ချေပချက်နောက်ဆက်တွဲ

ပထမဦးဆုံးအနေနဲ့ ကျွန်တော်တောင်းပန်စရာလေးရှိပါတယ်။ ကျွန်တော် ချေပချက် ပို့စ်ကိုရေးတုန်းက အရေးအသားတွေ မသင့်တော်ခဲ့လို့ စာဖတ်သူတွေအတွက်ကော ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ နားဝင်မချိုစေခဲ့ပါဘူး။ အမှန်တကယ်က ကျွန်တော်အဲဒီပို့စ်ကို နာရီပိုင်းအတွင်း လက်တန်းချရေးပြီး တင်လိုက်ခြင်းသာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ပြင်ဆင်တည်းဖြတ်ခြင်းမရှိခဲ့ပါဘူး။ အကိုးအကားရှာဖို့လောက်ပဲ ကျွန်တော်အချိန်သုံးခဲ့ပါတယ်။ ကျွန်တော်ဘလော့မရေးတတ်ပါဘူးခင်ဗျာ။ ဘလော့စရေးတာ ၁နှစ်လောက်ပဲကြာပါဦးမယ်။ ဘလော့မရေးခင်ကာလတွေတုန်းက ကျွန်တော်ဖိုရမ်တွေမှာ ပင်တိုင်ရေးပါတယ်။ နောက်ပြီးတော့ ဒီဘိတ်သဘောမျိုးတွေရေးဖူးပါတယ်။ အခုလည်းထိုခရစ်ရှန်ခရူဆေဒါလေးအတွက် ကျွန်တော်သတိပေးခြင်းဆိုတဲ့ပို့စ်တင်အပြီး ၁ပတ်အကြာမှာ သူ့ဘက်ကပြန်ဖြေရှင်းပါတယ်။ ဖြေရှင်းချက်တွေက အင်မတန်မှမခိုင်လုံပဲ ကလေးကလားဆန်လွန်းနေတဲ့အတွက်ကြောင့် ကျွန်တော်ရီပလိုင်းရပြီးပြီးချင်း နာရီပိုင်းမှာပဲ သူ့အဖြေကိုပြန်လည်ချေပခဲ့၊ ယုတ္တိမတန်တဲ့အဖြေတွေကို ထောက်ပြခဲ့ပါတယ်။ အဲဒီတော့ စာဖတ်သူတွေကိုမေတ္တာရပ်ခံချင်တာက ကျွန်တော့်အရင်ပို့စ်မှာ စကားလုံးတွေက မယဉ်ကျေးခဲ့ပေမယ့်လို့ ဗဟုသုတပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သည်းခံပြင်ဆင်ပြီးဖတ်ရှုပေးကြပါခင်ဗျား။ ကျွန်တော်တို့မူလပိုင်ရှင်မြတ်ဗုဒ္ဓရဲ့ သမ္မာတရားစစ်စစ်ကို ယုံယုံကြည်ကြည် လျှောက်လှန်းနေကြတဲ့ ထေရဝါဒီတွေအတွက် ဘာသာရေးကိုယ်ခံအား ဗဟုသုတကို ကျွန်တော်စိတ်ရောကိုယ်ပါ တတ်နိုင်သမျှဖြည့်စည်းပေးနေလျက်ပါ။

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကိုပြောချင်တာက messengerforbuddhist.blogspot.com က ကိုယ်တော်ချောဆိုတဲ့ဘလော့ဂါဟာ မွတ်ဆလင်တစ်ယောက်လုံးဝမဖြစ်နိုင်ဘဲ ခရစ်ရှန်တစ်ယောက်သာဖြစ်ကြောင်း အထောက်အထားတွေ့ရှိထားရပါတယ်။ အစပိုင်းတုန်းကတော့ မွတ်ဆလင်တစ်ယောက်လိုလို အယောင်ဆောင်ပြီး ရန်ရှောင်နေခဲ့ပေမယ့် နောက်ပိုင်းမှာယောက်ျားပီပီ ကိုယ့်စာကိုယ်တာဝန်မယူရဲလို့ ဘာသာမဲ့ဆိုပြီး ဇာတ်ပြောင်းကပါတယ်။ မည်သို့ပင်ဆိုစေကာမူ ရုပ်ထုမုန်းတီးရေးဝါဒ၊ လူလူချင်းကိုးကွယ်ရေးဆန့်ကျင်ဝါဒ၊ ဖန်ဆင်းရှင်ဝါဒ စတဲ့ အယူဝါဒတွေကို သူ့ဆီမှာထင်ရှားစွာတွေ့နေရမှတော့ သူဟာဘယ်လိုနည်းနဲ့မှဘာသာမဲ့မဖြစ်နိုင်ပါဘူးခင်ဗျာ။ အနည်းဆုံးတော့သူဟာ Abrahamic theist(အေဘရာဟမ်၏ဖန်ဆင်းရှင်ဝါဒီ) တစ်ယောက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဘာသာခြားတွေကို ပေါ်တင်နည်းရော၊ လျှို့ဝှက်ပြီးရော တိုက်ခိုက်နေကြတဲ့ ခရစ်ရှန်သာသနာပြုများရဲ့ လုပ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ခရစ်ရှန်သာသနာပြုတွေဟာ ဘာသာခြားအယူဝါဒတွေ မှားမှန်းသက်သေပြဖို့ဆိုရင် သိပ္ပံနည်းကျသုတေသနလုပ်ငန်းတွေကိုပါ ငွေကုန်ကြေးကျခံပြီးလုပ်ဆောင်ကြတာ ဥရောပမှာအခုထိရှိပါသေးတယ်။ အခုလည်း ထိုဘလော့၃ခုက နာမည်အမျိုးမျိုးနဲ့ခရစ်ရှန်ဘလော့ဂါဟာ ထိုဘလော့ဂ်တွေကိုရေးဖို့ နောက်ကွယ်ကနေတောင်းဆိုနေကြပါတယ်လို့ သူကိုယ်တိုင်သွယ်ဝိုက်ပြီးဝန်ခံထားတာ ရှိပါတယ်။ ကျွန်တော်တို့ဓမ္မဂါးဒီးယန်းဘလော့ရဲ့ ရပ်တည်ချက်က ထေရဝါဒဗုဒ္ဓဘာသာရဲ့ ခံစစ်အတွက် ဘာသာဝင်တွေအတွက်ကော ဘာသာခြားတွေအတွက်ပါ သိသင့်သိထိုက်တဲ့အဖြေတွေ တုန့်ပြန်ရေးသားချက်တွေနဲ့ ဗဟုသုတဖြန့်ဝေပေးဖို့ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ကျွန်တော်အခုတစ်လောမှာ သဘောကျတဲ့ဘလော့တစ်ခုကိုတွေ့ထားပါတယ်။ http://samadihti.co.cc/ ဆိုတာပါပဲ။ သွားရောက်လည်ပတ်ကြည့်ပါခင်ဗျာ။ ခရစ်ရှန်တွေအကြောင်းကို အတွင်းသိသိနေတဲ့ပုဂ္ဂိုလ်တစ်ယောက်က ဗုဒ္ဓသာသနာအရေးအတွက် သမ္မာဝါစာလမ်းကြောင်းကနေမသွေဖီပဲ ဗဟုသုတတွေဖြန့်ဝေပေးနေတာဖြစ်ပါတယ်။ ကျွန်တော်မလုပ်နိုင်တဲ့ မရေးနိုင်တဲ့အပိုင်းကို ချပြနိုင်တဲ့ အဲဒီဘလော့ဂါကို ကျွန်တော်လေးစားကြောင်း ပြောပါရစေခင်ဗျာ။

ပြောချင်တာတွေပြောလို့ နိဒါန်းချီအပြီးမှာ ကျွန်တော့်ရဲ့ချေပချက်ကို ဆက်ပါမယ်။ ကျွန်တော်ရေးနေကြပုံစံအတိုင်း အကိုးအကားအချက်အလက်တွေအဓိကထားပြီး ဘုရားချမှတ်ပေးထားတဲ့ သမ္မာဝါစာလမ်းစဉ်နဲ့အညီ အကျိုးသင့်အကြောင်းသင့်ပြန်လည်ဆွေးနွေးပြမှာဖြစ်ပါတယ်ခင်ဗျား။

ခရူဆေဒါ၏ချေပချက်

ဟေဗြဲသြ၀ါဒ စာစောင်အား ပေါလုရေးသားခဲ့ပါသည်။ အထောက်အထားကို ကြည့်လိုပါက.. ပေါလုသည် နို့အား အမြဲတမ်း မရင့်ကျက်သော အသက်တာကို အမြဲပြောခဲ့သလို၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဆိုသော စကားကို ( ရောသြ၀ါဒ၊ ဂလာတိ၊ နှင့် ဟေဗြဲ) ရေးခဲ့သည်။

ရှေ့ပို့စ်တုန်းက ဟေဗြဲသြဝါဒစာရဲ့ စာရေးသူအကြောင်းကိုပြောခဲ့ပါတယ်။ ဟေဗြဲသြဝါဒရဲ့စာရေးသူဟာ ရှင်ပေါလုလို့ပြောတဲ့အဆိုကမခိုင်လုံသေးပါဘူး။ စာရေးသူက ကိုယ့် identity ကိုယ်ဘာလို့ မဖော်ပြထားတာပါလဲ? စာရေးသူမသိတဲ့ စာအုပ်မျိုးကို ကျမ်းစာအဖြစ်ဘာလို့ ယုံကြည်ကြတာပါလဲ? ပြီးတော့ ပေါလုသည် နို့အား အမြဲတမ်း မရင့်ကျက်သော အသက်တာကို အမြဲပြောခဲ့သလို၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဆိုသော စကားကို ( ရောသြ၀ါဒ၊ ဂလာတိ၊ နှင့် ဟေဗြဲ) ရေးခဲ့သည်။
ဆိုတဲ့အဆိုကို သက်သေပြဖို့အတွက် အထောက်အထားကျမ်းကိုးပြဖို့ ကျွန်တော်ကတောင်းဆိုအပ်ပါတယ်ခင်ဗျာ။ ကျွန်တော့်ဘက်က တင်ပြချက်ကတော့ ရှင်ပေါလုရေးတဲ့ ကျန်ကျမ်းတွေအားလုံးမှာ စစခြင်းဘုရားရှိခိုးပြီး နိဒါန်းဖွင့်ထားပါတယ်။ အခုဟေဗြဲသြဝါဒစာမှာ မပါပါဘူး။ ပရိုတက်စတန့်ခရစ်ရှန်ဘာသာကို စတင်တည်ထောင်သူ မာတင်လူသာကတော့ ထိုစာရေးဆရာဟာ အာပေါလု(Apollos) ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ ဘိုင်ဘယ်လ်ပညာရှင်တွေကတော့ ပေါလုဟောခဲ့တဲ့တရားတွေကို လုကာကတစ်ဆင့် ပြန်ရေးထားတာလည်းဖြစ်နိုင်သလို ဗာနဗရေးသားတာလို့ဆိုတဲ့ သီအိုရီတွေလည်းရှိပါတယ်
။ ခေတ်ပေါ်ပညာရှင်တွေကလည်း ပြစ်ကိလ(Priscilla) ရေးထားကြောင်း အကျိုးနဲ့အကြောင်းနဲ့ ငြင်းချက်ထုတ်လာကြပါပြီ။ ဘယ်လိုပဲသီအိုရီတွေကွဲပြားနေပါစေ ခေတ်ပေါ်ပညာရှင်တွေအများစုကတော့ ဟေဗြဲသြဝါဒစာကို ရှင်ပေါလုရေးတာမဟုတ်ကြောင်း သဘောတူကြပါတယ်။ ပေါလုရေးတယ်ဆိုတဲ့သီအိုရီဟာ ခရစ်ရှန်အသင်းတော်တွေရဲ့ အစဉ်အလာအားဖြင့်ယုံကြည်မှုတစ်ရပ်သာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အတိုင်း အစဉ်အလာအားဖြင့် လက်ခံလာသည်ဆိုတိုင်းလည်း မယုံကြနှင့်ဆိုတဲ့ ဆုံးမချက်အတိုင်း
ဘိုင်ဘယ်လ်ကိုဝေဖန်ပိုင်းခြားကြည့်မှ မှတ်ကျောက်တင်ခံနိုင်တဲ့ ဘာသာတစ်ရပ်အဖြစ် ရပ်တည်နိုင်မယ်မဟုတ်ပါလားခင်ဗျာ။ အဲဒီတော့ ခရစ်ရှန်အပေါင်းကိုပြောချင်တာက ကျမ်းစာထဲမှာပဲပိတ်မနေပါနဲ့တော့ဆိုတာပါပဲ။ မျက်စိလေးဖွင့်နားလေးစွင့်ပြီး ကျမ်းစာအပြင်ကိုထွက်ခဲ့ကြပါ၊ မဂ္ဂင်ရှစ်ဖြာတရားမြတ်ဖြစ်တဲ့ သမ္မာတရားကိုရှာဖွေကြပါလို့ ဧဟိပဿိ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား။

ခရူဆေဒါ၏ချေပချက်
အဖြေ။ ခရစ်တော်သည် မိမိလူမျိုးတော်များအတွက် လာခဲသည်ကို ယောဟန် ၁း၁၄ တွင်ကြည့်ပါ၊ သို့တိုင်အောင် ယနေ့ လူမျိုးခွဲခြားနေသော လူ့ဘောင်ကြီးတွင် အကျွတ်တရားလမ်းကို ရနိုင်ရန် လမ်းစမရှိသော ကျွန်ုပ်တို့အားလုံး ( တပါးအမျိုးသားများ) အတွက်ဂျူးများ၏ ငြင်းပယ်ခြင်းအားဖြင့် ဖွင့်ပေးတော်မူခဲ့ပါသည်။ ၄င်းမှာ ဘုရားမြတ်၏ ကြီးမြတ်သော အကြံအစည်တော်နှင့် မဟာကရုဏာတော်မည်မျှ ကြီးမြတ်ကြောင်းကို အတိအလင်းသိမြင်နိုင်ပါသည်။ အဆွေစာရှုသူသည် မည်မျှတိုင်အောင် လူမျိုးရေး အစွဲဖြင့် ဘဝနွံတွင် နစ်နေမည်နည်း၊ အမျိုး၊ ဘာသာ တို့မည်သည် လွှတ်ရာလမ်းကို မပေးနိုင်ပါ၊ ဘုရားကို ဘုရားလိုမြင်မှသာ ( အစွဲကျွတ်မှသာ) ဤဝဲဩဂမှ လွှတ်နိုင်ပေမည်ကို အထူးသတိပြုစေချင်ပါသည်။ လူသားလုံးကို ဖန်ဆင်းသော ဘုရားရှင်က ဦးစွာ ဂျူးလူမျိုးများအားဖြင့် ဤလောကကြီးအား အကျွတ်တရားလမ်းကို သိစေရန် ရွေးချယ်တော်မူခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဂျူးလူမျိုးသည် ဘုရားရှင်၏ အစီအစဉ်တွင် အဓိက လူမျိုးတော်အတွက်ဖြစ်ခဲ့သော်လည်း ကယ်တင်ခြင်းအကျွတ်တရားလမ်းစဉ်အတွက်မူကား ကျွန်ုပ်တို့ လူမျိုးတွင်ရှိသော အမြင်ကျဉ်းသော လူမျိုးရေး ဘောင်ကန့်သတ်မှုမရှိကြောင်း အဆွေရှင်းလင်းမြင်တွေ့နိုင်ပါစေ။

