆဲ၌ ဘဝကူးခဲ့လျှင် ပြိတ္တာဖြစ်တတ်သည်ဟုပွင့်ပွင့်လင်းလင်းပြောဆိုလေသည်။ ထိုအခါ ကျွန်ုပ်၏စိတ်၌ ငါသည် ထိုမျှလောက် ကြိုးစားအားထုတ်ပါလျက် ငါ၏ ကြိုးစားခြင်းသည် အချည်းအနှီးပါတကား။ ငါသည် ထမင်းအငတ်ခံ၍ အပတ်စဉ် ဥပုသ်ဆောက်တည်ခြင်းသည် အလဟဿပါတကား။ ငါတို့ ဥပုသ်ဆောက်တည်ရန် အလို့ငှာ သွားသောလမ်းနားတွင် ခရစ်ယန်ကျောင်း တဆောင်၌ ခရစ်ယန်ဘာသာဝင်တို့သည် ခုံရှည် ကုလားထိုင် အခြားထိုင်ခုံ စသည်တို့ဖြင့် ထိုင်၍ အပေါ်က လေယပ်ဆွဲလျက်
ဧကြည်ကြည် သီချင်းများကို သီဆိုနေကြသည်။ သူတို့သည် ထမင်းအငတ်မခံရဘဲ ကောင်းကျိုးချမ်းသာကို ခံစား၊ စံစားရမည့် လက္ခဏာ ရှိကြသည်။ ထာဝရ ဘုရားသခင်ထံမှာ သားတော် မြတ်သခင် ယေရှုခရစ်၏ နာမတော်နှင့် တောင်းလျှင် ဆုတောင်းတိုင်း ပြည့်သည်ဟု ငါကြားသည်။ ထိုခရစ်ဘာသာ၏ အကြောင်းကို ငါစုံစမ်းမှ တော်တော့မည်ဟု ကြံစည်မိလေသည်။

၃။ နှစ်ခြင်းမင်္ဂလာ ခံယူခြင်းအကြောင်း

အထက်က ရေးသားဘော်ပြခဲ့သည့်အတိုင်း ကြံစည်ပြီးနောက် များမကြာမီ သာယာဝတီ ဒီစတြိတ် သုံးဆယ်မြို့က လာ၍ တရားဟောအလုပ်ကို လုပ်ကိုင်နေသူ အလွန် ရုပ်လက္ခဏာနှင့် ပြည့်စုံသော အသက်ခြောက်ဆယ်ကျော်ရှိ ခရစ်ယန်ဆရာကြီး တယောက်သည် ကျွန်ုပ်၏အိမ်သို့ အလည်အပတ်လာရာ ဝမ်းမြောက်ဝမ်းသာစွာနှင့် ခရစ်ယန်တရားများကိုဆွေးနွေးကြသည်။ ထိုဆရာကြီးသည် အလွန် လူရေးလူရာ၌ ကျွမ်းကျင်သောသူဖြစ်သည်နှင့် ကျွန်ုပ်၏အလိုဆန္ဒကို ရိပ်မိလေသဖြင့် စိတ်အားထက်သန်စွာနှင့် ပုံတို၊ပါဋ္ဌ်စများကို ပြောသည်က တလှည့်၊ ခရစ်ယန်၏ တရားကို ညှပ်ကာ ညှပ်ကာထည့်သွင်း၍ ဟောပြောလျက် အဆုံးသတ်စကား၊ အားတက်ရန် ပြောသည်မှာ အကယ်၍ ခရစ်ယန်အယူကို ယူခြင်းအားဖြင့် မှားယွင်းသဖြင့် ငရဲခံရဦးမည်ဆိုပါဦးတော့၊ ခရစ်ယန်ဘာသာမှာ ပညာရှိ အများရှိခြင်းကြောင့် ငရဲမီးပူ သက်သာအောင် Óဏ်ဖြင့် စီမံပြုလုပ်၍ ခံရလိမ့်မည်။ ဗုဒ္ဓဘာသာမှာကား ပညာရှိ နည်းသောကြောင့် နိသျှည်းပေးနိုင်မည် မဟုတ်ကြောင်း အားပါးရရ ပြောကြားလေသည်။ ဆရာကြီးကလည်း အပြောသန်၊ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာတရားကို ကောင်းစွာ နားမလည် သော ယောင်တီးယောင်တောင် သမားများ ဖြစ်ကြသောကြောင့် ယခုနေ့နက်ဖန်ခါပင် ကောင်းကင်ဘုံစံပျော်သော ထာဝရဘုရားနှင့် အကျွမ်းတဝင် မျက်မှောက်ထင်ထင်ြွကလာတော့မည်ဟု စိတ်သဘော၌ မှတ်ပိုက်၍ ထိုခရစ်ယန်ဘာသာတရားကို များစွာ နှစ်ခြိုက်မိလေသည်။ ရွှေကျင်မြို့သည် ကျွန်ုပ်၏ချက်မြှုတ်ရာဌာန မဟုတ်သော်လည်း ငယ်ကတည်းက နေ၍လာသောမြို့ ဖြစ်သည်အားလျော်စွာ မိတ်သင်္ဂဟ အလွန်များသည်နှင့် ထိုမိတ်သင်္ဂဟတို့က အလွန်နှစ်မြောသည့် အတွက်ကြောင့် ကျမ်းဂန်တတ် ဆရာကြီးများကို ပင့်ဘိတ်၍ ကျွန်ုပ်ထံ အကြိမ်ကြိမ် လာရောက်ဟောပြောသော်လည်း ထိုဆရာကြီးများသည် ခရစ်ယန်ကျမ်းစာကို မသိမကျွမ်းသည့် အတွက် ပျက်ကွက်အောင် မဟောမပြောနိုင်ခြင်းကြောင့် ကျွန်ုပ်၏စိတ်သဘောကိုပြောင်းလဲအောင်မတတ်နိုင်ကြ။ တနေ့ထက်တနေ့ ခရစ်ယန်ဘက်က အားသန်သဖြင့် တနှစ်ခန့်လောက် စဉ်းစားပြီးလျှင် အမေရိကန် သာသနာပြု ဆရာကြီး ဆရာဟေလ လက်ဖြင့် မိတ်ဆွေသင်္ဂဟတို့ ရင်ပတ်စည်တီး ကမ်းပါးပေါ်က ကြည့်နေကြစဉ် ကျွန်ုပ်နှင့်တကွ ဇနီးမိန်းမပါ နှစ်ခြင်းမင်္ဂလာ ခံယူကြလေသည်။ နှစ်ခြင်းမင်္ဂလာ ခံယူပြီးနောက် အိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် ဗုဒ္ဓဘာသာနှင့် စပ်ဆိုင်သမျှ ညောင်ရေအိုးစင် စာအုပ်များမှ စ၍ ရိုက်ခွဲလွှင့်ပစ်လိုက်ရာ စာအုပ်များကို ဆွေမျိုးများက မျက်ရေကျလျက်ကောက်ယူသွားကြလေသည်။ ထိုနောက် မိတ်ဆွေများသည် ကျွန်ုပ်ကို အလွန်ရွံစရာ ကောင်းသော သတ္တဝါကဲ့သို့ ခပ်ရှောင်ရှောင် နေကြသည့်အပြင်
ကဲ့ရဲ့ ပြစ်တင်စာများ ပေးကြလေသည်။ ကျွန်ုပ်၏ ဘခင်ကလည်း ကျွန်ုပ် နှစ်ခြင်းခံသည်ကို ကြားရ၍ အလွန်စိတ်ဆိုးသောကြောင့် အရှက်ခွဲသော သားတယောက်ဖြစ်၍ သေခမ်း၊ရှင်ခမ်း ဖြတ်လိုက်ပြီ ဟူသောစာကို ရေးပေးသော်လည်း ကျွန်ုပ်သည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိ။ မြေကြီးပေါ်က ဘခင်မချစ်၍ အမွေစား အမွေခံ မဖြစ်ရစေကာမူ ကောင်းကင်ဘုံက ခမည်းတော်ချစ်လျှင် တော်ပြီ၊ လောကီအသရေ၊ ဘဏ္ဍာ ဥစ္စာကို အလိုရှိ၍ လုပ်သည်မဟုတ်၊ ထာဝရဘုရားသခင်ကို ချစ်၍သာ ခရစ်ယန်လုပ်သည်ဟု စိတ်၌ ထင်မှတ်ကာနေပြီးလျှင် အို ကောင်းကင် ဗိုလ်ခြေအရှင်၊ ထာဝရ ဘုရားသခင် အကျွန်ုပ်သည် ကိုယ်တော်အရှင်၏ သိုးစုထည်းသို့ ဝင်သော သိုးတကောင် ဖြစ်ပါသည်။ ကိုယ်တော်အရှင်မြတ်သည် သိုးထိန်းကြီးဖြစ်သည့် အားလျော်စွာ ယခုလမ်းလွဲလျက် ရှိသော အကျွန်ုပ်၏ မြေကြီးသား ဘခင်ကို ကိုယ်တော်၏ သိုးခြံတော်ထည်းသို့ ပါအောင် သွေးဆောင် ခေါ်ယူတော် မူပါမည့် အကြောင်း သားတော်မြတ်သခင် ယေရှုခရစ်၏ နာမတော်မြတ်ကို အမှီပြု၍ ရိုသေစွာ ရှိခိုးအသနားတော်မြတ် ခံပါသည်။ ကျေးဇူးရှင် အဘဘုရားသခင် ဟု ဆို၍ ဆုတောင်းလိုက်လေသည်(ခရစ်ယန်ဘာသာ၌ နှစ်ခြင်းခံပြီးသော သူသည် ထာဝရဘုရား၏သိုးအဖြစ်သို့ ရောက်သည်၊ ထိုအတွက် ကျွန်ုပ်၏ဘခင်ကိုလည်း ကျွန်ုပ်ကဲ့သို့ သိုးတော်ဖြစ်ရအောင်ဆုတောင်းသည်)။ ဤသို့ နှစ်ခြင်းခံယူပြီးသည်မှစ၍ ဗုဒ္ဓဘာသာမှာ နေကြသောသူတို့ကို အလွန်သနားသဖြင့် ထာဝရဘုရား၏ အပြစ်ဒဏ်ခတ်ခြင်းနှင့် လွတ်ရအောင် တွေ့ဆုံသမျှသော သူတို့ကို ခရစ်ယန် တရားဟောပြောလျက် ကာလကိုလွန်စေသည်။ ထိုပြင်လည်း ဗုဒ္ဓဘာသာမှာ နေစဉ်က ငှက်များကို ပစ်ခတ်သော်လည်း ရံဖန်ရံခါသာ ငရဲကို ကြောက်ကြောက်လန့်လန့်နှင့် ပစ်ခတ်ရသည်။ ယခုမှာကား ထာဝရဘုရားသခင်က စားရန်ဖန်ဆင်းထားသော အရာများဖြစ်၍ စိတ်ချလက်ချ ပစ်ခတ်စားသောက်လေသည်။ တခါတရန် ကျွန်ုပ်အထက်က ဥပုသ်စောင့်ဖူးသော ဇရပ်နားကို သီ၍ သေနတ်ကြီးကိုထမ်းလျက် ပစ်၍ရသော ငှက်များကို နောက်လိုက်တယောက်ကို ကိုင်စေပြီးလျှင် ဇရပ်ပေါ်မှာ ဥပုသ်စောင့်၍ ထမင်းငတ်ခံနေကြသော လူများ မြင်သာအောင် တမင် လမ်းရှောက်၍ သွားလေသည်။ ခရစ်ယန်ကျမ်းစာများကို လက်ရှိထားသော်လည်း များစွာမတတ်။ တတ်ရန်လည်း အချိန်မရနိုင်၊ ဆရာကြီးများ ဟောပြောသမျှနှင့်ပင်ကျေနပ်၍နေရတော့သည်။

၎။မိထ္ထီလာမြို့တွင်အိပ်မက်မြင်ခြင်း။

ရွှေကျင်မြို့က အခြား အရပ်များ ရွှေ့ပြောင်းရပြီးနောက် ၁၈၉၃ ခုနှစ်တွင် မိထ္ထီလာမြို့သို့ နယ်ပိုင် ဝန်ထောက် အလုပ်နှင့် ရွှေ့ပြောင်း ထမ်းရွက်ရသည်။ ဤမြို့မှာ ကျွန်ုပ်နှင့် ဂိုဏ်းတူသော အမေရိကန် နှစ်ခြင်းအသင်း တခုရှိ၍ ဝမ်းမြောက်ဝမ်းသာစွာနှင့် တနင်္ဂနွေနေ့တိုင်း မှန်ကန်စွာ ဘုရားရှိခိုးကျောင်းသို့ တက်၍ ဆရာကြီးများနည်းတူ တရားများကို ဟောပြောသည့်ပြင် အထက်နိုင်ငံသည် ဗုဒ္ဓဘာသာဘက်၌ ယုံကြည်သောသူများသည်ဖြစ်၍ ထိုယုံကြည်ခြင်းကို ဖျက်ဆီးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံမှာ အထူးဂရုစိုက်၍ ဆုတောင်းပတ္ထနာ ပြုလုပ်သည်။ ဘယ်အတွက် ဤကဲ့သို့ တောင်းရပါသနည်းဟူမူ မိထ္ထီလာမြို့မှာ ကျွန်ုပ်မရောက်မီက သာသနာပြုဆရာကြီးများကိုယ်တိုင် မြို့ထည်းတွင် တရားဟောရာ ကျောက်ခဲတို့ဖြင့် ပစ်ခတ်သောကြောင့် ကောင်းကောင်းမဟောပြော ရသည့်အတွက် အထူးဆုတောင်းရလေသည်။ နှစ်ပရိစ္ဆေဒလည်း ကြာသည်နှင့် ထာဝရဘုရားသခင်သည် ကျွန်ုပ်ဆုတောင်းသည့်အတိုင်း ကျွန်ုပ် ဘခင်၏ စိတ်နှလုံးကို ပြင်ဆင်ပြောင်းလဲပြီဟု သဘောရ၍ ကျွန်ုပ်၏ဘခင်ထံ အလွန်ရိုသေသော စကားဖြင့် စာတစောင်ရေး၍ လမ်းကောင်းလမ်းမှန်ဖြစ်သော
ခရစ်ယန်ဘာသာသို့ ပြောင်းလဲပါမည့်အကြောင်း ခရစ်ယန်ကျမ်းက သင့်လျော်သော စကားများကို နှုတ်ထုတ် ရေးပေးလိုက်ရာ စာမပြန်ဘဲ ရှိသောကြောင့် အကြောင်းသိလို၍ အခြားသူတို့ စာရေး၍ မေးကြည့်သည့် ကာလ ကျွန်ုပ် ၏ဘခင်သည် ကျွန်ုပ်ထံကစာကိုရ၍ ဘတ်ကြည့်ပြီးလျှင် တခါတည်း မီးရှို့လိုက်ကြောင်း သိရလေသည်။ ညဥ့်တညဥ့်၌ ကျွန်ုပ် အိပ်မက်မြင်မက်သည်မှာ ဝတ်ဖြူစင်ကြယ် ဝတ်လျက်ရှိသော ဘိုးသူတော်တပါးသည် ကျွန်ုပ် ထံသို့ လာ၍ ကျောက်သင်ပုံးတခုကိုပေး၍ ゞင်းသင်ပုံးပေါ်မှာ စာရေးရမည်။ သူက ပြောပေးမည်ဆိုသည်အရ သူပြောသမျှကျွန်ုပ်ကရေးရသည်မှာအောက်ပါအတိုင်းဖြစ်လေသည်။
ညာတိမဇ္ဇေယဓမ္မံ။ယ။စ။သ
ဤသို့ ရေးပြီးသည်နှင့် တပြိုင်နက် လန့်၍နိုးသောအခါ ထိုအိပ်မက်ကို ချက်ခြင်းစာဖြင့် ရေးသားထားလေသည်။ နံနက်လင်းသောအခါ ပုဂ္ဂိုလ်ပညာတတ်တို့အား အိပ်မက်၏အနက် ကို မေးမြန်းစေရာ ကောင်းမွန်စွာ မဖြေဆိုနိုင်ကြ။ ကျွန်ုပ်ကလည်း ထိုအိပ်မက်ကို ဗုဒ္ဓဘာသာဘက်က အိပ်မက်ဟူ၍ အရေးမယူ၊ဂရုမစိုက်ဘဲ နေလိုက်လေသည်။

