ခရစ်ရှန်စတိုင် အကြမ်းဖက်ခြင်း

ယခုမူကားငွေအိတ် ရှိသောသူသည်ယူစေ။ လွယ်အိတ်ရှိသော သူသည်ယူစေ။ ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ဓားကိုဝယ်စေ။ (လုကာ ၂၂:၃၆)

အကြမ်းဖက်သမားယေရှုက ဘယ်လောက်တောင်မှစစ်သွေးကြွနေလဲဆိုတာကြည့်ပါ။ သတ်ဖို့ဖြတ်ဖို့အတွက် သူ့ရဲ့နောက်လိုက်တွေကို ဓားမဖြစ်မနေဝယ်ခိုင်းပါတယ်။ ပိုက်ဆံမရှိရင်တောင်မှ အဝတ်ကိုချွတ်ရောင်းပြီးဝယ်ခိုင်းပါတယ်။ အရှက်အကြောက်လုံဖို့နဲ့ ရာသီဥတုဒဏ်ကာကွယ်ဖို့အတွက် အဝတ်အစားထက် ဓားကပိုအရေးကြီးပုံရပါတယ်။ အဲဒီဓားကိုဘယ်မှာသွားသုံးမလဲဆိုတာကြည့်ကြပါ။

မြေပေါ်သို့ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ် အံ့သောငှါ ငါလာသည်မဟုတ်။ ဓားကိုစေလွှတ်အံ့သောငှါ ငါလာသတည်း။ (မဿဲ ၁၀:၃၄)

ယေရှုဆင်းလာတာက ငြိမ်သက်ဖို့အတွက် ဒါမှမဟုတ် ငြိမ်းချမ်းရေးအတွက်မဟုတ်ပါဘူးလို့ သူကိုယ်တိုင်ဝန်ခံထားပါတယ်။ ဓားကိုစေလွှတ်ဖို့အတွက်လာတာပါတဲ့။ အဲဒါမို့လို့လည်းခရစ်ရှန်များဟာ ယေရှုနာမတော်နဲ့ ခရစ်ရှန်စတိုင်အကြမ်းဖက်မှုတွေကို ကျူးလွန်နေကြတာဖြစ်ပါတယ်။ ယေရှုကိုဘုရားလုပ်ပြီး ကိုးကွယ်နေတဲ့ခရစ်ယာန်များဟာ အခုမှအကြမ်းဖက်မှုတွေကိုကျူးလွန်ကြတာမဟုတ်ပါဘူး။ ယေရှုလက်ထက်မှာတင် ယေရှုရဲ့အချစ်ဆုံးတပည့်ရင်း ရှိမုန်ပေတရုဟာ အင်မတန်မှရုတ်ရင်း ကြမ်းတမ်းလှကြောင်း ကျမ်းစာမဟုတ်တဲ့ ကြမ်းစာမှာလာပါတယ်။


ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသော ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက် ကိုခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏ အမည်ကား မာလခုဖြစ်သတည်း။ (ယောဟန် ၁၈:၁၀)

ခရစ်ရှန်များဟာ ဘယ်လောက်တောင်မှ သတ်ဖို့ဖြတ်ဖို့လက်မနှေးဘူးဆိုတာကို တမန်တော်ပေတရုက သက်သေခံပါတယ်။ ခရစ်ရှန်များလက်ထဲမှာ လက်နက်ရှိပြီဆိုရင်ဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတဲ့ မယုံကြည်သူများအတွက်တော့ မတွေးဝံ့စရာအနာဂါတ်ပါပဲ။ ခရစ်ရှန်တွေနဲ့ ခရစ်ရှန်မဟုတ်သူတွေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။

