ယေရှုဘုရားဟုတ်မဟုတ်

အွန်လိုင်းပေါ်က မြန်မာခရစ်ရှန်တွေကတော့ သိကြတဲ့အပိုင်းပဲဗျာ။ ကျွန်တော်သူတို့ဘိုင်ဘယ်လ်ကို အရှိကိုအရှိအတိုင်းထုတ်ပြတာကို အဆင့်အတန်းရှိရှိပြန်မချေပနိုင် မဖြေရှင်းနိုင်ကြဘူး။ မချေပနိုင်ကြတော့ဘာလုပ်လဲ? စီဘော့က်စ်ထဲကနေ အောက်တန်းကျကျ ယေရှုနောက်လိုက်ပီပီ ဟောင်ကြပါလေရော။ အခုလည်းကြည့်.. ယေရှုကဘုရားမဟုတ်ကြောင်းကို ဘိုင်ဘယ်လ်ကျမ်းပိုဒ်အထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာချပြတာကို ကလေးကလားဆန်ဆန် ပြန်ချေပဖို့ကြိုးစားနေကြတာ။ ဒီကြားထဲကျွန်တော်ကလည်းမအားလို့ ဘလော့ဂ်မရေးဖြစ်တော့ ကြောင်မရှိကြွက်ထကြတယ်ဗျာ။ ဒီကစာဖတ်ပရိသတ်ကြီးကို ကျွန်တော်အကြွေးတွေတင်နေမိပြီဗျာ။ ဘိုင်ဘယ်လ်တစ်အုပ်လုံးကိုကျွန်တော် note ထုတ်ထားပြီးသားပါ။ ကျွန်တော်အခုဘလော့ဂ်ရေးတာမှာ ကျွန်တော့်ကိုခရစ်ရှန်တွေ တစ်ယောက်တစ်လေမှ ပြန်မချေပနိုင်ကြလို့ အနိုင်ပိုင်းရာကျနေလို့ ကျွန်တော်လျှော့ရေးနေရခြင်းဖြစ်ပါတယ်။ အမှားတစ်ထောင်ဘိုင်ဘယ်လ်ကို ထုတ်ပြရတာ အင်မတန်မှလွယ်ကူတဲ့အလုပ်ပါ။ လူအများစုက ဘိုင်ဘယ်လ်ကိုဝေဖန်ကြပြီဆိုရင် ပထမဆုံးကမ္ဘာဦးကျမ်းကို ထောက်ပြကြပါတယ်။ ဒါပေမယ့်ကျွန်တော်က အဲဒီလုပ်ရပ်ဟာ အင်မတန်မှလွယ်ရာကျလို့ လက်ရှောင်နေတာပါ။ ဘာသာတရားတိုင်းကကျမ်းတိုင်းမှာ သဘာဝလွန်ဖြစ်ရပ်တွေ မကင်းကြပါဘူး။ အဲဒါကိုတော့လူတွေလက်ခံကြပါတယ်။ ဒါပေမယ့် အမှားမလုပ်နိုင်တဲ့ ဘုရားသခင်ဆီကလာတဲ့ကျမ်းဖြစ်လို့ စကားလုံးလေးတစ်လုံးတောင်မှ မမှားပါဘူးဆိုပြီး ခရစ်ရှန်များကကြွေးကျော်လာတော့လည်း အများသူငှာသိဖို့ရာ ဝေဖန်ပိုင်းခြားပြရမှာဖြစ်ပါတယ်။ ကျွန်တော်အခုကိုးကားနေတာတွေအများစုကလည်း ဓမ္မသစ်ကျမ်းထဲကဖြစ်ပါတယ်။ gospel လေးကျမ်းကိုပိုပြီး အသေးစိတ်ဝေဖန်ပါတယ်။ အဲဒီလေးကျမ်းထဲမှာမှ ယေရှုရဲ့နှုတ်ထွက်စကားတွေကို အဓိကအထားဆုံးပါပဲ။ အခုလည်း ယေရှုသည်ဘုရားဖြစ်သည် ဆိုတဲ့ပို့စ်ထဲက တလွဲတွေကိုကျွန်တော်ထောက်ပြပါမယ်။

အဲဒီပို့စ်ရေးတဲ့လူက ယောင်ကိုင်းနုဖြစ်တယ်လို့ဆိုထားပါတယ်။ YGN ဆိုပြီးတော့ သူ့ကိုယ်သူခေါ်တာပေါ့။ သူရေးတယ်ဆိုကတည်းက အဲဒီပို့စ်ကအဆင့်မရှိတော့မှန်း ကြိုသိနေပြီးသားပါ။ ဆွေးနွေးတဲ့အခါမှာ သဘောတရားတစ်မျိုးရှိပါတယ်။ တစ်ဖက်သားကအဆိုတစ်ခုတင်သွင်းပြီဆိုပါစို့။ အဲဒီအခါမှာ ကိုယ့်ဘက်ကတန်ပြန်အဆိုကို ချက်ချင်းတင်သွင်းလို့မရပါဘူး။ တစ်ဖက်သားရဲ့အဆိုကို အရင်ပြန်ချေပရပါတယ်ခင်ဗျ။ နို့မို့ဆိုရင် ပထမအဆိုနဲ့ တန်ပြန်အဆိုနဲ့ ၂ခုစလုံးက ဝိရောဓိဖြစ်နေကြမှာမို့လို့ပါပဲ။ အဲဒါကို contradiction လို့ခေါ်ပါတယ်။ အခုပို့စ်မှာလည်း ကျွန်တော့်ဘက်ကအဆိုကို ချေပထားခြင်းလုံးဝမရှိတဲ့အပြင် သူ့ဘက်ကတန်ပြန်အဆိုတင်သွင်းတော့ ကိုယ့်ကျမ်းစာထဲက contradiction ကိုယ်ပြန်ဖော်ရာကျသွားပါတယ်ခင်ဗျာ။ အဲဒီတစ်ချက်တော့ကျွန်တော်ကျေးဇူးတင်ပါတယ်။ တစ်ဆူတည်းသောထာဝရဘုရားဆီကလာတဲ့ သန့်ရှင်းသောဝိဥာဉ်တော်ဆီကနေ တစ်ဆင့်ပြန်ပို့ချတဲ့ နှုတ်ကပတ်တော်တွေသာဖြစ်ရိုးအမှန်ဆိုရင် တစ်ခုနဲ့တစ်ခု ရှေ့နဲ့နောက် ကွဲလွဲဆန့်ကျင်ဝိရောဓိမဖြစ်ရဘူးဆိုတာ လက်ခံပါသလားခင်ဗျား? ဖန်ဆင်းရှင်ဝါဒီဆိုတာ တကယ်တန်းတော့ လူသားတစ်ရပ်လုံးကို ကျွန်ဇာတ်သွင်းတဲ့ယုံကြည်မှုတစ်ရပ်ဖြစ်ပါတယ်။ အခုလည်းကြည့်ပါ ဝိဘဇ္ဖဝါဒီလို့ခေါ်တဲ့ ဝေဖန်ပိုင်းခြားသုံးသပ်သူတွေရဲ့ သာမာန်အသိဥာဏ်နဲ့တောင် အမှားအမှန်ခွဲခြားလို့ရတဲ့ကိစ္စကို သူ့ခမျာကျွန်ဇာတ်သွင်း brainwash အလုပ်ခံထားရတော့ ဘုရားသခင်ကိုပြေးပြေးမပါတော့တယ်ခင်ဗျား။ ကြည့်ကြပါ "သုံးပါးတစ်ဆူ ဖြစ်တော်မူသော ထာဝရဘုရား၏ အကြောင်းအား လူတို့၏ ညဏ်အားဖြင့် စဉ်းစားတွေးခေါ်၍ ကား မှီနိုင်မည် မဟုတ်ပေ ။" သူအပါအဝင် အွန်လိုင်းကခရစ်ရှန်တွေအားလုံးကို ကျွန်တော်မေးချင်ပါတယ်။ သူတို့တွေအားလုံးရဲ့ ဘယ်နှရာခိုင်နှုန်းဟာ ဝိဥာဉ်တော်ရပြီးပြီလဲ? ပြီးတော့ အခုသူတို့သိထားတဲ့ယုံကြည်မှုတွေက အသင်းတော်ကbrainwash လုပ်ထားလို့သိတာလား ဝိဥာဉ်တော်ကလာပြောလို့သိတာလား? ဝိဥာဉ်တော်ရပြီးတဲ့ ယုံကြည်သူတွေအနေနဲ့ အွန်လိုင်းမှာအခုလိုမျိုး ပေါရဲပါ့မလား? ပြီးတော့ ဝိဥာဉ်တော်ရပြီးကြောင်း ဘယ်လိုသက်သေပြမလဲ? စသည်ဖြင့် ဖြေရှင်းလို့မရတဲ့ မေးခွန်းပေါင်းမြောက်များစွာပေါ်ထွက်လာပါတယ်။

အကြောင်းအရာကို ပြန်သွားရရင်ဖြင့် ဓမ္မသစ်ကျမ်းတစ်လျှောက်လုံးမှာ ယေရှုရဲ့နောက်လိုက်တစ်အုပ် အပါအဝင် ရှင်ပေါလုလို ယေရှုကိုတွေ့တောင်မတွေ့ဖူးခဲ့တဲ့ so-called သူတော်စင်များရဲ့ ကိုယ်လိုရာဆွဲ ချဲ့ထွင်ရေးသားမှုတို့ကြောင့် ခရစ်ရှန်နတီဟာ ဘုရားတစ်ဆူဝါဒ monotheism ကနေ ဘုရားအများအပြားဝါဒ(polytheism,paganism) အဆင့်ကိုပြောင်းလဲသွားပါတယ်။ ကျွန်တော့်ရဲ့ ယေရှုသည်ဘုရားမဟုတ်ပါ ပို့စ်မှာ ယေရှုနှုတ်ထွက်စကားတွေကိုသာ အဓိကကိုးကားပြထားပါတယ်။ ယေရှုရဲ့ဘုရားမဟုတ်ကြောင်း နှုတ်ထွက်စကားတွေကို သူ့နောက်လိုက်တွေရဲ့ စကားတွေနဲ့ချေဖျက်လို့ မရစကောင်းပါ။ အဲဒါမို့လို့ ကျွန်တော်က ယေရှုဘာပြောခဲ့လည်း ထာဝရဘုရားဆိုသူက ဘာပြောခဲ့လည်းဆိုတဲ့အပိုင်းကို ဦးစားပေးပြီးရှင်းပါ့မယ်ခင်ဗျာ။
- ဤသူကား ငါ၏ချစ်သားပေတည်း ။ ( လု ၊ ၃း ၂၂ ) - ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း ။ ( မဿဲ ၊ ၁၇း ၅ )
အဲဒီမှာခရစ်ရှန်တွေရဲ့ logical fallacy စတာပါပဲ။ ထာဝရဘုရားရဲ့ သားတော်ဖြစ်တာနဲ့တင် ဘုရားဖြစ်ရောလား? မဖြစ်ပါခင်ဗျာ။ အကြောင်းရင်းကိုပြောပါ့မယ်။

ကာဣနန်ကားဧနုတ်၏သား၊ ဧနုတ်ကားရှေသ၏ သား၊ ရှေသသည်ကားအာဒံ၏သား၊ အာဒံကား ဘုရားသခင်၏သားဖြစ်သတည်း။ (လုကာ ၃:၃၈)


အာဒံသည်ဘုရားလော?


ဘုရားသခင်၏ သားတို့သည် လူသမီးတို့လှကြောင်းကို မြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။ (ကမ္ဘာဦးကျမ်း ၆:၂)

ဘုရားသခင်ရဲ့သားတော်ဆိုတဲ့ပုဂ္ဂိုလ်တွေက လူ့ပြည်ကိုဆင်းပြီး လူသားအမျိုးသမီးတွေနဲ့ မျိုးပွားခဲ့ကြပါသေးတယ်ခင်ဗျ။ သူတွေတွေကော ဘုရားတွေလားခင်ဗျာ?

နံနက် ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋိကျောက်ကို အဘယ်သူ တင်ထားသနည်း၊၊(ယောဘ ၃၈:၇)
ဒီနေရာမှာ အိန်ဂျယ်လ်တွေကိုပြောထားခြင်းဖြစ်ပါတယ်။
သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ခွင့်ကိုရကြ၏။- (ယောဟန် ၁:၁၂)

သူတို့လော့ဂျစ်အရဆိုရင် ခရစ်ရှန်တွေကလည်းဘုရားဖြစ်ခွင့် ရကြတာပေါ့နော်။

ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသော နေ့ရက်အချိန် ရောက်လျှင် စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏၊၊ (ယောဘ ၁:၆)

တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသော နေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ သူတို့နှင့်အတူလာ၏၊၊ (ယောဘ ၂:၁)

စေတန်နဲ့သူရဲ့အပေါင်းအပါတွေကလည်း ဘုရားရဲ့သားတော်တွေပါပဲခင်ဗျ။

စာဖတ်ပရိသတ်အနေနဲ့ ရှင်းရှင်းလင်းလင်းတွေ့ရပြီပေါ့။ ဘုရားသခင်ရဲ့သားတော်ဆိုတာ ဘယ်လိုလူတွေကိုခေါ်သလဲဆိုတဲ့အကြောင်းကို။ ဆော်လမုန်ဘုရင်ကိုလည်း ဘုရားသခင်ရဲ့သားတော်လို့ခေါ်ပါသေးကြောင်း မှတ်မိပါသေးတယ်။


- သင်ပြောသည့်အတိုင်းငါဖြစ်၏။ ( မာကု ၊ ၁၄း ၆၂ ) - သင်ပြောသည့်အတိုင်း ငါမှန်၏။ ( မဿဲ ၊ ၂၆း ၆၄ ) - သားတော်ကို မရိုသေသောသူသည်ကား . . . .။ ( ယော ၊ ၅း ၂၃-၂၄ ) - ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့ ။ ( ယော ၊ ၁၄း ၁ )

- ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏ ။ ( ယော ၁၄း ၉ )


ယေရှုနှုတ်ထွက်စကားတွေထဲမှာ အဲဒီငါးကြောင်းက သူဘုရားဖြစ်ကြောင်း ဘယ်လိုမှသက်သေမပြပါဘူးခင်ဗျာ။ လွဲနေပါတယ် out of topic ပါ။ သက်သေမပြတဲ့အပြင် ယေရှုဟာ ဘုရားသခင်ကစေလွှတ်တဲ့ တမန်တော်တစ်ယောက်ဖြစ်ကြောင်း ပိုပြီးတော့သာပေါ်လွင်နေပါတယ်။

နောက်ဆုံးတစ်ကြောင်းအနေနဲ့

- ငါသည်ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်သည်ဟုမိန့်တော်မူ၏။ ( ယော ၊ ၁၀း ၃၀ )

အဲဒီမှာ ခရှစ်ရှန်အမှုတော်ဆောင်ကြီးက ဘိုင်ဘယ်လ်ကိုမကျေညက်ကြောင်း အထင်းသားပေါ်တာပါပဲခင်ဗျာ။ တစ်လုံးတစ်ဝတည်းဖြစ်သည် "I and the Father are one" ဆိုတဲ့နေရာမှာ ယေရှု = ယေဟောဝါ (ဒါမှမဟုတ်) ယေရှု + ယေဟောဝါ ပေါင်းကို ဘုရားလို့သတ်မှတ်ကြောင်းဝန်ခံထားခြင်းမဟုတ်ရပါ။ ယောဟန် အခန်းကြီး ၁၇က ယေရှုရဲ့ဆုတောင်းကိုပဲကြည့်ပါ။