၅။ ခရစ်ယန်ဇနီးကွယ်လွန်၍ ဗုဒ္ဓဘာသာကို ယုံကြည်သူနှင့် လက်ထပ်ခြင်းအကြောင်း။

မိထ္ထီလာမြို့မှာ နှစ်နှစ်ခန့်ကြာလျှင် ကျွန်ုပ်၏ ခရစ်ယန်ဇနီးကွယ်လွန်လေရာ ဘာသာထုံးစံအတိုင်း သင်္ဂြိုလ်ခြင်းကိစ္စ ပြုလုပ်ပြီးနောက် ကာလအတော်ကြာသောအခါ ကျွန်ုပ်၏ အိမ်ထောင်စုကိစ္စများကို ထိန်းသိမ်း ကြည်ရှုနိုင်မည့်သူကို ရှာဖွေရာ မမကြီးသည် ဗုဒ္ဓဘာသာဖြစ်သော်လည်း အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်မည့် လက္ခဏာရှိ၍ သူနှင့်ပင် ထိမ်းမြား၍ နောက်မှ တဖြည်းဖြည်း ခရစ်ယန်သို့ ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကြောင့် အပါဆွဲတော့မည်ဟုသဘောထားပြီးလျှင်ထိမ်းမြားလက်ထပ်လိုက်လေသည်။ မမကြီးသည် ကျွန်ုပ် ထင်သလောက် သဘောလွယ်ကူသည်မဟုတ်၊ အခြားအရာ၌ ကျွန်ုပ်၏ သဘောထားကို လိုက်စား၍ ပြုလုပ်တတ်သော်လည်း ခရစ်ယန်ဘာသာကို ကျွန်ုပ်က ဟောပြောလျှင် သူကလည်း ပြန်၍ သူ၏ ဗုဒ္ဓဘာသာတရားကို ဟောပြောလေသောကြောင့် စိတ်ခွာ ကိုယ်ပေါင်း တာရှည်စွာ အသင့်အတင့်နေနိုင်ရန် ကျွန်ုပ် ကပင် လက်လျှော့၍ ကတိစကား တဦးနှင့်တဦး ထားကြသည်မှာ တဦး၏ ဘာသာကို တဦးက မနှောင့်ယှက်စတမ်း၊ တဦး၏ ဘာသာနှင့် စပ်ဆိုင်၍ အလှူအတန်း ပြုလုပ်ခဲ့လျှင် တဦးက လစ်လျူရှုစတမ်း စသည်ဖြင့် နှစ်ဦးနှစ်ဖက် သင့်တင့်ရန် စီမံထားကြလေသည်။ ထိုနေ့မှ စ၍ ကျွန်ုပ်သည် သူကို အတည်အလင်း မဟောမပြောသော်လည်း ထာဝဘုရားသခင်၏ ထံတော်မှာ သူ၏အတွက်နှင့် ကျွန်ုပ်ဘခင်၏ အတွက်များကို ဆုတောင်းလျက် နေ့စဉ်မပြတ် ရှိနေပါသည်ကို ဆရာဟေးလကလည်း မကြာမကြာ စာပေး၍ သင်၏မိန်းမသည် ခရစ်ယန် ဖြစ်ပြီလား၊ နှစ်ခြင်းမင်္ဂလာ ခံယူရန် စိတ်ရှိပြီလား ဟုစာရေး၍ မေးမြန်းနေသည်က တဘက် မိထ္ထီလာနယ်ဘက်မှာ မိုးလေဝသ ခေါင်ပါးသောကြောင့် ငတ်မွတ်ခေါင်းပါးခြင်းနှင့် စပ်ဆိုင်သော အလုပ်များသည်က တဌာန၊ အလွန်စိတ်ညစ်သဖြင့် ဆရာဟေးလထံ ပြန်ကြားစာရေးလိုက်သည်မှာ ဆရာကြီးခင်ဗျား ကျွန်တော်၏မိန်းမသည် ခရစ်ယန်ဖြစ်၍ နှစ်ခြင်းခံယူပြီးသည့်နောက်မှ စာရေးပေးပါရစေတော့ ယခုမှာ သူသည် ကျွန်ုပ်တို့သိုးစုထည်းသို့ ဝင်ရန် သဘောမရှိသေးပါ။ သူယုံကြည်သော သူ၏အရှင် ဂေါတမဘုရားကို သူအလွန်ရိုသေသည်။ ဆရာကလည်း ဆုတောင်းပါ။ သူ၏လက္ခဏာမှာ ရုတ်တရက် ရှောင်တခင် ပြောင်းလဲနိုင်မည်
မထင်ပါ စသည်ဖြင့် ရေးသားပေးပို့လိုက်ခြင်းဖြင့် ဆရာဟေးထံမှ နှောင့်ယှက်ခြင်း သက်သာသော်လည်း ကျွန်ုပ် အလကားမနေ။ နေ့စဉ် မမကြီး ခရစ်ယန်ဖြစ်ဖို့ ထာဝရဘုရားမှာ ဆုတောင်းလျက် နေလေသည်။ တခါတရန် အဆင်သင့်သည့်အခါ မမကြီး ကြားနိုင်လောက်သော နေရာက ကျွန်ုပ်တို့ ကိုးကွယ်သော သခင်ယေရှုခရစ်သည် လူတို့၏အတွက် လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံတော်မူ၍ ထိုသခင်၏ အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို့ အပြစ် မှ လွတ်ကင်းကြောင်း ရိပ်မိစေလို၍ အောက်ပါသီချင်းကို သီဆိုလေသည်။

၁။အိုသင့်အပြစ်များတွက်တာကြောင့်မဟုတ်လျှင်
၂။ကိုယ်တော်ဘဲ့ကြောင့်တိုင်ပေါ်ခံမည်နည်း၊
၃။သေခံတော်မူခြင်း၊သင့်ပြစ်ကျွေးမဆပ်လျှင်
၎။နံဘေးမှသွေးဘဲ့ကြောင့်စီးသနည်း။

မမကြီးသည် ဤသို့ဆိုသော သီချင်းသံကို ကြားလျှင် ဥက္ခောင်းကို ညိမ့်လျှက် ပြုံးရယ်ကာ နေလေသောကြောင့် ကျွန်ုပ်၏ စိတ်ထည်း၌ ငါသည် အနည်းနည်းဖြင့် သွေးဆောင်ခြင်းပြုသော်လည်း မတုန် မလှုပ် နေသည်မှာ ထာဝရဘုရားသခင်သည် မမကြီးကို ငါကဲ့သို့ပင် လက်လျှော့လေသလား ဟု ထင်မိလေသည်။

၆။ယောနယ်ဂန့်ဂေါမြို့သို့ရွှေ့ပြောင်းခြင်းအကြောင်း

၁၈၉၈ ခုနှစ်တွင် ကျွန်ုပ်သည် နယ်ပိုင်ဝန်ထောက်အလုပ်နှင့်ပင် ပခုက္ကူဒိစတြိတ် ယောနယ် ဂန့်ဂေါမြို့သို့ ရွှေ့ပြောင်းထမ်းရွက်ရလေသည်။ ဂန့်ဂေါမြို့သည် ပခုက္ကူမြို့က ၁၄၂ မိုင်ကွာဝေးသော တောင်ပေါ်ခရီးလမ်းဖြစ်၍ လှည်နှင့်သွားလျှင် ၁၀ရက်၊ ၁၁ရက် လောက် သွားရသည်။ တောင်ပေါ်ခရီးဆိုသော်လည်း အတော်အတန် ကြီးမားသော တောင်မှာ ပုံတောင်ပုံငြာ ဟူ၍ တောင်နှစ်လုံးသာလျှင် ရှိ၏။ ကျန်သော တောင်များမှာ မဆိုစလောက်ပေ။ ပုံတောင်ခေါ် တောင်၏ထိပ်နားလောက်တွင် မြင့်မောက်သော တောင်ကမ်းပါးရံမှာ ကျောက်လုံး ကြီးများ ရှိကြ၏။ ထိုကျောက်လုံးကြီးများကို ဘောက်ခွဲပြီးလျှင် ဟင်းလင်းပြင် တောင်နခမ်းကို သီတန်း၍ ကြောက်ခမန်းလိလိ လှည်းလမ်းပြုလုပ်၍ ထားသောနေရာကို လွမ်းတောင်ဟု ခေါ်ကြလေသည်။ အဘဲ့ကြောင့်ခေါ်ပါသနည်း ဆိုသော် ဤရပ်ကွက်က အရှေ့ဘက်ကို မျက်နှာမူ၍ တောအထပ်ထပ်တို့ကို ကျော်လျက် ဧရာဝတီမြစ်မ ရှိရာသို့ ကြည့်လိုက်လျှင် မြစ်မ၏ သဏ္ဍန်မှာ ဖြူဖွေးသော ချောင်းငယ်လောက် ကောက်ကောက်ကွေ့ကွေ့ ရှိသဖြင့် လယ်ယာ ကိုင်းကျွန်း သစ်ပင်ကြီးငယ် အသွယ်သွယ်တို့မှာ အချို့သော နေရာက ညို့ညို့မှိုင်းမှိုင်း အချို့မှာ လဟာပြင် အချို့တွင် စိမ်းစိုစို။ အချို့ကား ဝါဖြော့ဖြော့အရောင်တို့ဖြင့် မှိုင်းရီ မှောင်ရှက်သန်းလျက် လွမ်းဆွတ်စဘွယ် မြင်ရသည့်ပြင် မိမိရပ်နား၍နေသော ဒေသ၏ ပတ်ဝန်း ကျင်မှာလည်း ဝါးရုံ သစ်တော စသည်ဖြင့် ထူထပ်ပိတ်ဆီးလျက် ကြက်သီးထခမန်း ဆိပ်ငြိမ်လေရာ အလွန်ချစ်လှစွာသော သားမယားတို့ကို ခွဲခွါ၍ မလွဲစသာ လာကြရသော သူတို့သည် အူသဲလှိုက်ဖို ငိုတတ်သောကြောင့် လွမ်းတောင်ဟု သမုတ်ကြသည်။ ဤအရပ်မှ ၆ ရက်လောက်သွားမှ ဂန့်ဂေါမြို့သို့ဆိုက်ရောက်သည်။
ဂန့်ဂေါအရပ်သည် အလွန်ဖျားတတ်သည်ဖြစ်၍ အစိုးရအရာရှိများမှာ မိုးအခါ၌ နယ်လှည့် မသွားရဘဲ အိမ်မှာ ငြိမ်ဝပ်စွာ နေရန် အခွင့်ပြုထားသည်။ ဤမြို့မှာ ဈေးရုံ ဈေးတန်းဟူ၍ မရှိ။ အစိုးရက ဈေးရုံ ဆောက်ပေးသော်လည်း အသုံးမပြုကြ။
ကြက်သတ္တဝါတို့မှာ အလွန်ပေါများ၍ ငွေဒင်္ဂါးတကျပ်ပေးလျှင် ၉ကောင်၊၁၀ကောင်လောက် ရသည်။ ကျွန်ုပ်၏ စိတ်ကြိုက်နှင့် အလိုက်သင့်တွေ့ရကား ကြက်များစွာကို ဝယ်၍ ခြံကြီးနှင့် လှောင်ထားပြီးလျှင် ပါဏာတိပါတကံသည် လူကိုသတ်မှ ဖြစ်သည်ဟု ကျွန်ုပ်က ဟောပြောသော တရားကို နှစ်သက်သဘောကျသူ ယောသားရှင်အောင်မြတ်ကို ကြက်ထောင်မှူး ခန့်ထားလိုက်သည်။ ကျွန်ုပ် ဂန့်ဂေါမှာနေသည့် အတွင်း ရှင်အောင်မြတ်သည် အားလပ်ခွင့် ဘယ်တော့မျှမရချေ။ ဂန့်ဂေါနယ်မှာ ယောလူမျိုး၊ တောင်သားလူမျိုး၊ ချင်းလူမျိုး ဟူ၍ သုံးမျိုးရှိကြရာ ယောလူမျိုးက အများဆုံးဖြစ်သည်။ ယောလူမျိုးများမှာ တဦးကို တဦးက စုံးဟူ၍ ထင်မှတ်ကြသဖြင့် လူသေလျှင် စုံးပြုစား၍ သေသည်ဟုသာ ထင်မှတ်တတ်ကြသည့်အတွက် ယောနယ်မှာ စုံးပေါသည် ဟု ပြောစမှတ်ပြုကြ၏။ စင်စစ်သော်ကား စုံးအတတ်ကို တတ်သောသူ အလွန်နည်းကြောင်း ကျွန်ုပ် သေချာစွာ စုံစမ်း၍ သိရှိရသည်။ ယောအရပ်၌ သာ စုံးတို့နတ်တို့ မန္တန် အစရှိသည် တို့ကို အယူရှိကြသည်မဟုတ်ပေ၊ အရပ်ရပ်သော တိုင်းနိုင်ငံတို့မှာပင် အယူရှိကြ၏။ ဥရောပတိုက်မှာလည်း ထိုအယူမလွတ်ကင်း။ စုံးတို့ နတ်ဆိုးတို့၏အကြောင်း ခရစ်ယန်တို့၏ သမ္မာကျမ်းစာ၌ ပါရှိသည့်အပြင် အခြားသော စာအုပ်တို့၌ စုံး၊နတ်၊တစ္ဆေအကြောင်းမှ စ၍ စတိလုပ်ပုံ၊ယတြာပြုပုံ၊ ဓါတ်ပြန်ရိုက်ပုံနှင့် အလားတူဖြစ်သောနည်းများ ပဉ္စပွတ်၊ဆပွတ်၊ရက်ပုတ်၊ရက်ရာဇာ ရွေးသောနည်းများနှင့် အလားတူ၊နည်းများ ပါရှိလေသည်။ ထိုပြင် မျက်နှာပွင့်ဆေးများ လုပ်နည်းကိုင်နည်းမှစသော အကြောင်းများပါရှိသော စာအုပ်များလည်း ရှိရာ ဥရောပတိုက် အရပ်ရပ်သော မြို့ရွာတို့၌ ယုံကြည်မှတ်ထင်ကြကြောင်း များစွာ ထင်ရှားလေ၏။( ဤအကြောင်းကို ရေးခြင်း၌ ကျွန်ုပ်ယုံကြည်၍ ဖြစ်စေ သူတပါးအား ယုံကြည်စေလို၍ဖြစ်စေ ရေးသည်မဟုတ်၊ သို့သော်လည်း လောက၌ မြန်မာလူမျိုးများသာမဟုတ် အရပ်ရပ်သော လူမျိုးများလည်း အယုံအကြည် ရှိကြကြောင်း ပြလို၍ ရေးလိုက်သည်)။