သမိုင်းမှာလည်း ယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံခဲ့တဲ့ ခရစ်ရှန်ကြီးဟစ်တလာဟာလည်း အနုမြူလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းခဲ့တာ လူတိုင်းအသိဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ အနုမြူလက်နက်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲမှာ ခရစ်ယာန်ဘာသာအရိပ်လွှမ်းမိုးနေတဲ့ အစိုးရတွေအုပ်ချုပ်တဲ့ နိုင်ငံတွေကအများစုဖြစ်တာတွေ့ရပါတယ်။ အမေရိကားက ခရစ်ရှန်ဖြစ်တဲ့ သမ္မတဟောင်းဘွတ်ရှ်ဟာလည်း အီရတ်နိုင်ငံကို စွမ်းအားမြင့် ဖျက်အားပြင်းလက်နက်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ကျူးကျော်စစ်ဆင်နွဲခဲ့တာ ထင်ရှားတဲ့ဥပမာတစ်ခုပါ။ ဗုဒ္ဓဘုရားကတော့ စွမ်းအားမြင့်လက်နက်တွေတင်မကပါဘူး လက်နက်ရောင်းဝယ်ဖောက်ကားခြင်းကိုပါ မပြုသင့်မပြုအပ်တဲ့ ကုန်သွယ်ရောင်းဝယ်ခြင်းဆိုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုရှေးရှုပြီး ဆုံးမသွန်သင်ခဲ့ပါတယ်( အင်္ဂုတ္တရနိကာယ်၊ ၅၊ ၁၇၇-ဝဏိဇ္ဖာသုတ်)။ ကမ္ဘာ့ခေါင်းဆောင် ဗုဒ္ဓဘာသာဝင်ဦးသန့်ဟာဆိုရင်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးနဲ့ ပထမသက်တမ်းမှာပဲ ကျူးဘားကအနုမြူဒုံးကျည်တွေကို အောင်မြင်စွာဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ကျူးဘား ဒုံးပျံအရေးအခင်းဟာဆိုရင် အမေရိကန် နဲ့ ဆိုဗီယက်ယူနီယံတို့ဟာ တတိယကမ္ဘာစစ်ကြီးဆီကို ဦးတည်နေကြတဲ့ အချိန်မှာ ဦးသန့်ဟာ နှစ်ဘက်ခေါင်းဆောင်နှစ်ဦးလုံးကို ဖြောင်းဖြပြီး တတိယ ကမ္ဘာစစ်ကြီးဖြစ်မယ့်ဘေးကနေ ကာကွယ်ပေးနိုင်ခဲ့တာပါပဲ။

ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် လူ့ဘောင်အဖွဲ့အစည်း ငြိမ်းချမ်းမှာအသေအချာပါပဲ။ ဘာသာဝင်အရေအတွက်များတိုင်း၊ ဘာသာရေးအဆောက်အဦများတိုင်း သာသနာထွန်းကားတာမဟုတ်ပါဘူး။ သာသနာဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပါယ်က အဆုံးအမလို့အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာသ၍ သာသနာထွန်းကားတာပါပဲ။ ဗုဒ္ဓဘာသာဝင်မိဘကမွေးလာလို့ ဗုဒ္ဓဘာသာဝင်ဖြစ်လာ၊ အာဏာသိမ်းလို့ အစိုးရဖြစ်လာပြီးနောက် ဘုရားအဆုံးအမနဲ့ဆန့်ကျင်စွာ အနုမြူလက်နက်ရဖို့ကြိုးပမ်းတဲ့အစိုးရဟာ ဘယ်လောက်ပင် ဗုဒ္ဓမွေးဖွားရာအရပ်ကိုသွားရောက်ပြီး ဗုဒ္ဓဘာသာစစ်မှန်ကြောင်း သရုပ်ဆောင်ပြနေပေမယ့် ဗုဒ္ဓဘာသာဝင်အစိုးရ ဘယ်သောအခါမှဖြစ်မလာပဲ ဘိုးတော်တွေကို ယုံကြည်ကိုးကွယ်လိုက်နာသောကြောင့် ဘိုးတော်ဘာသာဝင်များသာဖြစ်ကြောင်း ပြောပါရစေခင်ဗျာ။

7 comments:

Unknown said...
September 7, 2010 at 5:21 AM

ရန်သူကို ချစ်ခြင်း။ ယေရှု၏ ဆုံးမစကား။

မိတ်ဆွေကို စေတနာနဲ့  မှာကြားခဲ့ချင်ပါတယ်။ခရစ်ယာန် မဟုတ်ပဲနဲ့
ကျမ်းစာဖတ်ပြီး ယေရှုအကြောင်း ရေးတယ်ဆိုတော့၊ ဘာပဲဖြစ်ဖြစ် ခရစ်ယာန် တယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တူမောင်တို့ ပြောသလို၊ ယေရှုဟာ တကယ့် အကြမ်းဖက်သမား ဟုတ် မဟုတ်ပေါ့နော်၊ လေ့လာ စဉ်ခြင်နိုင်အောင်၊ ကျမ်းပိုဒ် အချို့ ကို ဦး
က ထပ်ဖြည့်ပြီး ဆွေးနွေးခြင်ပါတယ်၊ ခေါင်းစဉ်မှာ တတ်ထားတဲ့ အတိုင်း၊ ရန်သူကို ချစ်ခြင်း ဆိုတာလေးနဲ့ အစပြုလိုက်ပါတယ်။ယေရှုရဲ့ စကားများကတော့ အောက်ပါအတိုင်းပါပဲ၊
(၁) ရန်သူကို ချစ်ခြင်း၊ ငါ့စကားကို ကြားရသောသင်တို့ အား ငါဆိုသည်ကား၊သင်တို့ ၏ ရန်သူတို့ ကို ချစ်ကြလော့၊သင်တို့ ကိုမုန်းသောသူတို့ အား ကျေးဇူးပြုကြလော့၊သင်တို့ ကို ကျိန်ဆဲသော သူတို့ အား မေတ္တာပို့ ကြလော့၊သင်တို့ ကိုနှောက်ရှက်သော သူတို့ အဘို့ ဘုရား သခင်ကို ဆုတောင်းကြလော့၊သင်၏ ပါးတဘက်ကို
ပုတ်သောသူအား ပါးတဘက်ကို ပေးဦးလော့၊သင်၏ ၀တ်လုံကို သိမ်းယူသောသူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေး ဦး
လော့၊သင်တို့ မူကား ရန်သူတို့ ကို ချစ်ကြလော့၊ကျေးဇူးပြုကြလော့၊တစုံတခုကို ရမည်ဟု မျှော်လင့်ခြင်း မရှိပဲ ချေးငှါးကြလော့၊ ထိုသို့ ပြုလျှင် သင်တို့ အကျိုးကြီးလိမ့်မည်။ လို့ သခင်
ဘုရားက ဟောပြောဆုံးမထားပါတယ်။
(၂) မစီရင်ဘို့ ကိုလည်း ဆုံးမထားပါတယ်။
သူတပါး၏ အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်၊ မပြုလျှင် သင်တို့ သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်၊သူတပါးကို အပြစ် မစီရင်ကြနှင့်၊မစီရင်လျှင် သင်တို့ 
သည် အပြစ် စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့ အပြစ်ကို လွှတ်ကြလော့၊လွှတ်လျှင် ကိုယ့်အပြစ် လွှတ်လိမ့်မည်၊သူတပါးအား ပေးကြလော့၊ပေးလျှင် သူတပါးသည် သင်တို့ အား ပေးကြလိမ့်မည်၊အကြောင်းမူကား၊ အကြင်ချိန၊် တင်းပမာဏနှင့် သူတပါးအားပေး၏၊ ထိုပမဏ အတိုင်း ကိုယ်ခံရကြမည်။ ဥပမာကား၊ လူကန်းသည် လူကန်းအား လမ်းကို ပြနိုင်သလော၊
နှစ်ဦးတို့ သည် တွင်းထဲသို့ ကျလိမ့်မည် မဟုတ်လော့၊ တပည့်သည် ဆရာထက် မသာ၊အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။ကိုယ်မျက်စိ၌ ရှိသော တံကျင်ကို မအောင့်မေ့ပဲ၊ ညီအစ်ကို မျက်စိ၌ ရှိသော ငြှောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။
ကိုယ့်မျက်စိ၌ ရှိသော တံကျင်ကို မမြင်မမှတ်ဘဲလျှက်၊ညီအစ်ကို သင်၏ မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ညီအစ်ကိုအား ဆိုရသနည်း။ လျှို့ ဝှက်သောသူ၊
ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေ့ဦးစွာ ထုတ်လော့၊ နောက်မှ ညီအစ်ကိုမျက်စိ၌ ရှိသော ငြှောင့်ငယ်ကို ထုတ်ခြင်းငှါ ရှင်းလင်းစွာ မြင်ရလိမ့်မည်။
(၃) အသီးအားဖြင့် အပင်ကို သိခြင်း၊ အကြောင်း ဆုံးမထားပါသေးတယ်။