အကျွန်ုပ်သည်ထိုသူတို့အတွက်သာလျှင် ဆုတောင်း သည်မဟုတ်ပါ။ သူတို့ဟောပြောချက်ကြောင့် အကျွန်ုပ်ကိုယုံကြည်လာသူများအတွက်လည်း ဆုတောင်းပါ၏။ ထိုသူအပေါင်းတို့သည်တစ်လုံးတစ်ဝတည်းဖြစ်ကြ စေရန်ဆုတောင်းပါ၏။ အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌တည်ရှိတော်မူ၍အကျွန်ုပ်သည်လည်း ကိုယ်တော်၌တည်ရှိသကဲ့သို့ ထိုသူတို့သည်အကျွန်ုပ် တို့၌တည်ရှိစေတော်မူပါ။ အကျွန်ုပ်ကိုကိုယ်တော် စေလွှတ်တော်မူကြောင်းကိုလောကသားတို့ယုံကြည် ကြစေရန် ထိုသူတို့ကိုတစ်လုံးတစ်ဝတည်းဖြစ်စေ တော်မူပါ။ ကိုယ်တော်နှင့်အကျွန်ုပ်သည်တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ ထိုသူတို့သည်လည်းဖြစ်ကြစေ ရန် အကျွန်ုပ်သည်ကိုယ်တော်ပေးတော်မူသော ဘုန်းအသရေတော်ကိုသူတို့အားပေးပါပြီ။ အကျွန်ုပ်သည်သူတို့၌လည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်းတည်ရှိသဖြင့် သူတို့သည် လုံးဝတစ်လုံးတစ်ဝတည်းဖြစ်သောအားဖြင့် ကိုယ်တော် သည်အကျွန်ုပ်အားစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ် အားချစ်တော်မူသကဲ့သို့ သူတို့အားလည်းချစ် တော်မူကြောင်းကိုကမ္ဘာသူကမ္ဘာသားတို့ သိရှိကြမည်ဖြစ်ပါ၏။”(ယောဟန် ၁၇:၂၀-၂၃)


ယေရှုက ဘုရားသခင်နဲ့တစ်လုံးတစ်ဝတည်းဖြစ်လို့ ဘုရားဖြစ်တယ်လို့ယူဆရင် အခုဆုတောင်းကိုကောဘယ်လိုဆင်ခြေကန်မလဲဆိုတာ ကျွန်တော်စဉ်းစားပြီးပြုံးမိတယ်ဗျာ။ ကြုံတုန်းတစ်လက်စတည်း ဘုရားဖြစ်တဲ့လူက ဘုရားထံမှာဆုတောင်းမလား ရှိခိုးမလားဆိုတာလေး ဖြေသွားပါဦးလား။

အမှန်တရားကို ကြာရှည်ဖုံးကွယ်လို့ မရစကောင်းပါ။ ယေရှုသည်ဘုရားသခင်ဖြစ်ပြီး ကျွန်ုပ်တို့အပြစ်အတွက် အသေခံသွားသည်ဆိုပြီး သာသနာပြုနေကြတဲ့ ခရစ်ရှန်တွေကိုကျွန်တော်တစ်ခုမေးချင်ပါတယ်။ ယေရှုကသူ့ကိုယ်သူ ဘုရား(God)ဖြစ်ပါတယ်လို့ ပြောထားတဲ့ ကျမ်းပိုဒ်တစ်ပိုဒ်ရှိရင်ထုတ်ပြပါ။ စိန်ခေါ်ပါတယ်။

အမှန်တရားကိုသိသွားတဲ့ ကျွန်တော့်ဘလော့ကိုလာလည်သူ မြန်မာခရစ်ရှန်တွေထဲက တာဇံဆိုသူကရင်ခရစ်ရှန်လေးကတော့ ယေရှုကဘုရားဖြစ်ကြောင်းကို လက်မခံဘူးခင်ဗျ။ အခုလိုပဲသူ့ရဲ့ဆန္ဒအမြင်တွေကို ထုတ်ဖော်ပြောကြားသွားပါတယ်။


အခုလိုအမြင်မှန်ရသွားတဲ့ တာဇံအတွက်ကျွန်တော်ပီတိဖြစ်မိပါတယ်ခင်ဗျာ။ သူ့အတွက်မှားယွင်းသောအယူစွဲကနေ မှန်ကန်ကောသမ္မာဒိဌိဘက် ခြေတစ်လှမ်းလှမ်းလာခြင်းဖြစ်လို့ ကျွန်တော်ကြိုဆိုပါတယ်။ သမ္မာလမ်းစဉ်နဲ့ ပိုနီးလာခြင်းမဟုတ်ပါလားခင်ဗျာ။

YGN အနေနဲ့ ကျွန်တော့်အဆိုတွေကို တစ်လုံးမှပြန်လည်မချေပခဲ့ပေမယ့် သူ့ငြင်းချက်မှန်သမျှကိုကျွန်တော် ပြန်ချေပခဲ့ပြီးပါပြီ။ ကျွန်တော်ရေးခဲ့သမျှတွေထဲမှာ အကိုးအကားမှားတာ အနက်ဖွင့်အဓိပ္ပါယ်မရှိတာတွေရှိရင် ထောက်ပြကြပါ။ ပြင်ဆင်ဖို့အဆင်သင့်ပါပဲဆိုတာပြောကြားရင်း ခရစ်ရှန်တွေဘက်က အဆင့်အတန်းရှိတဲ့ response တွေကို စောင့်မျှော်နေလျှက်ပါခင်ဗျား။

ယေရှုသည်ဘုရားမဟုတ်ပါ

သခင်ယေရှုက‘အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မူ၏။- (မာကု ၁၂:၂၉)

ငါတို့၏ဘုရားဟုသာယေရှုပြောခဲ့သည်။ ငါဘုရားဟုယေရှုလုံးဝမပြောခဲ့ချေ။ တစ်ဆူတည်းသောဘုရားဖြစ်သည်။ ဘုရား၃ဆူမဟုတ်ချေ။
************************************************
ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ (မဿဲ ၁၃:၁၇) (မာကု ၁၀:၁၈)

ယေရှုသည်ဘုရားမဟုတ်ကြောင်း ထင်ရှားသောသက်သေတစ်ခု။
************************************************************
စုံစမ်းသွေးဆောင်ခြင်းကိုခံရသူသည်‘ငါ့အား ဘုရားသခင်စုံစမ်းသွေးဆောင်လျက်နေသည်’ ဟု မဆိုစေနှင့်။ မကောင်းမှုသည်ဘုရားသခင် အားမသွေးဆောင်နိုင်ရာ။ ထို့ပြင်ကိုယ်တော်တိုင် အဘယ်သူ့ကိုမျှစုံစမ်းသွေးဆောင်တော်မမူ။- (ယာကုပ် ၁:၁၃)

ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။- (မဿဲ ၄:၁)

ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။- (ဟေဗြဲ ၄:၁၅)

ဘုရားဟူလျှင်စုံစမ်းသွေးဆောင်ခြင်းမခံရ။
(ယာကုပ် ၁:၁၃)

ယေရှုသည်စုံစမ်းသွေးဆောင်ခြင်းခံခဲ့ရသည်။ (မဿဲ ၄:၁) (ဟေဗြဲ ၄:၁၅)
ထို့ကြောင့်ယေရှုသည်ဘုရားမဟုတ်။

**********************************************************
သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ကို သင်တို့အားပြန်လည်သတိရစေတော်မူလိမ့်မည်။ (ယောဟန် ၁၄:၂၆)
ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်’ ဟုပြောသည်ကိုသင်တို့ကြားခဲ့ ကြပြီ။ ခမည်းတော်သည်ငါ့ထက်ကြီးမြတ်တော် မူ၏။ သို့ဖြစ်၍သင်တို့ငါ့ကိုချစ်လျှင်ခမည်းတော် ထံသို့ငါသွားသည်ကိုဝမ်းမြောက်ကြလိမ့်မည်။- (ယောဟန် ၁၄:၂၈)
အမှန်အကန်သင်တို့အားငါဆိုသည်ကားကျွန် သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်း ခံရသူလည်းစေလွှတ်သောသူထက်ကြီးမြတ် သည်မဟုတ်။- (ယောဟန် ၁၃:၁၆)

သင်္ချာညီမျှခြင်းအရဆိုသော် ယေဟောဝါ > ယေရှု > သန့်ရှင်းသောဝိဉာဉ်တော်
*********************************************************************
ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူ လူ ခရစ်တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။- (၁ တိ ၂:၅)

ယေရှုသည်လူသားစင်စစ်တစ်ယောက်သာဖြစ်သည်။ ဘုရားမဟုတ်ချေ။
***************************************************************************
ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။ (မာကု ၁၃:၃၂)

ယေရှုမသိသည့်အရာများရှိသည်ဟု ဤကျမ်းပိုဒ်အရသိနိုင်သည်။ ဘုရားဆိုပါက အလုံးစုံကိုသိရမယ်။ ထို့ကြောင့်ယေရှုသည်ဘုရားမဖြစ်နိုင်ချေ။
*******************************************************************************
အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်း အသရေထွန်းတောက်စေတော်မူပြီ။ (တမန်တော် ၃:၁၃)

ယေရှုသည်အစေခံမျှသာဖြစ်သည်။ ဘုရားမဟုတ်။
***************************************************************************

ယေရှုသည်ဘုရားထံဆုတောင်းသည် (ယောဟန် ၁၇:၁-၃)
ယေရှုသည်ဘုရားရှိခိုးလေ့ရှိသည် (ယောဟန် ၄:၂၂)
ဘုရားဖြစ်သည့်ပုဂ္ဂိုလ်သည် ဘုရားရှိခိုးပါ့မလားဟု စဉ်းစားစရာပင်။ ထို့မျှမကသေး..


မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည်“ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ” ဟုကျယ်သော အသံနှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက် ကား“အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူပါသနည်း” ဟူ၏။ (မဿဲ ၂၇:၄၆) (မာကု ၁၅:၃၄)

ဘုရားလုပ်သည့်ပုဂ္ဂိုလ်သည် ဘုရားတ၍သေသွားခြင်းသည် အလွန်ပင်သနားဖွယ်ရာပေတကား။ မိမိ၏တစ်ဦးတည်းသောသားကို မကယ်တင်နိုင်ပဲ ကားတိုင်ထိပ်မှာစွန့်ပစ်သွားသော ဘုရားသခင်ဆိုသူသည် ကျွန်ုပ်တို့ကိုကယ်တင်မည်ဆိုခြင်းက ဟာသတစ်ပုဒ်ပင်။ ဤပို့စ်တွင်သုံးနှုန်းထားသော ဘုရားဟူသည် God = ဖန်ဆင်းရှင် = ထာဝရဘုရားသခင်ဆိုသည့် အဓိပ္ပါယ်ပင်တည်း။ အထက်ပါကျမ်းချက်များသည် ခရစ်ရှန်ဘိုင်ဘယ်လ်ထဲမှ ယေရှုဘုရားမဟုတ်ကြောင်းသက်သေပြသည့် ကျမ်းချက်များစွာထဲမှ တစ်ချို့ပင်ဖြစ်ပေသည်။ ငါမှတစ်ပါးအခြားဘုရားမကိုးကွယ်နှင့်ဟူသော ပထမဆုံးပဉာတ်တော်နှင့် ဖီလာဆန့်ကျင်ဝိရောဓိဖြစ်နေသော ခရစ်ရှန်အယူဝါဒကို မီးမောင်းထိုးပြခြင်းသာ။

ခရစ်ရှန်ဟာသများ

အခုတစ်လောအလုပ်များနေလို့ ကျွန်တော်ဘလော့ဂ်မရေးဖြစ်တာ ခွင့်လွှတ်ကြပါလို့ ဒီကစာဖတ်ပရိသတ်ကိုတောင်းပန်ပါရစေ။ မရေးအားပေမယ့်လည်း ဖတ်ဖြစ်ပါတယ်။ ဖိုရမ်တွေဘလော့ဂ်တွေ သတင်းတွေကိုအချိန်ပေးပြီး ဖတ်လေ့ရှိပါတယ်။ အခုပို့စ်ခေါင်းစဉ်ကို ခရစ်ရှန်ဟာသများလို့တပ်လိုက်လို့ စာဖတ်သူများက ဘလော့ဂ်ဂါA-Bombတစ်ယောက်တော့ အင်တာနက်တွေသတင်းစာတွေမှာတွေ့တဲ့ ခရစ်ရှန်ဟာသတွေကို ဘာသာပြန်ပြီးတင်တော့မှာလားလို့ ထင်မိလေမလားမသိ။ မဟုတ်ပါဘူးခင်ဗျ။ အဲဒီလိုဟာသတွေဆိုတာ လူအတော်များများ ကြားဖူးနားဝရှိနေတော့ သိပ်ပြီးဟာသရသမြောက်မှာမဟုတ်တဲ့အတွက် ပြန်ပြီးဖောက်သည်မချပြချင်ပါဘူး။ ကျွန်တော်ပြောပြမယ့်ခရစ်ရှန်ဟာသတွေကတော့ ကျွန်တော်အခုတစ်လောတွေ့နေရမြင်နေရတဲ့ ကျွန်တော့်ရဲ့စိတ်နှလုံးရွှင်ပြုံးအောင် ဟဒယဆေးတိုက်ကျွေးနေကြတဲ့ မြန်မာခရစ်ရှန်တွေအကြောင်းဖြစ်ပါတယ်။