မေးခွန်းနံပါတ်(၈)အတွက်ကတော့ သူခိုးကလူပြန်ဟစ်ဆိုတဲ့ မြန်မာစကားပုံလေးကို စစချင်းသွားသတိရမိပါတယ်ခင်ဗျ။ ကျွန်တော်ကလူမျိုးကြီးဝါဒီ(racist)လား ဘယ်သူကracistလည်းဆိုတာ စာဖတ်သူတွေကိုတိုင်တည်ပြီးတော့ ကျွန်တော်သက်သေပြပါ့မယ်။

တမန်တော်တစ်ကျိပ်နှစ်ပါးတို့အားသခင်ယေရှု သည်အောက်ပါသြဝါဒများကိုပေး၍စေလွှတ်တော် မူ၏။“သင်တို့သည်လူမျိုးခြားများနေထိုင်ရာဒေသ များနှင့်ရှမာရိမြို့များသို့မသွားကြဘဲ၊ သိုးပျောက်များဖြစ်သောဣသရေလအမျိုးသား တို့ထံသို့သွား၍၊- သူတို့အား‘ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ’ ဟု ဟောပြောကြလော့။- (မဿဲ ၁၀:၅-၇)

ယေရှုရဲ့နှုတ်ကပါတ်တော်စစ်စစ်တွေဖြစ်ပါခင်ဗျား။ အခုခေတ်ခရစ်ရှန်သာသနာပြုတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ တွေ့ရမှာပါ။ သတင်းကောင်း(သို့) ဧဝံဂေလိတရားတော်များကိုဟောပြောဖို့ ယေရှုကသာသနာပြုတွေကိုစေလွှတ်ရာမှာ ဂျူးမဟုတ်တဲ့ လူမျိုးခြားတွေ ဘာသာခြားတွေဆီမသွားပါနဲ့၊ ဂျူးတွေဆီသာသွားကြပါလို့ ယေရှုကမိန့်ကြားနေခြင်းဖြစ်ပါတယ် နောက်ပြီး

သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရားတော် ကိုဟောပြောခွင့်ပေးတော်မမူ။- သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်က ခွင့်ပြုတော်မမူသဖြင့်၊- (တမန်တော်ဝတ္ထု ၁၆:၆-၇)

ရှင်ပေါလုနဲ့တိမောသေဆိုတဲ့ ခရစ်ရှန်သာသနာပြုတွေကို ခရစ်ရှန်ဘုရား၃ဆူထဲမှာ ၁ဆူအပါအဝင်ဖြစ်တဲ့ သန့်ရှင်းသောဝိဉာဉ်တော်က တားမြစ်တဲ့အကြောင်းတွေ့ရမှာပါ။ အော်ရစ်ဂျင်နယ်လ်ယေရှုဘုရားသာမက ယေရှုရဲ့ဝိဉာဉ်တော်ကပါ လူမျိုးခြားတွေကို တရားမဟောခိုင်းတာ သိသာလှပါတယ်။ အနောက်တိုင်းမှာ မိရိုးဖလာခရစ်ရှန်တွေ အမည်ခံအဆင့်ပဲကျန်တော့တာမျိုး၊ ခရစ်ရှန်တွေ ဗုဒ္ဓဘာသာ၊ဖန်ဆင်းရှင်မဲ့ဝါဒီ အစရှိတဲ့ တစ်ခြားဘာသာသို့ ပြောင်းယုံကြည်ကြတာမျိုးတို့ကြောင့် ခရစ်ရှန်မစ်ရှင်နရီတွေရဲ့ပစ်မှတ်ဟာ အာရှတိုက်မှာအဓိကကျရောက်လျက်ရှိပါတယ်။ ပါးစပ်ကဘုရား လက်ကားယား ခရစ်ရှန်သာသနာပြုများလို့ ကျွန်တော်ကောက်ချက်ဆွဲသုံးသပ်မယ်ဆိုရင်ဖြင့် လွန်မယ်မထင်ပါဘူး။

ရှင်မဿဲခရစ်ဝင် အခန်းကြီး၁၅က ဇာတ်ကြောင်းတစ်ခုလုံးကိုကြည့်ရအောင်...

ထိုဒေသတွင်နေထိုင်သူခါနာန်အမျိုးသမီး(လူမျိုးခြား) တစ်ယောက်သည်အထံတော်သို့လာပြီးလျှင်“အရှင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည်နတ်မိစ္ဆာပူးဝင်နေသဖြင့် ပြင်းပြစွာဝေဒနာခံလျက်နေပါသည်” ဟု လျှောက်၏။ သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြားတော် မမူ။ တပည့်တော်တို့သည် ကိုယ်တော်၏အနီးသို့လာ ၍“ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏နောက်က လိုက်၍ဟစ်အော်နေပါသည်။ သူ့အားနှင်ပစ်တော် မူပါ” ဟုလျှောက်ကြ၏။ ထိုအခါကိုယ်တော်က “ငါသည်ပျောက်နေသောသိုးစု ဖြစ်သည့်ဣသရေလအမျိုးသားများ(အစ္စရေးလ်လူမျိုးများ = ဂျူးများ)အတွက်သာ လျှင်လာရောက်ခြင်းဖြစ်သည်” ဟုဖြေကြားတော်မူ၏။ ထိုအခါ၎င်းအမျိုးသမီးသည်ရှေ့တော်သို့လာရောက် ပျပ်ဝပ်လျက်“အရှင်၊ ကျွန်မကိုကူမတော်မူပါ” ဟု လျှောက်၏။ ကိုယ်တော်က“သားသမီးတို့(ဂျူးများ)၏အစားအစာကိုယူ ၍ခွေးတို့(ဂျူးမဟုတ်သူလူမျိုးခြားများ)အားမကျွေးအပ်” ဟုမိန့်တော်မူလျှင်၊ အမျိုးသမီးက“မှန်ပါ၏အရှင်၊ ခွေးများ(ဂျူးမဟုတ်သူလူမျိုးခြားများ)ပင်လျှင် မိမိတို့သခင်၏(ဂျူးများ)စားပွဲမှကျသည့်စားကြွင်းစားကျန် များ(ကယ်တင်ခြင်းတရား)ကိုစားရကြပါ၏” ဟုလျှောက်၏။ ထိုအခါသခင်ယေရှုက “အချင်းအမျိုးသမီး၊ သင်၏ ယုံကြည်ခြင်းသည်အားကြီးစွတကား။ သင်ဆန္ဒရှိ သည်အတိုင်းဖြစ်စေ” ဟုမိန့်တော်မူ၏။ ထိုအချိန်မှ စ၍ထိုအမျိုးသမီး၏သမီးသည်ရောဂါပျောက် လေ၏။ (ရှင်မဿဲခရစ်ဝင် ၁၅:၂၂-၂၈)

ိအထက်ပါကျမ်းပိုဒ်မှာ အနီနဲ့တားပြထားတာတွေကတော့ ဆိုလိုရင်းအနက်တွေဖြစ်ပါတယ်။ လူမျိုးခြားများကို ခွေးနဲ့ဥပမာနှိုင်းထားတဲ့ ယေရှုဖြစ်ပါတယ်ခင်ဗျာ။ ယေရှုနှုတ်ထွက် သမ္မာဝါစာတွေထဲက တစ်ခွန်းပေါ့။ သူနဲ့လူမျိုးတူအစ္စရေးလ်တွေကိုကြတော့ သားသမီးနဲ့တင်စားထားတယ်နော်။ Racist က ဘယ်သူလဲဆိုတာ စာဖတ်သူတွေပဲ ဆုံးဖြတ်ကြပါလို့ တောင်းဆိုအပ်ပါတယ်။ ထိုခရစ်ရှန်ခရူဆေဒါလေးရဲ့ ငြင်းချက်အရ အကျွတ်တရားလမ်းကို ရနိုင်ရန် လမ်းစမရှိသော ကျွန်ုပ်တို့အားလုံး ( တပါးအမျိုးသားများ) အတွက်ဂျူးများ၏ ငြင်းပယ်ခြင်းအားဖြင့် ဖွင့်ပေးတော်မူခဲ့ပါသည်။ သာဖြစ်ခဲ့ရိုးမှန်မယ်ဆိုရင် ယေရှုရဲ့လုပ်ရပ်တွေနဲ့ ဝိရောဓိဖြစ်တာကိုတွေ့ရပါမယ်။ အကြောင်းရင်းမှာကား အကယ်၍သင်ကို သင့်မိခင်က ဈေးသို့သွားပြီး ပန်းသီးတစ်ခြင်းသွားဝယ်ခိုင်းမည်ဆိုပါစို့။ အသင်ကဝယ်ပြီး၍ အိမ်ပြန်အလာလမ်းတွင်
အလွန်ဆာလောင်မွတ်သိပ်နေသော သူတောင်းစားတစ်ယောက်က သင့်ထံမှပန်းသီး၁လုံးကို တောင်းရမ်းနေပေသည်။ အသင်ဝယ်လာသောပန်းသီးများသည် သူတောင်းစားအတွက်မဟုတ် သင့်အမေအတွက်သာဖြစ်သည်ဟု သူတောင်းစားကိုတုန့်ပြန်လတ္တံ့။ သူတောင်းစားမှာလည်း ကြီးစွာသောလုံ့လ၊ အားလျော့ညှိုးငယ်သောမျက်နှာဖြင့် ဆက်လက်တောင်းရမ်းပေလိမ့်မည်။ သင်သည် ထိုသူတောင်းစားကို ဂရုဏာသက်မိသောကြောင့်လည်းကောင်း၊ စိတ်ရှုပ်မခံနိုင်သောကြောင့်လည်းကောင်း ပန်းသီးခြင်းထဲမှ စားမကောင်းဟုယူဆသော ပန်းသီးခပ်ဖျင်းဖျင်းတစ်လုံးကို စွန့်ကြဲပေးကမ်းလိုက်သည်။ ထိုသို့ပေးကမ်းလိုက်ခြင်းသည် သင့်အမေထံသို့ ပန်းသီးများယူဆောင်ရန်ဆိုသော ဦးတည်ချက်ကိုပြောင်းလဲလိုက်ပါမည်လော? လုံးဝမပြောင်းလဲပါချေ။ စဉ်းစားရမည့် နောက်တစ်ချက်မှာကား တစ်လောကလုံး မတတ်နိုင်တာဘာမှမရှိသော ဘုရားသခင်ဆိုသူက ဂျူးလုထုလက်ခံလာအောင် အဘယ့်ကြောင့်မစည်းရုံးနိုင်ခဲ့သနည်း? အသင်ပြောသောအကြောင်းပြချက်ကိုထောက်ဆခြင်းအားဖြင့် ယေရှုဆိုသူသည် ငါးမရရေချိုးပြန် ခဲ့ခြင်းပင် ဖြစ်ပေတော့မည်။ (မဿဲ ၁၀:၅-၇) အရလည်း ယေရှုလူ့ပြည်ကိုဆင်းသက်လာခြင်းသည် ဂျူးလူမျိုးများအတွက်သာဖြစ်ကြောင်း၊ ဧဝံဂေလိတရားဆိုသည်မှာလည်း ဂျူးလူမျိုးများအတွက်သာဖြစ်ကြောင်း ထင်ရှားပြတ်သားစွာ သိမြင်နိုင်ပေသည်။ သဗ္ဗေညုတရှင် ဗုဒ္ဓမြတ်စွာဘုရားမှာကား လူမျိုး၊ဘာသာ၊ဇာတ်နိမ့်ဇာတ်မြစ်မခွဲခြားပဲ သတ္တာ၊ဒေဝ၊မနုဿာနံ ၃၁ဘုံသားအားလုံးအတွက် ပွင့်တော်မူခဲ့ခြင်းဖြစ်ပေသောကြောင့် အကျွန်ုပ်ကြည်ညိုမြတ်နိုးမိပါသည်တကား။

ခရူဆေဒါ၏ချေပချက်
အဖြေ။ ဤနေရာတွင်လည်း ခရစ်တော်ဘုရားက ကြွယ်ဝချမ်းသာခြင်းကို ပြောသည်မဟုတ်သည်ကို မသိသောအဆွေစာရှုသူသည် ထိုကျမ်းချက်ကိုပင် အဆုံးတိုင်မဖတ်သောသူမှန်း အထင်းသားသိနားလည်နိုင်ပါသည်။ ထိုနေရာတွင် ခရစ်တော်ဘုရားက ကြွယ်ဝချမ်းသာခြင်းကို အပြစ်ဆိုခြင်းမဟုတ်ပါ။ မိမိတို့၏ ကြွယ်ဝချမ်းသာခြင်းကို ဘုရား၊ တရား၊ တမလွန်အရေးထက် ဦးစားပေးသော ဘောဘသားကောင်ဖြစ်သော သူဋ္ဌေးသားတစ်ဦးကို အတ္တဖယ်ခွါရန်ခက်ခဲနေခြင်းကြောင့် ထိုသူမျိုးတို့သည် ဘုရားရှင်၏ နိုင်ငံတော်ကို ဝင်စားရန်ခက်သည်ဆိုသော စကားတော်ကို မိန့်ဆိုတော်မူခဲ့ခြင်းဖြစ်ကြောင်း ဥပုဒ်စာဖြေကျောင်းသို့သွားကာ သင်္ခန်းစာများ ရယူလိုက်ခြင်းက အဆွေအတွက် အကောင်းဆုံးပင်ဖြစ်ပေလိမ့်မည်။