၇။ ထီးလင်းမြို့ဗိုလ်တဲတွင်စိတ်ထည်း၌ဒွိဟဖြစ်ခြင်းအကြောင်း

တနေ့သ၌ ကျွန်ုပ်သည် ဝတ္တရားရှိသည့်အတိုင်း ထီးလင်းမြို့သို့နယ်လှည့်သွား၍ ဗိုလ်တဲပေါ်မှာ ထိုင်နေစဉ် မနီးမဝေးသော ပုလိပ်ဂါတ်တန်းက ကလေးငိုသံကို ပြင်းပြစွာ ကြားရသဖြင့် မြို့အုပ်မင်းနှင့် ရာဇဝတ်အုပ် တို့သည်လည်း အနားကရှိသည်နှင့် အကြောင်းကို မေးမြန်းရာ ရာဇဝတ်အုပ်က ပြန်ပြောသည်မှာ ၄င်းကလေး၏မိခင်သည် ကလေးကို မျက်နှာမြင်ပြီးနောက် ၁၅ ရက်လောက်မှာ သေဆုံးကြောင်း ကလေး၏အဘသည်လည်း ပခုက္ကူမြို့ ပုလိပ်ကျောင်းသို့ သွားရာ ယခုမပြန်ရသေး၍ ဂါတ်တမ်းမှာ ရှိကြသော မိန်းမများက တတ်နိုင်သလောက် ကြည့်ရှုကြရာ နို့မဝသည်နှင့် ငိုယိုကြောင်း ပြောပြသောအခါ ကျွန်ုပ် စိတ်၌ ဖြစ်ပေါ် လာသည်မှာ ငါတို့၏ သမ္မာကျမ်းစာ၌ ထာဝရဘုရားသခင်သည် လူကို ဖန်ဆင်းကြောင်း လူတို့၏သေခြင်းမှာလည်း ထာဝရ ဘုရားသခင်က ခေါ်တော်မူကြောင်း ထိုပြင် သခင်ယေရှုခရစ်သည် ဤလောကသို့ လူ၏သဏ္ဍန်ကိုယူ၍
ကြွလာတော်မူသောအခါကလည်း ကလေးသူငယ်များကို များစွာ ကရုဏာရှိကြောင်း၊ ကရုဏာရှိရန်လည်း ဟောပြောသည်ဖြစ်ပါလျက် ထာဝရ ဘုရားသခင်ကသော်ゞင်း။ သားတော်မြတ်ကသော်ゞင်း။ သန့်ရှင်းသော ဝိÓဏ်တော်မြတ်ကသော်ゞင်း။ ဤကလေး၏ ဒုက္ခကို မကယ်ကြပါတကား။ ထာဝရဘုရားက ကလေး၏မိခင်သည် လောကီသားဖြစ်၍ ခေါ်တော်မမူဘူးဆိုလျှင်လည်း လူတို့၏ အသက်ရှင်ခြင်းနှင့်သေခြင်းသည် ထာဝရဘုရား၏ လက်တော်၌ ရှိသည်ဖြစ်၍ ကတိတော်အတိုင်း ကလေးများကို သနားတော်မူပါလျှင် ကလေး လူလားမြောက်အောင် ゞင်းအမိကို ထားသင့်သည်။ ゞင်း၏အမိကို အလိုတော်ရှိ၍ ခေါ်တော်မူလျှင်လည်း ゞင်း၏အဘ ပခုက္ကူမှ ပြန်ရောက်အောင် ဆိုင်းသင့်သည်။ထာဝရ ဘုရားဟူသော ပုဂ္ဂိုလ်သည် အမှန်ပင် မရှိလို့လား၊ ငါတို့ကျောင်းတက်၍ သီချင်းဆိုရာ၌
သူငယ်တို့ငါထံ၊လာပါလေစေ။ ယေရှုခရစ်သည်၊မိန့်တော်မူပေ၊
ဟူ၍ ဆိုသောသီချင်းသည် အလကားလုပ်၍ ထားသောအရာ ဖြစ်သလား။ ဗုဒ္ဓဘာသာက ဟောပြောသော ဖြစ်တတ် ပျက်တတ်သော သင်္ခါရသဘောတရားဟု ဆိုသော စကားကပင် မှန် လိမ့်မည်လောဟု တွေးတောမိသော်လည်း တပည့်တော် အချင်းချင်း ဆွေးနွေးရန် မရှိ၍ မပြောဘဲ နေရလေသည်။(ခရစ်ယန်တို့သည် မိမိတို့၏ အချင်းချင်းကို တပည့်တော်ဟုခေါ်ကြ၍အခြားလူများကိုကားလောကီသားဟုခေါ်တတ်ကြသည်။) ခရစ်ယန်များသေသည့်အခါ ထာဝရဘုရားသခင် ခေါ်တော်မူသည်ဟု ထင်တတ်ကြ၏။ တယောက်နောက်-တယောက် ကိုယ်တော်ခေါ်မူလျှင် အစရှိသော သီချင်းနှင့် ဘေးမဲ့ယေရှု ရင်ခွင်၌ အစရှိသော သီချင်းတို့ကို ထောက်လေ။ဤသို့ တခဏမျှ စိတ်ဒွိဟဖြစ်သော်လည်း ပြေပျောက်၍ ထာဝရဘုရားကို စိတ်အားထက်သန်စွာနှင့် ဆည်းကပ် ကိုးကွယ်မြဲ ကိုးကွယ်လေသည်။ထီးလင်းက ဂန့်ဂေါသို့ ပြန်လာရာ တောင်သားများ နေထိုင်သော ရွှေခုန်တိုင်ရွာနားသို့ သီ၍ သွားရသည်။ တောင်သားလူမျိုးတို့သည် မသာများကို မီးသင်္ဂြိုလ်သော ထုံးစံအတိုင်း ထိုရွာနားသို့ ကျွန်ုပ် ရောက်သည့် အခါ လမ်းနှင့် မနီးမဝေးတွင် ယခု ပင် မီးသင်္ဂြိုဟ်၍ ပြီးသော အရိုးနှင့်ပြာပုံအနား၌ တံစူးဝါးတို့ကို မြင်လေလျှင် ကျွန်ုပ် သည် ရပ်တန့်၍ ကြည့်နေခိုက် ရှေးကထင်မြင်ဘူးသော အရိုးစုကမ္မဋ္ဌာန်းသည် အာရုံထင်လာ၏။ ထိုနောက် ကိုယ့်ကိုယ်ကို ခရစ်ယန်ဖြစ်ကြောင်း မဆင်ခြင်မိဘဲ မေ့လျော့ပြီးလျှင် အထက်က ရဖူးသော ကမ္မဋ္ဌာန်းကို နှုတ်ကြွမက်ဆိုရေရွတ်မိသည်မှာ (မီးလောင်တိုက်ထဲ တစူးစွဲလျက် ညှင်းဆဲရမြိုက် မီးပြင်တိုက်၍ ဆိုက်ဆိုက်သင်္ဂြိုလ် ငါ၏ကိုယ်သည် အိုအိုအနိစ္စ သင်္ခါရဟု ကျေမွပျက်ဆွေး၊ မီးသွေးနှင့်ပြာ များစွာသဘော အရောရောကို တွေးတောသမှု ဆင်ချင်ရှုသော် တခုမမြဲ သံသာဝဲ၌ ဖြစ်မြဲမုချ စိုးမရသည်၊ အနိစ္စဟူသည် ခန္ဓာကိုယ်) ဤကမ္မဌာန်းကို ယခုတကြိမ် ရွတ်ရခြင်းသည် အထက်ထက်က ရွတ်ရသည်နှင့်မတူ ကွက်ကွက် ကွင်းကွင်း ဥာဏ်အား ထင်သဖြင့် မြင်းကို ဆက်လက်မောင်းနှင်၍ ခရီးကို နှင်သော်လည်း စိတ်၌ ပျော်ရွင်ခြင်းများစွာမရှိ စကားလည်း မပြောဆိုလို။ လူတို့၏ မမြဲသော အဖြစ်ကိုသာလျှင် စဉ်းစား၍ မာနထောင်လွား မကောင်းမှုတို့ကို ပြုတတ်သောလူတို့သည် မီးရှို့ခြင်းကိုသော်ゞင်း။ မြေ၌ မြှုပ်ခြင်း ပိုးလောက်တို့၏ အစာဖြစ်ခြင်းသို့ゞင်း ရောက်ရန် တနေ့ထက် တနေ့ နီးကပ်လာကြသည်ကိုမျှ ဂရုမထားကြပါတကား ဟု တွေးတောပြီးလျှင် ထာဝရဘုရားနှင့် သင်္ခါရတရားတို့ လုငြင်းကြရာ ထာဝရဘုရား မဖန်ဆင်းဘဲလူမဖြစ်နိုင် ဟု စူးစိုက်လျက် ရှိနေသော သဘောက အားကြီးခြင်းကြောင့်သင်္ခါရတရားကအရှုံးပေးရလေသည်။
သုံးဆယ်မြို့ ဆရာကြီးက ရှင်ကြီးဂေါတမသည် သူမပိုင်သောကြောင့် အသက်များကို မသတ်ရ ဟု ပြောရရှာသည်။ ကျွန်ုပ်တို့ ဘုရားကဖြင့် မောင်ရေ့ ဖန်ဆင်းနိုင်၍ သတ်ဖြတ်စားရန် အခွင့်ပေးထားကြောင်း ပြောသည့်စကားသည် ကျွန်ုပ်၏ စိတ်၌ စွဲမြဲလျက်နေလေသည်။

၈။ မမကြီး၏မေတ္တာကြောင့်ငှက်သတ္တဝါများအသက်ဘေးမှချမ်းသာခြင်း

ယောအရပ်သည် ဆောင်းဥတုအခါ ကျရောက်လျှင် တောတောင် ကုန်းတန်းရလျှိုရိုးတို့သည် အလွန်သာယာ၍ တောကြက် တောငှက်မှစ၍ တောတိရစ္ဆာန်များ အလွန်ပေါများသောကြောင့် သေနတ်ပစ် ဝါသနာပါသောသူတို့ အလွန် ပျော်မွေ့ဘွယ် ကောင်းလေသည်။ ကျွန်ုပ်သည်လည်း သေနတ်ပစ်ဝါသနာပါသောသူဖြစ်၍ နံနက်တိုင်း လှည့်ပတ်၍ ပစ်ခတ်သည်သာမက နယ်လှည့်သွား သောအခါတို့၌ ယမ်းတောင့်များစွာကို ယူသွားလေ့ရှိ၏။ ဂန့်ဂေါမြို့က ခရီး၆၈ မိုင်ကွာဝေးသော အရပ်မှာ ညောင်ပင်ကြီး တပင်ရှိရာ ထိုညောင်ပင်ကြီးပေါ်မှာ ဆောင်းကာလသောအခါ နံနက်နေစာလှုံ၍နေကြသော ငူငှက် ဟုခေါ်ကြသော မယ်ဇယ်ငှက် အများအပြားရှိတတ်သည်။ထိုညောင်ပင်သို့ နံနက် ၉ နာရီခန့်အချိန် နယ်လှည့်ရာက အပြန် ကျွန်ုပ် တို့ ရောက်သောအခါ များစွာသော ငှက်တို့သည် အချို့ကား အိပ်လျက် အချို့က ညောင်ကိုင်းပေါ်မှာ ငြိမ်သက်စွာ နားလျက်နေသည်ကို ကျွန်ုပ် မြင်လျှင် တခါတည်း လှည်းပေါ်က ခုံဆင်း၍ ပစ်မည်လုပ်ရာ မမကြီးကလည်း လှည်းပေါ်မှာ ပါလာသဖြင့် အတန်တန် တားသော်လည်း မနေ၊ ငါတို့၏ ထာဝရဘုရားက ငါတို့စားရန် ဘန်ဆင်း၍ထားသော ဟင်းသီး ဟင်းရွက်ကလေးများအတွက် မင်းက သည်လောက် အရေးမပြုပါနှင့် ကျွန်ုပ်က ပြန်ပြောလိုက်သည်။ ထိုအခါ မမကြီးက တား၍ မရလျှင် ပစ်ပါတော့ သို့သော်လည်း ထိုသနားစရာကောင်း၍ ပျော်ပါးစွာနေသော ငှက်များအတွက် ပရိတ်မေတ္တာပြု၍ ဆုတောင်းပါရစေဦးဟု ဆိုပြီးလျှင် သူဆုတောင်းနေခိုက်ကျွန်ုပ်သည်အတော်ပင်သည်းခံလျက်စောင့်ဆိုင်းနေရသည်။ သူဆုတောင်း၍ပြီးသည်နှင့် တပြိုင်နက် နံပါတ် ၄ စရိတ်များစွာ ထည့်၍ထားသော ယမ်းတောင့်ကို သေနတ်ထည်းသို့ သွတ်သွင်းပြီးလျှင် ဆုတောင်းမေတ္တာ ပြုသောသူအား သည်တခါ ငှက်သားဝအောင် ကျွေးတော့မည်ဟု စိတ်တည်းက ကြံ၍ အနိမ့်ဆုံးအကိုင်းပေါ်မှာ စု၍နားနေကြသော ငှက်တို့ကို ချိန်ရွယ်ပြီးလျှင် ပစ်လိုက်လေသည်။ ငှက်များနားသော ညောင်ကိုင်း ညောင်ရွက်တို့သည် ကျေမွကျိုးပဲ့၍ အပိုင်းပိုင်း ပြတ်၍ကျသော်လည်း ငှက်တကောင်မျှ မကျသည်နှင့် ငှက်များသည် ဒဏ်ရာရလျှက် မသေဘဲ ပျံသွားကြသည်အထင်နှင့် ညောင်ပင်အောက် တလင်းပြင်နှင့်အနီးအနားရှိ သစ်ပင်အောက်တို့မှာ လိုက်လံရှာဘွေရာ သွေးပေါက်၊သွေးစ တစက်မျှ မတွေ့သည့်ပြင် ငှက်မွေးငှက်တောင် တပင်မျှ ရှာမရသောကြောင့် ကျွန်ုပ် နှင့်တကွ ကျွန်ုပ် အနားက ငှက်ကောက်ရန် စောင့်နေကြသော ယောသား ပြာတာများပါ အံဩခြင်း ဖြစ်ကြသည်။ ကျွန်ုပ် သည် သေနတ်ပစ်ခြင်းအတတ်၌ တဘက်ကမ်းခတ် မတတ်မြောက်သော်လည်း အတော်အတန်အလေ့အကျင့် ရှိခြင်းကြောင့် ခါတိုင်းသော နေ့တို့၌ အလွန်မြင့်မားသော သစ်ပင်ဖျားမှ နား၍နေသော တကောင်တည်းသော ငှက်ကိုပင် ထိမှန်ဘူးသည်မှာ များလှပြီ။ ယခု ငှက်တကောင်မျှ မကျသည်မှာ ဗုဒ္ဓဘာသာ၏ ပရိတ်မေတ္တာ ဘာဝနာသည် အတော်ပင် စူးရှပါ၏တကားဟု စိတ်ထည်း၌သာ မှတ်ယူထားလိုက်ရသည်။

၉။ သနားစရာမောက်တင်ငှက်၏အကြောင်း

မိုးဥတုအခါ ဂန့်ဂေါမြို့၏အရှေ့ဘက်နား လယ်ကွက်များ၌ ရေများစွာ ရှိတတ်သည်။ ထိုရေကွက်ထည်းများမှာ အစာရှာစား ပျော်မြူးရန် မောက်တင်ငှက်ခေါ် ရေဝမ်းဘဲတို့ လာတတ်ကြ၏။ ゞင်း၏သဏ္ဍန်မှာ ဟင်္သာလောက်ရှိ၍ အမွေးအတောင်မှာ အတော်ပင် လှပ သဖြင့် နှုတ်သီးရင်းနားမှာ ဂုံညင်းသဏ္ဍန် ဝိုင်းစက်၍ မာကျောသော အမောက် ရှိသည်။ တနေ့သ၌ ယောသား ရှင်ကျော်လှဆိုသူသည် ကျွန်ုပ်တို့ စားရန်အတွက် ゞင်းဝမ်းဘဲများကို သွား၍ပစ်ခတ်ရာ ဝမ်းဘဲတကောင် သေနတ်ထိမှန်လေသည်။ ကျန်ရှိသော အဖေါ်နှစ်ကောင်တို့သည် ထွက်၍မပြေးဘဲ ဒဏ်ရာရရှိနေသော ဝမ်းဘဲကို အတောင်တို့ဖြင့် ထူမ ၍ ယူနေကြသည်ကို ရှင်ကျော်လှက ထပ်မံ ပစ်မည်ပြုရာ ကျွန်ုပ်က အဝေးက မြင်သဖြင့်အမှတ်သညာပေး၍မပစ်ရန်တားမြစ်လိုက်လေသည်။ ထိုနောက် ဒဏ်ရာရရှိနေသော ဝမ်းဘဲသေသောကြောင့် အိမ်သို့ ယူလာသည်ကို အဖေါ်နှစ်ကောင်တို့သည် ကောင်းကင်က ပျံဝဲလျက် သနားစဘွယ် ဟစ်အော်၍ အိမ်နားသို့ အရောက်လိုက်လာလေသည်။ ထိုအချင်းအရာကို မြင်လျှင် ကျွန်ုပ်၏ စိတ်ထည်း၌ ပေါ်လာသည် မှာ ရွှေကျင်မြို့အပိုင် ဘောကထာခေါ် ရွာငယ်တခုတွင် ညဥ့်သန်းခေါင်အချိန်လောက်၌ ရင်ပတ် နာ၍ မီးလှုံရန် မီးဖိုဆောင်သို့ သွားသော မိန်းမတယောက်ကို ကျားတကောင်သည် ချီယူ၍ အိမ်နှင့်မနီးမဝေတွင် ကြွက်ကို ကြောင်များ ကစားသည့်နည်းတူ ကစားနေသည့်အခါ ထိုမိန်းမ က ဟစ်အော်၍ မိမိမသေသေးပါ။ လာပါ ကယ်ပါဟု လင်ဖြစ်သူကို ပြောသော်လည်း မိုက်ရိုင်းရက်စက်သော လင်က သနားကရုဏာ မသက်သကဲ့သို့ အိမ်ထက်၌သာ တိတ်ဆိတ်စွာ ပုန်းကွယ်နေလေသဖြင့် တအော်အော်နှင့် တောနက်ရာသို့ ထိုမိန်းမ ပါရှာရလေသည်။ ဤမောက်တင်ငှက်တို့မှာ တိရစ္ဆာန်ဖြစ်ပါလျက် ရန်သုကြီး၏ ရှေ့မှောက်၌ မကြောက်မရွန့် စွန့်စွန့်စားစား ပြုလုပ်သည်မှာ ထိုထိမှန်သော မောက်တင်နှင့် မည်သို့တော်စပ်သည် မသိ။ မိမိ တို့၏ အသက်ကို မငဲ့ကွက်ဘဲ ရဲစွမ်းသတ္တိ ရှိ၏တကားဟု အလွန်သနားသဖြင့် ゞင်း၏အသားကို မစားသည့်ပြင် ငါ၏ဘုရား ဖန်ဆင်းသော ဟင်းရွက်၊ဟင်းသီးပင် ဖြစ်သော်လည်းနောင် ဤငှက်မျိုးကို ဘယ်တော့မှ မပစ်ရဟု တားမြစ်လိုက်သည်။