ကျွန်တော်ခရစ်ရှန်ဘလော့ဂ်တွေကို သွားဖတ်မိတော့ အူတက်မတက်ရီမိတယ်ဗျာ။ တော်တော်လည်းရီစရာပြောတတ်တဲ့ လူတွေပဲဗျ။ ကြည့်ကြပါ။ ယောင်ကိုင်းနုဆိုတဲ့ ဧဝံဂေလိ ထမင်းမငတ်ဂါထာကိုရွတ်နေတဲ့ ခရစ်ရှန်တစ်ယောက်က သူ့ဘလော့ဂ်မှာရေးထားတာ။ သူတို့ရဲ့ Paganism(ဗာဟီရဝါဒ) ကနေကူးချထားတဲ့ သရီးအင်ဝမ်းဘုရားအများကိုးကွယ်တဲ့doctrine ကိုရှင်းပြထားတာ။ ၁+၁+၁=၁ ဆိုတဲ့လောဂျစ်နဲ့ကိုးကွယ်နေကြတဲ့ ခရစ်ရှန်ဘုရားသုံးဆူကို အဲဒီအမှုတော်ဆောင်(so called) ကရှင်းပြထားတာ ဘယ်လောက်အဓိပ္ပါယ်ရှိမရှိဆိုတာ စာဖတ်သူတွေပဲစဉ်းစားကြပါ။ ရေစက်၃စက်ကိုချလိုက်ရင်တဲ့ တစ်စက်တည်းပဲဖြစ်သွားတယ်တဲ့။ အဲဒါဆို ရှာလကာရည်ရယ် ငံပြာရည်ရယ် ငရုတ်ရည်ရယ် အရည်အသွေးချင်းမတူတဲ့ အစက်၃မျိုးချလိုက်ရင် ချဉ်ငံစပ်ဖြစ်သွားမပေါ့ဆိုပြီး တစ်ယောက်ကထောက်ပြပါတယ်။ ဟုတ်ပါတယ် ခရစ်ရှန်တိုင်းလည်း သုံးပါးတစ်ဆူဝါဒကို မယုံကြပါဘူး။ Mormon တွေနဲ့ ယေဟောဝါသက်သေတွေ၊ Latter-Day Saints တွေ စတဲ့ခရစ်ရှန်ဂိုဏ်းခွဲတွေက ယေရှုကို တမန်တော်တစ်ယောက်အနေနဲ့ ယုံကြည်ကြပါတယ်။ ဘိုင်ဘယ်လ်ထဲမှာလည်း ယေရှုကဘုရားမဟုတ်ကြောင်း ကျမ်းချက်တွေအများကြီးပါပါတယ်။ ကြုံရင်အဲဒီအကြောင်း ပို့စ်တစ်ခုတင်ပါ့မယ်။ အခုလည်းသူပေးထားတဲ့ဥပမာက လွဲနေပါတယ်ခင်ဗျ။ သူတို့ဘုရား၃ဆူမှာ တစ်ဆူကဝိဥာဉ်တော်ပဲရှိတဲ့ ဖန်ဆင်းရှင် အစဉ်အမြဲတည်မြဲနေတဲ့ဘုရားတဲ့၊ နောက်တစ်ယောက်က အဖန်ဆင်းခံခန္ဓာကိုယ်နဲ့ လူမိခင်ဝမ်းထဲဝင်စားတဲ့ ယေရှုဘုရားတဲ့၊ အဲ နောက်ဘုရားတစ်ဆူကလည်း မမြင်ရပြန်ဘူး။ သူကလူတွေနဲ့ထာဝရဘုရားနဲ့ကိုဆက်သွယ်ပေးတဲ့ သန့်ရှင်းသောဝိဥာဉ်တော်တဲ့ခင်ဗျ။ အဲဒီမမြင်ရတဲ့ သန့်ရှင်းသောဝိဥာဉ်ဆိုတာကလည်း ငှက်ပုံသဏ္ဍာန်ဆောင်ပြီးတော့လည်း ပေါ်လာဖူးတယ်၊ မိန်းမကိုယ်ထဲဝင်ပြီးတော့လည်း ကိုယ်ဝန်ရအောင်လည်း စွမ်းဆောင်ခဲ့ဖူးတယ်နော်။ အင်း.. အဲဒီလို ဘာမှမဆိုင်လောက်အောင် သဘာဝချင်းကွဲနေတဲ့ ဘုရား၃ဆူကို တစ်ဆူတည်းထင်ရအောင် ရေစက်၃စက်ဥပမာနဲ့တင်စားတဲ့ ခရစ်ရှန်ဦးနှောက်ကတော့ ယာဇ်ဘုရားကြီးယေဟောဝါရဲ့ ကျေးဇူးတော်ကြောင့်ပဲဖြစ်ပါလိမ့်မယ်။ ရေစက်ဥပမာကိုလည်း သေချာစဉ်းစားကြည့်ရအောင် ၃စက်ပေါင်းပြီး တစ်စက်တည်းဖြစ်နေပေမယ့် ပမာဏက၃ဆဖြစ်သွားပါတယ်။ ဒီနေရာမှာဖန်ဆင်းရှင်ဝါဒီတွေအသိဆုံးပါ။ ထာဝရဘုရားဆိုတာ ပမာဏအရွယ်အစားအပြောင်းအလဲရှိပါသလား? အဲဒီခရစ်ရှန်ဧဝံဂေလိဆရာကိုပြောချင်တာက များများလေ့လာပါ များများစဉ်းစားပါလို့ဖြစ်ပါတယ်။ သာသနာပြုအလုပ်က ဝင်ငွေအချောင်ရတယ်ဆိုပေမယ့် မိမိအသင်းတော်ဂုဏ်ဆောင်နိုင်လား မိမိဘာသာဂုဏ်ဆောင်နိုင်လားဆိုတာ ထည့်စဉ်းစားသင့်ပါတယ်။ အခုလိုအွန်လိုင်းမှာ တစ်ယောက်တည်းရဲရဲဝံ့ဝံ့ ထွက်ပေါပြနေတာကတော့ တော်ရုံတန်ရုံယုံကြည်ခြင်းရှိရုံနဲ့မရပါဘူး။ မြန်မာစာ တတ်လျှင် ခရစ်တော်အား ကယ်တင်ရှင်အဖြစ်လက်ခံရမည် ။ တဲ့ခင်ဗျ။ လက်မခံရင် ဓမ္မဟောင်းထဲကယောရှုလိုများ လူမျိုးတုန်းသတ်ဖြတ်ပစ်မလား မပြောနိုင်ပါဘူး။ ပြီးတော့သူ့ဘလော့ဂ်ရဲ့ အောက်ဆုံးမှာပြောထားသေးတယ်ခင်ဗျ။ ခရစ်ရှန်မဟုတ်တဲ့လူတွေက သေရင်ငရဲရောက်ဖို့၁၀၀%သေချာတယ်တဲ့။ သူရောက်ဖူးလို့အခုလို တပ်အပ်ပြောတာပဲဖြစ်ရမယ်။
အပြစ်အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရား သခင်အခမဲ့ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင်ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့်ရရှိသောထာဝရအသက်ပေတည်း။ (ရောမသြဝါဒစာ ၆:၂၃)

ကောင်းကင်ဘုံနဲ့မြှောက် ငရဲနဲ့ခြောက်နေကြတဲ့ ဖန်ဆင်းရှင်ဝါဒ ခရစ်ရှန်ဘာသာကို ဝေဖန်ဆန်းစစ်ကြည့်တော့ အခုလိုတွေ့ရပါတယ်။ အပြစ်၏အခကားသေခြင်းတဲ့ ကောင်းကင်ဘုံမရောက်တဲ့လူတွေ သေကြဖို့ပဲရှိတယ်လို့ပြောထားတာပါ။ ငရဲမကျပါဘူး။ အလားတူကျမ်းပိုဒ်တွေဒါဇင်ကျော်ကျော်ရှိပေမယ့် စာလေးမှာစိုးလို့တစ်ပိုဒ်ပဲဖော်ပြလိုက်ပါတယ်။ ခရစ်ရှန်တွေပြောနေကြတဲ့ တရားစီရင်တဲ့နေ့ရောက်ရင် ယုံကြည်သူတွေထာဝရအသက်ရမယ် ကောင်းကင်ဘုံသွားမယ် မယုံကြည်သူတွေ ထာဝရငရဲသွားမယ်ဆိုပြီး ထပ်ခါတလဲလဲပြောဆိုနေတာနဲ့ ချင့်ချိန်ကြည့်ပါ။ အဲဒီမှာတစ်ချက်ယုတ္တိမရှိတာက ထာဝရငရဲကျရင်လည်း ထာဝရအသက်ရမှာပဲမဟုတ်လားခင်ဗျာ။ ကောင်းကင်ဘုံမှာလည်းထာဝရအသက် ငရဲမှာလည်းထာဝရအသက်ရမှာပေပဲမို့ ယေရှုကိုမယုံရင်လည်း ထာဝရအသက်ရမှာဆိုတာ သူတို့ပြောတဲ့စကားအရ ကောက်ချက်ချနိုင်ပါတယ်။ အဲဒီတော့ ခရစ်ရှန်မဟုတ်သူများကိုပြောချင်တာက ခရစ်ရှန်တွေငရဲနဲ့လာခြောက်လည်း ကြောက်မနေကြဖို့ပါပဲ။

ပြီးတော့သူတို့ခရစ်ရှန်အမှုတော်ဆောင်တွေ ကျေးဇူးတော်ကိုတစ်ဖွဖွချီးမွမ်းနေကြတာက အဓိပ္ပါယ်မရှိကြောင်း၊ လက်တွေ့မကျကြောင်းဝေဖန်ပိုင်းခြားပြထားတာကို ပြန်ဖြေပုံကတော့ တကယ့်epicပါပဲခင်ဗျ။ မယုံကြည်သူတစ်ယောက်ကို ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း မရှင်းပြနိုင်ရင်လည်း သာသနာပြုလုပ်ဖို့ကိုမသင့်တော်တော့ပါဘူး မဟုတ်လားခင်ဗျာ။ အသင်းတော်ဝင်တွေရဲ့ အလှူငွေတွေကိုညာစားနေပြီး ဘာသာသာသနာရဲ့ဂုဏ်သိက်ခါကိုချနေတဲ့ ဧဝံဂေလိသမားတွေများပြားလာခြင်းဟာလည်း ဘုရားသခင်ရဲ့ကျေးဇူးတော်ပဲဖြစ်မယ်ဗျာနော်။

ကျွန်တော်စဉ်းစားမိတာက ဟေတီငလျှင်တို့ နာဂစ်မုန်တိုင်းတို့ ဆူနာမီကပ်ဘေးတို့ တရုတ်ငလျှင်တို့ဟာလည်း လူမျိုးပြုန်းသတ်ဖြတ်သူယေဟောဝါရဲ့ ကျေးဇူးတော်ကြောင့်ပဲဖြစ်ရမယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ နာဂစ်ဘေးကိုအခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်း ခရစ်ရှန်ဘာသာသွင်းလိုက်တဲ့ အိမ်ခြေဘယ်နှစ်လုံးတောင်ရှိသွားပြီလဲဆိုတာ သူတို့အသင်းတော်တွေမှာစာရင်းဇယားနဲ့ရှိကောင်းရှိမှာပါ။ အဲဒီတော့ ယောင်ကိုင်းနုဆိုတဲ့ နာမည်ဆန်းနဲ့ခရစ်ရှန်ကျွန်လေးကိုမှာချင်တာက အွန်လိုင်းအသုံးပြုနေတဲ့ မြန်မာတွေထဲမှာ နလပိန်းတုန်းတစ်ယောက်မှမပါဘူးဖြစ်လို့ အခုလိုဘလော့ဂ်ထောင်ပြီး ကိုယ့်အရှက်ကိုယ်ခွဲနေမယ့်အစား သူ့ဘလော့ဂ်မှာတင်ထားတဲ့ ဓာတ်ပုံတွေထဲက တောင်းစားသူတွေ၊ ဒုက်ခသည်တွေ၊ အိမ်ခြေမဲ့တွေစတဲ့ ငတ်ပြတ်နေတဲ့လူတန်းစားမျိုးတွေကို ပစ္စည်းဥစ္စာနဲ့မြှားခြင်းဖြင့်လည်းကောင်း အသိဉာဏ်မကြွယ်သေးတဲ့ ၃နှစ်သားကလေးများကို ဆန်းဒေးစကူးလ်ပို့ခြင်းဖြင့်လည်းကောင်း အစရှိတဲ့နည်းလမ်းတွေနဲ့ ဘာသာသိမ်းသွင်းခြင်းသည်သာ သူ့အတွက်အဆင်အပြေဆုံး လိုက်ဖက်အညီဆုံးနည်းလမ်းဖြစ်တယ်လို့ အကြံပြုချက်ပေးရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျား။

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ

် အခုဆွေးနွေးမယ့်အကြောင်း အရာလေးက ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကိုခေါ်ဆိုတယ်.ဗုဒ္ဓဘာသာအမည်ခံ

တွေက ဘယ်လိုဆိုတာလေးကို ဆွေးနွေးပါ့မယ်.. အရင်ဆုံး ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်..ဆိုတာကို သေချာကွဲကွဲ ပြားပြား သိထား

သင့်ပါတယ် ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သော

ဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်….. ၄င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s

Teaching ဟုဆိုသည်..ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်

အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသောပိဋကတ်စာပေ အသုံးအနှုန်းမှာ

ဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာရတနာသုံးပါးကိုကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….

ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်

လို့ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကိုကိုးကွယ်

ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး ရတနာနှစ်ပါး အပေါ်သရဏဂုံဆောက်တည်ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်

တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏

ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်.. ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို

သေချာ နားလည်သဘောပေါက် လောက်ပါပြီ… သရဏဂုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ် … သရဏဂုံမှာလည်း

နှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြားနိုင်သည် … လောကုတ္တရာ သရဏဂုံဆိုသည်မှာ

အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်… လောကုတ္တရာ သရဏ

ဂုံတည်ပြီးသူသည်ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ လောကီသရဏဂုံတည်သူမှာကားအခြားဘာသာဝင်

အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ဘ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်. လောကီသရဏဂုံ

တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်

(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။

(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။

(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။

(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီအကျိုးစီးပွားအတွက် သော်လည်းကောင်း

ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု သဘောပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီ

သရဏဂုံတည်သူများဟုခေါ်ပါသည်…ဗုဒ္ဓဘုရားရှင်ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာကျင့်သုံးခြင်း

မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်း

ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်… ဗုဒ္ဓမြတ်စွာ ဘုရားက

ဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်း

စား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်) များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်……

အောက်ပါအင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစားဗုဒ္ဓဘာသာဝင်)များအဖြစ် အဓိပ္ပါယ်ဖွင့်

ဆိုခဲ့ပါသည်……

(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။

(၂) သီလမလုံခြုံခြင်း ။

(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာ ကိုပြုလုပ်ခြင်း)

(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကိုယုံကြည်ခြင်း )

(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်

သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်ရတနာမြတ်သုံးပါး အပေါ် မိမိ

အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်း

ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်

လေ့ရှိသည်.. မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာကြသည်

ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင်

ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်… မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှုကို

မယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ

သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည်သူရဿတီဘိုးတော်များ

သာသနာပမယ်တော်များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကိုဆည်းကပ်လေ့ရှိကြသည်

ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီလိုက်နာနေထိုင်ကျင့်ကြံရန်ကားစိတ်ကူး

ထဲပင် မထည့်ကြပင်…. ဗုဒ္ဓဘုရားရှင်က အောက်ပါအင်္ဂါရပ်များနှင့်ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်းစား

ဗုဒ္ဓဘာသာဝင်)များအဖြစ်သတ်မှတ်တော်မူခဲ့သည်…..