မေးခွန်း(၉)နှင့်စပ်လျဉ်း၍ကား

ထိုလူငယ်ကလည်း“အကျွန်ုပ်သည်ထိုပညတ်အပေါင်း ကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်းခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါသေးသနည်း” ဟုပြန်လည်လျှောက်ထား၏။ သခင်ယေရှုက“သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤသို့ ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူ၏။ သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။ သခင်ယေရှုကလည်း“အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။- တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုပ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏” ဟု တပည့်တော်တို့အားမိန့်တော်မူ၏။ (ရှင်မဿဲခရစ်ဝင် ၁၉:၂၀-၂၄)

ထိုအဖြစ်အပျက်ကိုအစုံအလင်ကို ယခုလိုတွေ့ရပါတယ်။ ထိုသူဌေးလူငယ်ဆိုသည်မှာ ငယ်ရွယ်စဉ်ကပင် ပဉာတ်တော်ဆယ်ပါးကို စောင့်ထိန်းလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်ကို ယေရှုက ချမ်းသာသမျှကိုရောင်းပစ်ပြီး အလှုလုပ်ဖို့မိန့်ကြားတာကိုအရှင်းသားတွေ့ရမှာပါ။ ထိုအခါမှာ ထိုသူဌေးလူငယ်သည် မိမိဥစ္စာအပေါ် တွယ်မက်နေသေးသည်ပင်။ ထိုလူငယ်ပြန်ထွက်သွားသောအခါမှာ ယေရှုနှုတ်တော်က အထက်ပါပဥာတ်ချက်ထွက်ပေါ်လာခြင်းပေတည်း။ ခရစ်ရှန်ဘာသာဝင် သူဌေးသူကြွယ်များအဖို့ တမလွန်အရေးမှာ ရင်လေးဖွယ်ပေတကား။ ယေရှုမိန့်ကြားသော အလှူလုပ်တယ်ဆိုရာမှာလည်း မိမိမှာရှိသမျှ ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်နိုင်အောင် ဒါနပါရမီပြည့်အောင် လှူခိုင်းတာမျိုးမဟုတ်ပဲ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက်ရချင်တဲ့ မိမိလိုဘကဦးဆောင်နေတာကို တွေ့ရမှာပါ။ ခရစ်ရှန်တွေရဲ့အလှူဟာ ဘယ်လိုမှမဖြူစင်ပါဘူး။ ပြီးတော့ဘုရားလောင်းသုမေဓာသူဌေးသားဘဝမှာ မိမိပိုင်ဆိုင်သမျှအမွေပစ္စည်းတွေကို စွန့်လွှတ်လှူဒါန်းခဲ့ပြီး ရသေ့ဝတ်ခဲ့တဲ့ ဘုရားအလောင်းတော်ရဲ့ ဒါနပါရမီ၊ နိက္ခမ ပါရမီတွေနဲ့ယှဉ်ပြီး ဘယ်အလှူကသာလွန်၍ မြင့်မြတ်နိုင်ပါ့အံ့နည်း အသင်ခရစ်ရှန်အဆွေတော်? ဆန်းဒေးစကူးလ်မှာတက်ရင် ကျောင်းကသင်ပေးတာပဲတတ်မှာပါ။ အခုမေးခွန်းတွေကို ဆန်းဒေးစကူးလ်တက်နေတဲ့ ကလေးတွေတောင်မှဖြေနိုင်ပါတယ်ဆိုတဲ့ အသင့်ကိုမေးလိုပါသည်။ ဆန်းဒေးစကူးလ်တွေမှာ ယခုကဲ့သို့အမေးနဲ့အဖြေ အပြန်အလှန်ဆွေးနွေးချေပခြင်းမျိုး အသင်ဘယ်နှခါကြုံဖူးပါသလဲ? ဆန်းဒေးစကူးလ်မှာ ဖြူစင်တဲ့ဦးနှောက်ငယ်လေးတွေထဲ ဝါဒရိုက်သွင်းခံနေရတဲ့ကလေးတွေကို ဘလော့ဂါ A-Bombက ကယ်တင်လျှက်ရှိနေပါကြောင်း ဧဝံဂေလိတရား သတင်းကောင်းပါးလိုက်ပရစေခင်ဗျာ။

ခရူဆေဒါ၏ချေပချက်
အဖြေ။ မေလခိဇေဒက်အား A type of Christ ဟူ၍သာ သမ္မာကျမ်းစာတွင် ဆိုထားပါသည်။ ခရစ်တော်ဟု မဆိုထားပါ။ထို့ကြောင့် ကိုးကွယ်ရန်လည်း မလိုအပ်ပါ။ ဘုရားမှ တပါး ကိုးကွယ်ရာ မရှိဆိုသော စကားကို ကျွန်ုပ်တို့ လက်တွေ့ကျင့်သုံးသောကြောင့် ခရစ်တော်နည်းတူ မကိုးကွယ်ခြင်းပင်ဖြစ်ပေသည်။ ဆိုပါစို့ ယနေ့ သင်၏ အမေ၊ အဖေနှင့် သဏ္ဌာန်တူသောသူကို တွေ့သည်ဆိုပါစို့ ထိုသူကို အဖေခေါ်မည်လား၊ တဖန် အဆွေ၏ အမေ (သို့) နှစ်မသည် ကျွန်ုပ်ဇနီးနှင့်တူနေသောကြောင့် အတူနေထိုင်ခြင်းကို ပြုသောကျွန်ုပ်သည် ဘုရား၊ တရား၊ လူမှုရေး၊ စသော အရာများအရ သင့်တော်မည်လော။

မေးခွန်းနံပါတ်(၁၀)အတွက်

ယာဇ်ဘုရားကြီးယေဟောဝါရဲ့ ယာဇ်ပုရောဟိတ်
မေလခိဇေဒက်ဆိုတာ ယေရှုခရစ်နဲ့တစ်တန်းတစ်စားတည်းဖြစ်သွားပါပြီ။ ယေရှု = ဝိဉာဉ်တော် = ယေဟောဝါ ဆိုတဲ့ ခရစ်ရှန်ဘုရားသုံးဆူကို 1+1+1=1 ဆိုသည့်လော့ဂျစ်ဖြင့် ကိုးကွယ်နေကြသည့် ခရစ်ရှန်အနွယ်ဝင်သူတော်စဉ်များကို အကြံကောင်းပေးထားခြင်းသာဖြစ်ပါသည်။ ယာဇ်ဘုရားကြီးယေဟောဝါ = သားတော်ယေရှု = ယာဇ်ပုရောဟိတ်မေလခိဇေဒက် = သန့်ရှင်းသောဝိဥာဉ်တော်စသည်ဖြင့် နောက်ထပ်တစ်ပါးတိုးလာလျှင်လည်း ကိစ္စမရှိပေ။ 1+1+1+1=1 ဖြစ်နိုင်ပေသေးသည်။ ယေရှုသည် သူ့ဘဝတစ်သက်တာလုံးတွင် သူ့ကိုယ်သူ God ဖြစ်သည်၊ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ဖြစ်သည်ဟု လုံးဝမပြောခဲ့ပါလျှက် ယေရှု=ဘုရားသခင်ဟုညီမျှခြင်းချ လုပ်ကြံဖန်တီးကိုးကွယ်နေကြသော ခရစ်ရှန်များသည် ထိုနေရာတွေမေ့လျော့သွားခြင်းဖြစ်တန်ရာသည်။ ကလေးများကိုကြိုက်နှစ်သက်သော(pedophile) ခရစ်ရှန်ဘုန်းကြီးများ၊ လိင်မှုကိစ္စနာမည်ပျက်ရနေသော သင်းအုပ်ဆရာများနည်းတူ အသင်ခရူဆေဒါလေးကလည်း အသင်ဥပမာပေးသကဲ့သို့ လက်တွေ့တွင်နေထိုင်မည်ဆိုပါကလည်း အသင်စိုးကြောက်မနေနှင့်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ထားသောအသင့်တွင် အပြစ်အားလုံးပပျောက်သွားမည်ဖြစ်သောကြောင့် အဘယ်ကိစ္စကိုအသင် စိုးရွံ့နေသနည်း? (ကမ္ဘာဦးကျမ်း ၁၉:၃၂) တွင် မိမိ၏သမီးအရင်းနှစ်ဦးနှင့် ပေါင်းသင်းဆက်ဆံခဲ့ကာ ကိုယ်ဝန်ရစေခဲ့သော လောတသည်ပင်လျှင် ဘုရားသခင်ကမည်သို့မျှပင်ရှုံ့ချခြင်း မရှိခဲ့သည်သာမက ဖြောင့်မတ်မှန်ကန်သော(ဝါ) သူတော်ကောင်းဟူ၍ပင်(၂ပေ ၂:၇-၈) သတ်မှတ်ခဲ့သည်ကို အသင်နားလည်သဘောပေါက်သည်ဟု ယူဆမိပါသည်။

ဗုဒ္ဓဘာသာသမိုင်းမှာ ဘာသာရေးစစ်ပွဲ ဆိုတာ မရှိခဲ့ပါ။ အင်မတန် သည်းခံ နိုင်သော ဘာသာဖြစ်ကြောင်းလဲ သက်သေအခိုင်အမာရှိပါတယ်။ ခရစ်ယာန်သမိုင်းများတွင်မူ ဘာသာရေအကြောင်းပြုဖြစ်ပွါးသော..ခရူးစိတ်စစ်ပွဲ ကဲ့သို့. ဘာသာရေးစစ်ပွဲ များရှိခဲ့ပါ၏.။ ဖိုရမ်လောကတွင်လည်း နာမည်ကျော် ခရစ်ရှန်ဧဝံဂေလိသာသနာပြု ဖိုရမ်မာတစ်ဦး၏ ထိကပါးရိကပါး ပုတ်ခတ်မှု၊ ဘာသာဆွယ်မှုတို့ကြောင့် ကျွန်ုပ်တို့အမာခံ ဗုဒ္ဓဘာသာများဘက်မှ ပြန်ဖြေရှင်းချေပခြင်း၊ မေးခွန်းထုတ်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းကို အသင်စာရှုသူသည် ပလန်းနက်မြန်မာဖိုရမ်နှင့် မြန်မာချက်အွန်လိုင်းဖိုရမ် ၂နေရာတည်းတွင် လေ့လာကြည့်ရုံဖြင့် သိနိုင်ပါသည်။ အကျွန်ုပ်တို့ဘက်မှ စတင်တိုက်ခိုက်သောကြောင့်သာ ပြန်လည်တိုက်ခိုက်ရပါသည်ဆိုသောအချက် ကားသံသယဖြစ်ဖွယ်ရာပင်။ သင်တို့က လက်ဦးယူ၌ စနစ်တကျ အကွက်ချ တိုက်ခိုက်ခြင်းကြောင့်ပဲဖြစ်ပါလိမ့်မယ်။ သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူသည် မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကိုရိတ်သိမ်း ရလိမ့်မည်။- (ဂလာတိသြဝါဒစာ ၆:၇) အရလည်းကောင်း သမ္မာသမ္ဗုဒ္ဓဘုရား၏ ကံကံ၏အကျိုးပေးတရားအရလည်းကောင်း သင့်လုပ်ရပ်အပြုအမူများအတွက် အသင်သည်သာလျှင်အပြည့်အဝတာဝန်ရှိသည်တမုံ့။

ကွန်မန့်ဒီဘိတ် ;P

ဓမ္မရသဘလော့မှာရေးထားတဲ့ ကွန်မန့်တွေကို ဖတ်ပြီး ရီနေရတယ် ... ကွန်မန့်ရေးတဲ့သူတွေကလဲ ငါ့စကားနွားရ နိုင်ရင်ပြီးရော ... ကိုယ်ရေးတာ ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိ ရေးနေတော့တာပဲ .. တယောက်မှ သေးသေးတင်ကို မခံဘူး ... စကားတွေက ဟိုရောက်လိုက် ဒီရောက်လိုက် ..

အဲဒီထဲက ဦးကုမာရ ပြောခဲ့တဲ့အထဲမှာ … ၀ိနည်းချိုးဖေါက်တဲ့ ဒုသီလ ရဟန်းတပါးဟာ အပြစ်မရှိပါဘူးလို့ ပြောထားတာ ပါသလား … ၀ိနည်း ချိုးဖောက်ရမယ် လို့လဲ ပြောမထားဘူး …

အဲ … ဒါပေမယ့် …
ထေရ၀ါဒ အယူဝါဒလေးပျံ့နှံနေတာ ကမ္ဘာတခုလုံးမှာမှ ဒို့အပါအ၀င် လူနည်းစုလေးရယ် … မွတ်က ကောက်ဆွဲသွားလို့ အလာကယ်ပါဖြစ်သွားလိုက၊် ခရစ်ယာန်က မစ်ရှင်လုပ်သွားလို့ ဟာလီလူးယားဖြစ်သွားလိုက်ဆိုရင်တော့ … ကြာရင် လုံးပါးပါးရချည်ရဲ့ …

ဒီကနေ ဒီလိုစပြီးစဉ်းစားကြည့်ပါ …

ဘာသာရေးနဲ့ လူမှုရေးဆိုတာ အမြဲဆက်စပ်နေတယ်ဆိုတာ လက်ခံတယ်နော် …

လက်မခံရင် စက်တင်ဘာတုန်းက - ဘုန်းကြီးတွေ မေတ္တာပို့ဆန္ဒပြတာကို ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ် .. နိုင်ငံရေးထဲ ၀င်မရှုပ်နဲ့ဆိုတဲ့ အစားထဲ ထည့်လိုက်မယ်လေ …

ဒကာ ဒကာမတွေဆင်းရဲရင် ဘုန်းကြီးလဲ လာဘ်ပိတ်တယ် … ဘုန်းကြီးတွေဟာ နိုင်ငံရေးနဲ့အတွက် ကောင်းတာမှန်ရင် ညွှန်ပြရမှာပဲ … ကိုယ့်လူမျိုးအရေးမှာ ထိခိုက်လာမယ်ထင်ရင် တားဆီးရမှာပဲ … ဒါ ဘုန်းကြီးတွေရဲ့အလုပ် …

ရှေးယခင်ခေတ်တွေကို ပြန်ကြည့်ကြည့်ပါ … အထက်တန်းကျောင်းဆိုတာတွေ မရှိခဲ့တဲ့ တချိန်ကပေါ့ … ရှင်ဘုရင်အစ ဟိုးအောက်ခြေ လှည်းကျောင်းသား နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းသားချည်းပဲ … ဘုန်းကြီးကျောင်းသွားတယ် ဘာလုပ်လဲ … စာသင်တယ် … ရွာဦးကျောင်းပညာရေးက သင်ပေးလိုက်တဲ့ ပညာတွေကြောင့် အဲဒီဘုန်းကြီးကျောင်းသားလေးတွေ ကြီးလာတဲ့အချိန် မင်းတိုင်ပင်ခံ စိုးတိုင်ပင်ခံ ပဏ္ဍိတ ပညာရှိ က၀ိတွေ ဖြစ်လာကြတယ် … အဆင့်တန်းရှိရှိနေရတယ် … အဲဒီခေတ်အခါက ဘုန်းကြီးကျောင်းပညာရေးရဲ့ လူနေမှုဘ၀ပေါ်မှာ အာမခံချက် ပေးနိုင်တာကိုပေါ့ ...