၁၀။ သည်းထံစွာဖျား၍ဘုရားမှာဆုတောင်းခြင်း

ဂန့်ဂေါမှာနှစ်နှစ်ကျော် ကြာသောအခါ ကျွန်ုပ်သည် တနေ့၌ ငှက်ပစ်ရာက ပြန်လာလျှင် အသည်းအသန်ဖျားရာ ၂၇ ရက်တို့ပတ်လုံး အဖျားမကျဘဲ သွေးဒီဂရီမှာ ၁၀၃ မှသည် ၁၀၅ အထိ ဆုတ်လျက် တက်လျက်သာ နေလေသည်။ ထိုအခါ ဆေးရုံလက်ထောက် ကုလားဆရာဝန်ကလေးက ကျွန်ုပ်၌ စွဲကပ်သောအဖျားသည် အင်္ဂလိပ်ဘာသာအားဖြင့် တိုက်ဖိုက်ခေါ်ကြောင်း ゞင်းအဖျားကို ကုသရ ခက်ခဲကြောင်း စသည်ဖြင့် ကျွန်ုပ် ကျန်းမာဦးမည် ကို မြှော်လင့်ရန် မရှိကြောင်း စကားရိပ်ပေးသဖြင့် ကျွန်ုပ်၏ စိတ်အကြံဖြစ်သည်မှာ ငါသည် အကယ်သေအံ့။ ငါယခု ယုံကြည်သော ဘာသာသည် မှန်လျှင်ကောင်းပေလိမ့်မည် မမှန်ဘဲ တိမ်းလွဲခဲ့သော် ငရဲဘေးနှင့် ကင်းလွတ်ဘို့ ခက်ပါတကား ဟု အောက်မေ့မိလေသည်။ ဤသို့ ဖြစ်နေစဉ်ပင် အစာအာဟာရကလည်း မဝင်၊ ၂၇ ရက်တို့ပတ်လုံး မအိပ်ရသည်က တခြား၊ထိုကြောင့် အလွန်အားနည်းလျက် ရင်ဝမှာ မီးနှင့်ရှို့သကဲ့သို့ မခံမရပ်နိုင်အောင် ပူလောင်ရာ ငါသည် နံနက်မလင်းမီ သေရတော့မည် ဧကံဘဲဟု စိတ်ထည်း၌ ဖြစ်နေသည်တွင် မမကြီးက ပြောသည်မှာ ကုလားဆရာပင်
လက်လွတ်သော်လည်း မြန်မာဆရာကောင်းများလည်း ရှိပေလိမ့်မည်။ မြန်မာဆေးကို စားပါဟု ပြောဆိုတောင်းပန်လျှင် မြန်မာဆေးကို ယုံကြည်ခြင်း မရှိသော်လည်း အားနာ၍ သဘောတူလိုက်ရလေသည်။ ထိုအခါ ဦးရဲအောင် ဆိုသူ အသက် ၇၀ အရွယ်ရှိ ဆရာကြီးကို ပင့်၍ ရောက်လာလျှင် သူ၏ဆေးကို မစားမှီ သူ၏ သတ္တိကို သိလို၍ ကျွန်တော်ရင်ဝက အပူကို ဧအောင် တတ်နိုင်ပါမည်လား ဟု မေးလိုက်သောအခါ ဆရာကြီးက ချက်ချင်းပင် တတ်နိုင်ကြောင်းရဲရဲတင်းတင်းပြောသည်နှင့်သူ၏ဆေးကိုသောက်လိုက်သည်။ ဆေးသောက်ပြီးနောက် ငါးမိနစ်ခန့်တွင် ရင်ဝက အပူသည် ဧ၍ အတော်အတန် သက်သာခွင့်ရသော်လည်း ၂၇ ရက်မအိပ်ရသည်နှင့် လူတို့၏Óဏ်ဖြင့် ပြုသော်လည်း ဆဲ့ငါးမိနစ်ခန့်မျှ အိပ်မပျော်၊ ထာဝရဘုရားထံမှာ အတန်တန် ဆုတောင်းသော်လည်း အကျိုးမပေါ်သောကြောင့် ကျွန်ုပ်၏ဇနီး မမကြီးကို ကျွန်ုပ်က ငါ ဆဲ့ငါးမိနစ်ခန့်မျှ အိပ်ပျော်အောင် မင်းတို့ကိုးကွယ်သည့် ရှင်ဂေါတမထံ ဆုတောင်း၍ ပေးနိုင်ပါမည်လား ဟုမေး သောအခါ မမကြီးက အကယ်၍ သူ ဆုတောင်းသည့် အတိုင်း အိပ်ခွင့်ရပါလျှင် ဗုဒ္ဓဘာသာတရားကို စဉ်းစားပါမည်ဟု ကျွန်ုပ်ထံက ကတိစကားကို ရှေးဦးစွာ တောင်းဆိုပြီးမှ ကျွန်ုပ်အိမ်၌ကလည်း ရုပ်ထု၊ဆင်းထုတော် မရှိသည်နှင့် အရှေ့ဘက်ကို မျက်နှာမူလျက် ပန်း၊ရေချမ်းတို့ကို သန့်ရှင်းစင်ကြယ်စွာ တည်ခင်းပြီးလျှင် မိမိကိုးကွယ်သော ဘုရားကို ရှစ်ခိုး၍ သရဏဂုံ၊ ပဉ္စသီ တို့ကိုခံယူ ဘုရား၏ဂုဏ်တော်တို့ကို ရှိခိုးနေစဉ် ကျွန်ုပ်သည် အိပ်ပျော်၍ သွားလေရာ မမကြီးသည် ဘုရားရှိခိုးပြီး ကျွန်ုပ်၏ အနားမှာ လာ၍ထိုင်သည့်ကာလမှ နိုး၍ နာရီကို ကြည်လိုက်လျှင် တဆဲ့ငါးမိနစ်အတွင်း ကျွန်ုပ်သည် နှစ်ခြိုက်စွာ အိပ်ပျော်ကြောင်း သိရ၍ အလွန်ကျေးဇူးတင်ပါသည် ဟု ပြောလိုက်သည်။ မမကြီးကို မပြောဘဲ စိတ်ထည်းက ထင်မှတ်သည်မှာ သူ၏ဘုရားသည် ငါတို့၏ထာဝရဘုရားဖန်ဆင်းသော သူက ပေါက်ဖွားသော ပုဂ္ဂိုလ်ဖြစ်ပါလျက် ဘယ်အတွက်ကြောင့် တန်ခိုးထင်ရှားအောင် ပြနိုင်ပါသလဲ နောက်အခါ အရေးပေါ်လာလျှင် ငါ၏ထာဝရဘုရားထံမှာ မရရအောင် ငါတောင်းဦးမည်ဟု အားခဲနေလေသည်။

၁၁။ အဖျားသက်သာ၍ပခုက္ကူမြို့သို့ဆင်းသွားရာလမ်းခရီး၌ဖြစ်ပျက်သောအကြောင်းများ

မမကြီးက ဆုတောင်း၊ဦးရဲအောင်ကလည်း ဆေးကုသဖြင့် ကျွန်ုပ်သည် တနေ့တခြား သက်သာလာ၍ အိမ်ခမ်းထည်းမှာ အနည်းငယ် လမ်းရှောက်နိုင်သော်လည်း လက်ကို ကောင်းစွာ အသုံးမပြုနိုင်သေး၊အစိုးရနှင့် စပ်ဆိုင်သည့် စာများကို လက်မှတ်ထိုးရန် ရှိသည့်အခါ ကျွန်ုပ်၏လက် ကို လူတယောက်က ယူမ၍ စားပွဲသို့ တင်ပေးရသည်။ ထိုကဲ့သို့ ကြောင်ခြစ်သည်နှင့်တူသော လက်မှတ်ပါရှိသည့် စာများသည် မင်းကြီးထံသို့ ရောက်ရှိသည့် အခါ ထိုမင်းကြီးသည် ကျွန်ုပ်နှင့် အထက်ကသိရင်းစွဲဖြစ်၍ သနားသောစိတ်ဖြင့် မောင်မင်း အလွန်နာလျှင် မြို့အုပ်သို့ ရုံးလွှဲ၍ပခုက္ကူမြို့သို့ဆင်းသွားတော့ဟုသံကြိုးစာဖြင့်အမိန့်ပေးလိုက်လေသည်။ ကျွန်ုပ်၏ အခွင့်စာမထွက်သေးသော်လည်း မင်းကြီးအမိန့်အရ မြို့အုပ်ကို ရုံးလွှဲ၍ ဂန့်ဂေါမြို့မှ ထွက်လာရာ လမ်းလာရင်းပင် ကျွန်ုပ်သည် အတော်အတန် ကျန်းမာလာသဖြင့် ပေငါးဆယ် တရာလောက် စသည်ဖြင့် သွားလာနိုင်လျှင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းလျက် သားတော်မြတ်နှင့် သန့်ရှင်းသော ဝိဥာဏ်တော်တို့ကို ထောမနာပြု၍ ဘာသာသီချင်းကို တလမ်းလုံး သီဆိုခြင်းဖြင့် ဝမ်းမြောက်ဝမ်းသာ ပြုရာ မမကြီးက ကန့်ကွက်သည်ကို
အလေးမပြု ဂရုမစိုက်လေ။ ဤသို့ လာခဲ့ကြရာ ဂန့်ဂေါမြို့က ခြောက်ရက်ခရီးကွာဝေးသော အညာဗန်းရွာစခမ်းသို့ ဆိုက်ရောက်လျှင် ကျွန်ုပ်၏ဝေဒနာသည် ပြန်တက်လာသောကြောင့် လှည်းပေါ်က လူပွေ့၍ ဗိုလ်တဲသို့ တင်ရလေသည်။ ရောဂါသည် အလွန်ဖိစီးသဖြင့် သည်တခါ ငါဧကံ သေရတော့မည်။ မင်းတို့၏ ဘုရားထံမှာ သည်တကြိမ် ဆုတောင်းပါဦး ငါကျန်းမာခဲ့လျှင် ပခုက္ကူမြို့သို့ ရောက်သည့်ကာလ ဗုဒ္ဓဘာသာတရားကို အမှန်ပင် ဆွေးနွေးမေးမြန်းပါမည်ဟု မမကြီးကို ပြောဆိုသည့်အရ မမကြီးသည် ထုံးစံအတိုင်း ဆုတောင်း ပတ္ထနာပြုပြီးလျှင် နေ့လည်အချိန်ခေတ္တ အိပ်ပျော်သွားသည့်အခါ ကျွန်ုပ်တို့တွင် ပါလာသော ဆေးများအနက် မည်သည့်ဆေးကို တိုက်ရမည်ဟု အိပ်မက်မြင်လေလျှင် ထိုဆေးကို တိုက်ရာ ကျွန်ုပ်သည် အသက်သာကြီး သက်သာ၍ လာလေသည်။ သို့ပါသော်လည်း အစာ အဟာရ မဝင်သေး၊ စားရန် ဓါတ်စာကလည်း နွားနို့ချက်နှင့် ငှက်ပျောသီးခြမ်းမီးဘုတ်၊ ထိုပြင် ဘူးသီးဟင်းချိုနှင့် ထမင်းများ ဖြစ်လေရာ၊ ဘူးသီးကုန်သွားသည်နှင့် ゞင်းရွာမှာလည်း ရှာမရသောကြောင့် ထမင်းနှင့်စားရန် နံနက်ခါ ချက်ဖို့မရှိ၍ စိတ်ညစ်ငြူးစွာနှင့် ညဥ့်ကို လွန်စေသည်။ နံနက် မိုးလင်းထသောအခါ ဘူးသီး လပ်လပ်ဆပ်ဆပ် တလုံးကို မြင်၍မေးရာ နံနက်စောစောကြီးက လမ်းလုပ်သည့်ကူလီ ကုလားဆိုသော ကုလားတယောက်လာ၍ ဘူးသီးကို လိုချင်လျှင် ယူတော့ဟု ပြောဆိုပေးသွားကြောင်း ထမင်းချက်သောသူက ပြောပြလေသည်။ ကျွန်ုပ်သည် မမကြီး၏ဘုရားနှင့် မမကြီးအား ကျေးဇူးအထူးတင်သော်လည်း ထင်ထင်ရှားရှား မပြောမဆိုလို၊ အဘယ်ကြောင့်ဆိုသော် သူ၏ဘာသာဘက်သို့ ဘယ်တောမှ ဝင်မည်ဟု စိတ်ထဲက မထား၊ သို့ဖြစ်၍ အတော်အသင့်လောက်သာလျှင်ကျေးဇူးတင်စကားပြောလိုက်သည်။ အညာဗန်းရွာစခမ်းက နှစ်ညဥ့်အိပ်နှင့်ချောင်းကူး ဆိုသော ရွာစခမ်းသို့ စောစောကြီးပင် ဆိုက်ရောက်သည်။ဤရွာသည် ပေါက်မြို့နှင့် ၇ မိုင်ကွာဝေး၍ လမ်းလည်း အလွန်ကောင်းလေ သည်။ ကျွန်ုပ်သည် လမ်းတလျှောက်လုံး ငှက်ပျောသီးခြမ်းနှင့် နွားနို့ချက်ကို စားသောက်လာရာ ချောင်းကူးရောက်သည်နှင့် ငှက်ပျောသီးကုန်သဖြင့် နံနက်ခါ ပေါက်မြို့သို့ရောက်လျှင် အသင့် စားနိုင်အောင် လူစေလွှတ်၍ ပေါက်မြို့ရှိ မိတ်ဆွေများအား မှာထား အကြောင်းကြား လိုက်လေသည်။ နံနက်ခါ ချောင်းကူးက ထွက်၍ လှည်းပေါင်း ၁၀ စီးတွင် ကျွန်ုပ်တို့စီးသော လှည်းသည် အလယ်ဗဟိုကနေ၍ လာကြရာ မည်သည့်နည်းအားဖြင့် မည်သို့ဖြစ်သည် မသိ။ ကျွန်ုပ်၏ လှည်းတစီးတည်း တောအုပ်တခုသို့ ရောက်၍ ထိုတောအုပ်ကထွက်လျှင် သဲသောင်ပြင်ကြီးတခုသို့ ဆိုက်လေသည်။ ထိုသဲပြင်မှ ပေါက်မြို့ရှိရာ အရှေ့တောင်ဘက်သို့ တန်းမှန်၍ မောင်းနှင်သွားသောအခါ ငှက်ပျောသီးခြမ်း အပြည့်အနှက် တင်လာသော လှည်းတစီးနှင့် ဆုံမိသည့်ကာလ ငှက်ပျောသီးကလည်း အလွန်ထွားကြိုင်းလှပသည့် အပြင် လှည်းရှင်လင်မယားနှစ်ယောက်ကလည်း သဘောကောင်း။ ငှက်ပျောသီးကလည်း အဘိုးချိုသည် နှင့် ပေါက်မြို့တွင် မှာထားပြီးဖြစ်သော်လည်း ငှက်ပျောသီးအဘီးကြီး ငါးဘီးကို အဘိုးငွေ လေးပဲ ပေး၍ ဝယ်ယူသွားကြသည်။ ပေါက်မြို့သို့ အတော်ပင် နေမြင့်မှ ရောက်သောအခါ မြို့တွင်းသို့ မဝင်မီ ကျွန်ုပ်၏ အသိများက ဆီးကြို၍ ပြောလိုက်သည်မှာ သူတို့သည် မနေ့ညနေမှစ၍ ယခုနံနက်အဝင် ငှက်ပျောသီးအခြမ်းကို ရရန် မြင်းစီးပြီးလျှင် စေ့စေ့စပ်စပ် မရပ်မနား ရှာဖွေပါသော်လည်း မရသောကြောင့် အလွန်ဝမ်းနည်းကြောင်း ပြောနေစဉ် ကျွန်ုပ်၏ လှည်းဦးတောင်းထဲ၌ ရှိသော ငှက်ပျောသီးကို မြင်ကြ၍ များစွာ အံဩကြလေသည်။ ကျွန်ုပ်၏စိတ်၌ ဖြစ်ပေါ်လာသည်မှာ ငါ၏လှည်းလမ်းမှားရခြင်းသည် ငါ ငှက်ပျောသီး မငတ်ရအောင် ဖြစ်သောအချက် မုချမှန်၏။ ငါသည် မမကြီး၏ ဘာသာဘက်သို့ ပါရကောင်း ပါရလိမ့်မည်လားဟု ထာဝရ ဘုရားထံ ဆုတောင်းလိုက်သည်မှာ - အိုကောင်းကင်ဘုံရှင် မဟာကရုဏာတော်သခင် ကျွန်ုပ်တို့၏အဘ ထာဝရမြတ်စွာဘုရား ကျွန်ုပ်သည် ဤလောကီသူ ဇနီးမိန်းမနှင့် ရသည့်နေ့မှ စ၍ သူ၏စကားသာ လျှင် ဘယ်အခါမဆို အောင်မြင်၍ အကျွန်ုပ်၏ စကားက ပျက်ကွက်ပါသည်။ ကျွန်ုပ်သည် သူ့ကို ကိုယ်တော်၏ သိုးတော်အဖြစ်သို့ ရောက်အောင် ဆုတောင်းမည်ဟု ရဲတင်းစွာ
ပြောဆို ဆုတောင်းပေးသော်လည်း ကိုယ်တော်အရှင်မြတ်က ပေးတော်မမူ အကျွန်ုပ်၏ဘခင်အတွက် ဆုတောင်းပတ္ထနာပြုပြီးလျှင် စာရေးပေးရာတွင်လည်း ထိုစာကို ဆုတ်ပစ်ခြင်း ခံရပါသည်။ အခြား သောအကြောင်းတို့၌လည်း မမကြီးနှင့် ကျွန်ုပ်ပြိုင်၍ ဆုတောင်းကြလျှင် မမကြီးကသာ အရေးသာ၍ ကိုယ်တော်၏ကျွန်မှာ ရှုံးပါသည်။ ကိုယ်တော် ဖန်ဆင်းတော်မူသော ဟင်းသီးဟင်းရွက်ကလေးများကို ပစ်ခတ် ရာတွင်လည်း မထိမမှန် သူ၏ ပရိတ်မေတ္တာဘာဝနာ ကြောင့် လွတ်ကင်းကြသည်မှာ အကျွန်ုပ် အရှက်ခံရပါပြီ။ ကျွန်ုပ် ဖျား၍ အိပ်မပျော်ရာလည်း ကျွန်ုပ်တောင်း၍မရ။ သူ့ဘုရားထံမှာ သူတောင်းခြင်းကြောင့်သာ ရပါသောကြောင့် ကိုယ်တော် ၏ နာမတော်ကို လောကီသားတို့ ပျက်ရယ်ပြုကြပါပြီ။ ယခုလမ်းတလျှောက်လုံးမှာလည်း သူက အရေးသာ၍ ကျွန်ုပ်မှာ ညံ့ဖျင်းရာ ရောက်နေပါပြီ။ အိုကောင်းကင် ဘုံရှင် အဘ-ဘုရားသခင် ကိုယ်တော်၏ အနန္တ တန်ခိုးတော်ကို ထင်ရှားပြတော်မူပါ။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာမဖြစ်ဘဲ ကျွန်ုပ်၏ဇနီး လောကီသူ ရှင်ဂေါတမကို အလွန်ယုံကြည်သူကား ခရစ်တော်ဘာသာသို့ ဆွဲယူ တော်မူပါ သားတော်မြတ်၏ မဟာနာမတော်ကို အမှီပြု၍ ရိုသေစွာ ရှစ်ခိုး အသနားတော် ခံပါသည် အဘ ဘုရားသခင် အာမင်း ဤကဲ့သို့ အခမ်းထည်းမှာ မမကြီးမရှိခိုက် တယောက်တည်း ထာဝရဘုရားအား အလုံးစုံ ဇာတ်လှန်၍ အကုန်အစင် လျှောက်ထားဆုတောင်းပတ္တနာ ပြုလိုက်ပြီးလျှင် သည်တခါ ငါ၏ ဘုရာနှင့်သူဘုရားအကြောင်းကို သိရလိမ့်မည်ဟု စိတ်အားထက်သန်စွာနှင့် ထာဝရဘုရားသခင် တန်ခိုးတော် ထင်ရှားပြရန် အချိန်ကိုသာ ငန့်လင့်လျက် နေလေသည်။ နောက်လေးရက်ခန့်ကြာသောအခါ ပခုက္ကူမြို့သို့ ဆိုက်ရောက်၍ မိတ်ဆွေများ လာရောက်ကြိုကြလျှင် ကျွန်ုပ်သည် အတော်ကျန်းမာသောကြောင့် ဝဖြိုးနေသဖြင့် များစွာဖျားသည်ဟု မထင်ကြ။ ကျွန်ုပ်သည် ထာဝရဘုရားကို ဘယ်လောက်များ ချစ်ခင်သည်ကို အနည်းငယ်ဖော်ပြပါအံ့။ တနင်္ဂနွေနေ့တနေ့၌ ဘုရားရှစ်ခိုးကျောင်း သို့မသွားပါဘူးဟု မမကြီးနှင့် ကတိထားရှိသည့်အတိုင်း မသွားဘဲ အိမ်ပေါက်ဝမှ ထိုင်လျက် အောက်ပါသီချင်းကို ဖြည်းညှင်းစွာသီဆိုလေသည်။ ကျွန်ုပ်ခေါ်နားညောင်းလျက်သနားပါ ကယ်ချွတ်ရှင်ကြီးဆင်းသက်လာ အကျွန်ုပ်သည်ကိုယ်တော်တောင်းတလှ ကယ်ချွတ်ရှင်ကြီးဆင်းသက်ပါ (ထပ်၍ဆိုရန်) တောင်ပေါ်တောင်ကြားကျော်၍အိမ်မှဝေးစွာ အကျွန်ုပ်သည်လမ်းလွှဲလျက်လာပါ။ သိုးခြံထဲသို့ယူဆောင်ပို့ပြန်စိမ့်ငှါ ကယ်ချွတ်ရှင်ကြီးဆင်းသက်ပါ။ ဤသို့ သီဆိုနေရာ မမကြီးက ကြားသွားသည်နှင့် အပြစ်တင်စကား ပြောဆို။ လမ်း၌ထားခဲ့ သည့် ကတိစကားအတိုင်း ပညာရှိကြီးများနှင့် ဗုဒ္ဓဘာသာတရားကို ဆွေးနွေးရန် အချိန်တော်ပြီ ဟု သတိပေးလျှင် ကျွန်ုပ်က ငါ၏ထာဝရဘုရားကို ငါစွန့်ပစ်နိုင်မည် မထင်။ ငါအလွန်စိတ်စွဲ သည်။ ငါ၏ဘုရား မရှိဘူးဟု မင်းကပြောသည်။ ငါ၏ဘုရား မရှိဘဲ ငါယခုလောက် လွမ်းဆွတ် သောစိတ် ဖြစ်နိုင်ပါ့မည်လား ဟု မမကြီးကို ပြောနေခိုက် သမာဓိမြို့ဝန်မင်း ဦးသာပြည့် ဆိုက်ရောက်လာသည်နှင့် သူကပြောသည်မှာ ရှိသည်၊မရှိသည် ပဓာနမဟုတ်ပေ၊ လွမ်းအောင် ရေးသားလျှင် လွမ်းတာပေါ့။ စောဘေ စောမေတို့ဇာတ်ကို ဘတ်စမ်းပါလား ဝန်ထောက်မင်းဟု ကဲ့ရဲ့ ပြောဆိုလေသည်။