မကောင်းသော အသီးကို သီးသောအပင်းကား၊ကောင်းသော အပင် မဟုတ်။ ကောင်းသော အသီးကို သီးသော အပင်ကား၊မကောင်းသော အပင် မဟုတ်။ …အသီးကို ထောက်၍ အပင် သဘောကို သိရ၏။
ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်၊တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။ ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသော အရာကိုထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသော အရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊စိတ်နှလုံး အပြည့်ရှိသည် အတိုင်း နှုတ်မြွက်တတ်၏။ (ခရစ်တော် အဖမ်းခံရခြင်း)
အကြောင်းလေး ဆွေးနွေးပါဦးမယ်။
ထိုသို့ မိန့် တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအ၀င်ဖြစ်သော ယုဒရှာကာရုတ် လာ၏၊ ယဇ်ပုရောဟိတ် အကြီးတို့ နှင့် လူတို့ တွင် အကြီးအကဲ ဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့ သည် ဓါးနှင့်ဒုတ်များကို ကိုင်လျှက်ပါလာကြ၏။
ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏၊ သူ့ ကိုဖမ်းကြဟု ထိုသူ တို့ အား အမှတ်ပေးခဲ့သည့် အတိုင်း၊--ကိုယ်တော်ရင်းသို့ ချက်ခြင်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော်ဟု …ဆိုလျှက်နမ်းလေ၏။--ယေရှုကလည်း အဆွေ အဘယ်အခင်း ရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့ သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။
ထိုအခါ ..ယေရှုနှင့် ပါသောသူတယောက်သည် လက်ကိုဆန့် ၍ ဓါးကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။--ယေရှုကလည်း သင့် ဓါးကို သူ့ နေရာ၌ ပြန်ထားလော့၊ ဓါးကို ကိုင်သောသူ ရှိသမျှတို့ သည် ဓါးဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။
ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကို၎င်း၊ တောင်းလျှင် ကောင်းကင်တ
မာန် တဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို၎င်း၊ သင်သည် မထင်သလော့။-----သို့ ဖြစ်လျှင် ဤသို့ သောအမှုအရာတို့ သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်
သို့ ပြည့်စုံအံ့နည်းဟု မိန့် တော်မူ၏။
ဒီနေ့ အသီးတွေကို ကြည့်ခြင်းအာဖြင့် အပင်ကို သိရပါပြီ။
ကျနော် နားထောင်ဘူးတဲ့ အဆိုတော် ဒေါ်မာမာအေး ရဲ့ ဗုဒ္ဓ၏ အောင်
ခြင်း ရှစ်ပါးက။ အသီးအားဖြင့် အပင်ကို ပြနေပါတယ်။ဝမ်းမြှောက်စရာပါ။

ဒါဆို အသီးကို ထောက်ခြင်းအားဖြင့် အပင်ကို သိနေပါပြီ။
စဉ်းစားဆင်ခြင်ကြည့်ကြပါစို့ ။
အားလုံးကျန်းမာချမ်းသာကြပါစေ။