အဲဒီ ရွာဦးဘုန်းကြီးကျောင်းတွေမှာ ပါဠိစာပေတင်သင်ပေးခဲ့တာမဟုတ်ဖူး … မေတ္တာသုတ်ရွတ်နည်းကိုပဲ သင်ခဲ့တာမဟုတ်ဖူး .. … သူ့ခေတ်နဲ့ သူ့အခါ အဆင့်တန်းရှိတဲ့ လောကဓါတ်ပညာတွေ … သိုင်းပညာတွေပါ သင်ပေးခဲ့တာပဲ … ဗန်တို ဗန်ရှည် ပွဲကျောင်းပညာတွေ အဲဒီက စခဲ့တာပေါ့ … အဲဒီတော့ မေတ္တာဘာဝနာတွေ ပွားများတဲ့ ရွာဦးကျောင်းက ဆရာတော်တွေ ဘာလို့ သိုင်းသင်တာကို အားပေးခဲ့လဲ … အားပေးသင့်လို့ပေါ့ … ရပ်ရေးရွာရေး ကာကွယ်ဖို့၊ လူ့လောကကို အကျိုးပြုဖို့ပေါ့ …

လူဆိုတာ ပုထုဇဉ်တွေချည်းပဲ … ရဟန္တာမဖြစ်သေးခင် လူ့အလုပ်ကို လုပ်ရမှာပဲ … ရပ်ထဲရွာထဲ သူခိုး ဓါးပြ၀င် နိုင်ထက်စီးနင်းလုပ် အဓမ္မပြုကျင့်တာမျိုးကို ခန္တီစ .. သည်းခံခြင်းနဲ့ပဲ ဖြေရှင်းမလား … ရွာပျက်သွားတာပဲ အဖတ်တင်တာပေါ့ … ရွာကိုမီးလောင်တိုက်သွင်း ဘုန်းကြီးကျောင်းပါမီးရှို့ .. သာသနာပါ ပျက်ရပြီပေါ့ …အဲဒီတော့ ရွာဦးဆရာတော်ကလဲ သူ့ကျောင်းသားတွေကို သိုင်းသင်ဖို့ အားပေးတယ် …
ဒါလဲ သာသနာပြုတာပဲ …

သူ မြေတောင်မြှောက်ပေးလိုက်တဲ့ ရွာဦးကျောင်းထွက် ကျောင်းသားတွေ ပညာတွေ တတ်သွားကြရင် နောင်တချိန်မှာ သာသနာအတွက်လဲအကျိုးပြုမှာပေါ့ … ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပဲ …

ဒီလိုပဲ လူ့အရေးမှာ သံဃာတွေဝင်စွက်ခဲ့ရတာပြောမယ်ဆိုရင် ကုန်နိုင်စရာတောင် မရှိပါဘူး … ဘာသာေ၇းနဲ့ လူမှုရေး ဆက်စပ်နေတယ်လို့ ဆိုခဲ့တယ်မှလား …

နောက်တခု …
ဘုန်းကြီးက ဘုန်းကြိးအလုပ်ပဲ လုပ်ရမယ် … လူထွက်လို့ မရဘူးလို့ ပြောထားတာ ၀ိနည်းထဲမှာ ရှိသလား … ၀ိနည်းတွေ ဘာတွေ စဉ်းစားဖို့ ညဏ်မမှီရင်တောင် သမိုင်းအထောက်အထားနဲ့ ပြ … အဲဒီလိုမျိုးရှိခဲ့လား … မရှိခဲ့ဘူး …

ရှေးခေတ်က ရှင်ဘုရင်ကအစ နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းထွက်ကြီးပဲ … ယောင်ပေစူးနဲ့ နှပ်ချီးတွဲလဲ အရွယ်ထဲက ရွာဦးကျောင်းဆရာတော်ဆီ ပို့လိုက်တယ် … ဘာလုပ်ဖို့လဲ … တရားအားထုတ်ပြီး မဂ်ဖိုရဖို့လား … မဟုတ်ဖူး ဒီအရွယ်လေးတွေ တရားအကြောင်း ဘာသိဦးမှာလဲ …

ဘုန်းကြီးကျောင်းပို့တာ ပညာသင်ဖို့ … ပါဠိစာပေ လောကဓါတ်ပညာ သိုင်းပညာ .. အဲဒီက အခြေခံလေးတွေကို ငယ်ငယ်ကတည်းက ရိုက်သွင်းပေးတာ … အဲဒီပညာတွေ တတ်ထားမှ လူရာဝင်မှာကိုး …
အဲဒီတော့ မိဘတိုင်းက ကိုယ့်သားသမီးကို ဘုန်းကြီးကျောင်းပို့ကြတယ် … ရှင်ဘုရင် မှုးကြီးမတ်ကြီးက အစ … နွားကျောင်းသားအဆုံး ဘုန်းကြီးကျောင်းထွက်တွေချည်းပဲ … အဆုံးပြောရရင် တနိုင်ငံလုံးပေါ့ … ဘုန်းကြီးကျောင်းသားလူထွက်ချည်းပဲ …

အဲဒီ နှပ်ချီးတွဲလဲ ဘုန်းကြီးကျောင်းသားကိုရင်လေးတွေကနေ ဦးဇင်းဖြစ် … ဦးဇင်းကနေ သာသနာ့ဘောင်မှာ ပျော်ရင် ဆက်နေ… ဆရာတော်ကြီးဖြစ် … မပျော်ရင် လူထွက် … အိမ်ထောင်ပြုသားမွေး … လူဝတ်တလှည့်နဲ့ သာသနာပြု …

အဲဒါတွေ ရှိခဲ့တာပဲ … ၀ိနည်း ချိုးဖောက်လား .. မချိုးဖောက်ဖူး .. လူ့လောက အကျိုးပြုလား .. ပြုတယ် …

ရွာမှာ ကလေး အယောက် ၁၀၀ ရှိရင် ၉၉ ယောက် ဘုန်းကြီးကျောင်းသား ကိုရင် ဖြစ်တယ် … လူ ဘယ်နှယောက် ပြန်ထွက်လဲ … ၉၅ ယောက် ပြန်ထွက်တယ် …

နှပ်ချီးတွဲလဲဘ၀တည်းက သာသနာ့ဘောင်ဝင်တယ် … လူပျိုပေါက်စအရွယ် ကိုရင်ဘ၀မှာ လူပြန်ထွက်ကြတယ် … ဘာလို့လဲ … အများက ရည်းစားလွမ်းလို့ … ကိုရင် ပေါက်စလေးတွေနဲ့ ရွာက အပျိုပေါက်လေးတွေ ချစ်ကြကြိုက်ကြတဲ့ သာဓကတွေ အများကြီး … မချစ်ကြိုက်လို့မှ မရပဲကိုး … ကိုရင်လေးတွေကလဲ လူပျိုပေါက်ဖြစ်ကာစ ... မိန်းကလေးတွေကလဲ ဘုန်းကြီးကျောင်းသားကိုရင်ကိုမှ မယူရင် တခြားရွေးစရာလူမှ မရှိပဲကိုး … အဲဒီလိုနဲ့ ဘာသာဘာဝ ချစ်ကြိုက်ရည်ငံခဲ့ကြတယ် …

သက်သေအထောက်အထားနဲ့ ကိုရင်က စပ်ခဲ့တဲ့ အလှဘွဲ့တွေ ရည်းစားစာတွေတောင် ရှိသေး … အပျိုလေးက ကိုရင်အတွက် စာစပ်ထားတာမျိုးတွေလဲ ရှိပါ့ .. “ပျိုတို့မောင် ရှင်လိမ်ပြန်ရင်” ဆိုတဲ့ စကားလေးကိုလဲ မှတ်မိမှာပေါ့ .. စာထဲမှာလဲ သင်ရသားပဲ … အဲဒီလို ချစ်ကြ ကြိုက်ကြတာကို မြန်မာ့လူဘောင် အဖွဲ့စည်းက လက်ခံခဲ့လား … သိပ်လက်ခံခဲ့တာပေါ့ … ကိုရင်လေး လူမထွက်ခင်တည်းက သမီးရှင်မိဘကိုယ်တိုင်က အိမ်ကိုပင့်ဆွမ်းလောင်း သမီးနဲ့ ရည်ငံဖို့ လမ်းကြောင်းပေးခဲ့တဲ့ သာဓကတွေလဲအများကြီးပေါ့ …

နောက်ပြီး ရွာက လူငယ်၁၀၀မှာ ၉၉ယောက် ကိုရင်ဝတ်ပြီး တယောက်မှ ပြန်မထွက်ရင် ရပ်ရေးရွာရေး လောက်လောက်ငါးငါး အားထားရမယ့် ယောကျာ်းလူငယ်လေးတွေ ဘယ်မှာကျန်တော့မလဲ … အိမ်ထောင်ပြု သားမွေးပြီး ရပ်ရွာအကျိုး သာသနာအကျိုးကိုသယ်ပိုးမယ့်သူတွေ ဘယ်မှာ ကျန်တော့မလဲ …

အဲဒါကြောင့်လဲ ရွာဦးကျောင်းဆရာတော်ကလဲ ခွင့်ပြုတယ် … မြန်မာ့ လူ့ဘောင်အဖွဲ့စည်းကလဲ ကျေကျေနပ်နပ်ကြီးလက်ခံခဲ့တယ် …

ဘာလို့ ကျေကျေနပ်နပ်ကြိး လက်ခံခဲ့လဲ .. ရွာဦးကျောင်းက သင်ပေးလိုက်တဲ့ ပညာက တချိန်မှာ လူတလုံးသူတလုံးဖြစ်အောင် လုပ်ပေးနိုင်လို့ … အဆင့်အတန်းရှိရှိနေနိုင်အောင် လုပ်ပေးနိုင်လို့ … အဲဒီ ဘုန်းကြီးကျောင်းသားကိုရင်လေးတွေပဲ တချိန်မှာ ပဏ္ဍိတာ ပညာရှိတွေ ဖြစ်သွားကြတယ် … မင်တိုင်ပင် စိုးတိုင်ပင် အမတ်ကြီးတွေ ဖြစ်လာကြတယ် … ယုတ်စွအဆုံး ... ပညာတတ် သာမဏေကျော်ကို လူဝတ်လဲ မိန်းမပေးစားပြီး .. ရှင်ဘုရင်အရာတောင် ထားခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်မှလား …

အဲဒါကြောင့်လဲ စာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့ ကိုရင် လူငယ်လေးတွေကို သမီးရှင်တွေကိုယ်တိုင်က ကျောင်းလမ်းပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာပေါ့ … စာပေတတ်တဲ့ ကိုရင်လေး လူထွက်လို့ သူ့သမီးနဲ့ အိမ်ထောင်ကျရင် သူ့သမီး နောင်ရေး ကောင်းစားမယ် .. ဒီသဘောပဲလေ …

အဲဒါ ဘုန်းကြီးကျောင်းပညာရေး ခေတ်ကောင်းတုန်းကပေါ့ …

နောက်တော့ .. ကိုလိုနီခေတ်ရောက်လာတယ် … အထက်တန်းကျောင်းပညာရေးစနစ် ထွန်းကားလာတယ် … တိုးတက်လာတဲ့ ပညာရေးကို ရှေးရိုးထုံးစံလိုက်တဲ့ ဘုန်းကြီးကျောင်းပညာရေးက လိုက်မမှီတော့ဘူး … အထက်တန်းကျောင်းက ပြိးလို့ ယူနီဗာစီတီက ဘွဲ့ရရင် မြို့အုပ်မင်း အရေးပိုင်လောက် နေရာမှန်းလို့ရတယ် … ဘုန်းကြီးကျောင်းထွက်ဆိုရင် စာကိုရေးတတ်ဖတ်တတ်ရုံလောက်ပဲထားတဲ့အနေထား ရောက်လာတယ် … ဘုန်းကြီးကျောင်းက သင်ပေးတဲ့ ပါဠိကို ရှလွတ်ရှလွတ်နဲ့ပြောတတ်တဲ့အဖြူတွေကြားမှာ နေရ မပေးတော့ပဲကိုး …

အဲဒီလို ဘုန်းကြီးကျောင်းသားလေးတွေ လူထွက်ပြီးရင် စာရေးစာချီ အလုပ်လုပ်ဖို့ကိုတောင် လူရာမသွင်းခံရတဲ့အချိန်မှာ ဘုန်းကြီးကျောင်းသား သူတောင်းစားဆိုတဲ့ စကားပေါ်လာတာပေါ့ …

ဘုန်းကြီးကျောင်းက ပေးလိုက်တဲ့ ပညာရေးစနစ်ဟာ အဲဒီခေတ်မှာ နေရာမရတော့ဘူး … အဲဒီလို မရေရာတဲ့ အနာဂတ်မျိုးရှိနေတဲ့ ကိုရင်လေးတွေကိုလဲ ဘယ်သမီးရှင်မိဘက သူ့သမီးနဲ့ သဘောတူနိုင်တော့ပါမလဲ … အဲဒီအချိန်ကစပြီး မိဘတွေကိုယ်တိုင်ကလဲ … နင်ဘုန်းကြီးလူထွက်ယူရင် သာသနာဖျက်မ ဖြစ်မယ်နော်ဆိုပြီး ခြောက်လှန့်လာတာပေါ့ … သဘာဝကျပါတယ် …

အဲဒီခေတ်က စတင်လာတဲ့ ဘုန်းကြီးကျောင်းပညာရေး နိမ့်ကျမှုဟာ ဒီဖက်ခေတ်အထိပဲ …

ဘုန်းကြီးကျောင်းပညာရေး နိမ့်ကျမှု .. ရှေးရိုးစွဲဘုန်းကြီးကျောင်းပညာရဲ့ ဘ၀အပေါ် အာမခံချက်မပေနိုင်မှန်းသိခဲ့တဲ့ ဆရာတော်တွေက သမိုင်းတလျှောက်မှာဘုန်းကြီးကျောင်းပညာရေးကို အဆင့်တန်းမှီ ပညာရေးဖြစ်အောင် ကြိုးစားခဲ့ကြတယ် …
ပါဠိစာပေ ဘုရားဟောကျမ်းဂန်တင် မကဘူး ... ခေတ်ပညာ စာပေတွေ ဘာသာခြားအယူဝါဒ ကိုပါ လေ့လာခဲ့ကြတယ် … ဝေဖန် ဆွေးနွေးခဲ့ကြတယ် …

လယ်တီ ဆရာတော်ကြီး၊ မဟာဂန္မာရုံဆရာတော်ကြီး ၊ အရှင်ဥတ္တဌ စသည်ဖြင့် သာသနာ့ အာဇာနည်များစွာ သမိုင်းကြောင်းမှာ အထင်အရှားရှိခဲ့တယ် … အဲဒီဆရာတော်တွေရဲ့ ဝေဖန်ဆွေးနွေးချက်တွေ အထင်ရှားရှိတယ် ...