(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။

(၂) သီလ လုံခြုံခြင်း ။

(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။

(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။

(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။

အထက်ကဖော်ပြခဲ့တဲ့ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည် ။

ပဒုမ္မာကြာနှင့်တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်ကိုးကွယ်ကြည်ညို

သောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်လေ့ရှိကြသည်ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည်

မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါးအခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံ

မှန်ကန်စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း ကြောက့်ရွံခြင်း မဖြစ်တော့ပေ

ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာမလိုတော့ပါ ။ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော်

များကိုလည်း ကိုးကွယ် အားကိုးခြင်းမရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်

နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း မြောက်ခြင်း မဖြစ်တော့ပဲစစ်

မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ်သည်..အခုဆိုရင် စာဖတ်သူများအနေ

ဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင်ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာနားလည်သဘောပေါက်

လောက်ပါပြီ ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော

အောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ် ကြည့်သင့်ပေသည် ။ အထက်တန်းစားဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်

လည်း ကြိုးပမ်းသွားဖို့အထူးလိုအပ်လှပေသည်ဟု တိုက်တွန်းရင့်း်ဆွေးနွေးချက်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်အထက်တန်းစား

ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဗျာ……

မခံချင်စိတ်

စင်္ကာပူကိုသွားပြီး ပညာသင်နေတဲ့ တပည့်တစ်ယောက်က အင်တာနက်ကနေ လျှောက်ထားချင်လို့ပါ ဆိုတာနဲ့ သွားပြီး နားထောင်လိုက်ပါတယ်။

သူ့နားမှာ အကုသိုလ်တွေများနေလို့တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ စာမေးပွဲဖြေခါနီးရက်တွေမှာ သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်း စိတ်တယ်၊ ဒါနဲ့တောင် စာမေးပွဲ ဖြေတဲ့အခါ သူနဲ့အတူ ဖြေသူတွေက ဂုဏ်ထူးတွေ နဲ့အောင်ကြပြီး သူ့မှာတော့ တစ်ဘာသာတောင် ထပ်ပြီး ဖြေရဦးမှာတဲ့။

ဒါကြောင့် ဂေဇက်ကြည့်ပြီးတဲ့အခါ သက်သက်လွတ်တွေ၊ ပုတီးတွေကလည်း ဘာမှ မစွမ်းဘူးဆိုပြီး ပြစ်မှားမိတယ်၊ သူများတွေ ဂုဏ်ထူးရလျှက်နဲ့ ကိုယ်က တစ်ဘာသာ ကျတာကိုလည်း အရမ်းဝမ်းနည်းပြီး မခံချင်စိတ်တွေလည်း ဖြစ်တယ်တဲ့။

undefined

အဲဒါကြောင့် သူ့မှာ အကုသိုလ်တွေ များနေပြီး ဆောက်တည်ရာ မရသလို ဖြစ်နေတယ် ဆိုတဲ့အကြောင်း ငိုချင်ရှည်ကြီးနဲ့ ရောပြီး လျှောက်ထားနေပါတော့တယ်။

မိမိက “ဒီမှာ - အခုမင်းငိုတာတွေကို ခဏရပ်ထားလိုက်ဦး ၊ ဒီကပြောမှာ ကို သေသေချာချာ နားထောင်ဦး၊ ပြီးတော့ မေးတာကိုလဲ ဖြေးဖြေး စဉ်းစားပြီးမှ ဖြေနော်၊ မင်းပြောသွားတဲ့ အထဲမှာ စာမေးပွဲနီးကတည်းက သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်းစိပ်တယ်လို့ပဲ ပြောတယ်၊ စာကို အေးအေး ဆေးဆေး ကြည့်တယ်လို့ မပါဘူးနော်။

အေး…စားမေးပွဲက သက်သက်လွတ်နဲ့ ပုတီးအကြောင်းမေးတဲ့ စာမေးပွဲ ဟုတ်ပုံမရဘူးကွ၊ သူပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကိုပဲ မေးတဲ့ စာမေးပွဲမျိုး ဖြစ်မယ်၊ ဟုတ်တယ်မို့လား၊ မင်းက ပြဋ္ဌာန်းတဲ့ ဘာသာရပ်ကိုတော့ မကြိုးစားဘဲ မပြဋ္ဌာန်းတာ သွားကြိုးစားနေရင်တော့ ဘယ်ဖြေနိုင်မလဲ၊ ဒါဟာ ဘယ်သူအပြစ် လဲ ဆိုတာကို မင်း စဉ်းစားကြည့်ရင် သိမှာပါ။

မဖြေနိုင်တဲ့အခါကျတော့ သက်သက်လွတ်နဲ့ ပုတီးကိုလည်း ပြစ်မှားတယ်၊ ဟုတ်လား….၊

ငါ…ပြောမယ်နော် စဉ်းစားပြီးနားထောင်ဦး၊ သက်သတ်လွတ်တို့ ပုတီးတို့.. အေး.. မင်းတို့ပြောသလို ပုတီးပဲထားလိုက်ပါတော့ကွာ၊ အမှန်ကတော့ ဘုရားဂုဏ်ကို အာရုံပြုတာပါ၊ အဲဒီမှာ မင်းတို့ ခံယူပုံက အခြေခံကစပြီး လွဲနေ ကြတာ၊ သက်သတ်လွတ် ဆိုတာ သတ္တ၀ါတွေအပေါ် ကြင်နာသနားတဲ့ စိတ်နဲ့ “ စားသူနည်းရင် သေတာနည်းပါစေ”ဆိုပြီး သူတို့အကျိုးကို ရှေးရှု ရှောင်ကြဉ်တာ ဆိုရင်တော့ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ ကိုယ်ကျိုးဖြစ်၊ စီးပွားဖြစ် ရှောင် တယ်ဆိုရင်တော့ မင်းစေတနာကိုက မှန်မှမမှန်ဘဲဟာ၊ ဘာအကျိုးထူးမှာလဲ ကွာ။

ပြီးတော့ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိတ်တယ်တဲ့နော် ၊ အေး..မင်းတို့ ဘုရားကို တကယ် ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက် သိထားရမှာက မြတ်စွာဘုရားဆိုတာ လေးစားကြည်ညိုဖို့၊ ဒုက္ခလွတ်မြောက် ရေးအတွက် အားကိုးဖို့သာ ဖြစ်တယ်၊ မန်းမှုတ် ကယ်တင် ခိုင်းဖို့မဟုတ်ဘူး၊ အဲဒါ မြဲမြဲ မှတ်ထားရမယ်။

ကြည်ညိုတယ်ဆိုတာကတော့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက် မေ့ပြီး ရိုသေလေးစားမှု ပြုတာပဲ၊ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပတ်သက်ပြီး ကိုယ်ဉာဏ်မီသလောက် နှလုံးသွင်း အာရုံပြု ကြည်ညိုရတာပေါ့။

ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ဆိုတာ ကိုယ်ကြုံတွေ့ရတဲ့ ဒုက္ခ တွေက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘုရားရှင်ပေးတဲ့ နည်းလမ်း တွေကို သင်ယူလေ့လာပြီး လိုက်နာကျင့်သုံးဖို့ ပြောတာနော်၊ ဒုက္ခတွေက လွတ် မြောက်အောင် ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။

တို့ရဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာ ကယ်တင်ရှင် ဘုရားမဟုတ်ဘူး၊ လမ်းညွှန် နည်းပြ ဘုရားသာဖြစ်တယ်၊ ဘုရားဂုဏ်တော်တွေထဲမှာ “သတ္ထာဒေ၀ မနုဿာနံ = နတ်လူတို့ရဲ့ လမ်းညွှန်နည်းပြ သြ၀ါဒပေးဆရာ ဖြစ်တော်မူပါပေ၏” ဆိုတာ ပါသားပဲ။

မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလဲ ဓမ္မပဒ (၂၇၆)မှာ…

“သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားအားထုတ်ရမယ်၊ မြတ်စွာ ဘုရားတို့ဆိုတာ လမ်းညွှန်ပုဂ္ဂိုလ်များသာ ဖြစ်တယ်၊ လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်”လို့ ဟောထားပါတယ်။

မင်းဖြစ်ပုံကို ဆရာတစ်ယောက်အနေနဲ့ အကြိုက်ကိုမငဲ့ဘဲ အကျိုးကိုငဲ့ပြီး ပြောရမယ်ဆိုရ်ငတော့ ဘုရားရှင်ကို ရိုသေလေးစားပြီး အားကိုးတဲ့သဘောမျိုး မဟုတ်ဘူး၊ ကိုယ်က အပင်ပန်း မခံချင်တဲ့အတွက် ဘုရားရှင်ကို ကိုယ်လိုချင်တာ တွေရအောင် အလုပ်ခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။

ဒါကလဲ တို့ဗုဒ္ဓဘာသာဝင်တွေ အတော်များများ မှားလေ့ရှိတဲ့ အမှားကြီး ပါပဲ၊ အန္တရာယ်ကင်းအောင်၊ ရာထူးဂုဏ်သိန် တိုးတက်အောင်၊ စီးပွားဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တယ်၊ ပွဲထိုးတယ်၊ ပုတီးစိပ်တယ်ဆိုတာ သေချာ စဉ်းစားကြည့်လေ၊ ကိုယ်လိုချင်တာ တွေကို ကိုယ်စွမ်းကိုယ်စနဲ့ မကြိုး စားချင်တဲ့ ဖြတ်လမ်းက အချောင်ရချင်လို့ ဘုရားရှင်ကို မရိုမသေ အလုပ်ခိုင်းနေ တဲ့ သဘောပဲ မဟုတ်ဘူးလား။

ခိုင်းတာမှ ရိုးရိုးခိုင်းတာတောင် မဟုတ်ဘူး၊ ဖြတ်လမ်းကနေ ပေါချောင် ကောင်းနဲ့ ရအောင် အမြန်ကို ရှာခိုင်းနေတာပဲ၊ ငါပြောတာ ကြမ်းလွန်းတယ် ထင်ရင် မင်းလုပ်ခဲ့တဲ့ သက်သတ်လွတ်စားတာနဲ့ ပုတီးစိပ်တယ် ဆိုတဲ့ အခါမှာ မင်းထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို ပြန်ပြီး သုံးသပ်ကြည့်ပေါ့နော်။

အေး… မင်းက “ ဘုရားဂုဏ်တော် အာရုံပြုတာ ရိုးရိုးသားသား ကြည်ညို လို့ပါ”ဆိုရင်လဲ စာမေးပွဲကျတဲ့အခါ ဘာဖြစ်လို့ ပြစ်မှားစရာလိုမလဲပေါ့။

မင်း.. နောက်ဆို မြဲမြဲ မှတ်ထားနော်၊ ရတနာ သုံးပါးနဲ့ ပတ်သက်ရင် ယုံကြည်ချက် ခံယူချက်နဲ့သာလုပ်ပါ၊ မျှော်လင့်ချက်နဲ့ လုံးဝမလုပ်မိစေနဲ့၊ မျှော်လင့်ချက်နဲ့ လုပ်မိရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပြစ်မှားမိ တတ်တယ်၊ မင်းမှာ အခုကြုံရတာဟာ အဲဒီ ပြဿနာပဲ။

သက်သတ်လွတ်စား၊ အဓိဋ္ဌာန်ဝင်၊ ပုတီးစိပ်၊ တရားထိုင်လုပ်ကြလို့ အူကြောင်ကြောင် ဖြစ်သွားကြသူတွေ ဆိုတာ အဲဒီလို မျှော်လင့်ချက်နဲ့ လုပ်သူ တွေပေါ့။

ယုံကြည်ချက် ခံယူချက်နဲ့သာ လုပ်မယ်ဆိုရင် တို့ဘုရားအလောင်းဟာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ စကားတော်ကို အခိုင်အမာ ယုံကြည်ခံယူပြီး ကတည်း က ဘုရား ဖြစ်ဖို့ ကြိုးစားခဲ့တာ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာလို့ နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ အရိုးပေါ် အရေသာ ကျန်တဲ့အထိ ခြောက်နှစ်ကြီးများ တောင် အပြင်းအထိန်ကြိုးစားစ အားထုတ်ခဲ့ပေမယ့် ရူးဖို့နေနေသာသာ ကြောက်ရွံ့တဲ့စိတ် နောက်တွန့်တဲ့စိတ်ကလေးတောင် တစ်ချက်မှ မဖြစ်ခဲ့ ပါဘူး တဲ့၊ အဲဒါ စဉ်းစားကြည့်ပေါ့ကွာ။

ပြီးတော့ ခုနမင်းပြောတဲ့ စကားထဲမှာ “မခံချင်စိတ်တွေဖြစ်လို့ တနေ့လုံး ဘယ်သူနဲံမှ အတွေ့မခံဘဲ အိပ်ရာထဲမှာ ငိုနေရတယ်”လို့ ပြောတယ်နော်၊ အဲဒါ လည်း သေသေ ချာချာ စဉ်းစားဖို့လိုတဲ့ ကိစ္စပဲကွ၊ လူတော်တော်များများဟာ “ရှက်နေတာနဲ့ ရှက်တတ်တာ၊ နာနေတာနဲ့ နာတတ်တာ၊ မခံနိုင်စိတ်နဲ့ မခံ ချင်စိတ်” ဆိုတာတွေကို ကွဲကွဲပြားပြား သဘောမပေါက်ကြဘူးနဲ့တူတယ်၊ မင်းလည်း အခုဖြစ်တာ ဘာစိတ်လဲ ဆိုတာ ကိုယ့်ဟာကိုယ် သဘောပေါက်ပုံ မရဘူး၊ မှတ်ထား.. အခုမင်းမှာ ဖြစ်နေတဲ့စိတ်တွေဟာ မခံချင်စိတ်တွေ မဟုတ်ဘူး မခံနိုင်စိတ်တွေ ဖြစ်နေတာ… ကြားလား၊ အေး… ဒါဆိုရင် မခံနိုင် စိတ်နဲ့ မခံချင်စိတ်ကို မင်း ကွဲကွဲပြားပြား သဘောပေါက်သွားအောင် အခု ငါဖတ်လက်စဖြစ်တဲံ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့ရဲ့ အဓိပတိ နာယကဆရာတော်“ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ” ရဲ့ စိန်ရတု အထိမ်းအမှတ် သြ၀ါဒ တရားတော်များထဲက လူငယ်နှစ်ယောက်အကြောင်းကို ပြောပြမယ်၊ သေသေ ချာချာ နားထောင်နော်။

လူငယ်နှစ်ယောက်မှာ တစ်ယောက်က မောင်ဌေးလွင်တဲ့၊ သူက လူဝတ်နဲ့ ( ဦးသူတော် ဘ၀တုန်းက) ပထမငယ်တန်း ၀င်ဖြေတာ စာမေးပွဲ ကျလို့ တစ်ရက် နှစ်ရက် ဆက်ပြီး ငိုနေခဲ့တယ်တဲ့။

နောက်တစ်ယောက်က မောင်ခင်တဲ့၊ သူကတော့ သာသနာ့ဘောင်ဝင်ပြီး လို့ ရဟန်းဖြစ်စ ရောက်တဲ့အခါ အငယ်တန်၊ အလတ်တန်း၊ အကြီးတန်းတွေ ပထမကျော် အထိ အောင်ပြီးပြီ၊ သူလည်း မြန်မာပြည် ပရိယတ္တိစာမေးပွဲ လောကမှာ အခက်ဆုံးလို့ နာမည်ကြီးတဲ့ မန္တလေးမြို့က သကျသီဟ စာမေးပွဲမှာ စာသင်တန်းဝင်ဖြေတော့ ပထမဆုံးနှစ်မှာ ကျတယ်၊ ကျတော့ သူက သကျသီဟ အသင်းလူကြီးတွေဆီသွားတဲ့ပြီး “ဦးဇင်းး..ဒကာကြီးတို့ အသင်းက ကျင်းပတဲ့ စာသင်တန်းဝင်ဖြေတာ ကျတယ်၊ ဒီနှစ်ကျချင် ကျပါစေ၊ နောက်နှစ်မှာ တော့ ဒကာကြီးတို့ရဲ့ စာမေးပွဲ စာသင်တန်းမှာ ဦးဇင်း ပထမ ရလိမ့်မယ်”ဆိုပြီး ကြုံးဝါး ပြောဆိုခဲ့သတဲ့။

အဲဒီလို ကြုံးဝါးခဲ့တဲ့ ဦးဇင်းငယ်က နောက်နှစ်မှာတော့ သူကြုံးဝါးတဲ့အတိုင်း တကယ်ပဲ စာသင်တန်းမှာ ပထမစွဲပြီး အောင်တယ်။ အဲဒီနောက်တစ်နှစ်မှာ စာချ တန်းဆိုတာကို ဖြေတော့လည်း သကျသီဟ စာမေးပွဲတလျှောက်မှာ တစ်ခါမျှ မကြုံဘူးသေးတဲ့ ”စာသင်တန်း၊ စာချတန်း ဆက်တိုက်နှစ်ချင်းပေါက် သုံးကျမ်းပြီး အဖြစ်နဲ့အောင်တယ်၊ ဒီဦးဇင်းရဲ့ ထူးခြားတဲ့ အောင်မြင်မှုကြောင့် အသင်းလူကြီး တွေနဲ့ နာယက ဆရာတော်ကြီးတွေက တိုင်ပင်ပြီး ရိုးရိုးစာချဘွဲ မျိုးပေးလို့တော့ မတော်ဘူး၊ ဂုဏ်ထူးနဲ့ ထိုက်တန်တဲ့ ဘွဲ့ထူးတစ်ခု သတ်မှတ်ပြီး ပေးသင့်တယ် ဆိုပြီး “၀ဋံသကာ” ဆိုတဲ့ ဘွဲ့ကို သတ်မှတ်ပေးရတယ်တဲ့။ မြန်မာလိုကတော့ “ဦးဆောက်ပန်း” လို့ ခေါ်တာပေါ့၊ အထွတ်အမြတ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။

