ယူတတ်မှရသည်

တံစက်မြိတ်ကကျသော မိုးရေး မိုးပေါက် တစ်စက် တစ်စက် ကျဖြစ်၍ အထင်မသေးသင့်ပေ။
ဤတစ်စက်တစ်စက်သည်ပင် များလာသော် ရေအိုးကြီးပြည့်လာသကဲ့သို့ ပညာကိုလည်း တစ်နေ့နည်းနည်း နည်းနည်းသင်ရ၍ အထင်မသေးရပါ။ နည်းနည်း နည်းနည်းသင်ပါများလျှင် အဆုံးတစ်နေ့ ပါရဂူကြီး ဖြစ်နိုင်သည်။
တရားလေးတစ်နေ့ နည်းနည်း နည်းနည်းအားထုပ်ရ၍ နည်းသည်ဟုဆိုကာ အထင်မသေးနှင့်။တစ်နေ့သော အချိန်တွင်အားထုပ်ပါများ၍ တရားသိမြင်မှု တိုးတက်များပြားလားပြီး အဆုံး၌ သောတပတ္တိမဂ်ဆိုက်ရောက်ရ၏။ထိုမှတစ်ဆင့် မဂ်ဖိုလ်အဆင့်ဆင့်ရပြီးလျှင် နိဗ`ဗန်အထိ ဆိုက်ရောက်နိုင်ပေသည်။
ပစ္စည်းဥစ္စာအရာ၌လည်း တစ်ကျပ်နှစ်ကျပ်ကို နည်းသည်ဟု မမှတ်ထင်အပ်။ ဤတစ်ကျပ်နှစ်ကျပ်သည်ပင် စုပါများ၍ တစ်နေ့ သူဌေးကြီးဖြစ်လာနိုင်ပေသည်။
လောကကြီးသည် မိမိ၏ ဆရာဖြစ်၏ ကြည့်တတ်လျှင်မြင်၏ မကြည့်တတ်လျှင်ကားမမြင်နိုင်ပေ။ အသုဘ အလောင်းကောင်းအနီးရောက်နေသော်လည်း အချည်းအနီးသာ။ အသုဘ ဘာဝနာပွားခြင်း မရဏဿတိ ဘာဝနာပွားခြင်းဖြင့် မသာအနီးမှာပင် ပညာရနိုင်၏ တရားတိုးနိုင်၏။။။။။။

0 comments:

Post a Comment