ခေတ်ပြိုင် အယူဝါဒတွေ ထွန်းကားလာတဲ့ ဒီလိုအချိန်မှာ ကိုယ့် သာသနာ ထွန်းကားဖို့ဆို ယဿာနုဘာဝတော ရွတ်နေယုံနဲ့ မရတော့ဘူး … ခေတ်အမြင်ရှိရမယ် … တခြားအယူဝါဒတွေနဲ့ ယှဉ်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမယ် … ဝေဖန်ပိုင်းခြားတဲ့အတိုင် ချပြရဲတဲ့ သတ္တိလဲ ရှိရမယ် …


အဲဒါကြောင့်လဲ ဒီခေတ်မှာ ပြည်ပမှာ ခေတ်ပညာတွေ လေ့လာ ဆည်းပူးနေတဲ့ သံဃာတော်တွေ တွေ့ရတာပဲ … ဘုရားဟောပိဋကတ်တွေတင်မက ခေတ်ပညာတွေကိုပါ လေ့လာကြတယ် … ဘာသာခြားအယူဝါဒတွေကိုလေ့လာကြတယ် … အဲဒါ တခြားဘာသာကို စော်ကားဖို့လုပ်တာမဟုတ်ဖူး ... အချက်လက်နဲ့ ဆွေးနွေးဝေဖန်သရွေ့ တခြားဘာသာကို စော်ကားတာမဟုတ်ဖူး ... အရှိကို အရှိအတိုင်း ပြောတာ ... သာသနာပြန့်ပွားဖို့လုပ်တာပဲ …
အမှားသိရင် အမှန်ရောက်မယ် ... ဒီသဘောပဲ ...

ဘာလို့ ဗုဒ္ဓအယူဝါဒကို မှန်ကန်ပြည့်စုံတဲ့ အယူဝါဒလို့ မှတ်ကျောက်တင်နိုင်လဲ ... အဲဒီလို ဝေဖန်ပိုင်းခြားတတ်တဲ့ ဆရာတော်တွေ ပေါ်ခဲ့လို့ပဲ ... မဟုတ်ရင် သီဟိုပြန်ဆရာတော်တွေ ရေးခဲ့တဲ့ အဌကထာတွေကို ဘုရားဟောအစစ်ပါဆိုပြီး ရောယောင်ချကုန်ကြတော့မှာပေါ့ ...

နောက်တခုက ဘုန်းကြီးလဲ မပျော်တဲ့အချိန်လူထွက်လို့ရတယ် … လူထွက်ပြီးမှ အိမ်ထောင်ပြုတာ … ဒါ ၀ိနည်းကို ချိုးဖောက်တာ မဟုတ်ဖူး … လူ့လောက အကျိုးစီးပွာကိုလုပ် … ကြီးပွားချမ်းသာအောင်လုပ် … လူဝတ်နဲ့ တဖက်တလမ်းက သာသနာကို ပံ့ပိုး … ချမ်းသာအောင် စီးပွားရှာပြီး သာသနာကိုပံ့ပိုး … ဒါလဲ သာသနာပြုတာပဲ … အဲဒီလို သာသနာပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဘုရားလက်ထက်ကတည်းက အများကြီးရှိခဲ့တယ် ...

အဲဒီလိုပုံစံမျိုးနဲ့ စဉ်းစားကြည့် ... ဦးကုမာရပြောတာ မှန်လားမှားလားတွေ့လိမ့်မယ် ... ဘယ်သူက ဘုန်းကြီးဝတ်နဲ့ မိန်းမယူမယ်ပြောသလဲ … ဦးနှောက်လေးနဲနဲသုံး စဉ်းစားပေါ့ … ပြီးရင် အချက်လက်နဲ့ ဆွေးနွေးလေ ...

ဒီလောက်ပါပဲ … ဆက်ဆွေးနွေးကြပါဦး … အမြင်တွေ ရှင်းလင်းသွားအောင်ပေါ့ …

(ဒါနဲ့ အဲဒီကလျာက ဒီဂါဒီယန်ဘလော့မှာတင်ထားတဲ့ ကလျာနဲ့ အတူတူပဲလားတော့ မသိဘူး ... ဒါဆိုရင်တော့ ဗုဒ္ဓဘာသာ ဖြစ်နိုင်ချေ နည်းတယ် ... ဘာပဲဖြစ်ဖြစ် ၀င်ဆွေးနွေးတဲ့အတွက်တော့ ကျေးဇူးတင်တာပေါ့ ... ဆွေးနွေးတဲ့ အခါမှာလဲ သူများတွေလို အချက်လက်လေးထည့် (ဘာကြောင့် ကိုယ်ဘာလို့ပြောရတယ်ဆိုတာမျိုး) ဆွေးနွေးပေါ့ ... ဘာအချက်အလက်မှမရှိပဲ ဖင်ပိတ်ငြင်းနေတော့ ဦးနှောက်ထဲမှာလဲ ဘာမှ မရှိတဲ့ပုံစံမျိုး ပေါက်နေတယ် … )

ဓါတ်လုံး

ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း ကြီးပွါးတိုးတက်ကြသည်. ၃

သာသနာ အရှည်တည်တံ့ စေရန် အတွက် ပရိတ်သတ် ၄ ပါးကို အားထားယုံကြည်ထားကြောင်း.. ဖေါ်ပြခဲ့ပြီး ပါပြီ။


အားထားယုံကြည် ထိုက်တဲ့ တရားတော်မြတ်လဲ ၄၅ ၀ါပတ်လုံး ဟောကြားခဲ့ပြီး တာဝန်တွေ လဲ ခွဲဝေပေးခဲ့ပါတယ်။



ပရိတ်သတ် (၄ ) ပါး ကို ခွဲခြားကြည့်ရင်...ဘိက္ခု နှင့် ဘိက္ခူနီ တွေ က အိမ်ရာမထောင် ရဟန်းဘောင်မှာနေ တဲ့ အုပ်စု နှင့်. ဥပါသကာ .ဥပါသိကာ တွေ က အိမ်ရာတည်ထောင် လူ့ဘောင်မှာနေတဲ့ အုပ်စု. ဆိုပြီးခွဲခြားနိုင်ပါတယ်။


ထိုအုပ်စု နှစ်ခုဟာ တစ်ခုနှင့် တစ်ခု အပြည်အလှန်အမှီသဟဲ ပြုနေကြပြီး သာသနာ ကို ကာကွယ်စောင့်ရှောက် တည်တံ့ .ကြီးပွါးတိုးတက်အောင် လုပ်ဆောင်ကြရမဲ့  တာဝန်ရှိပါတယ်။ ကိုယ်စီကိုယ်ငှ နိုင်ရာ အသိဖြင့် ထမ်းရွက်ကြရပါတယ်။



သာဂါရာ အနဂါရာစ ဥဘော အညောည နိဿိတာ၊
အာရာဓယန္တိ သဒ္ဓမ္မံ ယောဂက္ခေမံ အနုတ္တရံ ။ ။


အိမ်ရာထောင်သူ လူ နှင့် အိမ်ရာ မထောင်သူ ရဟန်း နှစ်ဦးတို့သည် အချင်းချင်း မှီကြကုန် ၍ ယောဂ လေးဖြာ ကုန်ရာဖြစ်သော အတုမရှိ မြတ်သော သူတော်ကောင်းတရား ကို ပြီးစေနိုင်ကြကုန်၏။

ဟု..

ခုဒ္ဒက နိကာယ်. ဣတ္တိဝုတ္တက ပါဠိတော်မှာ ဖေါ်ပြထားပါတယ်။


ဓမ္မ.ဖြင့် ဘိက္ခူ. ဘိက္ခူနီတွေ က လူ့ဘောင်နေတဲ့အုပ်စု ကို သွန်သင်ဆုံးမ လမ်းပြပေး၊.. လူ့ဘောင်နေတဲ့ အုပ်စု က အိမ်ထောင်ပြု .စီးပွါးရှာ.. ၊ သာသနာ့ဝန်ထမ်းတွေ ကို ပစ္စည်းလေးပါးနဲ့ ပြုစု ထောက်ပံ့.. ဒီလိုနည်းနဲ့ အချင်းချင်းပြန်အလှန် အမှီသဟဲပြုရင်း သူတော်ကောင်းတရားကို ပြီးစီးစေ နိုင်ပါသတဲ့။ ဘုရား .ရဟန္တာ တို့ရဲ့ ပန်းတိုင် ..ဒုက္ခကုန်ရာ နိဗ္ဗာန် ကို ရနိုင်တယ်။



ဒီစကားက သိပ်ကိုရှင်းပါတယ်။ လူအားလုံး ရဟန်းပြုမှ.သာလျှင် .သူတော်ကောင်းတရား သိနိုင်မယ်.. လို့ မဆိုလို.. နိဗ္ဗာန်ရနိုင်မယ်. လို့ ပြောတာမဟုတ်။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း နဲ့ ပဲ သူတော်ကောင်းတရား ကို သိနိုင်မယ်..နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြု နိုင်တယ် လို့ အာမခံချက် ပေးထားပါတယ်။



ကိုယ့် အလုပ်ကိုယ်လုပ်ဆိုရာတွင်.. လူက လူအလုပ် ဖြစ်တဲ့ စီးပွါးရှာ.အိမ်ထောင်ပြု..နိုင်ငံရေး..လူမှု ရေး..စသည်ပေါ့။


ဒါတော့ .. နိဗ္ဗာန် သို့ ဦးတည်နေတဲ့ စီးပွါးရေး..အိမ်ထောင်ရေး..နိုင်ငံရေး..လူမှု ရေး..ဆိုတာရှိပါ၏လော... မြတ်ဗုဒ္ဓ ဆုံးမ က.ဆုံးမ သွန်သင်ထားချက် တစုံ တရာ ရှိပါ၏လော..

မင်္ဂလာပါခင်မျာ

ဘာသာရေးဆိုတာလူတယောက်ရဲ့ဦးခေါင်းတဲ့ ဘာသာရေးကိုထိခိုက်လာရင်ဦးခေါင်းကိုထိခိုက်သလိုဘဲတဲ့ဗျာ
ဒါကြောင့်ကျွန်တော်နားလည်ထားတဲ့ ဘာသာရေးအကြောင်းကို သိသလောက်လေးမျှဝေပေးပါရစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်မျာ ကျွှန်တော်ဇေတာရာပါ..။

အသိပေးခြင်း

http://burmatoday.net/news2005/2010/201001/100122_bty_bur_buddhism.swf
ယနေ့မြန်မာဆိုဒ်မှာ ဒီဆောင်းပါးလေး တွေ့မိပါတယ် ... ဘာသာရေးပြသနာ ဖြစ်ပွားမယ့်အရေးကို သတိပေးထားတာ ကျိုးကြောင်း သင့်လျော်ပါတယ် ... အဲဒါနဲ့ ပက်သက်ပြီး ကျနော် အရင်ထဲက ကျနော့်ဘလော့မှာ ပို့စ်တခု ရေးဖူးပါတယ် .... အဲဒါ မက်ဆင်ဂျာဘလော့ပေါ်ကစတုန်းကပါ ...