အဲဒီ ဦးဇင်းငယ်ဆိုတာ နောက်တော့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသလို့ ထင်ရှားတဲ့ ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင် ဆရာတော်ကြီးဖြစ်လာတာပေါ့။

စောစောကပြောတဲ့ မောင်ဌေးလွင်ဆိုတာလည်း နောက်တော့ ဆရာ သမားများက ဖျောင်းဖျသွန်သင်တဲ့အတိုင်း မခံနိုင်စိတ်တွေ ပယ်ဖျောက် ပစ် လိုက် နိုင်ပါတယ်၊ သာသနာတော်ဝင်ရောက်ပြီးတဲ့အခါမှာတော့ အဲဒီ ဦးဇင်း ငယ်လည်း သကျသီဟ စာမေးပွဲကြီးမှာ စာသင်တန်း စာချတန်းတွေ အောင်မြင် သွားရုံမကဘူး၊ ကျန်းဂန်တွေ အများကြီးပြုစုခဲ့လို့ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကို သက်တော်-၀ါတော် အငယ်ဆုံးနဲ့ ရခဲ့တဲ့ ဘာသာဋီကာကျန်းပြုအကျော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆိုတာ ဖြစ်လာတာပေါ့၊ ဆရာတော်ဘုရားကြီးက သူကိုယ်တိုင်ရေးသားတဲ့ “တစ်ဘ၀သံသရာ” ကိုယ်ရေးအထ္ထုပ္ပတ္တိ စာအုပ်မှာ အဲဒီအကြောင်းတွေကို ထည့်ရေးထားပါသတဲ့၊ ဒီလောက်ဆိုရင် မခံနိုင်စိတ်နဲ့ မခံချင်စိတ်နတို့ရဲ့ ခြားနားချက်တွေကို မင်း ခန့်မှန်းမိလောက်မယ် ထင်ပါတယ်။

မခဲနိုင်စိတ်ရှိသူက မခံနိုင်ဘူးဆိုပြီး ၀မ်းနည်းပူဆွေး ငိုကြွေးတဲ့အတွက် အချိန်ပြုန်း လူနုံးနဲံ ကျက်သရေတုံး နေမယ်၊ ဘာမှကောင်းကျိုး မပြီးဘူး၊ “နေမင်းကြီး ၀င်သွားလို့ သင်ထိုင်ငိုနေလျှင် လမင်းကြီးနဲ့လဲ သင်လွဲအုံးမှာပါ”ပဲ ဆိုတဲ့ စာဆိုကြီးတဂိုးရဲ့ ကဗျာလေးလိုပေါ့၊ မခံချင်စိတ်ရှိသူက နောက်တစ်ခါ ဒီလိုမျိုး မခံစားရအောင်ဆိုပြီး စိတ်ဓာတ်ခွန်အားကို မြှင့်တင်ကြိုးစားတယ်၊ အဲဒီတော့ သူ့မှာ ကောင်းကျိုး ချမ်းသာတွေ ကျက်သရေမင်္ဂလာတွေ တိုး သည်ထက် တိုးလာတာပေါ့။

မင်းကိုယ်မင်း ပြန်မေးကြည့်ပေါ့ကွာ “ ကျက်သရေတုံးနေချင်တာလား၊ ကျက်သရေ တိုးနေချင်တာလား”ဆိုတော့ အဲဒီကလေးက “ကျက်သရေ တိုးနေချင်တာပါ”တဲ့ ၊ အေး.. ဒီလိုဆိုရင် မခံနိုင်စိတ်တွေကို ဖယ်ရှားပစ်လိုက်ပြီး မခံချင်စိတ်ကို မွေးပါ လို့ ပြောလိုက်ပါတယ်။

မှန်ပါ…. အဲဒီလို ဖြစ်အောင် ကြိုးစားပါမယ်၊ ကတိပြုပါတယ်ဘုရား လို့ ပြန်ပြောပါတယ်၊ အေး… ရည်မှန်းချက်တို့ ကတိစကားတို့ဆိုတာ လုပ်ဆောင် ချက်နဲ့ သက်သေပြမှ ယုံကြည်အားကိုး လေးစားထိုက်သူ ဖြစ်မယ်နော်”ဆိုတော့ သူက နည်းနည်းရယ်သံပါပြီး မှန်ပါ.. စိတ်ချပါ ဘုရားလို့ ကတိထပ်ပေးပါတယ်။

ပြီးတော့ နည်းနည်းထပ်ပြောဦးမယ်၊ မင်းရဲ့ ရည်မှန်းချက်တွေထဲမှာ စာမေး ပွဲ အောင်ဖို့ ၊ အလုပ်အကိုင်တွေ ရပြီး စည်းစိမ်ဥစ္စာတွေနဲ့ ပျှော်မွေ့နေဖို့လောင် တင် ရပ်မနေနဲ့ဦး၊ လူဖြစ်ကျိုးနပ်တဲ့ ကျက်သရေဆိုတာ အလုပ်အကိုင်တွေ ရာထူးတွေ စည်းစိမ်တွေကို ဆိုလိုတာမဟုတ်ဘူး၊ တကယ့် ကျက်သရေအစစ် ဆိုတာ ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူ၊ လေးစားထိုက်သူဖြစ်အောင် လောကအကျိုး ဓမ္မအကျိုးတွေကိုလဲ စွမ်းနိုင်သမျှ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဆောင်ရွက်တဲ့ ဂုဏ်သိက္ခာကို ခေါ်တာ၊ မင်းလည်း ဘာပဲ လုပ်လုပ် ရာထူးတိုးဖို့ စီးပွားဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်ကို အဓိကမထားဘဲ ဂုဏ်သိက္ခာရှိဖို့ ကျက်သရေရှိဖို့ ဆိုတာကို အဓိကထားရမယ်နော်”လို့ ပြောလိုက်တော့ လုံးဝ စိတ်ချပါဘုရား လို့ တော့ ပြောတာပဲ။ လုံးဝ တင် ရပ်မနေဘဲ စိတ်ချရသူများ ဖြစ်ကြပါစေလို့သာ ဆုတောင်းလိုက်ရပါတော့တယ်။

သူတို့ပြောတဲ့မင်္ဂလာတရား

ကျွန်တော်တို့ရဲ့သမ္မာသမ္ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ မင်္ဂလသုတ်ဆိုတာ ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်း မသိမရှိတဲ့သုတ္တန်တစ်ပုဒ်ပါ။ မြန်မာပြည်မှာဆိုရင် ပရိတ်ကြီး၁၁သုတ်မှာ ပထမဆုံးသုတ်ဖြစ်ပြီး ဘုန်းကြီးကျောင်းသားကအစသင်ယူကြရလို့ တွင်ကျယ်ပါတယ်။ ဗုဒ္ဓဘာသာကသင်ကြားပြသပေးတဲ့ လူမှုကျင့်ဝတ်များကိုလေ့လာချင်ရင် မင်္ဂလသုတ်ဟာမဖတ်မဖြစ်ပါပဲ။ မင်္ဂလသုတ်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ လူမျိုးမရွေးဘာသာမရွေး မျက်မှောက်၊တမလွန် ကာလ၂မျိုးစလုံးအကျိုးပေးမှာပါ။ သုတ္တန်ဒေသနာတော်အစမှာ လူ၊နတ်၊ဗြဟ္မာတို့က မင်္ဂလာတရားတော်တွေကို ၁၂နှစ်တိုင်တိုင် တွေးတောအဖြေရှာနေကြတဲ့အကြောင်း၊ အဖြေမရှိတဲ့အတွက်ကြောင့် နတ်သားတစ်ပါးက မြတ်စွာဘုရားကို ချဉ်းကပ်ပြီးလျှောက်ထားတော့ မြတ်စွာဗုဒ္ဓက ဟောညွှန်ပြခဲ့တာဖြစ်ပါတယ်။ သုတ္တန်အစအဆုံးကို ဗုဒ္ဓဘာသာဝင်တွေရင်းနှီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကူးယူဖော်ပြမနေတော့ပါဘူးခင်ဗျာ။

လူ၊နတ်၊ဗြဟ္မာတွေယုံကြည်ထင်မှတ်ကြတဲ့ မင်္ဂလာတရားတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျ။ မဇ္ဈိမဒေသ အိန္ဒိယကလူတွေကလည်း သူတို့ယုံကြည်မှုနဲ့သူတို့ပေါ့ မင်္ဂလာတရားဆိုတာကို အဓိပ္ပါယ်ဖွင့်ကြတယ်။ ဘုရားမပွင့်ခင်ဘီစီ၁၀၀၀လောက်က အရှေ့အလယ်ပိုင်းဒေသမှာ လူတွေကလည်းသူတို့အယူနဲ့သူတို့ မင်္ဂလာတရားကိုနားလည်သဘောပေါက်ထားပုံရပါတယ်။ အထူးသဖြင့်ပေါ့ ဘိုင်ဘယ်လ်လာ ဂျူးဘုရားယေဟောဝါရွေးချယ်ထားတဲ့ ဘီစီ၁၀၄၀လောက်က ဒါဝိဘုရင်ဆိုတဲ့ ပုဂ္ဂိုလ်ယုံကြည်တဲ့ မင်္ဂလာတရားကတော့ဖြင့် ထူးဆန်းအံ့သြဖွယ်ပါတကား လို့ဆိုရမလောက်ပါပဲ။ ကြည့်ကြပါ။

သင်၏ သူငယ်တို့ကို ကိုင်ယူ၍၊ ကျောက်ပေါ်မှာ ဆောင့်သောသူသည် မင်္ဂလာရှိ၏။ (ဆာလံကျမ်း ၁၃၇:၉)

ကိုယ့်ရဲ့နို့စို့အရွယ်ကလေးတွေကိုကိုင်ပြီး ကျောက်တုံးပေါ်မှာဆောင့်သတ်ရင် မင်္ဂလာရှိတယ်တဲ့ဗျ။ နောက်ပြီးတော့ အဲဒီဆာလံကျမ်းတစ်ကျမ်းလုံးက သီချင်းကျမ်းဖြစ်နေတော့ ခရစ်ရှန်တွေက သီချင်းလုပ်ဆိုကြတာလေ။ အဲဒီတော့အင်မတန်ကိုမှပေါ်ပြူလာဖြစ်တယ်ပေါ့။ ဘိုင်ဘယ်လ်ကဟောကြားအပ်တဲ့ ကလေးတွေအပေါ်မှာထားအပ်သော မေတ္တာတရားဆိုလည်း မမှားပါဘူးပေါ့။ ပုတ္တဒါရဿ သင်္ဂဟောမင်္ဂလာနဲ့ ပြည့်စုံလှပါပေ၏ ကိုယေဟောဝါရယ်လို့ပဲမှတ်ချက်ပေးပြီး ဒီပို့စ်ကိုအဆုံးသတ်လိုက်ပါတော့တယ်။

အတွေးအမြင်များ

အောင်မြင်စွာ သာသနာပြုလိုသော ထေရ၀ါဒ ရဟန်းတော်များအနေဖြင့် မနောကံ မေတ္တာသည် ကာယကံ၊ ၀စီကံထိပါ ရောက်သင့်နေပြီဖြစ်ပါကြောင်း သတိပေးလိုက်သော ဖြစ်ရပ်တစ်ခုပင်ဖြစ်ပါ၏။ စာရေးသူက သူ့စကားကို လက်ခံကြောင်း ခေါင်းညိတ်လက်ခံသည့်နှင့် သူသည် ပါလာသော စက္ကူလိပ်ကြီးကို စာရေးသူအားလှမ်းပေး၏။ စာရေးသူ က ဖြန့်ဖတ်ကြည့်လိုက်သောအခါ-
မေတ္တာ အလင်းရောင် တောင်ပခြင်းဟာ ကမ္ဘာကြီးတစ်ခုလုံး ထာဝစဉ် အားထားမြတ်နိုးရမည့် လျှို့ဝှက်ကယ်တင်ရှင် ဖြစ်ပေမယ့် သစ္စာအလင်းပျံ့နှံ့ခြင်းဟာ ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက် ထာဝစဉ်ဆောင်ရွက်ရမည့် လျှို့ဝှက်အင်းအား ဖြစ်ပေမယ့် သစ္စာတရား ခေါင်းပါးမှုနတ်ဆိုးက ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက် ယနေ့ သဘာဝဘေးအန္တရာယ်ဆိုးများ စနစ်တကျ ဆောင်ကျဉ်းပေးနေတယ်။ မေတ္တာသစ္စာရောင်ခြည်တို့သည်သာ… ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက် ငြိမ်းချမ်းရေးနိဗ္ဗာန်ဘုံများ ဖန်ဆင်းပေးနိုင်ပေမယ့် စစ်ဆိုတဲ့ စစ်ပွဲဆင်နွှဲမှုတွေက ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက် ကြေကွယ်ဖွယ်ငရဲခန်းများစနစ်တကျဖန်တီးပေးနေတယ်။ မောင်ရဲမြင့်ဟု တွေ့ရ၏။

မေတ္တာနှင့် သစ္စာကို ကျင့်သုံးလျှင် ရရှိမည့် ကောင်းကျိုးနှင့် မကျင့်သုံးလျှင် ရရှိမည့် ဆိုးကျိုးတို့ကို ထိမိစွာဖွဲ့သီထားသော စာပိုဒ်ကလေးများပင်ဖြစ်၏။ “ဒကာလေး ရေးထားတာလား တကယ်ကို ကောင်းပါတယ်”

“ဟုတ်ပါတယ်ဘုရား၊ ဆရာတော်သဘောကျရင် လာသမျှလူများ ဖတ်ရှုရအောင် ကျောင်းမှာကပ်ထားပေးပါ”

“ကပ်ထားပေးပါ့မယ်။ ဒါနဲ့ ဒကာလေးက ဗုဒ္ဓဘာသာရဲ့အကြောင်းကို အတော်လေ့လာထားတယ်ထင်တယ်။ ဗဟုသုတ အတွက်ပဲလား၊ ဒါမှမဟုတ် တကယ်ကို စိတ်ဝင်စားလို့လား”

“တကယ်ကိုစိတ်ဝင်စားလို့ပါဘုရား၊ တပည့်တော်ရဲ့မိဘများက ခရစ်ယာန်ဘာသာဝင်များဖြစ်ကြလို့ တပည့်တော်လည်း ခရာစ်ယာန်ဘာသာဝင်ဖြစ်နေရပေမယ့် တစ်သက်တာ အတည်မဟုတ်သေးပါဘူးဘုရား။ ဘာသာအားလုံးကို ရွေးချယ် ဆန်းစစ်နေတုန်းပါပဲ။ ဈေးထဲမှာ တစ်နပ်စားချက်စားမယ့် ချဉ်ပေါင်ရွက်လေးတစ်စီး ၀ယ်တာတောင် အနားများပါလား၊ အပုပ်များပါလားဆိုပြီး ရွေးချယ်ရသေးတာ။ သံသရာတစ်လျှောက်လုံး အားကိုးအားထားပြုရမယ့် ဘာသာတရားကျတော့ ဝေဖန်ဆန်းစစ်ခြင်း၊ ရွေးချယ်ခြင်းမပြုဘဲ မျက်စိတ်မှိတ် ကိုးကွယ်လိုက်မယ်ဆိုရင် ဒီလိုလူထက် မိုက်တဲ့သူ ဘယ်မှာရှိလိမ့် မလဲဘုရား”