၁၂။ ပခုက္ကူမြို့မှာ ခရစ်ယန်ဘာသာကို စွန့်ခြင်းအကြောင်း

ပခုက္ကူမြို့မှာပင် ကာလအတော်ကြာ နေထိုင်၍ မြန်မာပညာရှိ စာတတ် ပုဂ္ဂိုလ်ကျော်များနှင့် ဗုဒ္ဓဘာသာတရားကို မပြတ်မလပ် ဆွေးနွေးနေစဉ်အခါ ကျွန်ုပ်ကို နှစ်ခြင်းမင်္ဂလာပေးဘူးသူ ဆရာ ဟေလထံမှ စာအုပ်နှင့်သတင်းစာများပေးပို့လိုက်ရာ ထိုစာအုပ်နှင့် သတင်းစာကို ကျွန်ုပ်ဘတ်လျှင် ဗုဒ္ဓဘာသာတရားကို စိတ်ပျက်လိမ့်မည် လက္ခဏာနှင့် ပို့သည်မှန်သော်လည်း ထိုစာအုပ်သတင်းစာတွင် ပါရှိသောအကြောင်းအရာသည် ကျွန်ုပ်ကို ဗုဒ္ဓဘာသာသို့ မြန်မြန် စိတ်ပါ ရန်ပြုသကဲ့သို့ ဖြစ်လေသည်။ゞင်းစာအုပ်ကို ကျွန်ုပ်မန္တလေးမြို့သို့ ရောက်သည့်အခါ မိတ်ဆွေ တဦးသို့ ပေးလိုက်သည်ဖြစ်၍ ကျွန်ုပ်မှာ မရှိ။ထိုအတွက် ကျွန်ုပ်မှတ်မိသ၍ စာအုပ်၏အကြောင်းနှင့်သတင်းစာ၏အကြောင်းကိုဘော်ပြပါအံ။ အမေရိကန်ပြည်မှာ အချို့သောသူများ သေငယ်ဇောနှင့် မြောနေသည့်အခါ မြင်ခဲ့ရသော ငရဲခံရပုံများ။ အိပ်မက်တွင် မြင်ရသော ငရဲခံရပုံများမှ စ၍ သေခါနီးဆဲဆဲအခါ အချို့လူများ သည် ငရဲမီးတောက် မီးလျှံ ခွေးနက်နှင့် သံကြိုးကိုင်၍ လာခေါ်ကြသော သူတို့ကို မြင်၍ ကြောက်ရွန့်တုန်လှုပ် အော်ဟစ်ကြခြင်းများ အချို့အနည်းငယ်သော သူတို့မှာ နတ်ရွာသဏ္ဍန် ရှိသော ဌာနတို့ကို မြင်ရကြောင်းများ ပါရှိလေသည်။ ゞင်းစာအုပ်တွင် ပါရှိသော အချို့သော ငရဲ ခံရပုံများသည် နေမိဇာတ်တော်တွင် ပါသော ငရဲတို့နှင့်တူကြလေသည်။ ဆရာဟေလ ကလည်း တူကြောင်း ကျွန်ုပ်ကို ပေးသောစာ၌ ရေးသားထားလေသည်။ နေမိဇာတ်တွင် ပါသော ငရဲခဏ်း များကို ဗုဒ္ဓဘာသာမှန်က နည်းများမဆို ကြားသိဘူးသည့်အတွက် ပြရန်မလို။ သို့သော်လည်း လောဘကြီးသော မိန်းမတယောက်၏ ခံရပုံကို ကျွန်ုပ် မှတ်မိသလောက်ဘော်ပြပါမည်။
တနေ့သ၌ လူတယောက်သည် သေငယ်ဇောနှင့် မြောနေရာ မိမိ၏အိမ်နီးနားချင်း ဖြစ်သော လူဖြစ်စဉ်က ဥစ္စာဓန အတော်အတန် ကြွယ်ဝသော ရွှေဒင်္ဂါးကို အလွန်စုံမက်သောကြောင့် သူတထူး၏ဥစ္စာကိုသာ ရအောင်ခြူ၍ မိမိ၏ပစ္စည်းကိုကား အပေးအကမ်း မရှိသော မိန်းမတယောက် လမ်းလျှောက်လာသည်ကို မြင်လေလျှင် မြောနစ်နေသူက သင်သည် ဤဒေသ အရပ်၌ အလွန်ပျော်မွေ့ယောင်ရှိသည် ချမ်းချမ်းသာသာ နေရပါ၏လား ဟုမေးရာ ထိုမိန်းမက အသင်သည် ကျွန်ုပ်၏ အပေါ်ယံ အဆင်းတန်ဆာကို မြင်သောကြောင့် ကျွန်ုပ်ချမ်းသာသည် ထင်သလားဟု အဝတ်တန်ဆာကို ဖယ်၍ပြလိုက်သောအခါ ထိုမိန်းမ၏ကိုယ်မှာ တောင်လောက်လျက်ရှိသော မီးအလျှံကို မြင်ခဲ့ကြောင်း နစ်မြောသူကသတိရသည့်အခါပြန်ပြောလေသည်။ ထိုစာအုပ်၏ အချုပ်သဘောကို ဆိုရလျှင် အကြင်သူသည် လူပြည်၌ ဤမည်သော ဒုစရိုက်မှုကို ပြုကျင့်၏။ ထိုသူသည် ငရဲပြည်၌ ထိုဒုစရိုက်နှင့် အလားတူသော ငရဲကို ခံရကြောင်း ပါရှိလေသည်။ ဤကဲ့သို့ ငရဲခံရပုံများသည် သမ္မာကျမ်းစာ၌ မပါမရှိ။ ဗုဒ္ဓဘာသာကျမ်း၌သာ ပါရှိသောကြောင့် ဗုဒ္ဓရှင်တော်ဘုရား ဟောပြောညွန်ပြတော် မူသော ငရဲတို့သည် လူမျိုးတရာ့တပါးနှင့်ပင် ဆိုင်နေပြီ။ ဆရာဟေလ သည် ဤစာအုပ်ပို့ခြင်းအားဖြင့် မမကြီး၏ ဘက်တော်သားဖြစ်နေပြီ။ ငါသည် သမ္မာကျမ်းစာကို အစက အဆုံးတိုင် တဖန်ပြန်၍ ဘတ်ပြီးလျှင် ဗုဒ္ဓဘာသာ ပညာရှိကြီးများကို စေ့စေ့စပ်စပ် မေးမြန်းဆွေးနွေးမည်ဟု ကြံစည်၍ ပြုလုပ်လေသည်။ထိုသို့ ဗုဒ္ဓဘာသာလူကြီးများနှင့် ဆွေးနွေးသည့်အခါ ゞင်းလူကြီးပညာရှိများက အပြစ်တင်ပြောဆိုသော အချက်များသည် မှတ်သားဘွယ် ကောင်းပါသည်။သို့ပင် ဖြစ်သော်လည်း ဤ ကျမ်းငယ်၏ သဘောရင်းနှင့် မညီဖြစ်မည် စိုးသည်က တကြောင်း၊ သူတပါး၏ စိတ်ကို မနစ်နာစေလိုခြင်း အကြောင်းများကြောင့် မရေးဘဲ လှပ်ထားလိုက်သည်။
ဤသို့ ဆွေးနွေး၍ ဗုဒ္ဓဘာသာတရား အဆီအနှစ်ကို သိရသည့်ကာလ ကြီးစွာသောနောင်တ တရားရ၍ ခရစ်ယန်ဘာသာကို စွန့်လွတ်ရန် ကြံစီလေသည်။ ကျွန်ုပ်သည် ခရစ်ယန်ဘာသာသို့ ဝင်သည့်အခါ အများရှေ့မှောက်၌ နှစ်ခြင်းကို ခံသောကြောင့် ယခု ထိုဘာသာကို စွန့်ပစ်သည့် အခါတွင်လည်း ပရိသတ်အများရှေ့မှာ ပြုလုပ်လို၍ လူကြီးလူကောင်းများနှင့် တိုင်ပင်၍ ယာယီ-မဏ္ဍပ် ကြီးစွာထိုး၍ လူကြီးလူကောင်းများ ရုံးအရာရှိများ အမိန့်တော်ရမင်းများနှင့်တကွ သံဃာတော်အရှင်မြတ်များထံ သရဏဂုံ ပဉ္စသီလ ခံယူ၍ ကျွန်ုပ်၏ တဆဲ့ရှစ်နှစ်ပတ်လုံး ယုံကြည်ခဲ့သော ခရစ်ယန်ဘာသာကို ယနေ့ စွန့်လွှတ်လိုက်ကြောင်း ပရိသတ်များအား ပြောဆိုပြီးလျှင် ရဟန်းတော်များအားလျှောက်ထားသည်မှာ-
အရှင်ဘုရား တပည့်တော်သည် တဆဲ့ရှစ်နှစ်ပတ်လုံး ဗုဒ္ဓမြတ်စွာဘုရားအား ပြစ်မှား၍ အခြားအယူကို ယူနေခြင်းအတွက် အပြစ်မည်သို့ ရှိပါသနည်းဟု လျှောက်ထားသည်တွင် ရဟန်းတော်က - တကာ၊ မြတ်စွာဘုရား၏ တရားတော်၌ နတ္တိက၊ အဟေတုက၊ အကြိယာဒိဌိ ဟူ၍ သုံးမျိုးရှိရာ ထိုအယူ တခုခုကို မစွန့်ဘဲ သေလေလျှင် မကောင်းသော ဂတိသို့ လားရသည်။တကာမှာမူကား တရားတော်လာ ရှိသည့်အတိုင်း ကျင့်ဆောက်တည်လျှင် ကိစ္စ ရှိတော့မည် မဟုတ်ပေ။ တကာကဲ့သို့ သူ မဆိုထားဘိ ငါတို့၏ မြတ်ဘုရားပင် နုစဉ်က မှောက်မှားသော အယူကို ယူဘူးကြောင်း ဟောပြသည့်အခါ ကျွန်ုပ်နှင့်တကွ တရားနာပရိသတ် တို့ပါ ဝမ်းမြောက် ဝမ်းသာ ရှိကြလေသည်။ ထိုနောက် သမာဓိ မြို့ဝန်မင်းများမှ စ၍ လူကြီးလူ ကောင်းတို့က ဩဘာစာ ဘတ်ကြသည်။ ဤဩဘာစာ ကို အခွန်ဝန်မင်း ဦးဘိုမြက ဗုဒ္ဓဘာသာ သတင်းစာတွင် ထည့်သွင်းဘော်ပြလိုက်ကြောင်း သိရှိရလေသည်။