အမှာမှန် ခွဲခြားနိုင်ဖို့ရာ ဒီပို့စ်ကို တင်ရပါတယ်။

ကျနော်တို့ ဒီဘလော့ စဖွင့်တာ မက်ဆင်ဂျာဘလော့ ပေါ်ပြီးတော့မှပါ။ စဖွင့်ဖွင့်ချင်း ရည်ရွယ်ချက်ကလဲ မက်ဆင်ဂျာဘလော့ကို တုံ့ပြန်ချေပဖို့အတွက်ပါ။ မက်ဆင်ဂျာဘလော့ထံမှာ စနစ်တကျဆွေးနွေးအဖြေရှာဖို့ကို တောင်းဆိုခဲ့ပါတယ်။ စနစ်တကျ ဆွေးနွေးခြင်းအားဖြင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မဖြစ်လာနိုင်ဘူးလို့ ထင်တဲ့အတွက်ပါ။ ထင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒါတခု။

နောက်တခုက အယူဝါဒ ပြန့်ပွားဖို့ပါ။ ရည်ရွယ်ချက်မှာကိုက ဗုဒ္ဓအယူဝါဒကို ပိုမိုလေးနက်စွာ နားလည်လာစေရန် လို့ ရေးထားပါတယ်၊ ကျနော်တို့ ဒီနေရာမှာ ပရိတ်တရားတော်တွေကိုပဲ ဖွင့်ပြနေမှာမဟုတ်ပါဘူး၊ အယူဝါဒအကြောင်းတွေကိုအလေးထားပြီး ရေးပါတယ်၊ ဆန်းစစ်ဝေဖန်ပြီး ဆွေးနွေးပါတယ်၊ ဗုဒ္ဓအယူဝါဒကို ပြန့်ပွားအောင် ကျနော်တို့လုပ်ကြပါတယ်။

ကိုယ့်ဘာသာ သူ့ဘာသာ ဆန်းစစ်ဝေဖန်ချက်တွေ ကျိုးကြောင်းခိုင်လုံစွာ တင်ပြထားပါတယ်၊ အမှားသိရင် အမှန်ကိုရောက်ပါမယ်။ ကျိုးကြောင်းဆီလျော်စွာ နှိုင်းယဉ်ဝေဖန်နေသရွေ့လည်း စော်ကားရာမရောက်ဖူးလို့ ယုံကြည်ပါတယ်၊ အရှိကို အရှိအတိုင်းပြောပါတယ်၊ အချက်လက် အကိုးကားနဲ့ ပြောကြပါတယ်၊ အယူအဆတွေကို ဆွေးနွေးဖို့ကိုလဲ လမ်းဖွင့်ပေးထားပါတယ်၊

အယူအဆတွေကို ဆွေးနွေးတဲ့နေရာမှာ အတိမ်းစောင်းမခံပါဘူး။ အဲဒါကြောင့် သေချာလေ့လာသုံးသပ်ပြီးမှ ရေးကြပါတယ်။ တဖက်က ကြမ်းကြမ်းတမ်းတမ်းဝေဖန်လာရင်တောင် အထောက်ထားပြည့်စုံနဲ့ ကိုယ့်ဖက်က မလွန်ရအောင် စနစ်တကျ ပြန်လည်ချေပပါတယ်။

ပေါ်လစီဘလော့လား ဘာလားေ၀၀ါးမနေအောင်လဲ ရေးတဲ့သူတွေရဲ့ အိုင်ဒီကိုလဲ ရှာနိုင်တယ်လို့ နဂိုတည်းက ပြောထားပါတယ်။ ကျနော့်အိုင်ဒီကိုဆို ဖွင့်ပေးထားပါတယ်။ ကျန်တဲ့သူတွေကိုလဲ ဘယ်သူက ဘယ်သူဆိုတာ သိတဲ့သူတွေ သိပြီးလောက်ပါပြီ။ အရင်ဘာသာရေးဒီဘိတ်တွေမှာ ဖတ်ဖူးတဲ့သူတွေ ဒီအရေးအသားမျိုးတွေကို သိကြပါလိမ့်မယ်၊ နောက်ပြီး ဘာသာရေး(ဘာသာရေးပို့ချမှုသက်သက်)ဘလော့တွေမှာ ရေးတဲ့သူတွေ ပါပါတယ် တချို့က လူ၊ တချို့က သံဃာပါ။ ဒီလောက်အထိကို ကျနော် ပြောပြနိုင်ပါတယ်။

အဲဒီတော့ ရည်ရွယ်ချက်မှာ ရေးထားတဲ့အတိုင်း ကျန်တော်တို့ ဝေဖန် ဆန်းစစ်ပါတယ်။ အယူဝါဒ ပြန့်ပွားအောင် လုပ်ပါတယ်။ အဲဒီလောက်ပါပဲ။

မြင်တာပြောတယ်

အမျိုးဘာသာ သာသနာကိုကာကွယ်ဖို့ လူတိုင်းမှာတာဝန်ရှိတယ် ပြောစကားသက်သက်နဲ့ ဘာသာကိုကာကွယ်နေတယ် သာသနာကိုစောင့်ရှောက်နေတယ် တိုင်းပြည်ကိုကောင်းအောင် လုပ်နေကြသူတွေ များလာနေတယ် ဘယ်သူ့မေးမေး တိုင်းပြည်ကောင်းဖို့ ဘာသာ သာသနာ ကောင်းဖို့ ဦးတည်ပြီး လုပ်နေကြတယ် ပြောတာပဲ၊ အဲလိုပြောနေရင်းနဲ့ပဲ ကျုပ်တို့ လူမျိုးက လေလွင့်နေပါတယ်ဆိုတဲ့ဂျက်ပစီမျိုးနွယ်စုတွေလောက် ဂုဏ်သိက္ခာမရှိတော့တာတွေ ဖြစ်လာနေတယ် ယဉ်ကျေးမှုတွေ ပျောက်လာတယ် ဓလေ့ထုံတမ်းကို မျက်ကွယ်ပြုလာတယ်၊

ဗုဒ္ဓတရားတော် အထွန်းကားဆုံးလို့ ပြောနိုင်တဲ့ ကျုပ်တို့ရေ ကျုပ်တို့မြေမှာ သံဃာတော်တွေ သွေးမြေကျကြ၊ သေကြ၊ ကြေကြ၊ အလိုမကျရင် သံဃာစင်စစ်က သူပုန်ဖြစ်ပြီး ထောင်နန်းစံရ ဒီသံဃာတော်တွေကို ဆွမ်းကပ်တဲ့ တကာ တကာမတွေက ထွက်ပြေးရ တိမ်းရှောင်ရ သာသနာတော် သမိုင်းမှာ မလှတဲ့စုတ်ချက်ပဲ၊မလှတာကမှ မရေးကောင်းတဲ့ပန်းချီကို ရေးပြီး အိမ်ဦးခန်းအလှပြထားတာမျိုးပဲ၊ ဘုရားကအောက် မျောက်ကားအထက် ကာလပျက်ပါရောလား။

ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ဗြဟ္မဏဘာသာဝင်တွေက သံဃာတော်တွေကို လိုက်ပြီးဖမ်းတာ သတ်တာ လုပ်တော့ ရဟန်တော်အရှင်သူမြတ်များ ထွက်ပြေးတိမ်းရှောင်တော်မူရတာ သမိုင်းဟောင်းရှိပြီးသား၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ သိုဟန်ဘွား ပိဋကတ်ကိုမီးရှို့  ပြီး ရဟန်းတော်တွေကို လိုက်သတ်တာက ဘာသာခြားနေလို့၊ ကျူပ်တို့ရဲ့ရေမြေ့ရှင်ကြီးက ရဟန်းသံဃာတော်တွေကို သတ်လိုသတ် ဖမ်းလိုဖမ်းလုပ်နေတာက ဘာဖြစ်လို့လဲ၊ ဘာသာခြားမို့ လား? ဘုရားသွားနေတာတော့တွေ့နေတာပါပဲ ယတြာချေရုံသက်သက် ဘုရားကန်တော့တာလား၊ အဲလိုဆို ကျွေးနေတဲ့ဆွမ်းတွေကသဒ္ဓါဆွမ်းလား ယတြာဆွမ်းလားမသိ၊ ဘုရားရှင်လက်ထက်တော်ကတော့ ယတြာဆွမ်းမရှိ၊ အမယ်ဆိုနေလိုက်သေး ဗုဒ္ဓံသရဏံ ဂစ္ဆာမိ လို့ ၊သေချာကြားတာပါ ၊ပါးစပ်ကပဲ ဆာမိတာပါ၊ လက်ကတော့..ငါကိုလာမထိနဲ့ ဘုရားသော တရားသော သံဃာသော ဘာမှမသိဘူး ရှိတာအကုန်သိမ်းပြီး တရုပ်အစိမ်းနတ်လိုပဲ မြန်လိုက်တာ၊ အ၀ါရောင်တွေနီကုန်တယ်။

တခါက ဘာသာရေးအခမ်းနား တစ်ခုကို ဆရာတော်ကြီးနောက်တော်က ကပ္ပိ အနေနဲ့လိုက်ရတော့၊ အနီးနားရှိတဲ့ ဆရာတော်ကြီးတစ်ပါးက ကျုပ်တို့ဆရာတော်ကြီးကို ဘာပြောလဲဆိုတော့….

“ ဆရာတော်ရေ..တပည့်တော်တို့များ အသက်တွေကြီးလာမှ ဘွဲ့ တွေတစ်သီတတန်းကြီးနဲ့ ရပ်ပြီးစောင့်ရတဲ့ ရပ်စောင့်ကိုယ်တော်တွေ ဖြစ်ကုန်ရောလား” တဲ့ ၊ဟုတ်လည်းဟုတ်တာပါပဲ
ဒီတုံးက အခါမကျလို့ ဆိုပြီး မဟာက၀ိဗေဒပညာရှိကြီးတွေ စကားကို အလေးထားတော်မူကြတဲ့ ကျုပ်တို့တိုင်းပြည်က ရေမြေ့ရှင်နဲ့ မှုးမတ်တော်များမရောက်မချင်း ရပ်ပြီးစောင့်ရတဲ့ ရဟန်တော်များဟာ အချိန်ခါသင့်မှ စီတော်ယဉ်နဲ့ ကြွလာတော်မူကြမဲ့ အခါပေးဆရာနဲ့ ဆွေးတော်မျိုးတော် အပေါင်းကို တလောကလုံးရဲ့ အမြတ်ဆုံးဖြစ်တဲ့ ဘုရားသားတော်များ ထိုင်ပြီးစောင့်နေခွင့်မရ ရပ်စောင့်နေရတယ်ဆိုတော့..ဗြဟ္မဏဘာသာဝင်တွေ တန်ခိုးကြီးတဲ့ခေတ်လားလို့ ။

ဪ…သာသနာပြုမင်းဆိုတာ၊ဘုရားတွေအတော်တည်တဲ့မင်း၊ ဘယ်ကုပဏ္ဏီ အုတ်ဘယ်လောက်၊ ဘယ်အဖွဲ့က ဒီဟာတာဝန်ယူ ဒီလုပ်ငန်းရှင်က ဘာပစ္စည်းကိုတာ ၀န်ယူ
ရေဗူးပေါက်တာ မလိုဘူးရေပါတာပဲလိုတယ်၊ အဲလိုမျိုးတည်တဲ့ဘုရား ရွှေရောင်းပဲလင်းသလား အနီရောင်ပဲထင်းသလား မင်းတြားရယ်တွေးကြည့်ပါဦး၊ သာသနာတော်အတွက် ဘုရားတည်ဒါလား ယတြာအတွက် ဘုရားကယ်ပါလုပ်တာလားကွယ်။

ဘုရားကိုပယ်ပြီး သံဃာကို မသိမသာ သိသိသာ သင်းခွဲနေတဲ့ မင်းတြားရယ် ယတြာမကယ်နိုင်လောက်ပါဘူး ရွှေညဏ်တော်စူးပါရဲ့၊ ပုထုဇဉ်ဆိုတာ အရူးပါပဲတဲ့ မြတ်ရှင်စောဟောခဲ့တာ သတိရပါဦး

မင်းခေါင်

သတိ.. .အမျိုးဘာသာ .သာသနာ ပျောက်တော့မည်.

တာဝန်သိသူမှာ သာ တာဝန်ရှိတာပါ (လစ်လျူရှုကြသူများ အနေဖြင့်. တာဝန်မရှိပါ ခင်ဗျား)။

Be Were of the Mad Dogs

ဖေါ်ဝပ်မေး ထဲမှ ထပ်ဆင့် ဝေမျှပေးခြင်း ဖြစ်ပါသည်။
ပေးပို့လာသူအားကျေးဇူးအထူး တင်ရှိပါသည်။

ကွန်မန့်များ

ဓမ္မရသဘလော့က ကွန်မန့်လေးတချို့ပါ ..
အောက်ဆုံးကနေ စ ဖတ်ပါ


















ကွန်မန့်တခု

ဦးဇင်းတပါးေ၇းထားတဲ့ ကွန်မန့်တခုပါ ..

သီးခံခြင်း .ခန္တီ . ဟာ တရားကိုယ်အားဖြင့်..အဒေါသ စေတသိက် ၊ မေတ္တာ လို့ သဘောပေါက်ထားပါတယ်။
သီတဂူ ဆရာတော်ကြီးရဲ့ မေတ္တာပို့ ထဲက တစ်ခု က ..

" ခန္တီ ၏ ရန် ဒေါသမာန် .တွန်းလှန်နိုင်ပါစေ. "

ဘယ်သူ က ဘယ်လိုပင်ပြုမူစော်ကားပါစေ..မေတ္တာမပျက်ခြင်း.. သူ့အကျိုးလိုလားတဲ့ စိတ်ဓါတ်လေး မပျက်ပြားသွားခြင်း ကိုပဲ ခန္တီ လို့သဘောကျမိပါတယ်..ဘုရား။

နွားပဲ.ခွေးပဲ.စသည် ဖြင့် ဆဲရေးလာရင်တော့... ဘာမှ တုန့်ပြန်စရာ မလို.လစ်လျူရှုကြရမယ် ဆိုတဲ့ နည်းဥပဒေ သ ရှိသလို၊

ဘုရား မဟော တာ ကို ဘုရာ ဟော ပါဟု ပြောခြင်း.. ဘုရားမှာ မရှိတဲ့ဂုဏ်ကို အရှိ ဟု ဆိုခြင်း.စသည်.(ဥပမာ. အရဟံ..ကိလေသာ မြူမှ မရှိတဲ့ မြတ်စွာ ဘုရားကို..ကိလေသာ ကြွယ်ဝသော ဂေါတာမ ဟု .. http://messengerforbuddhist.blogspot.com က ဖေါ်ပြခြင်း) ဟာ မြတ်စွာဘုရားကို ပုတ်ခေတ်စော်ကား ခြင်း သာ ဖြစ်ပါတယ်။

ဆဲရေးခြင်း ကို မည်သို့မှ တုန့်ပြန်ရန်မလို လစ်လျူရှုခြင်းဟာ မှန်ကန်သော်လဲ ဘဲ.. ကိလေသာကင်းတဲ့ ဘုရားကို ကိလေသာထူပြောတဲ့ ဘုရားရှင်အဖြစ် ဆိုနေခြင်းဟာ ..စွပ်စွဲပုတ်ခတ်ခြင်း၊ စော်ကား ခြင်း သာ ဖြစ်တယ် ဟု နားလည်မိပါတယ် ဘုရား။

ဒီဃနိကာယ်ပါဠိတော်. . မဟာပရိနိဗ္ဗာန သုတ် တွင်. သာသနာအရှည်တည်တံ့စေရန်.့ ပရိတ်သတ်လေးပါး အား အားကိုးပုံ၊ စိတ်ချယုံကြည်ထားပုံ ။ ဗြဟ္မဇာလ သုတ်တော်ပါ စွပ်စွဲစော်ကားလာရင် မည်သို့မည်ပုံ ပြုမူဆောင်ရွက်ရမည် ဟု သွန်သင်ညွှန်ကြားချက် များရှိပါတယ်။
ထိုညွှန်ကြားချက်များကား......