ဘာသာအယူဝါဒတစ်ခုကို ရွေးချယ်ဆန်းစစ်ပြီးမှ ကိုးကွယ်သင့်ကြောင်း အတွေးအခေါ်ကို သူက စတင်သည်ဟု ယူဆပြီး မောင်ရဲမြင့်က ပြောနေခြင်းဖြစ်၏။ အမှန်ကား ဗုဒ္ဓက ဤအတွေးခေါ်ကို လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်ခန့်ကပင် တိကျစွာ ဟောတော်မူခဲ့ပြီးဖြစ်၏။ ထိုအကြောင်းကို သိရလျှင် မောင်ရဲမြင့် အံ့သြသွားနိုင်သည်။ ထို့ကြောင့်

“ဗုဒ္ဓကလည်း ဘာသာတစ်ခုကို ရွေးချယ်ဆန်းစစ်ပြီးမှ ကိုးကွယ်သင့်ကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော် ကတည်းက ဟောထားခဲ့တယ် ဒကာလေရဲ့” သူသည် တအံ့တသြဖြစ်သွားသော မျက်နှာလေးဖြင့်-

“ဘယ်လိုများ ဟောခဲ့တာလဲဘုရား”

“ဟောခဲ့တာကတော့ အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်၊ ကေသမုတ္တိသုတ်မှာပါ။ ကာလာမ အမျိုးအနွယ်သားတွေကို အကြောင်းပြုပြီး ဟောတဲ့အတွက်ကြောင့် ကာလာမသုတ်လို့ပဲ လွယ်လွယ်ခေါ်နေကြတယ်။ အခါတစ်ပါး မြတ်စွာဘုရား ဒေသစရီ လှည့်လည် တရားဟောရင်း ကေသမုတ္ထိနိဂုံးရှိ ကာလမအနွယ်တွေ နေထိုင်တဲ့အရပ်ကို ရောက်လာတယ်။ ဒီအချိန်က ဘာသာအယူဝါဒကို တီထွင်တဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ အင်မတန်များပြားတယ်။ သူတို့လည်း ဗုဒ္ဓ ကဲ့သို့လှည့်လည်ပြီး သူတို့အယူဝါဒကို ဟောပြောကြတာပဲ။ ဘာသာအယူဝါဒ မျိုးစုံရဲ့ အတွေးအခေါ်တွေကို ခဏခဏ နားထောင်ရနေတော့ ကာလာမအနွယ်ဝင်ကလည်း ငါးသိုင်းများတော့ ဟင်းဟုံ ဆိုတဲ့စကားအတိုင်း ဘယ်သာသာကိုမှ ကောင်းတယ်လို့မထင်တော့ဘူး၊ ရိုးသွားတာပေါ့။

ပြီးတော့ ရောက်လာသမျှ ဘာသာရေးခေါင်းဆောင်တွေက သူ့အယူအဆကသာမှန်တယ်၊ တစ်ခြားအယူအဆက မှားတယ်လို့ဆိုတဲ့ အတ္တုက္ကံသနပရ၀မ္ဘန စကားမျိုးချည်းသာ ပြောကြတာမဟုတ်လား။ အယူဝါဒအမျိုးမျိုးကို နာကြား နေရတဲ့အတွက် ဘယ်အယူဝါဒက မှန်တယ်ဆိုတာ မဆုံးဖြတ်နိုင်အောင် ဖြစ်နေပါတယ်ဘုရား လို့ လျှောက်ထားတော့ ဗုဒ္ဓက အို-အချင်းကာလာမအနွယ်တို့-သင်တို့သည် အယူဝါဒတစ်ခုကို…

တစ်ဆင်းကြားဖြင့်လည်း အမှန်လို့မယူကြနဲ့၊

ရှေးအစဉ်အလာစကား ဖြစ်ရုံနဲ့လည်း အမှန်လို့ အယူကြနဲ့၊

ဤသို့ဖြစ်ဖူးသကဲ့ ဆိုသဖြင့်လည်း အမှန်လို့မယူကြနဲ့၊

ကျန်းဂန်နှင့် ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့မယူကြနဲ့၊

နည်းမှီ၍ ယူခြ်းမျိုးဖြင့်လည်း အမှန်လို့မယူကြနဲ့

အကြောင်းအခြင်းအရာအား ရှာကြံပြီး ထောက်ပြညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့မယူကြနဲ့၊

မိမိတို့ ကြံစည်နှစ်သက်လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုယုံနဲ့ အမှန်လို့ မယူကြနဲ့၊

လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကားဖြစ်ရုံဖြင့် အမှန်လို့မယူကြနဲ့၊

မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံနှင့် အမှန်လို့မယူကြနဲ့၊

သင်တို့သည် မိမိတို့ကိုယ်တိုင်…

ဤတရားတို့သည် အကုသိုလ်တရားတို့တည်း။

ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း။

ဤတရားတို့သည် ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။

ဤတရားတို့နှင့်ပြည်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းတို့ ဖြစ်ကုန်၏ဟု သိသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော။ ဒါက ပယ်ရမယ့် အယူဝါဒရဲ့အင်္ဂါလေးချက်ကို ဟောနေတာပေါ့။ ဆောင်ရမယ့် ဘာသာ အယူဝါဒရဲ့အင်္ဂါလေးချက်ကတော့-

ဤတရားတို့သည် ကုသိုလ်တရားတည်း။

ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း။

ဤတရားတို့သည် ပညာရှိတို့ချီးမွမ်းအပ်သော တရားတို့တည်း။

ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်း၊ ချမ်းသာခြင်း ဖြစ်ကုန်၏ဟု သိကြသောအခါ ထိုတရားတို့ကို ဆောင်တည်ကျင့်သုံးကြကုန်လော့။

ကဲ - ဒီဒေသနာကို ထောက်ဆပြီးတော့ ဘာသာအယူဝါဒမှန်သမျှကို ရွေးချယ်ဆန်းစစ်ပြီးမှ ကိုးကွယ်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်ကတည်းက ဗုဒ္ဓက ဟောကြားခဲ့ပြီးသားလို့ပြောတာပေါ့။”

“အံ့သြကြည်ညိုဖို့ကောင်းလိုက်တာဘုရား။ ဘယ်ဘာသာက ကောင်းတယ်၊ ဘယ်ဘာသာက မကောင်းဘူးဆိုတဲ့ ပုဂ္ဂလ အဓိဋ္ဌာန်မျိုးမပါဘဲ ဘယ်အချက်နဲ့ညီရင် ကောင်းတဲ့အယူဝါဒ၊ ဘယ်အချက်တွေနဲ့မညီရင် မကောင်းတဲ့အယူဝါဒဆိုတဲ့ ဓမ္မဓိဋ္ဌာန်မျိုးနဲ့ ရဲဝံ့ပြတ်သားစွာဟောထားတာ ဗုဒ္ဓတစ်ဆူပဲ ရှိတော်မူမှာပါ။ ဒီဒေသနာတောကို မှတ်မိလွယ်အောင် လင်္ကာ သီထားလေးများရှိရင် ကောင်းမယ်ဘုရား။”

“ရှိပါတယ်။ မဟာဓမ္မရုံဆရာတော်ကြီးက ဘာသာအယူဝါဒစစ်တမ်းဆိုတဲ့အမည်နဲ့ လင်္ကာသီထားတာရှိပါတယ်။ ဓမ္မဓိဋ္ဌာန် ဘာသာရွေးနည်း လို့နာမည်ပေးရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်ထင်တယ်။ လင်္ကာက-

ဓမ္မဓိဋ္ဌာန်ဘာသာရွေးနည်း

ဘာသာဝါဒ၊ မတူကြ၍၊

လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊

ဆင်းရဲဒုက္ခ၊ ရောက်ကြကုန်၏။

ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊

ကယ်မရသည့်

ဘေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊

စေ့စုံဉာဏ်ဖြင့်၊ မြော်ထောက်ချင့်ကာ၊

တစ်ဆင်းကြားသိ၊ မိရိုးဖလာ၊

ကောလာဟလ၊ ကျမ်းစာမျှနှင့်၊

ကြံဆနည်းမှီ၊ ဆီလျော်သုံးသပ်၊

ယူချင်းထပ်၍၊ ယုံအပ်သူပဲ၊

ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ၊ မယူကြလင့်၊

ဒိဋ္ဌိကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်၊

မှားမှန်းကောင်းဆိုး၊ သိအောင်ကြိုးဟု၊

မျိုးကာလာမ၊ ဟောညွှန်ပြ၊

ဝါဒအယူစစ်တမ်းပေ။

အဲဒီညွှန်ကြားချက်ဟာ ဘာသာအသီးသီးကလူတွေနဲ့ဆိုင်တယ်။ ဗုဒ္ဓမှတစ်ပါး ကျန်တဲ့ဘာသာဝင် ဘုရားတွေက လူတွေနဲ့ တကွ ကမ္ဘာကြီးတစ်ခုလုံးမှ သက်ရှိသက်မဲ့အားလုံးကို သူတို့ဖန်ဆင်းထားတာလို့ပြောကြတယ်။ သူတို့ဖန်ဆင်းထားကြတာ ဆိုရင် အသက်ရှည်တဲ့လူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့အနာရောဂါကင်းရှင်းတဲ့သူတွေကိုသာ ဖန်ဆင်း သင့်တယ်၊ အနာရောဂါများတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။ ရုပ်ရည်ချောမောလှပတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အကျည်းတန်ရုပ်ဆိုးတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။ အခြွေအရံများတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အခြွေအရံ နည်းပါးသူတွေကို မဖန်ဆင်းသင့်ဘူး။ ချမ်းသာကြွယ်ဝတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ ဆင်းရဲနွမ်းပါးတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်တဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အမျိုးယုတ်တဲ့သူတွေကိုသာ မဖန်ဆင်းသင့်ဘူး၊ ဉာဏ်ကောင်းတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ ဉာဏ်ထိုင်းတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။

ဘုရားဆိုတာ မေတ္တာ၊ ကရုဏာ အပြည့်ရှိပြီးသားဖြစ်ရမယ်။ မေတ္တာ၊ ကရုဏာရှိတဲ့ ဘုရားဆိုရင်လည်း အသက်ရှည်သူ၊ ကျမ်းမာသူ၊ ချမ်းသာသူတွေချည်းဖန်ဆင်းပေးရမယ်။ အသက်တိုသူ၊ အနာရောဂါများသူ၊ ဆင်းရဲနွမ်းပါးသူတွေကို မဖန်ဆင်းသင့်ဘူး။ ဖန်ဆင်းမိပါတယ်ဆိုရင် ဒီဘုရားမှာ မေတ္တာ၊ ကရုဏာကင်းမဲ့တဲ့အဖြစ်ကို ရောက်သွားမယ်။ တစ်ခါ မဖန်ဆင်းပါဘူးဆိုရင်လည်း ဣဿရနိမ္မာနလို့ခေါ်တဲ့ ဖန်ဆင်းရှင်ဘုရားဘ၀ကနေ လျှောကျသွားမယ်။ ဘာသာဝင် အားလုံး၊ လူသားအားလုံးနဲ့ဆိုင်တဲ့ ဒီအချက်တွေကို ဒကာလေး သေသေချာချာ စဉ်းစားဖူးပါသလား”

“တစ်ခါမှ မစဉ်းစားဘူးပါဘုရား၊ ဒီအတွေးအခေါ်တွေရဲ့ အကျယ်ရှင်းလင်းချက်ကို လူတိုင်း သိသင့်ပါတယ်ဘုရား။ တပည့် တော်လည်း အရမ်းသိချင်နေပါတယ်။ ဖြေရှင်းပေးတော်မူပါဘုရား”

“ဒီအကြောင်းအရာတွေဟာ ဥပရိပဏ္ဏာစပါဠိတော် စူဠကမ္မ၀ိဘင်္ဂသုတ်ကလာတာပါ။ တောဒယျအမည်ရှိတဲ့ ပုဏ္ဏညးကြီး တစ်ယောက် ရှိပါတယ်။ သူ့မှာသုဘအမည်ရှိတဲ့သားတစ်ယောက်လည်းရှိတယ်။ မြန်မာလိုကတော့ တင့်တယ်လှပ ချောမောသူပေါ့။ ဗုဒ္ဓက ဒါနတော ဘောဂ၀ါ- ပေးကမ်းလှူဒါန်းသူများဟာ ဖြစ်ရာဘ၀မှာ စည်းစိမ်ဥစ္စာ ပေါများချမ်းသာ တယ်ဟောတယ်၊ သူက ပေးကမ်းလှူဒါန်းခြင်းဆိုတာ မွဲခြင်းရဲ့အကြောင်း၊ ပစ္စည်းကုန်ခြင်းရဲ့အကြောင်းလို့ ယူဆကျင့်သုံး ဟောပြောတယ်။ သူက ဘာမှ မလှူဘူး၊ သူ့သားကိုလည်း ဘာမှ မလှူစေဘူး။ စည်းစိမ်ဥစ္စာတွေကို ရနိုင်သမျှ ရအောင် ရှာဖွေပြီး ဒါန၊ သီလ၊ ဘာဝနာ တစ်ခုမှမလုပ်ဘဲ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း သုံးမျိုးနဲ့ပဲ အချိန်ကုန်လွန် စေတယ်။ အဲဒီလူမျိုးကို ၀ိမာန၀တ္ထု အဋ္ဌကထာမှာ လူ့တိရစ္ဆာန်လို့ နာမည်ပေးထားတယ်။ တိရစ္ဆာန်လို အနေများတဲ့သူဟာ သူတဲ့အခါ တိရစ္ဆာန်ဖြစ်ရတာဟာ သဘာဝကျပါတယ်။ တောဒေယျပုဏ္ဏားကြီးသေတဲ့အခါ သူ့အိမ်မှာပဲ ခွေးကြီးတစ်ကောင် ပြန်ဖြစ်တယ်။ ဒါကြောင့် ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးက-

လူနဲ့တိရစ္တာန်၊ ခြားနားဟန်၊

နှစ်တန်သိရမည်။

အိမ်စားကာမ၊ သိရုံမျှ၊

မှတ်ကြလူမပီ။

အကုသိုလ်ပယ်၊ ကုသိုလ်ဆွယ်၊

တကယ်လူပီသည်။

လူမပီက အပါယ်ကျ၊

ဒုက္ခမလွတ်ပြီ။

လူပီလောက၊ ချမ်းသာရ

ရောက်ရနိဗ္ဗာန်ဆီ။ ဆိုပြီး လူနဲ့တိရစ္ဆာန်ခွဲခြားတဲ့နည်းကို ရေးသားဆုံးမခဲ့တာပေါ့။

အဖေဘ၀ကလာတဲ့ ခွေးကြီးဆိုတော့ မသိစိတ်ရဲ့ တိုက်တွန်းမှုကြောင့် သုဘလုလင်ဟာ ခွေးကြီးကို တအားချစ်တယ်။ ခုတင်မွေ့ရာနဲ့ သေချာသိပ်ပြီး သေချာကျွေးမွေးထားတယ်။ တစ်နေ့တော့ ဗုဒ္ဓက သုဘလုလင်သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာဖြစ်မယ့်အရေးကို မြင်တဲ့အတွက်ကြောင့် သူတို့အိမ်ရှေ့မှာ ဆွမ်းလာရပ်တယ်။ ဒီအချိန်ဘုဘလုလင်ကတော့ အိမ်မှာမရှိဘူး။ တောဒေယျရှင်ကလာတဲ့ ခွေးကြီးဟာ ဘုရားရှင်ကိုလည်းမြင်ရော စားမတတ် ၀ါးမတတ် ဟောင်တော့ တာပဲ။ အဲဒီမှာတင်ဘုရားရှင်က-