၁၃။ ခရစ်ယန်များနှင့် တရားစစ်ထိုးခြင်း အကြောင်း

ကျွန်ုပ် ဗုဒ္ဓဘာသာဖြစ်ပြီး၍ အတော်အတန် ကြာလပ်သော် ပခုက္ကူမြို့ ဝက်ဆလီယံအသင်းက ခရစ်ယန် တရားဟော မြန်မာဆရာနှစ်ဦး လာကြ၍ ကျွန်ုပ်နှင့်တရားစကားပြောဆိုရာတွင် အချို့သော အရေးကြီးသော အချက်များကိုသာဘော်ပြပါမည်။ ဆရာများပြော - ဝန်ထောက်မင်း ဗုဒ္ဓဘာသာ ဖြစ်သွားတာ တယ်နှမြောဗျာ။ ယခုအခါ နတ်ဆိုးများ ဖျက်တတ်၍ သတိထားသင့်လှပေသည်။ ကျွန်ုပ်ပြော - နတ်ဆိုးများ ဖျက်ဆီး၍ ဗုဒ္ဓဘာသာ ဖြစ်မည်ဆိုလျှင် မြန်မာပြည်အတွက် နတ်ဆိုးများများ ရလျှင် ပိုကောင်းပေလိမ့်မည်။ အဘဲ့ကြောင့်ဆိုသော် ရန်သူပင် ဖြစ်သော်လည်း အကျိုးကိုဆောင်လျှင် မိတ်ဆွေနှင့်တူပါသည်။ နတ်ဆိုးဖျက်၍ ဗုဒ္ဓဘာသာဖြစ်သည်ဆိုလျှင် နတ်ဆိုးသည် ကျွန်ုပ်၏ မိတ်ဆွေဖြစ်တော့သည် ဆရာ။ ဆရာပြော - ကျွန်ုပ်တို့အထည်းမှာလည်း ရဟန်းလူထွက် အများပင် ရှိပါ၏။ ကျွန်ုပ်တို့၏ အယူ မမှန်ဘူးဆိုလျှင် သူတို့ဝင်ကြပါမည်လား။ ကျွန်ုပ်ပြော - ရဟန်းလူထွက် များသည် မများသည် လိုရင်းမဟုတ်ပါ။ လူမထွက်ဘဲနှင့် ရှောက် ၍ လည်ပတ်နေကြသော ရဟန်းများပင် ရှိကြသည်။ ကိုတုတ်ကြီး ဆိုတိုင်းလဲ ဝ တာမဟုတ်။ ကိုလူပိန် မှည့်သော်လည်း ဝ ချင်လျှင် ဝ တာပါဘဲ။ ဆရာတို့၏ ဘက်၌ ပါဠိအူပေါက် သမားများကို အများအပြား တွေ့မြင်ဘူးပါပြီ။ ဆရာတို့
ပြောစရာရှိသည်ကိုသာ ပြောပါတော့။ ဆရာပြော - တောတောင် သမုဒ္ဒရာမှ စ၍ လူတို့ကို ထာဝရဘုရားသခင် ဖန်ဆင်းသည်ကို ယုံပါသေး၏လား။ ကျွန်ုပ်ပြော - ဤအကြောင်းကို ယုံရန် မရှိ။ နိယာမတရား၏ ပြုပြင်ခြင်းသာလျှင် ဖြစ်ကြောင်းကို ကျွန်တော်သိရပြီ။ ဆရာပြော - အကယ်၍ နာရီတလုံးကို လုပ်သူမရှိလျှင် နာရီဘယ်က ဖြစ်မည်လဲ။ ထိုနည်းတူစွာ ဘုရားသခင် မဖန်ဆင်းဘဲလူအလိုလိုမဖြစ်နိုင်။ ကျွန်ုပ်ပြော - ကောင်းပါရဲ့ ဆရာ။ နာရီကို လူကလုပ်သည်။ လူကို ထာဝရဘုရားက ဖန်ဆင်းသည်ဆိုလျှင် ထာဝရဘုရားဘယ်ကဖြစ်လာပါသလဲ။ ဆရာပြော - ထာဝရဘုရားသခင်သည် တန်ခိုးအနန္တရှင်ဖြစ်၍ ဖန်ဆင်းသူမရှိနိုင်ရာ အလိုလို ဖြစ်တော်မူသည်။ ကျွန်ုပ်ပြော - ဆရာတို့၏ စကားအရ ဆင်ခြင်လိုက်သော် ထာဝရဘုရားကား အကြောင်းမရှိဘဲ အလိုလို ဖြစ်နိုင်သည်။ လူတို့မှာကား ဖန်ဆင်းသူရှိမှ ဖြစ်ရမည်ဆိုလျှင် လူဘဝကို ရခြင်းသည် ဘုရား၏ အဖြစ်ကို ရခြင်းထက်ပင် ခက်နေပြီ။ ဗုဒ္ဓဘာသာမှာ ဤကဲ့သို့ မဟုတ်။ လူ၏အဖြစ်မှ ကြာမြင့်စွာ ပါရမီတော်ကို ဆည်းပူးပြီးသည် ကာလမှ ဘုရား၏အဖြစ်သို့ ရောက်သည်။ ဤစကား ဧကန်မှန်၏။ ဥပမာ ပတ္တမြားကျောက်နှင့် ကျောက်စရစ်ကျောက်ခဲတို့ကို စာနာလျှင် ပတ္တမြားကျောက်ဖြစ်ရန်ကား ခက်ခဲ၏။ ကျောက်စရစ်ခဲကား လွယ်သည်။ သို့ဖြစ်ပါလျက် လွယ်သောအရာကား အလိုလိုမဖြစ်နိုင်၊ခက်ခဲသောအရာသာလျှင် အလိုလို ဖြစ်နိုင်သလား။ အကယ်၍ ထာဝရဘုရားတပါး အလိုလိုဖြစ်ပေါ်နိုင်လျှင် ထာဝရဘုရား အများလိုလို ဖြစ်ပေါ်နိုင်ရန် မရှိပါဘူးလား။ ဆရာပြော - ဤစကားမျိုးကို ကျွန်ုပ်တို့ အထက်ထက်က မပြောမဆိုဘူး၍ ရုတ်တရက် ရှောင်တခင် မဖြေနိုင်ပါ။ ကျမ်းမှာ ကြည့်ရှုပြီးမှ ပြောပါမည်။ ယခု ကျွန်ုပ်တို့ပြောချင်သည်မှာ လူတို့ပြည်၌ ကုန်သည်အခစားမှ စ၍ အလုပ်အကိုင်အမျိုးမျိုးကိုလုပ်ကိုင်ရာတွင် အခပေးသူ ရှိမှ အခကြေးငွေကို ရသည့်နည်းတူ ကောင်းမှုနှင့် မကောင်းမှု ပြုသူတို့၏ အကျိုးအပြစ်ကို ဆပ်ပေးသူ ရှိမှသာလျှင် ဖြစ်နိုင်မည် မဟုတ်ပါလား ကောင်းကောင်းစဉ်းစားပါ။ ကျွန်ုပ်ပြော - ဤအကြောင်းကို ကျွန်တော်ကောင်းကောင်းကြီး စဉ်းစားသော အချက်ဖြစ်သည်။ ဗုဒ္ဓဘာသာ၌ ကုသိုလ်-အကုသိုလ်ဟု မပြောထိုက်သော တရား။ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာ ဓမ္မာ ဟု၍ ရှိကြရာ ဆရာတို့မေးသော စကားနှင့် သက်ဆိုင်သော ကုသိုလ်-အကုသိုလ် တရားအကြောင်းကို ဖြေပြမည်။ သည်းခံ၍ နားထောင်ပါ။ ကုသိုလ်-အကုသိုလ် တရားတို့သည် ပရမတ္တ တရားများဖြစ်သောကြောင့် ပုဂ္ဂိုလ် သတ္တဝါအတ္တ ဇီဝ မဟုတ်သော ဓမ္မာနိသတ္တ၊နိဇီဝ သတ္တဝါ ဖြစ်သဖြင့် အကောင်အထည် ဟူ၍ပြခြင်းငှါ မစွမ်းနိုင်။ သို့သော်လည်း အကြောင်းအကျိုးအားဖြင့် ထင်ရှားသိနိုင်၏။ လူတယောက်သည် ကောင်းမှုကို ပြုခြင်းကြောင့် ကုသိုလ်ရသည်။ တယောက်ကား မကောင်းမှုကို ပြု၍ အကုသိုလ်တရားသည် အစဉ်လိုက်လျှက် နေသည်ဟုဆိုရာ ထိုရသောကုသိုလ်နှင့် အစဉ်လိုက် လျက် ရှိသော အကုသိုလ်တို့ကို ပြနိုင်မည် မဟုတ်ချေ။ သိုသော်ငြားလည်း ဇောတိက၊ဇတိလ တို့ကို မြင်သဖြင့် မိမိတို့၏ ရှေးကောင်းမှုအကြောင်းကြောင်းကြောင့် စည်းစိမ်ရှင် များဖြစ်ရခြင်း၏ အကျိုးကို ခံစားရသည်။ ဒေဝဒတ်သည် မြတ်စွာဘုရား၌ ပြစ်မှားသော အကြောင်းကြောင့် ငရဲသို့ လားရသော အကျိုး ဖြစ်ပေါ်လာကြောင်း
သိရသည်။ ကုသိုလ်-အကုသိုလ်တို့၏ ပြုပြင်ခြင်းကို အကြောင်းအကျိုးအားဖြင့် ဥာဏ်မျက်စိနှင့်သာ မြင်နိုင် လေသည်း။ ဓမ္မတာ တရားကို လွန်၍ ဆရာတို့၏ ဘုရားကလည်း တတ်နိုင်မည် မဟုတ်လှချေ။ အကယ်၍ တတ်နိုင်ပါလျှင် ဆရာတို့၏ ဘုရားတန်ခိုးတော်ကြောင့် ဆရာတို့မှာ မအို၊မနာ၊မသေ အမြဲနေရပေမည်။ ယခုမူကား မယုံကြည်သောသူများနှင့် မခြား၊မနားဘူး ဆရာ။
ဆရာများပြော - လူတို့အိုခြင်း၊ နာခြင်း၊ သေခြင်းဘေး ဖြစ်ရသည်မှာ ထာဝရဘုရားသခင်ကို ပြစ်မှားသည့်အတွက် ဘုရားက ကြိမ်ဆဲတော်မူခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် လူတို့သည် ထာဝရဘုရားကို မကိုးကွယ်လျှင် အပြစ်က လွတ်မည်မထင်ပါနှင့်။ ထာဝရဘုရားကလည်း ငါ၏ စကားကို နားထောင်၍ သားတော်မြတ်သခင်ယေရှုခရစ်ကို ယုံကြည်လျှင် သင်တို့၏ အပြစ်ကို လွတ်မည်ဟု ကတိတော်ရှိသည်။ ကျွန်ုပ်တို့ ဘယ်လောက်သက်သာရာရသလဲ စဉ်းစားပါ။ ကျွန်ုပ်ပြော - ဟုတ်ပါရဲ့ဆရာ။ ကျွန်တော်သည်လည်း သက်သာချင်လွန်းလို့ တဆဲ့ရှစ်နှစ် ဆရာတို့ ဘက်နေခဲ့ပြီ။ ယခု ကျွန်တော် မကျေနပ်သော အချက်များကို ပြောပြပါမည်။ ဆရာတို့ က စိတ်မဆိုးဘဲ ဖြေဆို ရှင်းလင်းစေချင်ပါသည်။ မကျေနပ်သည့်အချက်များမှာ အရင်းကိုစစ်လျှင် အမြစ်မြေကဟု ဆိုရိုးလာအတိုင်း လူတို့၏ ပြစ်မှုကြူးလွန်ခြင်းသည် ထာဝရဘုရားသခင်ကြောင့် ဟု ကျွန်တော် ထင်မိပေသည်။ အဘဲကြောင့်ဆိုလျှင် ကမ္ဘာဦးကျမ်း ဂဏန်းကြီး ၁။အငယ် ၂၇နှင့် ဂဏန်းကြီး ၂ အငယ်၇ တို့တွင် ထာဝရဘုရားသခင်သည် မြေမှုန်ကို ယူ၍ ကိုယ်တော်၏ ပုံသဏ္ဍန်တော်နှင့်အတူ ပြုလုပ် ပြီးမှ ဇီဝအသက်ကို မှုတ်သွင်းတော်မူသဖြင့် လူဖြစ်သည်ဟု ရေးသားပါရှိသည်။ အကယ်၍ မှုတ် သွင်းသောလေသည် လူတို့အား ကောင်းစေပါလျှင် လူတို့သည် ကောင်းမည်အမှန်ဖြစ်သည်။ ယခု လူ၏ဆိုးခြင်းမှာ မှုတ်သွင်းသော ဇီဝအသက်၏ တာဝန်ဖြစ်သင့်သည်။ ဥပမာ၊ တောင်သူ တယောက်သည် ခရမ်းပင်ကို စိုက်ရာ ထိုခရမ်းပင်က ဒူးရင်းသီး သီးရန် မြော်လင်ဘို့ မဟုတ်ပေ။ ဒူးရင်းပင်စိုက်မှ ဒူးရင်းသီးမည်။ ထိုပြင် မကြေနပ်သေးသော အချက်တခုမှာလည်း လူ၏ပုံသဏ္ဍန်သည် ထာဝရဘုရား၏ ပုံသဏ္ဍန် နှင့်ထပ်တူထပ်မျှ ဖြစ်၍ လူ၏အသက် ဝိÓဏ်သည်လည်း ထာဝရဘုရား သခင်က မှုတ်သွင်း တော်မူ၍ ရသောကြောင့် လူသည် ထာဝရဘုရား၏ ကိုယ်ပွားတော် ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် လူသည် အိုခြင်း၊နာခြင်း၊သေခြင်းဘေးတို့နှင့် မလွတ်လျှင် ထာဝရ ဘုရားသခင်သည်လည်း လွတ်နိုင်ပါမည်လား။ ဆရာတို့၏ ဓမ္မသီချင်းတွင် ပုံသဏ္ဍန် တော်နှင့်အတူ လူကိုလည်း ဖန်ဆင်းတော်မူ ဟု ဆိုသည် မဟုတ်ပါလား။ ဆရာများပြော - ဤအရာ၌ ထာဝရဘုရား၏ အလိုတော်ဖြစ်၍ ကျွန်ုပ်တို့ မပြောတတ်ပါ။ လူကို ဖန်ဆင်းသည့်အခါက ကောင်းစွာဖန်ဆင်းတော်မူပါသည်။လူကပြစ်မှုကြူးလွန်တာကိုးဝန်ထောက်မင်း။ ကျွန်ုပ်ပြော - ဆရာတို့သည် လူ၏Óဏ်ဖြင့် ကြံစည်နိုင်သော အရာဖြစ်သော်လည်း ဖြေဆိုရန် ခက်ခဲလျှင် ဘုရား၏တာဝန်သာ ချလေ့ရှိသည်။ ဆရာတို့သည် ထာဝရဘုရားကို ကိုးကွယ်သည့် အတိုင်း ကောင်းကင်ဘုံသို့ အမှန်ရောက်မည်ဆိုဝံ့ပါ၏လား။ ဆရာများပြော - ဧကန်တော့ဖြင့် မဆိုဝံ့ပါ။ ဘုရားသခင်အလိုတော်ရှိလျှင် အမှန်ရောက်မည်။ အလိုတော်မရှိပါက မရောက်နိုင်ချေ။အလိုတော်အတိုင်းကိုသာမြှော်လင့်တောင်းတလျက်နေရသည်။ ကျွန်ုပ်ပြော - ဤအကြောင်းကို ကျွန်တော်လည်း သိပါ၏။ဗုဒ္ဓဘာသာမှာ ဤကဲ့သို့ မဟုတ်။မည်သို့ကျင့်လျှင် မည်သည့်အကျိုးကို ခံစားရသည်အကြောင်းမှ စ၍ သောတပန်က အရဟတ္တဖိုလ် ဆိုက်ရောက်အောင် တက်သောလမ်း
ရှိ၍ ကျင့်သောသူတို့သည် ဘယ်စခန်း၊ဘယ်အခြေသို့ ရောက်ကြောင်း သိနိုင်သည်။ ဆရာတို့မှာ ဘယ်အခြေသို့ ရောက်မှန်း မသိ။ ဝိစိကိစ္ဆာကြီးနှင့် နေပါလျက် သူတပါးကိုလည်း ထိုဝိစိကိစ္ဆာကြီးထဲသို့ ပါအောင် ဟောပြောသည်မှာ မတော်လှဘူးဟုထင်မိပေသည်။ဆရာတို့၏ကျမ်းကိုဆရာတို့ပြန်ဘတ်ကြပါဦး။ ဆရာပြော - ဤစကားရပ်များကို နောက်မှပြောကြတာပေါ့။ ပခုက္ကူမြို့မှာ ဝန်ထောက်မင်း ဦးကြာဦး မှာထား၍ ကျွန်ုပ်တို့သည်ခန္တောရပ်မှာတရားဟောရန်ချိန်းချက်ထားသည်။သွားပါဦးမည်။ ကျွန်ုပ်ပြော - ခေတ္တ ဆိုင်းပါဦးဆရာ။ ဆရာတို့၏ စကားတခု တင်စီးလျက် နေသည်ကို ပြောရန် ကြွင်းကျန်နေပါသည်။ လူကို ထာဝရဘုရားသခင် ဖန်ဆင်းပြီးနောက် ဒုစရိုက်တရားကို လည်း ဖန်ဆင်းသေးသလား သို့တည်းမဟုတ်ゞင်းဒုစရိုက်တရားသည်အလိုလိုဖြစ်နေသလား။ ဒုစရိုက်တရားသည် မကောင်းသောအရာ ဘုရားတို့ မနှစ်သက်သော အရာဖြစ်၍ မဖန်ဆင်းဘူးဆို လျှင် ကျွန်တော်ပြောခဲ့သော နိယာမစခမ်းသို့ တန်းတန်းကြီး ဆိုက်ရောက်သည် မဟုတ်ပါလား။ အကုသိုလ်စိတ်က မတိုက်တွန်းဘဲနှင့် အကုသိုလ် မပြုနိုင်ချေ။ ပြုလိုသော သဘောလည်း မရှိ။ ထိုအကုသိုလ် စိတ်ကိုလည်း ဘုရားကပင် ပေးလေသလား။ ဆရာတို့၏ စကားအချုပ်ကို ကောက်လိုက်သော် ဒုစရိုက်တရားကို ဘုရားက ဖန်ဆင်း၍ ဒုစရိုက်ပြုလိုသော စိတ်ကိုလည်း ဘုရားကပင် ပေးရာရောက်နေပြီ။ ဆရာတို့၏ စကားကို ဆရာတို့ပင် ကောင်းစွာ ဖြေရှင်းကြပါ။ ဆရာများပြော - ကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသည် လူက ဖြစ်သော ဘုရားမဟုတ်။ ကောင်းကင်ဘုံမှ ဘုရားဖြစ်၍ ဘုရား၏အလိုတော်ကိုကျွန်ုပ်တို့ဘယ်ပုံဘယ်နည်းဖြင့်သိနိုင်ပါမည်နည်း။ ကျွန်ုပ်ပြော - ဆရာသည်းခံပါ။ ဒေါသ မထွက်ပါနှင့်။ စကားအလိုက်သင့် ရောက်ရာကို ပြောရ ပါမည်။ ဘုရားသခင်၏ အလိုတော် ဟုသော စကားမျိုးကို ကျွန်တော်ကို မပြောပါနှင့်။ ရိုးလှပါပြီ။ ဤစကားမျိုးတို့သည် ဆရာတို့၏ ပုန်းကွယ်ရာ မှောင်ရိပ်ကြီးနှင့် တူသည်။ အမျိုးမျိုး သောလူတို့ကို ဆရာတို့က ဟောပြော၍ ゞင်းတို့က ပြန်မေးလျှင် ဤမှောင်ရိပ်ကြီးထဲ သို့သာ ဝင်ပြေးတတ်သည်။ ဤမှောင်ရိပ်ကြီးထဲမှာတာရှည် မနေပါနှင့်။ ထွက်သင့်ပါသည်။ ကျွန်တော်နှင့် ဆရာသည် သိရင်းစွဲ ဖြစ်သည်အတိုင်း မေတ္တာနှင့်ခေါ်ပါသည်။ နိယတ မိစ္ဆာဒိဋ္ဌိ နှင့် ဒိဋ္ဌိမျိုးခြောက်ဆဲ့နှစ်ပါး အကြောင်းကို ပြောပြရန် ပညာရှိကြီးတဦး ယခုပင် လာပါလိမ့်မည်။ ခေတ္တငန့်ပါဦး ဆရာ။ စိတ်မဆိုးတန်းနော်။ ဆရာပြော - ဗုဒ္ဓဘာသာမှာလည်း ဘုရားအလိုတော် ဟုဆိုသော စကားရှိသည် မဟုတ်ပါလား။ ဤ အရာကိုကော မှောင်ရိပ်ခိုသည်ဟုဆိုရတော့မည်လား။ ကျွန်ုပ်ပြော - ဟုတ်ပါပေသည်။မေးသင့်ပါပေတယ် ဆရာ။ သို့သော် ဤအချက်ကိုလည်း ကျွန်တော် ကောင်းကောင်းကြီး စဉ်းစားပြီးပါပြီ။ ဗုဒ္ဓဘာသာက ဘုရားအလိုတော်ဟု ဆိုသော စကားနှင့် ဆရာတို့က ဘုရားအလိုတော်ဟုဆိုသော စကားရပ်တို့သည် အသံချင်းတူသော်လည်း အရသာသဘောတို့မှာ နေနှင့်မြေကြီး ကွာဝေးသည်ထက် ကွာဝေးသေး၏။ ကွာဝေးကြောင်းကား ဆရာတို့မှာ နိယာမ သဘောနှင့် အလွန် ဆန့်ကျင်သော အရာများကို ဟောပြောသဖြင့် အတော်အတန် Óဏ်ပညာရှိသူက သိလို၍ စုံစမ်းမေးမြန်းလျှင် ဆရာတို့က မဖြေနိုင်။ နားမလည် နိုင်ခြင်းကြောင့် စကားလက်စကို သိမ်း၍ ဘုရားအလိုတော်ကို လွှဲ၍ ချလိုက်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာမှာမူ ဤသို့ မဟုတ်ပေ။ မြတ်စွာဘုရားသခင် ဟောပြောတော်မူသော အချို့သော တရားတို့တွင် မရှင်း မလင်းသောသူအား
နှစ်ဘက်အစွန်းထွက်သကဲ့သို့ ဖြစ်ရာ မည်သို့သော သဘောနှင့် ဟောကြောင်းကို ပြလို၍ ဘုရားအလိုတော်ဆိုသော စကားကိုအသုံးပြုရသည်။ ဤအကြောင်းများကို မိလိန္ဒပညှာ၌ များစွာရေးထားလျက် ရှိသည်။ ဘယ်နေရာမှ ပုန်းကွယ်နိုင်သော အရိပ်မရှိ။ ပိဋကတ်တော်တွင်အလိုရှိသမျှရှာ၍ရနိုင်ပါသည်။ ဆရာပြော - ဗုဒ္ဓဘာသာက အစမထင် သံသရာ ဟုဆိုသော စကားအရ သံသရာအစကို ငါမမြင်နိုင်ဘူး ဆိုသည် မဟုတ်ပါလား။ သံသရာ၏ အစကို မမြင်နိုင်လျှင် Óဏ်လုံလောက်စွာ ရှိသည် ဆိုရမည်လား။ ကျွန်ုပ်ပြော - ဤစောဒကသည် အလွန်ကောင်းပေ၏။ သို့သော် ဗုဒ္ဓရှင်တော်ဘုရားသည် ဥာဏ်တော် အစိန္တေယျရှင် ဖြစ်တော်မူသည်ကား ယုံမှားဘွယ်မရှိ။ ကိုယ်တော်မြတ်သည် ရှိသည်ကိုလည်း အကုန်အစင် မြင်တော်မူသည်။ မရှိသည်ကိုလည်း မရှိကြောင်း သိတော်မူသည်။ သံသရာသည် အစမရှိခြင်းကြောင့် အစမထင်ဟု မိန့်တော်မူပါသည်။ အလွန်ဝိုင်းစက်သော ဂုံညှင်းတလုံး၏ အစကို ပြနိုင်ပါမည်လား ဆိုလျှင် စ၍ဖြစ်ကတည်းက အဝိုင်းဖြစ်လာသောကြောင့် ပြနိုင်မည် မဟုတ်ပေ။ ထိုသို့မပြနိုင်သည့်အတွက် ဂုံညှင်းကို မမြင်ဘူးဟု ဆိုရတော့မည်လား စဉ်းစားပါ။ အကြောင်းအကျိုးတရား ထင်ရှားရှိ၏။ ကောင်းမှု ပြုလုပ်သော သူအား ကောင်းကျိုးခံစားရသည်။ မကောင်းမှု ပြုသူမှာ မကောင်းကျိုးကို ခံစားရသည်။ ဤအကြောင်းအကျိုးတရားသည် အဘယ်မှာ အစရှိလေအံ့နည်း၊ အထက်ကောင်းကင် ဟင်းလင်းပြင်ကြီးဖြစ်ခြင်း၏ အစ ရှိရမည်ဟု ဆရာတို့ ထင်ပါသလား။ စဉ်းစား၍သာ ပြောသင့်ပါသည်။ ဗုဒ္ဓရှင်တော်ဘုရားသည် သဲလုံးနှင့်အမျှ ပွင့်တော်မူကုန်ပြီးသော ဘုရားတို့၏ အကြောင်းကိုပင် သိမြင်တော်မူပါသည်။ ဘုရားတဆူ တဆူလျှင် လေးအသင်္ချေနှင့် ကမ္ဘာ တသိန်း။ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ။တဆဲ့ခြောက် အသင်္ချေနှင့် ကမ္ဘာတသိန်း စသည်ဖြင့် အသီးသီး ပါရမီတော် ဖြည့်ဆည်းဘူးရသည်ကို ထောက်လျှင် ဘုရားပေါင်း ဂင်္ဂါသဲလုံးနှင့်ဆိုသော် သံသရာ ဘယ်လောက် ရှည်လျားသည်ကို ထောက်ရှုကြပါ။ ဆရာတို့၏ ကျမ်းအရ ကမ္ဘာဖြစ်သည်မှာ နှစ်ပေါင်းခြောက်ထောင်မျှ မရှိသေးသဖြင့် ဂင်္ဂါသဲလုံး၏ ကုဋေတရာစိတ်၍ တစိတ်မျှ မမှီသည်ကို ဆရာတို့ခိုင်းနှိုင်းဘို့မဟုတ်ဘူးထင်ပါတယ်။ ဆရာပြော - ကြာလျှင် မိုးချုပ်ကရော့မယ်။ သွားဘို့ အခွင့်ပေးပါဦးဆို၍ ထွက်သွားကြလေသည်။