A-bomb said...
November 19, 2010 at 8:45 AM

@Shwe

ခင်ဗျားရေးတဲ့ကွန်မန့်ဟာ spam listထဲရောက်နေတာတွေ့လို့ ပြန်ဖော်ပေးလိုက်ပါတယ်။ Spamလို့ထင်စရာပါပဲ။ floodingလို့ပြောရင်ပိုနီးစပ်မယ်ထင်တယ်။ ခင်ဗျားအခုကိုးကားပြသွားတဲ့အထဲမှာ ကျမ်းညွှန်းတစ်ခုမှမပါပါလား။ ဘယ်ကျမ်းအခန်းကြီးဘယ်လောက် အခန်းငယ်ဘယ်လောက်ဆိုပြီး မကိုးကားသ၍တော့ ခင်ဗျားရဲ့ဆွေးနွေးမှုတွေက သဲထဲရေသွန်ဖြစ်မှာပဲလို့ ကျွန်တော်သတိပေးပါရစေခင်ဗျာ။

Anonymous said...
July 24, 2011 at 12:21 PM

ကျမ်းချက်ပြောတော့လဲ မင်းက သိမှာကြနေတာပဲ.. ခရစ်ယာန် အကြောင်း မသိပဲ.. ခရစ်ယာန် မကောင်းကြောင်း ပြောနေကြတာ အံ့သြဖို့ ကောင်းပါတယ် ။ သိတဲ့လူတွေလဲ အဲလိုစကားမျိုးပြောမထွက်ကြတော့ပါဘူး...ကျမ်းစာကို ကှို့ ဟာကို ဖတ်လို့ နားမလည်နိုင်ပါဘူး..ဘုရားသခင်ဆီက အကူညီတောင်းဆုတောင်းမှ နားလည်နိုင်ပါတယ်..ဟစ်တလာ ..ဘုရှ် မှ မဟုတ်ပါဘူး.. သူတို့ ထက်ဆိုးသွမ်းတဲ့..လူတွေအကြောင်းတောင် ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်..

Anonymous said...
January 2, 2012 at 1:15 PM

အဲ့ဒါက ခ၇စ်ယာဉ်အတွက်ဟသလို ဖြစ်နေ၇ပါတယ်....ဖြေရှင်းစ၇ာတောင်မလိုဘူးးးးး ကျမ်းစာက ဘာကိုပြောပြထားတာလဲ ဘာကိုပြောချင်တာလဲဆိုတာ သိအောင် စစ်ဆေးကြည့်ပါ...မသိ၇င်လည်း...နီးစပ်၇ာ မေးမြန်းပါ....ယူက ခလေးလိုဖြစ်နေတယ်...
ဟဲဟဲ.....ခ၇စ်ယာဉ်ဘာသာမကြိုက်၇င် ဒီထက် ကျမ်းစာပိုမို နားလည်နိုင်အောင်ကြိုးစားပါလို့ အကြံပေးပါ၇စေ....ယူ့ကိုစိတ်မဆိုးပါဘူး....ဖတ်ပြီး သနားလည်းသနားတယ်....၇ီလည်း၇ီချင်မိပါတယ်....ကတ္ဘာဦးကနေ ယခုထိ လက်ရှိဖြစ်ပေးနေတာအကုန်လုံး သင့်ပေါ်ပေါက်လာမယ်ဆိုတာေ၇ာ ကျမ်းစာက ပြောပြပြီးသာဒ ဖြစ်လို့ အံ့သြစ၇ာမရှိပါဘူး....

Unknown said...
August 25, 2013 at 4:20 AM

ခရစ်ယာန်သမ္မာကျမ်းစားကို ပောဗြဲနဲ့အင်္ဂလိပ်လိုဆက်ပြီးလေ့လားပါလို့တိုက်တွန်းချင်တယ်။ကြိုးစားနေပါတယ်

Unknown said...
August 25, 2013 at 4:30 AM
This comment has been removed by the author.
Unknown said...
August 25, 2013 at 4:37 AM

ဒီယူဆတွေနဲ့ခရစ်ယာန်ဘာသာမ၀င်တာကြာခဲ့ပြီ

Post a Comment