တောဒေယျ၊ သင်ဟာ လူ့ဘ၀တုန်းက ငါနဲ့ဆန့်ကျင်ဘက်လုပ်ပြီး တိရစ္ဆာန်လိုနေတဲ့အတွက် အခုတိရစ္ဆာန်ဘ၀ ရောက် နေပြီ။ ဒါနဲ့တောင် အသိတရားမရဘဲ အခုထိ ငါဘုရားကို ရန်ရှာနေတုန်းပဲ။ ဒီလိုသာဆိုရင် သင်ဟာခွေးဘ၀ ကသေရင် ငရဲကျလိမ့်ဦးမယ်ဟု မိန့်တော်မူပြီး ကျောင်းတော်သို့ပြန်ကြွသွားတယ်။ ဘုရားရှင်ရဲ့စကားကို ကြားလိုက်ရတဲ့ ခွေးကြီးဟာ ဆက်မဟောင်နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျပြီး ပြာပုံထဲတိုးအိပ်သွားတယ်။ သူခွေးဖြစ်နေတာကို ဘုရားရှင်က သိနေတဲ့အတွက် ရှက်လည်းရှက်၊ စိတ်လည်းဆင်းရဲသွားတာပေါ့။ ဒါကြောင့် အိပ်နေကျခုတင်ပေါ်တက်မအိပ်တော့ဘဲ ပြာပုံထဲ တိုးအိပ်လိုက်တာပါ။ သူ့သားပြန်လာလို့ အကျိုးအကြောင်း သိရတဲ့အခါ ဘုရားရှင်အပေါ် အလွန်ဒေါသဖြစ်ပြီး ရန်တွေ့ရအောင် လိုက်သွားတယ်။ သူ့အဖေ ခွေးဖြစ်တယ်ဆိုတာကို အထောက်အထားပြပါ။ မပြနိုင်ရင် ဘုရားတန်မယ့် မုသားပြောတယ်ဆိုပြီး တစ်မြို့လုံးမှာ အပုပ်ချမယ်လို့ပြောတော့ ဘုရားရှင်ကမေးတယ်။ သင့်အဖေဟာ သင်မသိအောင် ၀ှက်ထားခဲ့တဲ့ ဥစ္စာပစ္စည်းများ ရှိပါသလား တဲ့။ ဒီတော့ သုဘက ပြောတယ်။ ငွေတစ်သိန်းရယ်၊ ငွေတစ်သိန်းတန်တဲ့ ပစ္စည်းသုံးမျိုးရယ်ကို ခုထိရှာမတွေ့သေးပါဘူး တဲ့။ ဒီတော့ဘုရားရှင်က အိမ်ပြန်ပြီး ခွေးကြီးကို ရေမိုးချိုး၊ ရေမရောတဲ့နို့ထမင်းကိုကျွေးပြီး နူးညံ့တဲ့ အိပ်ရာပေါ်မှာသိပ်ပါ။ ခွေးကြီး အိပ်မပျော်တပျော် အချိန်လေးမှာ ကျောကိုသပ်ပေးပြီး အဖေ၊ မသေခင်က ကျွန်တော်ကို မအပ်ခဲ့တဲ့ ပစ္စည်းနဲ့ငွေတွေကို ဘယ်နေရာထားခဲ့ပါသလဲ။ ထားခဲ့တဲ့နေရာကို ပြပါလို့ မေးလိုက်ပါ။ ဒီအခါမှာ ခွေးကြီးက ပစ္စည်းတွေရှိတဲ့နေရာကိုပြပေးရင် ငါပြောတာ မှန်တယ်ဆိုတာကို လက်ခံပါ။ ပြမပေးဘူးဆိုရင် ငါဘုရားကို မုသားပြောတယ်ဆိုပြီး တစ်မြို့လုံးမှာ အပုပ်ချပါ လို့မိန့်တော်မူတယ်။ ဘုရားရှင်စကားဆုံးတာနဲ့ သုဘဟာ သူ့အတွက်အရှုံးမရှိတဲ့ ဒဿနတစ်ခုကို တွေးမိသွားတယ်။ ငါဟာ ဒီအလုပ်ကို လုပ်ကြည့်သင့်တယ်။ ခွေးကြီးက ပစ္စည်းတွေရှိတဲ့နေရာကိုပြခဲ့ရင် ပစ္စည်းဥစ္စာတွေ ပြန်ရတဲ့အတွက် ငါ့မှာ အမြတ်ထွက်တာပဲ။ မပြနိုင်ခဲ့ရင် ဘုရားရှင်ကို မုသားပြောတယ်ဆိုပြီး တစ်မြို့လုံးမှာ အရှက်ခွဲခွင့်ရတယ်။ ဒါလည်း ငါ့အတွက်အရှုံးမရှိဘူးလို့တွေးပြီး ဘုရားရှင်ပြောတဲ့အတိုင်း လုပ်ကြည့်တဲ့အခါ ဥစ္စာပစ္စည်းအားလုံးကို ပြန်လည်ရရှိ သွားတယ်။ ဒီနေရာမှာ ဒကာလေး အပါအ၀င် လူသားအားလုံးကို သံသရာနဲ့ပက်သက်လာရင် မိမိအတွက် အရှုံးမရှိတဲ့ဒဿနတစ်ခုကို ပေးချင်တယ်။ ”

“ပြောပါဘုရား၊ တပည့်တော် တကယ်ကို စိတ်ဝင်စားပါတယ်ဘုရား”

“ဒီအတွေးအခေါ်ကလည်း ဘုရားအလောင်းနုစဉ်ဘ၀တစ်ခုတုန်းက ပေးခဲ့တာပါ။ ဇာတ်တော်ရဲ့ လိုရင်းအချုပ်ကို ပြောရအောင်။ တစ်ခါတော့ ဘုရားအလောင်းဦးဆောင်တဲ့ လူပေါင်းငါးရာရယ်၊ ဒေ၀ဒတ်အလောင်းဦးဆောင်တဲ့ လူပေါင်း ငါးရာရယ်၊ စုစုပေါင်းတစ်ထောင်တို့ဟာ သင်္ဘောပျက်ပြီး ကျွန်းကြီးတစ်ကျွန်းပေါ်ကို ရောက်သွားကြတယ်။ ကျွန်းကြီးဟာ အစားအသောက် ရေမိုးပြည့်စုံတဲ့အတွက် တစ်သက်လုံးနေသွားဖို့ ဆုံးဖြတ်ကြတယ်။ တစ်ခါတော့ ဒေ၀ဒတ်အုပ်စု အဖွဲ့ထဲကလူတွေဟာ အရက်ချက်သောက်၊ မူးရူးပြီး တွေ့ကရနေရာမှာ အညစ်အကြေးတွေကို စွန့်ကြတယ်။ ဒါကြောင့် ကျွန်းပေါ်မှာနေကြတဲ့ နတ်တွေက စိတ်ဆိုးပြီး လာမယ့်လပြည့်ညမှာ ပင်လယ်ထဲကရေတွေကို ကျွန်းတစ်ကျွန်းလုံး မြုပ်အောင် တက်လာစေပြီး ကျွန်းပေါ်မှာရှိကြတဲ့ လူအားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ ဆုံးဖြတ်ချက် ချပြီးချိန်မှာ သနားတတ်တဲ့ သူတော်ကောင်းနတ်တစ်ပါးက ကိုယ်ထင်ပြပြီး လာမယ့်လပြည့်နေ့ကျရင် ပင်လယ်ရေတွေ တစ်ကျွန်းလုံးမြုပ်အောင် တက်လာမှာမို့ သေဘေးက လွတ်ချင်ရင် အခုကတည်းက လှေတွေ၊ ဖောင်တွေကြိုတင် လုပ်ထားကြလို့ပြောပြီး ပျောက်သွားတယ်။ သူယုတ်မာ နတ်တစ်ပါးကလည်း ကိုယ်ထင်ပြပြီး အို-အသင်လူသားတို့ ဒီကျွန်းပေါ်ကိုတစ်ခါမှ ရေမတက်ဘူး။ နောင်ဘယ်တော့မှလည်း တက်မည်မဟုတ်ပါ။ ဒါကြောင့် အရင်တိုင်းပဲ အေးအေးဆေးဆေးသာနေကြပါ။ လှေတွေ၊ ဖောင်တွေ လုပ်စရာမလိုပါဘူးလို့ပြောပြီး ပျောက်သွားပြန်တယ်။ ရေတက် မယ်၊ မတက်ဘူးဆိုတာ လပြည့်နေ့ရောက်မှ သိရမယ်။ ကြိုတင်ပြီး မသိနိုင်ဘူး။ ဒီတော့ လှေတွေ၊ ဖောင်တွေ လုပ်သင့် မလုပ်သင့်ဆိုတာ ပြဿနာပေါ်လာတယ်။ မိမိအတွက်သေချာတဲ့နည်း၊ အရှုံးမရှိတဲ့နည်းကို ဒေ၀ဒတ်အလောင်း ခေါင်းဆောင်တဲ့ အဖွဲ့သားတွေဟာ မတွေးမိကြဘူး။ ဒါကြောင့် လှေတွေ၊ ဖောင်တွေလုပ်ပြီးခါမှ ပင်လယ်ရေတက်မလာရင် ပင်ပန်းတာပဲ အဖတ်တင်မယ်ဆိုတဲ့ အတွေးအခေါ်ကြောင့်ပေါ့။ ဘုရားအလောင်း ဦးဆောင်တဲ့ အဖွဲ့သားတွေကလည်း ဟိုဘက်အဖွဲ့နည်းတူ လှေတွေ၊ ဖောင်တွေ မလုပ်ချင်ကြဘူး။ ဒါပေမယ့် ဘုရားအလောင်းက အတွေးအခေါ် ပညာရှိတော့ လှေတွေ၊ ဖောင်တွေကို အသင့်လုပ်ခိုင်းတယ်။ ငယ်သားတွေက ရေတွေသာ တကယ်တက်မလာရင် လှေတွေ၊ ဖောင်တွေကိုလုပ်ရတာ ပင်ပန်းတာသာ အဖတ်တင်မှာဖြစ်လို့ မလုပ်ချင်ကြောင်း ပြောကြတယ်။ ဒီတော့မှ ဘုရားအလောင်းက အခုအချိန်ထိအောင် သမိုင်းတွင် ကျန်ရစ်မယ့်အရှုံးမရှိသော ဒဿနတစ်ခုကို တင်ပြတယ်။ ရေတက်မယ်၊ မတက်ဘူးဆိုတာ လပြည့်နေ့ကျမှ သိရမယ်။ ကြိုပြီးမသိနိုင်ဘူး။ လှေတွေ၊ ဖောင်တွေ လုပ်မထားရင် လပြည့်နေ့ည ရေတက်မလာရင်တော့ ကိစ္စမရှိဘူး။ ရေတက်လာလို့ကတော့ အားလုံးသေကြရမယ်။ ဒါကြောင့် လှေတွေဖောင်တွေ ကြိုတင်လုပ်မထားတာဟာ မိမိအတွက် စိတ်မချတဲ့နည်းပဲ။ အကယ်၍ လှေတွေ၊ ဖောင်တွေကြိုတင် လုပ်ထားကြမယ်ဆိုရင် လပြည်နေ့ညမှ ရေမတက်လာလည်း ကိစ္စမရှိဘူး။ လိုနေတဲ့နေရာမှာ သုံးရတာပေါ့။ အကယ်၍ ရေတက်လာရင်လည်း အသက်ချမ်းသာရာ ရတာပေါ့။ နှစ်မျိုးလုံး မိမိအတွက် အရှုံးမရှိဘူး။ ဒီလိုရှင်းပြမှ ငယ်သားတွေဟာ သဘောပေါက်ပြီး လှေတွေ၊ ဖောင်တွေ အားကြိုးမာန်တက်လုပ်ကြတယ်။ လပြည့်နေ့ ရောက်လာတဲ့အခါ ပင်လယ်ရေတွေ ကျွန်းကြီးမြုပ်အောင် တကယ်တက်လာတဲ့အတွက် ဒေ၀ဒတ်ဦးဆောင်တဲ့ အဖွဲ့ငါးရာဟာ ရေထဲမျောပါပြီး သေဆုံး ကြရတယ်။ ဘုရားလောင်းဦးဆောင်တဲ့ အဖွဲ့သားတွေကတော့ အသင့်လုပ်ထားတဲ့ လှေတွေ၊ ဖောင်တွေနဲ့ ဘေးလွတ်ရာ ကို ထွက်ခွာသွားနိုင်ကြတယ်။ အခုလည်း ဘာသာကြီးလေးခုရှိတဲ့အနက်က ဗုဒ္ဓဘာသာကတော့ ဘုရားကမကယ်ဘူး။ ကိုယ်ပြုထားတဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ လှေတွေ၊ ဖောင်တွေကသာ သံသရာမှာ ဒုက္ခမရောက်အောင် ကယ်တင်မယ်လို့ ဟောတယ်။ ကျန်တဲ့ဘာသာမှ ဘုရားတွေကတော့ သူတို့ကိုသာ ပုံအပ်ပြီးတော့ ယုံကြည်ကိုးကွယ်ပါ။ တမလွန်ဘ၀ကျရင်စောင့်ရှောက်ကယ်တင်မယ်လို့ ဟောပြောတယ်။ တကယ်တော့ ဆိုင်ရာဘုရားတွေက မိမိသေသွားတဲ့ အခါ ကယ်တင်မယ်၊ မကယ်တင်ဘူးဆိုတာ ကြိုတင်ပြီး သိနိုင်တာမဟုတ်ဘူး။ သေပြီးမှ သိရမယ့်အရာပဲ။ ဒီနှစ်နည်းမှာ ဗုဒ္ဓပေးတော်မူတဲ့ ဒါန၊ သီလ၊ ဘာဝနာတရားတွေကို ပြုလုပ်ခြင်းဆိုတဲ့နည်းက မိမိအတွက်အရှုံးမရှိနိုင်တဲ့နည်းပဲ။ မ စမယ့်ဘုရားကိုယုံပြီး ကုသိုလ်တွေ တစ်ခုမှ မလုပ်နိုင်ဘဲ သေသွားရင် သူတို့ပြောသလို ဘုရားတွေ တမလွန်ကနေ အသင့်စောင့်ပြီး ကယ်ရင်တော့ တော်သေးတာပေါ့။ မကယ်ရင် ကိုယ်ပဲ ဆုံးရှုံးမှာ။ ဗုဒ္ဓညွှန်ကြားတဲ့အတိုင်း ဒါန၊ သီလ၊ ဘ၀နာဆိုတဲ့ ကုသိုလ်လှေတွေ၊ ဖောင်တွေကို ကြိုလုပ်ထားမယ်ဆိုရင်တော့ နောက်ဘ၀မှာ ဘုရားကကယ်လည်း မိမိက သူတော်ကောင်းဖြစ်နေတဲ့အတွက် ပိုပြီးကယ်ရမှာပေါ့။ မကယ်ဘူးဆိုရင်လည်း ကိုယ်ပြုပြီးသား ကုသိုလ်တွေက အသင့်ရှိနေလို့ အားငယ်စရာ မလိုတော့ဘူး။ ထိုစကားအရောက်တွင် မောင်ရဲမြင့်၏မျက်နှာသည် ၀င်းထိန်သွားကာ ကျွန်ုပ်ကို ဦးအကြိမ်ကြိမ်ချရင်း လျှောက်ထား၏။”