၁၄။ သစ္စာအာနုဘော် လူကို ဖန်ဆင်းသူတို့အကြောင်း

ဗုဒ္ဓဘာသာမှ အပဖြစ်သော ဘာသာများတွင် ဘုရားသည် လူတို့၏ အမှုကို စီရင်၍ လူတို့ကို ထိုက်သည့်အားလျော်စွာ အကျိုးအပြစ်ကို ဆပ်ပေးသည်။ ဘုရားပြုသမျှ ဖြစ်သည်။ လူတို့က ဘာမျှ မတတ်နိုင်။ ဘုရားကိုသာ ဆုတောင်း၍ ဘုရားချစ်တော်မူက အပြစ်လွတ်၍ ကယ်တင်နိုင်သည်ဟု မှတ်ယူကြလေသည်။ ဗုဒ္ဓဘာသာမှာ ဤကဲ့သို့ မဟုတ်။ လူတို့၏ ကျင့်စဉ်မှ စ၍ ဒါနမှု ။ သီလမှု ။ သမထ ဝိပဿနာမှု တို့ကို ပြုက ကောင်းကျိုးချမ်းသာ ခံစား-စံစားရသည်။တရားကို စောင့်လျှင် တရားက ပြန်၍စောင့်သည်ဟု ယုံကြည်ကြသည်။တစုံတယောက်သောသူသည် ဒါနပြုလုပ်လျှင် ဘုရားက မောင်မင်း နတ်ပြည်ကို တက်စေ။ တစုံတယောက်သည် သူ၏ အသက်ကို သတ်လျှင် မောင်မင်း ဘယ်ငရဲမှာ နှစ်ပေါင်းမည်မျှ ခံစေဟူ၍ အမိန့်ပေးသည် မရှိ။ မိမိတို့၏ ကောင်းမှု မကောင်းမှုတို့က ပို့ဆောင်သည်။ အကယ်၍ ဘာသာခြား လူတို့က ဘုရားသည် ထိုကဲ့သို့ အမိန့်မပေးနိုင်လျှင် ဘုရားကို ကိုးကွယ်ရန် မလိုတော့ပြီ။ ကောင်းကျိုး-ဆိုးကျိုး တို့သည်လည်း အမိန့်ပေးသူမရှိဘဲ
ဖြစ်နိုင်မည် မဟုတ်။ ဤလောကမှာ ပြစ်မှုကြူးလွန်သူကို ထောင်၌ ချသည့်အခါ အမိန့် ဝါရမ်း ရေး၍ ထောင်သို့ ပို့ရသည်မဟုတ်ပါသလားဟုမေးငြားအံ့။ ဖြေရန်မှာ ဘုရားက အမိန့်မပေးသော်လည်း ဘုရား၊တရား၊သံဃာ ရတနာသုံးရပ်ကို ဆည်းကပ် ကိုးကွယ်ခြင်းသည် မိမိ၌ကောင်းကျိုးချမ်းသာရောက်သည်ကားမချွတ်တည်း။ ဥပမာ။ ကောင်းသော မြေပေါ်မှာ စိုက်သော ပျိုးစေ့ကဲ့သို့ မြေက မောင်မင်း သန်မာစေဟု အပင် အသီးတို့ကို အမိန့်မပေးသော်လည်း သန်မာ၍ ကောင်းသော အသီးကို သီးသဖြင့် အကျိုးထူးများကို ရစေ၏။ အမိန့်ပေးသူ မရှိဘဲ နတ်ပြည်သို့ တက်ရခြင်း။ ငရဲသို့ ခံရခြင်းအကြောင်းမှာ ကုသလာဓမ္မာ၊ အကုသလာ ဓမ္မာ၊ ဓမ္မာနိသတ္တ၊ နိဇီဝသဘာဝါ၊ သတ္တလည်းမဟုတ်။ ဇီဝလည်း မဟုတ်ကုန်သော သဘောတရားတို့က ပြုပြင်ကုန်၏။ ဤတရားတို့ကို လူများမမြင် မတွေ့ရဘဲနှင့် မည်သို့ ပြုပြင်ပါသနည်းဆိုလျှင် ဥပမာ။ ချိုသောအသီးကို သီးတက်သော သရက်ပင်က မျိုးစေ့ကို ယူ၍ စိုက်သော် သရက်ပင်ငယ်၌ ချိုသောသဘောပါရှိလာသော်လည်း ရှာတွေ့၍ မတွေ့။ အသီးသီးသဖြင့် စားသောအခါမှ သိရသည်။ အပင်ငယ်ကို ခုတ်ဖြတ်၍ ရှာသော်လည်း ချိုသော သဘောကို မမြင်မတွေ့ခြင်းကြောင့် ချိုသောသဘောသည် ထိုအပင်ငယ်အတွင်းမှ ပပျောက်သွား သည်မဟုတ် ဖြစ်ဖို့အချိန်ကျက ဖြစ်လာရသည်။ ယခုကာလပေါ်သော ဓာတ်သီချင်း၊ဓာတ်ပြား များကို ကြည့်လျှင် သီချင်းကို မတွေ့မမြင်နိုင်သော်လည်း သီချင်းသည် အမှန်ရှိသကဲ့သို့ နိယာမ တရားသည် ရှိ၏။ ဓာတ်ရထားကို အရှိန်ပေးသော ဓာတ်ကြိုး၌ ရှိသော ဓာတ်တို့ကို မမြင်ရသော်လည်း အမှတ်တမဲ့ သွားကိုင်မိလျှင် သေကျေ ပျက်စီးလိမ့်မည်။ ထိုအတူ မမြင်နိုင်သော နိယာမတရားငါးပါး၏အကြောင်းကိုဘတ်ပါလေ။ ဗုဒ္ဓဘာသာတရားသည် Óဏ်နှင့် ယှဉ်သော တရားဖြစ်သည်။ အနောက်နိုင်ငံသား ပညာရှိကြီး ဗုဒ္ဓဘာသာ မဟုတ်သူတို့သည် မိမိတို့၏ Óဏ်ပညာအလျောက် လောကကို ဖန်ဆင်းသူ ရှိ မရှိ ရှာဘွေစိစစ်ရာ ဖန်ဆင်းသူကို မတွေ့ နိယာမ ဓမ္မကသာ ပြုပြင်လျက်ရှိနေသည်ကို တွေ့ကြောင်း ရေးသားကြသော စာအုပ်အများကိုပင် ကျွန်ုပ်က ညွန်ပြနိုင်သည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာ မဖြစ်မှီက တစုံတခုသော အခြင်းအရာကို ဆိုသဖြင့် ထိုဆိုခြင်းသည် သစ္စာစကားသို့ သက်ဝင်၍ ဆိုသည့်အတိုင်း ဖြစ်ပေါ်လာလျှင် ဘုရားပေးသည်ဟု ထင်လေသည်။ ဤသို့သော ထင်ချက်များအနက်တခုကိုဘော်ပြပါအံ့။ ကျွန်ုပ်သည် ဗောကလိ ဆိုသောနယ်မှာ မြို့အုပ်အလုပ်နှင့်နေ၇ာ တနေ့သ၌ တောင်ငူမြို့က လှေစီး၍ ပြန်လာသောအခါ ပဲလဝါ ဆိုသော တောစခန်းသို့ ရောက်သည်။ဤစခန်းက ဗောကလိ ရွာသို့ တောင်ပေါ်ခရီးဖြင့် ၉မိုင်ကျော်ကျော် ဝေးသည်။ ゞင်းစခန်းသို့ ကျွန်ုပ်သည် မြင်းတစီးအသင့် လွှတ်၍ ထားနှင့်ရာ ကျွန်ုပ်နှင့်အတူ မိတ်ဆွေတဦးပါသဖြင့် မြင်းတစီးတည်း ဖြစ်၍ မိတ်ဆွေစီးရန် မြင်းမရှိ။ ဗောကလိကို လွှတ်ခေါ်ရမှာလည်း အချိန်မရှိ၍ တောင်ပေါ်ခရီးသို့ ညအခါ မသွားဝံ့။ သွားပြန်လျှင်လည်း ကျွန်ုပ်နှင့်အတူနေရန် လူမရှိသောကြောင့် ခက်ခဲခြင်းနှင့် တွေ့ကြုံနေလေသည်။ ထိုအခါကျွန်ုပ်သည်အောက်ပါအတိုင်းဆုတောင်းသည်မှာ-
ကျွန်ုပ်သည် မြင်းမစီးဘဲ တောင်ကို မတက်နိုင်။ ကျွန်ုပ်၏ မိတ်ဆွေလည်း မြင်းမစီးရလျှင် ဧကန် ပင် မသွားနိုင်။ကျွုန်ုပ်မှာ မြင်းတစီးသာ ရှိ၍ နှစ်ယောက် မစီးနိုင်။သို့ဖြစ်၍ မြင်းတစီးပေးပါ ဟု ဆုတောင်းလေသည်။
နံနက်လင်းသည့် တိုင်အောင် မြင်းမရောက် မလာ။ မြင်းစ မြင်းနကို မတွေ့မမြင်ရသော်လည်း ကျွန်ုပ်စိတ်က ပျက်ကွက်ခြင်း မရှိ။ ရမည်ဟု ဧကန်ယုံကြည်နေသည်။ ထိုနောက် အတော်ကြာလျှင် ခရီးဖင့်မည်စိုး၍ ရှိရင်း မြင်းတစီးကို တယောက်မောလျှင် တယောက်တကိုယ် တလှည့်တစီး စီးရန် သဘောနှင့် မြင်းကို ပြင်ဆင်၍ ထွက်မည်ပြုရာတွင် မနီးမဝေးသော သစ်ပင်ကြီးအောက်မှာ မြင်းသုံးစီးနှင့် လူခြောက်ယောက်တွေ့မြင်လေရာ ကျွန်ုပ်က
မြင်းငှားမည်လား ဟုမေးရာ ကျွန်ုပ်ကို လာ၍ ကြိုသော မြင်းနှင့်လူများဖြစ်ကြောင်း သိရလေသည်။ ထိုသူတို့ကို ခေါ်၍ မည်သူက လာ၍ ကြိုရန် ပြောသနည်းဟု မေးမြန်းလျှင် ညဉ့်သန်းခေါင်အချိန်လောက်တွင် ရွာနှင့်မနီးမဝေးက လူတယောက် ဟစ်၍ မြို့အုပ် ပဲလဝါမှာ ရှိသည်။ သွား၍ ကြိုဆိုကြဟု ပြောသည်နှင့် ကြက်ဦးတွန်လောက်တွင် မီးရှုး မီးတိုင်တို့နှင့် ထွက်လာကြရာ ယခုမှ ဆိုက်ရောက်ကြောင်း ပြောပြလေသည်။ ထိုဟစ်အော်ပြောဆိုသွားသော သူကို ကျေးဇူးတင်လှ၍ ကျေးဇူးဆပ်ရန် ရှာဖွေသော်လည်း ယခုထက်ထိ ကျွန်ုပ် မတွေ့မရှိသေး။
ဤအချက်အား ဘုရားပေးသည်ဟူ၍ပင် ကွန်ုပ်စိတ်ထဲ မှတ်ထင်မိလေသည်။ ထိုနောက် ကျွန်ပ်သည် သာစည်နယ်သို့ ရွှေ့ပြောင်းလုပ်ကိုင်နေသည့် အတွင်း သာစည်မြို့ အနောက်ပိုင်းမှာ မီးလောင်ရာ မြို့အုပ်မင်းသည် ゞင်း၏အိမ်နှင့်နီးသောကြောင့် မီးလောင်ရာအရပ်သို့ ကျွန်ုပ်မရောက်မီ ရောက်နှင့်လေ၏။ ကျွန်ုပ်ရောက်သွားသောအခါ သူသည် ငုံးမင်းပရိတ်ကို ရွတ်သော်လည်း မီးမငြိမ်းဘဲ အနောက်ဘက်တန်း ကုန်စင်အောင် လောင်ကြောင်း ပြောလျှင် ကျွန်ုပ်၏စိတ်က သူ၏ ဘုရားသည် တန်ခိုးမရှိခြင်းကြောင့် မရသည်ဟု မှတ်ယူလိုက်လေသည်။ ကျွန်ုပ် ဗုဒ္ဓဘာသာ ဖြစ်ပြီးသည့်ကာလပါရမီတော်ခဏ်းပျို့၌သစ္စာအာနုဘော်အကြောင်း ဘတ်ရလျှင် ဝသုန္ဒရေ ဤမြေသော်လည်း စောင့်စည်းမှုကား ကျင့်သောအားဖြင့် စကားသစ္စာ မှန်သောအခါကား ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မျက်သစ်ပင် ဆေးဘက်ဝင်၏ဟု တွေ့မြင်ရသော အခါ အကြောင်းကို ပြည့်စုံစွာ သိ၍ ငုံးမင်းပရိတ်တော်ကို ရှာဘွေ ဘတ်ရှုရာတွင်မှ ကျွန်ုပ်သည် ဗေါကလိမှ မြင်းရခြင်းနှင့် မြို့အုပ်မင်း၏ ပရိတ်ရွတ်ခြင်းတို့သည် ဘုရားနှင့်မဆိုင်။ သစ္စာ၏ အချက်နှင့်သာဆိုင်ကြောင်းသိရလေသည်။ ငုံးမင်း၏ ဖြစ်ပျက်ပုံနှင့် မြို့အုပ်မင်း၏ ဖြစ်ပျက်ပုံ မတူကြပါဘဲလျက် ငုံးမင်းဆိုသော သစ္စာစကားမျိုးကို မြို့အုပ်က ဆိုသောကြောင့်သစ္စာအာနုဘော်မရှိခြင်းဖြစ်သည်။ငုံးမင်းသစ္စာဆိုပုံကား-

၁။ တောမီး၊ငါအား အတောင်တို့သည် ရှိကုန်၏။ ထိုအတောင်တို့ဖြင့် ကောင်းကင်သို့ ပျံခြင်းငှါ မတတ်နိုင်။
၂။ ငါအား ခြေတို့သည် ရှိကုန်၏။ ထိုခြေတို့ဖြင့် မြေပေါ်မှာ ပြေး၍ မသွားနိုင်ကုန်။
၃။ ငါ၏ မိဘတို့သည်လည်း ထွက်ပြေးခဲ့ကြပြီ။ သင်သည် ဖယ်လေလော့။

အထက်က ရေးသားသည့်အတိုင်းအား မြို့အုပ်ရွတ်ခြင်းကြောင့် မုသားဖြစ်ဟန်ကား ၁။ သာစည်တွင် လောင်သည်မှာ တောမီးမဟုတ်။ ပန်းဘဲဖိုက စ၍ လောင်သောမီးဖြစ်ခြင်း။ ၂။ မြို့အုပ်မှာ အတောင်မရှိ။ ၃။ မြို့အုပ်၏ခြေတို့သည် အလွန်ပြေးလွားနိုင်သည်။ ၄။ မြို့အုပ်၏ မိဘများသည် ဘယ်ကိုမှ ထွက်၍ မပြေးကြ။ သို့ဖြစ်၍ မမှန်သောစကားကို ဆိုမိလျှက် ဖြစ်လေသည်။
မမှန်သော သစ္စာစကားကို ဆိုကလည်းအကျိုးမရှိကြောင်း ပြလို၍ ]အကျင်သောအခါ၊ ဤသစ္စကို၊ အရာချွတ်လွဲ၊ မသုံးစွဲတည့်၊ စည်းလဲ စကား၊ မှားလတ်တုန်အံ့။ မြေခုံစည်းတန်း၊ မုသား ထွန်းသား၊ တကျွန်းပတ်ရံ၊ တနိုင်ငံ၌၊ အသံမုသား၊ ပြက်စကားကို၊ မကြားစေလို၊ အောင်လိမ့်ဆိုသို့၊ ပေါ်ထိုရသာ၊ မြေဩဇာလျက်၊ တထွာ တတောင် လက်ခုပ်ဘောင်လျှင်၊ နက်ချောင်ငုပ်နစ်၊ အောက်လျှိုးဖြစ်၍၊ ခါးချစ်ဆေးဝါး၊ လူတို့စားလည်း၊ နာဖျားမလွတ်၊ ဥပဒ္ဒေဝေါ၊ ဘေးကျမ်းပြော၏} ဟု ရှေးပညာရှိတို့ စပ်ဆိုတော်မူသည်။ သစ္စာ ဆိုပုံစကားကို အပိုအလို မပါဘဲ အမှန်သိလိုလျှင် ဒသနိပါတ် ကဏှဒီပါယန ဇာတ်နှင့် သုဝဏ္ဏသာမ ဇာတ်တော် ကြီးများမှာ ကြည့်လေ။ အချို့ကျမ်းပြုဆရာများသည် သစ္စာပြုပုံ၏ အကြောင်းကိုရေးရာ၌ အပိုအလို စကားများ ထည့်သွင်းခြင်းကြောင့် လိုရင်းသို့မရောက်သဖြင့်သစ္စာအာနုဘော်အကျိုးကိုမခံရ။
ငုံးမင်းပရိတ်နှင့်ငါးရန့်မင်း၏ ပရိတ်တော်ကို ရေးရာ၌ မည်မျှလောက် အပိုအမိုပါ၍ လိုရင်းသဘောကို မရောက်ကြောင်း ဧကနိပါတ်ဝဠ္ဋကဇာတ်နှင့် အမတဒွါရ ကျမ်းတို့တွင် ထင် ရှားလေသည်။ ထိုကြောင့် သစ္စာအာနုဘော်အကျိုးကို ခံစားလိုသောသူတို့ များစွာသတိထားသင့် တော့သည်။ ဘုရားပေးသည်မဟုတ် သစ္စာအာနုဘော်ကြောင့်သာ အပေါ်က ရေးသားထားသောအချက်များ ဖြစ်ကြောင်းကို ထင်ရှားစေရန် ကျွန်ုပ် ဗုဒ္ဓဘာသာဖြစ်ပြီးနောက် သစ္စာပြုသော အကြောင်းတခုကိုပြပါမည်။ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးနောက် မိထ္ထိလာမြို့သို့ ကျွန်ုပ် ပြန်ပြောင်းရသည်။ ထိုအခါ မလှိုင်မြို့သို့ မြင်းနှင့် နယ်လှည့်သွားရာ ဦးလူမောင် ဆိုသူတယောက်ကလည်း လိုက်လာလေသည်။ မလှိုင်မှာ ကိစ္စကုန်၍ နက်ဖန်ခါ မိထ္ထီလာသို့ ပြန်မည်ပြုသဖြင့် ပြင်ဆင်ကြရာ ဦးလူမောင် စီးသောမြင်းသည် မရှိ။ အများလူတို့နှင့် ရှာကြသော်လည်း မတွေ့ သဖြင့် နံနက်စောစော မိထ္ထီလာကို ပြန်ရန် ခက်ခဲနေသည်ဟု ကျွန်ုပ်နှင့် အခြားသူများပါ ပုလိပ်ဂါတ်တဲ၏အရိပ် မြက်ပင်ပေါ်မှာ ထိုင်၍ စကားပြောနေရာ ဦးလူမောင်ပြန်လာ၍ ကျွန်ုပ်က ဦးလူမောင် သစ္စာများကို ပြုပါ၏လား ဟုမေးလျှင် အောက်က ရေးသာပါရှိသော သစ္စာကို ပြုကြောင်း ပြန်ပြောသည်။ ဦးလူမောင် သစ္စာပြုပုံကား-

၁။ ကျွန်ုပ်သည် မှတ်သိသမျှ ကာလပတ်လုံး သင်္ကန်းဝတ်၍လာသော ရဟန်းဖြစ်စေ၊သာမဏေတို့ ဖြစ်စေ ရှိခိုးဦးချခြင်း မပြုဘဲမနေ။
၂။ ကျွန်ုပ်သည် လမ်းများကိုသွားလျှင် လမ်းပေါ်မှာ မကောင်းသော အညစ်အကြေးတို့ကို တွေ့မြင်လျှင် ဘယ်အခါမျှ မသိမ်းဘဲမနေ။ဤမှန်သောစကားကိုဆိုခြင်းကြောင့်နေမဝင်မှီမြင်းပြန်လာစေသား။

ထိုအခါ ကျွန်ုပ်က ဦးလူမောင် ယခုနေ့တဝက်သာ ကျန်တော့သည်။ ဘယ်မှာ မြင်းလာဖို့ အချိန်ရှိတော့သလဲ ဟုပြော၍ ခဏကြာလျှင် အလွန်ပြင်းထံသော မြင်းခွါသံကို ကြားသောကြောင့် ထ၍ကြည့်ကြရာ ဦးလူမောင်စီးသော မြင်းသည် ဒုံးစိုင်း၍ ပြေးလာပြီးလျှင် အနီးအနားက ဗိုလ်တဲမြင်းဇောင်းသို့ ဝင်သွားလေသည်။ ゞင်းနောက်နေလည်း ဝင်သွားလေသည်။ ဤအရာသည် ဗုဒ္ဓဘာသာကို စွန့်ခွါထွက်သွားကြသော ပါဠိအူပေါက် ဆရာတို့၏ ယောင်မှားဘွယ်သော အချက်ပေတည်း။ ဗုဒ္ဓဘာသာကျမ်း၌ လူကို ဖန်ဆင်းသောသူသည် တဏှာ ယောကျာ်း ပဲခွပ်သမားအပြင် အခြားမရှိချေ။ ဤတဏှာယောကျာ်း ပဲခွပ်သမားကို မကိုးကွယ်ထိုက်။ ပယ်ထိုက် သတ်ထိုက်သည်။ ဘောဂဟကာရက အို၊ အတ္တဘောတည်း ဟူသော အိမ်ကိုပြုတတ်သော တဏှာယောကျာ်း ပဲခွပ်သမားဟု အနက်ရှိသည့် မြတ်စွာဘုရားသခင် ကျူးရင့်တော်မူသော ဇာတိသံသာရံ ဟူသော ဂါထာတော် ထင်ရှားစွာ လာရှိ၏။ အခြားဘာသာတို့က ]ဗုဒ္ဓဘာသာသည် အနှစ်ငါးထောင်သာ တည်သည်။ ငါးထောင်လွန်လျှင် ဗုဒ္ဓဘာသာ မရှိ။ ကွယ်ပျောက်လိမ့်မည်။ ゞင်းတရားသည် ရွှေရည်ပွတ်သကဲ့သို့ အနှစ်ငါးထောင်သာ ခံသည်}ဟူ၍ မသိရှာကြ၍ ကဲ့ရဲ့ပြောဆိုကြသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်သည် ကျင့်သူရှိက ဘယ်တော့မှ မကွယ်။ ဣမေစ သုဘဒ္ဒ ဘိက္ခု။ သမ္မာဝိဟရေယျုံ။ အသုညောလောကေ အရဟန္တေဟိအဿာတိ ဟူသော ဂါထာတော်သည် မိလိန္ဒပညှာမှာ ထင်ရှားရှိပါကြောင်းဖြင့်သိသာထင်ရှားအောင်ပြောခြင်းဖြင့်နိဂုံးချုပ်ပါ၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပေးပို့မျှဝေသော http://realenlightenmentorg.multiply.com/ မှဘလော့ဂါကို ကျေးဇူးအထူးပင် တင်ရှိပါသည်။