ဓမ္မပဒပါဠိတော် လာ

" ခန္တီ ပရမံ တပေါ တိတိက္ခာ "

ဂါထာ အဆုံးအမ နဲ့ ၀ိရောဓိ ဖြစ်သည်မဟုတ်.
မည်သို့ပင် စော်ကားပုတ်ခတ်လာပါစေ..စွပ်စွဲပုတ်ခတ်လာသူကို သူ့အကျိုးလိုလားသောစိတ်ထားဖြင့် ဒေါသမဖက် မေတ္တာသက်သက် ဖြင့် ထိုက်သင့်သလို အရေးယူဆောင်ရွက် ရမည် ဟု မြတ်ဘုရား ဆုံးမထားသည်ဟု နှစ်ခြိုက် သဘောကျ မိပါတယ် ဘုရား။

ဝေဖန်ပိုင်းခြားမှုလေး နဲနဲရှိကြပါ

မြန်မာအိုင်တီဖိုရမ်ကတဆင့် လာတဲ့လင့်တွေကို တွေ့တယ်ဗျာ … သွားဖတ်ကြည့်တော့ စိတ်မချမ်းသာစရာချည်းပဲ … အချင်းချင်းကို ပြန်ခွပ်ကြတယ်လေ … ကိုယ်လဲ နေရင်းထိုင်ရင်းနဲ့ ခွေးနဲ့နှိုင်းတာ ခံရလိုရ .. နအဖနဲ့ သမုတ်ခံရလိုရ ..

အဲဒီတော့ ကျနော်မေးချင်တယ်လေ … ခင်ဗျားတို့ အိုင်တီသမားတွေမှလား … နာမည်ကြီးတွေလဲ ပါနေတာပဲလေ … အဲဒီဘလော့က အစိုးရပေါ်လစီ ၀ါဒဖြန့်နေတဲ့ဘလော့ဟုတ်လား မဟုတ်လားဆိုတာ အိုင်ပီကို ခြေရာခံကြည့်ပေါ့ …

ဘလော့ကို သွားဖျက်တာလောက်တော့ လူတိုင်းလုပ်တတ်ပါတယ် … အိုင်ပီကို ခြေရာခံပြီး . အယူဝါဒကို သေချာငြင်းနေတာလား .. ဒါမှမဟုတ် လူတွေေ၀၀ါးသွားအောင် ၀ါဒဖြန့်နေတဲ့ဘလော့လား … စုံစမ်းပေါ့ … ပြီးရင် စာဖတ်သူတွေ အမြင်ရှင်းသွားအောင် ချပြလေ … ဒီလိုအမြင်ရှင်းသွားရင် ကျနော်တို့ ဒီစာတွေ ရေးနေစရာမလိုတော့ဘူး … ဒါတွေ ခင်ဗျားတို့ လုပ်နိုင်နေတာပဲ မှလား …

ဒီdhamma guardianဘလော့မှာလဲ ကိုယ်နိုင်ရာ နိုင်ရာကို ရေးသားနေကြပါတယ် … ဆွေးနွေးတဲ့ အထဲမှာ ခေတ်ပညာတတ် ရဟန်းသံဃာတွေ ပါပါတယ် … ပို့စ်တွေကို သေချာဖတ်ကြည့်ပါ … အချက်လက် အကိုးကား ပြည့်စုံနဲ့ စနစ်တကျ ဆွေးနွေးပါတယ် … ပေါက်ပန်းသေး တွေ့ကရာ ဆွဲယူပြီး မဆွေးနွေးပါဘူး … ရည်ရွယ်ချက်မှာကိုရေးပြီးသားပါ ... အဆင့်တန်းရှိရှိ ဆွေးနွေးချင်တယ် ဝေဖန်ချင်တယ်ဆိုရင်လဲ အမြဲတမ်း ကြိုဆိုပြီးသားပဲ…

ခု ကျနော်တို့ ပစ်မှတ်ထားနေတာ အဲဒီ အကုသိုလ်ဘလော့ကို ရေးသားနေတဲ့ မက်ဆင်ဂျာ မွတ်စလင်ကုလားကို မဟုတ်ပါဘူး … မက်စင်ဂျာရဲ့ စာတွေကိုဖတ်ပြီးေ၀၀ါးသွားမယ့် ဗုဒ္ဒဘာသာဝင်တွေကိုပါ …ေ၀၀ါးသွားလို့ပဲ အဲဒီဘလော့မှာ သွားဆဲတဲ့သူတွေက ဆဲကြတယ် … အစိုးရဘလော့လို့ ပြောတဲ့သူတွေ ပြောကြတယ် …

အဲဒီမက်ဆင်ဂျာဘလော့ဟာ တကယ့်မွတ်စလင်ကုလားဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဘာသာရေး ပဋိပက္ခဖြစ်အောင်ဝါဒဖြန့်နေတဲ့ ဘလော့ဂါတယောက်ဖြစ်ချင်ဖြစ်မယ် … ဒါ အဓိက မဟုတ်ဖူး…

အဓိကက သူ့စာတွေကိုဖတ်ပြီး … ကိုယ်ကဖက်က မလွန်မိဖို့ပဲ … ခန္တီစဆိုပြီးတော့လဲ အမြဲတမ်း သည်းခံနေစရာမလိုဘူး … သူ့ကွန်မန့်ထဲမှာလဲ ဖရုသ၀ါစာ သွားဆဲနေစရာလဲမလိုဘူး … ကိုယ်လုပ်သင့်တာ လုပ်ဖို့ပဲ …

ကိုယ်လုပ်သင့်တာက ဒီဘာသာတွေအကြောင်းကို သေချာဂဃနဏနားလည်အောင်ပဲ… အဲဒီလို ကိုယ့်ဖက်က အချက်အလက်နဲ့ ဓမ္မဓိဌာန်ကျကျဆွေးနွေးနေသရွေ့ ဟိုကုလားဆိုတဲ့သူလဲ သူ့ဟာသူ အောက်ကျသွားမှာပဲ … ဘာမှမသိတဲ့ သူငယ်နှပ်စားလေးကို ဆုံးမသလိုပဲပေါ့ ..

အဲဒီလိုမဟုတ်ပဲ ကိုယ်က ဒေါသဖြစ်ပြီး ဟိုကုလားနဲ့ သွားပြိုင်ဆဲနေရင်တော့ ကိုယ်ပဲ အကုသိုလ်များမယ် … တကယ်လို့ ဟိုက အစိုးရဘလော့ဆိုရင်လဲ သူတို့အထိကရုဏ်းဖြစ်အောင်ဖန်တီးတာ အောင်မြင်တယ်လို့ ပြောလို့ရမှာပဲ …

အဲဒီလိုမျိုးဖြစ်လာရင် ဘယ်သူလက်ချက်မှမဟုတ်ဖူး … ကိုယ့်လက်ချက်ပဲ .. ကိုယ်ကိုယ်တိုင်က စလို့ဖြစ်တာပဲ … အဲဒီတော့ ကိုယ့်ဖက်က အလွန်မဖြစ်အောင် ကိုယ်ကိုယ်တိုင်ထိန်းဖို့ပဲလိုပါတယ် … ဒီလိုပြောလို့လဲ အ အကြီးလုပ်ပြီး နှုတ်ပိတ်နေဖို့ ပြောတာမဟုတ်ပါဘူး ..
ဝေဖန်ချက်ရှိရင် ချေပချက် ရှိရပါမယ် … စော်ကားလာရင် တုံ့ပြန်ရပါမယ် … ဘုရာဟောထဲမှာကို ပါပါတယ် …

အဲဒီမှာ တုံ့ပြန်တာကို ရိုင်းရိုင်းစိုင်းစိုင်းမတုံ့ပြန်ဖို့ပဲ အဓိက … ကိုယ့်ဖက်က မလွန်မိပါစေနဲ့ … ဒီဘာသာတွေရဲ့ သဘောတရားအားလုံးကို သေချာနားလည်ပြီး သေချာဆွေးနွေးနေသမျှ .. ကုလားပဲဖြစ်ပစေ ၀ါဒဖြန့်တဲ့ ဘလော့ဂါပဲဖြစ်ပစေ သူတို့လုပ်ရပ် အောင်မြင်မှာ မဟုတ်ပါဘူး..

ဒီဘလော့ကို ၀ါဒဖြန့်တဲ့ဘလော့လို့ သမုတ်ချင်တဲ့ မြန်မာအိုင်တီဖိုရမ်ကဆရာကိုလဲ အသိပေးလိုက်ပါရစေ …
ကျနော့်အိုင်ဒီကို မ၀ှက်ထားဘူး … ကျနော် ဘလော့မှာ ရေးနေတာ ကြာပါပြီ … ဒီမှာရေးနေတဲ့သူတွေရဲ့ အိုင်ဒီတွေလဲ ရှိပါတယ် … ခင်ဗျားတို့ ခုရေးနေတဲ့ ဖိုရမ်တွေမှာလဲ ကျနော့်အသိတွေ ရှိပါတယ် .. မေးကြည့်ပါ …

တဆိတ်ရှိရင် နိုင်ငံရေးလောက်ပဲပြောနေချင်ရင်တော့ … ဟိုတလောက ဖြစ်သွားတဲ့ MNL ဘောလုံးပွဲတွေက ရန်ဖြစ်တာတွေကိုရော အစိုးရလက်ချက်လို့ မပြောချင်တော့ဘူးလားလို့ မေးပါရစေ … အဲဒီမှာလဲ လူတွေအာရုံပြောင်းအောင်လုပ်တာပဲလေ …
စဉ်းစားကြည့်ပါ … စပွန်ဆာလုပ်တဲ့ ကုပဏီတွေမှာ အစိုးရနဲ့ သဟဇာတဖြစ်တဲ့လူတွေချည်းပဲ … ပြီးတော့ ပရိသတ်ချင်းဆုံအောင် ခရီးစရိတ်ကအစ ထောက်ပံ့တယ် … ဘာအဓိပါယ်လဲ … အဲဒီလိုမျိုး လုပ်တာကိုရော အစိုးရရဲ့ စနက်လို့မပြာချင်ဘူးလား … ပြောချင်ရင် ပြောလို့ရတယ် .. မပြောချင်ရင်တော့ .. ဘောပွဲတွေမှာ ပြိုင်ဖက်အုပ်စုနှစ်ခုဆုံရင် ရန်ဖြစ်တာ ဒါထုံးစံပဲ … အဲဒီလို တွေးယူလို့ရပါတယ် …

ဒီလိုပါပဲ … စဉ်းစားချင့်ချိန်ညဏ်လေးနဲနဲသုံးပါ … ဝေဖန်ချင်ရင်လဲ ရေးထားတဲ့စာတွေကို သေချာဖတ်ပါလို့ ပြောပါရစေ …

ဓါတ်လုံး

ဘုရားရှင်မှ ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည် OR NOT (အပိုင်း ၁)

လူသားတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘာသာရေးနဲ့ လူမှုရေး (နိုင်ငံရေး၊ စစ်ရေး စီးပွားရေး) ဆက်စပ်မှုတွေကို အများကြီးတွေ့ရပါမယ် …

လူ့ယဉ်ကျေးမှု မထွန်းကားခင်ခေတ်ရဲ့ သမိုင်းအစကို ပြန်ကြည့်ကြည့်ပါ … နေဘုရား လဘုရားများကို ကိုးကွယ်ခဲ့ကြတဲ့ သက်သေအထောက်အထားများ ရှိခဲ့ပါတယ် … အပူဓါတ် အလင်းရောင် ပေးရန် မီး ကိုမဖန်တီးနိုင်သေးတဲ့အချိန်မှာ နေ လ စသည်တို့ကို ကိုးကွယ်ရာတဆူအဖြစ်မှတ်ယူပြီး ကြောက်ရွံ့စိတ်များကို ဖြေဖျောက်ကြပါတယ် .. အသိညဏ်မမြင့်မားသေးတဲ့ အချိန်မှာ လူ့စိတ်သဘာဝ ကြောက်ရွံ့စိတ် သိမ်ငယ်စိတ်တွေအတွက် အားကိုးရှာလိုတဲ့စိတ်တွေလို့ ဆိုရမှာပါ …

လူ့ယဉ်ကျေးမှု ထွန်းကားလာတာနဲ့ အမျှ အဲဒီ ကိုးကွယ် ယုံကြည်မှု အယူဝါဒတွေလဲ တဖြည်းဖြည်း ပြောင်းလဲလာပါတယ် … နေဘုရား လဘုရားများကနေ ဖန်ဆင်းရှင် နတ်ဘုရားများရှိတယ်ဆိုတဲ့ အယူဝါဒ၊ နောက် တဖန် ထပ်ဆင့်ပြီး ဖန်ဆင်းရှင် ဘုရားတစ်ဆူတည်းသာရှိတယ် ဆိုတဲ့ အယူဝါဒ(monotheism) စသည်ဖြင့် ဆင့်ကဲ ပေါ်ပေါက်လာပါတယ် …
မာယာ maya, inca အင်ကာ ယဉ်ကျေးမှုများက စလို့ ဘေဘီလုံ အီဂျစ် ရောမ စတဲ့ အင်ပါယာများအထိ နတ်ဘုရားများ ကိုးကွယ်မှုတွေကို တွေ့ရပါမယ် …