“ဆရာတော်ဘုရား၊ ဒီအတွေးအခေါ်တစ်ခုနဲ့ပဲ တပည့်တော်အတွက် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ လုံလောက်ပါပြီဘုရား။ ဒါပေမယ့် သုဘလုလင်ရဲ့မေးခွန်းတွေကိုလည်း အရမ်းစိတ်ဝင်စားနေတဲ့အတွက် ဆက်ဟောကြားပေးပါဘုရား”

“စာရေးသူ အလွန်ပင် ပီတိသောသနဿ ဖြစ်ရ၏။ စာအုပ်တစ်အုပ်၏ အောင်မြင်မှု၊ တရားပွဲတစ်ပွဲ၏ အောင်မြင်မှု၊ တရားပွဲတစ်ပွဲ၏ အောာင်မြင်မှုကို ပရိတ်သတ်များပြားမှုဖြင့် တိုင်းတာတတ်ကြ၏။ စာရေးသူ၏ အမြင်အားဖြင့်ကား ထိုစာအုပ်၏ရေးသားချက်အတိုင်း၊ ထိုဓမ္မကထိက၏ ဟောကြားချက်အတိုင်း မည်ရွေ့မည်မျှ လိုက်နာကျင့်သုံးကြသနည်း ဟူသော အချက်ဖြင့်သာ အောင်မြင်မှုကို တိုင်းတာသင့်သည်ဟု ယူဆမိ၏။ သုဘလုလင်သည် မေးခွန်းသုံးချက်၏ ဖြေဆိုမှု အဆုံးတွင် သရဏဂုံသုံးပါးဆောက်တည်ကာ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ၀င်ရောက်ခဲ့သည်။ မောင်ရဲမြင့်သည်လည်း ဤအမေးအဖြေအဆုံးမှာပင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ၀င်ရောက်ခဲ့ပါသည်။ မူလပဏ္ဏာသ အဋ္ဌကထာ အဖွင့်အရ ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် သရဏဂုံပျက်ခြင်း ရှစ်မျိုးအနက်တစ်မျိုးမျိုးဖြင့် ဧကန်မုချပျက်ကြရ၏။

အညသတ္တာရဒီသု အဟံ အတ္တာနံ ပရိစ္စဇာမိတိ ဧ၀ံ အည သတ္ထာရုဒ္ဒေသေ၀သေန သာဝဇ္ဇ ဘေဒေါတိ ၀ုစ္စတိ

ဟူသော ယင်းအဋ္ဌကထာ အဖွင့်အရ ရတနာသုံးပါးမှတစ်ပါး အခြားဘာသာကဘုရားများကို မိမိ၏အသက်နှင့်ခန္ဓာကိုယ်ကို အပ်နှင်းလှူဒန်းပါ၏ဟု နှုတ်ကဆိုပြီး ကန်တော့လိုက်လျှင် သရဏဂုံပျက်သွား၏။ ဤသို့ ဘာသာတစ်ပါးသို့ပြောင်း၍ သရဏဂုံပျက်ခြင်းမျိုးကား လွန်စွာနည်းပါးပါ၏။ ရှောင်၍လည်းရနိုင်ပါ၏။ ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တိုင်း ရှောင်၍မရသော သရဏဂုံပျက်ခြင်း တစ်မျိုးရှိသေး၏။

ကာလကိရိယဘေဒေါ အန၀ဇ္ဇ ဘေဒေါတိ ၀ုစ္စတိ

ဟူသော ထိုမူလပဏ္ဏာသ အဋ္ဌကထာအဖွင့်အရ အသက်သေဆုံးသွားလျှင် ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တိုင်း သရဏဂုံ ပျက်သွားသည်သာဖြစ်၏။ ထိုသို့အသက်သေ၍ သရဏဂုံပျက်ခြင်းမျိုးကား အပြစ်မရှိသော၊ အကုသိုလ်မဖြစ်သော သရဏဂုံ ပျက်ခြင်းမျိုးသာဖြစ်၏။ သံသရာတစ်လျှောက်လုံး၌ သရဏဂုံမှ ပျက်ချင်လျှင်၊ ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ ပြောင်းမသွားချင်လျှင် ၀ိပဿနာတရားကို နာကြားအားထုတ်ပြီး သောတာပန်ဖြစ်အောင် ကြိုးစားရမည်ဖြစ်၏။ ရတန သုတ်၌

ယထိန္ဒင်္ခလော ပထ၀ီဿိတောသိယာ၊ စတုဗ္ဘိ၀ါတေဟိ အသမ္ပကမ္ပိယော။ တထူပမံ သပ္ပုရိသံ ၀ဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စပဿတိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ဧတေန သစ္စေန သုတတ္ထိ ဟောတု။

မြေထဲ၌ အတောင်များစွာ မြှုပ်ထားသောကျောက်တိုင်သည် အရပ်လေးမျက်နှာမှ တိုင်ခတ်လာသောကြောင့် ယိမ်းယိုင် တုန်လှုပ်ခြင်းမရှိသကဲ့သို့ သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ပြီးသော(မဂ်ရပြီးသော)သူတော်ကောင်း၏ ရတနာသုံးပါးအပေါ် ကြည်ညိုယုံကြည်သော သဒ္ဓါသည် သံသရာတစ်လျှောက်ခိုင်မြဲသွား၏။ ပျက်စီးခြင်းမရှိတော့ချေ။ ဤမှန်ကန်သော သစ္စာကြောင့် သက်ရှိသတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေဟု ဟောတော်မူခဲ့ခြင်းဖြစ်၏။ ထိုအချက် ကိုသိသွားသောအခါ မောင်ရဲမြင့်သည် ရဟန်းဘောင်သို့ အပြီးအပိုင်ဝင်ရောက်ပြီး စာရေးသူပြသသော နည်းအတိုင်း ၀ိပဿနာတရားကို နာကြားအားထုတ်နေပြီဖြစ်၏။ ရဟန်းဘွဲ့အမည် ဦးဝိသုဒ္ဓဖြစ်၏။

သုဘလုလင်၏မေးခွန်းနှင့် ဗုဒ္ဓ၏အဖြေများကို အကျဉ်းချုပ် ဖော်ပြရင်း သာသနာပြုခြင်းဆောင်းပါးကို နိဂုံးချုပ်လိုက်သည်။

မေး - လူချင်းတူပါလျက် အသက်အတို၊ အရှည် ကွဲပြားရခြင်း၏အကြောင်းများကို ဖြေဆိုပါ။

ဖြေ - သူတစ်ပါး၏အသက်ကို သတ်ဖြတ်သူများအသက်တို၍ ရှောင်ကြဉ်သူများ အသက်ရှည်ပါသည်။

မေး - လူချင်းတူပါလျက် အနာရောဂါများခြင်း၊ နည်းခြင်း၏အကြောင်းတို့ကို ပြောဆိုပါ။

ဖြေ - သူတစ်ပါးကို ညှင်းဆဲနှိပ်စက်သူတို့ ရောဂါများ၍ ကြင်နာသနားတတ်သူတို့ ရောဂါကင်းသည်။

မေး - လူချင်းတူပါလျက် အရုပ်ဆိုးခြင်း၊ ချောမောလှပခြင်း၏ အကြောင်းတို့ကို ဖြေဆိုပါ။

ဖြေ - ဒေါသကြီးသူများ အရုပ်ဆိုး၍၊ မေတ္တာဓာတ်ပွားများသူများ ရုပ်ရည်ချောမောလှပပါသည်။

မေး - လူချင်းတူပါလျက် အခြွေအရံနည်းခြင်း၊ များခြင်း၏အကြောင်းတို့ကို ဖြေဆိုပါ။

ဖြေ - ကိုယ့်ထက်သာသူအပေါ် မနာလိုသူများ အခြွေအရံနည်းပါး၍ ကိုယ့်ထက်သာသူအပေါ် မုဒိတာပွားပြီး ၀မ်းမြောက်သူများ အခြွေအရံပေါများသည်။

မေး - လူချင်းတူပါလျက် ဆင်းရခြင်း၊ ချမ်းသာခြင်း၏အကြောင်းတို့ကိုဖြေဆိုပါ။

ဖြေ - ဒါနမပြုသူများဆင်းရဲ၍ ဒါနပြုသူများ ချမ်းသာပါသည်။

ဤဖြေဆိုချက်ကို ခေတ်လူငယ်များနားလည်ရန် အင်္ဂုတ္တုရ်ပါဠိတော် အဖွင့်အတိုင်းရေးပြအံ့။ ဉာဏ်၊ ၀ီရိယ တန်းတူရည်တူ ရှိသော လူလေးယောက်အား အရောင်းအ၀ယ် လုပ်ကိုင်စားသောက်ရန် ငွေတစ်သိန်းတစ်ထောင်စီပေးလိုက်၏။ ထိုလူလေးယောက်သည် ဉာဏ်ချင်း၊ ၀ီရိယချင်း၊ ချမ်းသာချင်သေစိတ်ရှိတာချင်း၊ အရောင်းအ၀ယ်လုပ်တာချင်း တူကြ၏။ သို့ပါလျက် ရလဒ်ကား တစ်ဦးနှင့်တစ်ဦး မတူညီကြ။ ပထမလူသည် သိန်းတစ်ထောင်ရင်းပြီး ရောင်းဝယ်ရာ သိန်းနှစ်ထောင်မြတ်၏။ ဒုတိယလူသည် သိန်းတစ်ထောင် အတိအကျမြတ်၏။ တတိယလူသည် သိန်းငါးရာမြတ်၏။ စတုတ္ထလူသည် အရင်း သိန်းတစ်ထောင်ပင် ရှုံးသွား၏။ အရည်အချင်း လေးချက်ရှိတာချင်း တူကြပါလျက် ရလဒ်က အဘယ်ကြောင့် ကွဲပြားသွားရပါသနည်း။ အဖြေကား ကံချင်းမတူသောကြောင့်ပေတည်း။

ပထမလူသည် အလှူခံကို မည်သည့်ရက်တွင် ငွေတစ်ထောင်လှူမည်ဟု ကတိပေး၏။ တကယ်လှူမည့် နေ့ ရောက်သောအခါ သဒ္ဓါတရားများ ပိုသည်ထက်ပိုလာပြီး နှစ်ထောင်လှူခဲ့၏။ ထို့ကြောင့် ယခုဘ၀တွင် သိန်းတစ်ထောင် သာရင်းပါလျက် သိန်းနှစ်ထောင်ထိ မြတ်ရခြင်းဖြစ်၏။ ဒုတိယလူသည် တစ်ထောင်လှူမည်ဟု ပြောထားသော်လည်း လှူချိန်ရောက်သောအခါ တစ်ထောင်အတိအကျ လှူခဲ့၏။ ထို့ကြောင့် သိန်းတစ်ထောင်အတိအကျမြတ်ခြင်းဖြစ်၏။ တတိယလူသည် တစ်ထောင်လှူမည်ဟု ပြောထားသော်လည်း လှူချိန်ရောက်သောအခါ ငါးရာသာ လှူခဲ့၏။ ထို့ကြောင့် သိန်းငါရာသာမြတ်ခြင်းဖြစ်၏။ စတုတ္ထလူသည် တစ်ထောင်လှူမည်ဟူ၍ပြောထားပြီး လှူချိန်ရောက်သောအခါ သဒ္ဓါပျက်သွားကာ မလှူဖြစ်တော့ချေ။ ထိုကြောင့် တစ်ပြားမှ မမြတ်ဘဲ သိန်းတစ်ထောင်လုံး ဆုံးရှုံးသွားခြင်းဖြစ်၏။

ငွေတစ်ထောင်လှူဒါန်းခဲ့ခြင်းက သိန်းနှစ်ထောင်ထိ မြတ်သည်မှာ ဟုတ်နိုင်ပါမည်လောဟု စောဒကတက်ဖွယ်ရှိ၏။ ဟုတ်နိုင်၏ဟု အကျဉ်းချုပ် ဖြေလိုက်၏။ ကောင်းကျိုးဟူသည် စေတနာက ပေးခြင်းဖြစ်၏။ သူတစ်ပါးကို ပေးလှူရန် သဒ္ဓါတရားဖြစ်ချိန် တစ်စက္ကန့်အတွင်း ၀ီထိစိတ်အစဉ်ပေါင်း အကြိမ်ပေါင်း ကုဋတစ်သိန်းဖြစ်၏။ ထိုဝီထိစိတ် ကုဋတစ်သန်း တွင် ကောင်းကျိုးပေးမည့် ဇောစေတနာပေါင်း ကုဋေလေးသောင်းခန့်ဖြစ်၏။ ထိုဇောစေတနာ ကုဋေလေးသောင်းက လူချမ်းသာ၊ နတ်ချမ်းသာဘ၀သို့ အကြိမ်ပေါင်း ကုဋေလေးသောင်း ပို့ပေး၏။ တစ်စက္ကန့်အတွင်းမှာပင် ကောင်းကျိုးပေး မည့် ဇောစေတနာပေါင်း ကုဋေလေးသောင်းဖြစ်နေရာ တစ်မိနစ်ဆိုက ကောင်းကျိုးပေးကြမည့် ဇောစေတနာပေါင်းမှာ ရေတွက်၍ပင် မလွယ်အောင်များပြားလွန်းနေပြီဖြစ်၏။ ထို့ကြောင့် တစ်ထောင် အလှူက ငွေသန်းပေါင်းနှစ်ထောင်ပြန်၍ အကျိုးပေးခြင်းကို သံသယ၀င်စရာမလိုပေ။ ထို့ကြောင့် ဗုဒ္ဓက ဓမ္မပဒပါဠိတော်တွင် -

မတ္တာသုခ ပရိစ္စာဝါ၊ ပေဿစေ ၀ိပုလံ သုခံ၊ စဇေ မတ္တာ သုခံဓီရော၊ သမ္ပဿံ ၀ိပုလံ သုခံ။

အနည်းငယ်မျှသော လှူဖွယ်ဝတ္ထု ချမ်းသာသုခကို စွန့်လွှတ်လှူဒါန်းလိုက်လျှင် အဆမတန်များပြားသော ချမ်းသာသုခ တို့ကို ပြန်ရမည်ဟု သိထားသော ပညာရှိသည် အနည်းငယ်သော လှူဖွယ်ဝတ္ထုကို စွန့်လွှတ်ဖို့ ၀န်မလေးနေသင့်ဟု ဟောကြားတော်မူခဲ့ခြင်းဖြစ်၏။

မေး - လူချင်းတူပါလျက် အမျိုးယုတ်ခြင်း၊ အမျိုးမြတ်ခြင်းအကြောင်းတို့ကို ဖြေဆိုပါ။

ဖြေ - မာနကြီးသူများ အမျိုးယုတ်၍ မာနကင်းပြီး ဂါရ၀ နိဝါတ ရှိသူများ အမျိုးမြတ်သည်။

မေး - လူချင်းတူပါလျက် ဉာဏ်ထိုင်းခြင်း၊ ဉာဏ်ကောင်းခြင်းတို့၏ အကြောင်းကို ဖြေဆိုပါ။

ဖြေ - မိမိမသိသောအရကို စုံစမ်းမေးမြန်ြးုခင်းမရှိသူများ ဉာဏ်ထိုင်း၍ စုံစမ်းမေးမြန်းရှိသူများ ဉာဏကောင်းပါသည်။”