ဒီနတ်ဘုရားတွေ ကိုးကွယ်မှုနဲ့အတူ ကပ်ပါလာတာက ဒီနတ်လောက ၀ညဉ်လောက က နတ်ဘုရားတွေနဲ့ နဲ့ လူသားတွေကို ထိတွေပေးမယ့် ကြားခံနယ်မျိုး ရှိရမယ်ဆိုတဲ့သဘောကပ်ပါလာပါတယ် .. .. ဥပမာပေးရရင် နတ်ဆရာ နတ်ကတော်လိုမျိုးပေါ့ …
အဲဒီလို လူ့ယဉ်ကျေးမှုအစ မြို့ပြနိုင်ငံငယ်လေးတွေ ထူထောင်ကြတဲ့အချိန်မှာ ဒီ shaman တွေ priest တွေရဲ့ အခန်းကဏ္ဌဟာလဲ တော်တော် အရေးပါလာပါတယ် … လူမျိုးစုတိုင်းမှာ ဒီshaman တွေရဲ့ လူမျိုးစုခေါင်းဆောင် tribe leader တွေပါ တလေးတစားဆက်ဆံရတဲ့ အနေအထားမှာ ရှိပါတယ် …

လွယ်လွယ်ပြောရရင် အဲဒီ shaman လို ပုဂ္ဂိုလ်တွေကပဲ အဲဒီလူမျိုးစုတွေရဲ့ ကံကြမ္မာကို ဖန်တီးပေးခဲ့ပါတယ် .. ဥပမာ - Mayan, Incan အင်ပါယာတွေမှ လူသားယဇ်ပူဇော်မှုမျိုး … လယ်ယာမြေ သီးနှံ အထွက်ကောင်းအောင် .. ရာသီဥတု ကောင်းမွန်ပြီး အစာရေစာ ဖူလုံအောင် သားသတ် ယဇ်ပူဇော်ခြင်း အလေ့ထတွေ အဲဒီခေတ်တွေက စခဲ့ပါတယ် …
အဲဒီနောက်ပိုင်း အီဂျစ် ရောမ စတဲ့ အင်ပါယာများ ချဲ့ထွင်လာတဲ့ အချိန်တွေမှာလဲ နတ်ဘုရားများကိုးကွယ်မှုများကို တွေ့ရပါလိမ့်မယ် …

အစ္စလာမ် သမိုင်းအစ

ခု အစ္စလာမ် ဘာသာဝင်များ အထွတ်မြတ်ထားတဲ့ မက္ကာမြို့တော်ဟာလဲ … ဟိုးအရင်က အရှေ့ပိုင်းဥရောပ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနဲ့ အာရှာနိုင်ငံများ ကုန်းလမ်း ဆက်သွယ်ရေးလမ်းကြောင်းမှာ အချက်ချာကျတဲ့ မြို့လေးတမြို့ ဖြစ်ခဲ့ပါတယ် …

အဲဒီ မြို့အလယ်က လေးထောင့်ပုံအဆောက်အဦ Ka'aba ဟာလဲ ရှေး မက္ကာမြို့တော်မှာ ရှိခဲ့ပါတယ် … အဲဒီ အဆောက်အဦကို ၀ိုင်းရံပြီး … တမန်တော် မိုဟာမက်(နာမည် အပြည့်စုံ - မိုဟာမက် အဘီန် အဘ်ဒူလာ) မမွေးဖွားခင်ရှေး မက္ကာမြို့တော်ရဲ့ အလယ် အဲဒီ လေးထောင့်ပုံ အဆောက်ဦမှာ အလာအပါအ၀င် အဲဒီဝန်းကျင်က ၈၀ကျော်သော နတ်ဘုရားများ(စီးပွားရေးနတ် စသည်) တို့ရဲ့ နတ်စင် နတ်ရုပ် များရှိခဲ့ပါတယ် …

အဲဒီအချိန်တုန်းက(တမန်တော် မိုဟာမက် မမွေးဖွားခင်တုန်းက) အလာဟာ အဲဒီနတ်ဘုရားများနည်းတူ နတ်ဘုရားတစ်ဆူအဖြစ်သာ ကိုးကွယ်ခံခဲ့ရပါတယ် … (အလာ ဟူသော ဝေါဟာရသည်ပင်လျှင် တမန်တော် မိုဟာမက် မပေါ်ပေါက်ခင် (တနည်း မွတ်စလင်ဘာသာ မပျံ့နှံသေးခင်)က ဂျူးအယူဝါဒ လွှမ်းမိုးခံရသော အာရပ်လူမျိုး များခေါ်ဝေါ်သော ဖန်ဆင်းရှင် ဘုရားဟု အဓိပါယ်ရသည့် အသုံးနှုံးပင် ဖြစ်သည်)

အဲဒီအချိန်က တခြားဆက်သွယ်ရေး အချက်ချာကျတဲ့ မြို့ကလေးတွေလိုပဲ … ရှေးခေတ်မက္ကာမှာလဲ အနောက်ပိုင်းယဉ်ကျေးမှု၊ နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုတွေ ပျံ့နှံ့ခဲ့ပါတယ် … အဲဒီ မက္ကာမြို့လယ်က လေးထောင့်ပုံအဆောက်ဦ Ka'aba သည်ပင် ဂျုးဘိုင်ဘယ်တခုဖြစ်တဲ့ Book of Genesis (ကမ္ဘာဦးကျမ်း)အေဘရာဟမ်(abraham)နဲ့ သူ၏သား အစ်ရှ်မေးလ် (ishmael) တို့မှ တည်ဆောက်ခဲ့တယ်လို့ဆိုပါတယ် … အစ္စလာမ်ဘုရား အလာဟာလဲ အာရပ် အခေါ်အဝေါ်နဲ့ ဟီးဘရူးဘိုင်ဘယ်လ် (ကမ္ဘာဦးကျမ်း) Genesis ထဲက Yahwah ကို ဆိုလိုခြင်းပင် ဖြစ်ပါတယ် …

အဲဒီလို မူလ အခြေခံက ဆက်စပ်နေတာကြောင့်လဲ ဒီဘာသာသုံးခုကို Abrahamic religion လို့ ဆိုပါတယ် .. အဲဒီအပြင် အဲဒီခေတ် မက္ကာမြို့ကလေးမှာ အလာနဲ့အတူ ကိုးကွယ်နေခဲ့ကြတဲ့ … ၈၀ ကျော်သော နတ်ဘုရားဆင်းတုများဟာလဲ … အီဂျစ်က Anubis, Osiris, Ra စတဲ့ နတ်ဘုရားများနဲ့ ဂရိက artekmis, Aphrodite ကဲ့သို့ နတ်ဘုရားများကို အခြေခံထားခြင်းသာဖြစ်ပါတယ် …

သူ့ဦးလေး Abdul Talib ရဲ့ ထိန်းကွပ်မှုအောက်မှာ ကြီးပြင်းလာခဲတဲ့ ဖတဆိုးသားလေး မိုဟာမက်မှာ ငယ်စဉ်က အဲဒီနတ်ဘုရားအယူဝါဒတွေ စိမ့်ဝင်ခဲ့ပါတယ် … အဲဒီ နတ်ဘုရားများနဲ့အတူ အဲဒီခေတ် အရှေ့လယ်ပိုင်းဒေသမှာ တွေ့ရတဲ့ နတ်ဆရာတွေရဲ့ အရေးပါ အရာရောက်မှုကို သတိထားမိခဲ့ပါတယ် … (နောက်ပိုင်းမှာ မိုဟာမက်ဟာ လူအများအရေးထားအလေးပေးခံရလောက်အောင် ဘာသာရေးအယူဝါဒတခုကို ဖန်တီးလာပါတယ်)

ထို့နောက် သူ့ဦးလေးနဲ့အတူ .. ဂျုးအယူဝါဒများ ပျံ့နှံ့ရာ အနောက်မြောက်ပိုင်းဒေသများမှာ ကုန်သွယ်ခဲ့ပါတယ် … အဲဒီမှာ abrahamic အယူဝါဒတွေဟာ မိုဟာမက်မှာ လွှမ်းမိုးခံခဲ့ရဟန်တူပါတယ် …

နောက်ပိုင်း အစ္စလာမ်ကိုအာန်ထဲမှာ အေဘရာဟမ်က သူ့ရဲ့သား အိုင်းဇက်(issac/ isaq) ကို သတ်ပြီးယာဇ်ပူဇော်ဖို့ကြိုးစားတဲ့အခန်း
Our Lord, accept from us; surely Thou art the Hearing, the Knowing. Our Lord, and make us both submissive to Thee, and raise from our offspring a nation submissive to Thee, and show us our ways of devotion and turn to us mercifully; surely Thou art the Oft-returning to mercy, the Merciful.” (The Holy Quran, 2:127–129)

အသက် ၃၅ နှစ် အရွယ်ရောက်တဲ့ အချိန် (ramadan ၂၆ရက်နေ့) Mt Hira တောင်က လှိုဏ်ဂူမှာ တရားအားထုတ်ရင်း ဂေဘရီရယ် နတ်သားပေါ်လာပြီး အစ္စလာမ်ဘာသာအတွက် ရေးသား သုံးသပ်ဖို့ တိုက်တွန်းခြင်း … (96:1-19).

တွေကို ကြည့်ရင် သိနိုင်ပါတယ် …

အဲဒီမှာ ကိုအာန်ထဲက အကြောင်းရာတွေဟာ ကမ္ဘာဦးကျမ်းထဲက အကြောင်းရာတွေနဲ့ တထေရာတည်း သွားညီနေတာကို တွေ့ရပါလိမ့်မယ် … ဥပမာ - Surah အခန်း ၁၂ YUSUF (JOSEPH) အခန်း၁၄. IBRAHIM (ABRAHAM) စသည်ဖြင့် Surah ၄၀ နီးပါးဟာ ဟီးဘရူးကျမ်းစာထဲကအတိုင်း တထေရာတည်း ဖြစ်နေပါတယ် ... အဲဒါကြောင့်လဲ အေဘရာဟမ် အယူဝါဒများလို့ ခေါ်ကြပါတယ် …

မိုဟာမက်ရဲ့ အစ္စလာမ်ဝါဒမှာ မတူပဲကွဲလွဲသွားတဲ့ အချက်ကတော့ နောက်ပိုင်းမှာ တမန်တော်မိုဟာမက်ဟာ တခန်း တဘာသာ ထူထောင်လာပါတယ် … မက္ကာမြို့ရဲ့ ဒေသခံ Quraish လူမျိုးစုများကိုးကွယ်ရာ ၈၀ကျော်သော နတ်ဘုရားကိုးကွယ်မှုများကို ဆန့်ကျင်ပြီး အစ္စလာမ်ဘာသာကို ထူထောင်ပါတယ် …

မိုဟာမက် တယောက်တည်းအတွက်ဆိုလျှင် အဲဒီအချိန်က အစ္စလာမ်ဘာသာဟာ အရေးပါ အရာရောက်ခဲ့မှာ မဟုတ်ပါဘူး … မိုဟာမက်ကိုယ်တိုင် အလာကိုယ်တော်တိုင် ဂေဘရီရယ် နတ်သားမှတဆင့် ဟောပါတယ်ဆိုပြီး အစ္စလာမ်ဘာသာအတွက် စည်းရုံးတာတောင် ၃နှစ်အတွင်းမှာ သူ့ဇနီး Khadijah နဲ့ သူ့ ဆွေမျိုးများ အပါဝင် မက္ကာတမြို့လုံးမှာ လူ၄၀သာ အစ္စလာမ်ဘာသာအဖြစ် ကူးပြောင်းခဲ့ပါတယ် …

(အဲဒီမှာ မိုဟာမက်ရဲ့ ပထမဆုံး ဇနီးKhadijah ဟာ မက္ကာမှာ အအောင်မြင်ဆုံး သူဌေးသမီးလို့ ဆိုကြပါတယ် … မက္ကာက ကုန်သည် အားလုံးပေါင်းရဲ့ ကုန်သွယ်လှည်းတွေတောင် khadijah ရဲ့ လှည်းတွေလောက် မများဘူးလို့ ဆိုကြပါတယ် … အဲဒီသူဌေးသမီးဟာ ဆီးရီးယားနိုင်ငံနဲ့ ကုန်သွယ်ဖို့ သူရဲ့ ယုံကြည်ရမယ့်သူကိုရှာတဲ့အခါ သူနဲ့ ဆွေနီးမျိုးစပ် မိုဟာမက်ကို သွားတွေ့ပါတယ် … မိုဟာမက်ရဲ့ အကူညီနဲ့ ဆီးရီးယားနဲ့ ကုန်သွယ်ရေးမှာ အောင်မြင်မှု ရပါတယ် .. အဲဒီကနေပြီး မိုဟာမက်နဲ့ ရင်းနှီးပြီး ဆွေမျိုးရင်းချာကနေ သားမယားအဖြစ် ပေါင်းဖက်ခဲ့တယ် ဆိုပါစို့)

အဲဒီလို စည်းရုံးနေတဲ့ အချိန်မှာ မက္ကာရဲ့ ဒေသခံ Quraish လူမျိုးတွေဟာ မိုဟာမက်ရဲ့ အစ္စလာမ်အယူဝါဒက အယုံကြည် မရှိကြပါဘူး… တိုက်ဖျက်ကြပါတယ် … မိုဟာမက်ရဲ့ဦးလေး Abdul Talibနဲ့ သူ့ဇနီး Khadijah တို့ရဲ့ မက္ကာဒေသခံ လူမျိုးစုအပေါ် သြဇာသက်ရောက်မှုကြောင့် အဲဒီ ဒေသခံquraishလူမျိုးတွေရဲ့ အစ္စလာမ်အယူဝါဒတိုက်ဖျက်ရေးမှာ မအောင်မြင်ခဲ့ပါဘူး …
နောက်ပိုင်း မိုဟာမက်ဟာ သူ့ဦးလေးရဲ့ အကူညီနဲ့ပဲ အဲဒီဒေသမှာ အစ္စလာမ်ဘာသာကို စတင်ခဲ့ပါတယ် … သူ့ဦးလေး Abdul Talib ရဲ့ အတွေးအခေါ်တွေလို့ယူဆရတာတွေကို ကိုအာန်ထဲမှာ အများကြီးတွေ့ရပါလိမ့်မယ် …

Surahs of the Qur'an ကိုအာန်ရဲ့ အခန်းကြီး ၁၁၄ခန်းထဲက surat အခန်း ၄၇ Mohammed၊ အခန်း ၁၀၉ AL-KAFIROON (THE DISBELIEVERS, ATHEISTS) ယခု လက်ရှိခေတ်မှာ အငြင်းပွားနေကြတဲ့ အစ္စလာမ်အယူဝါဒဆိုင်ရာ ဒီဘိတ်တွေမှာ နာမည်ကြီး surah တွေ ဖြစ်ပါတယ် ...

အဲဒါတွေမှာ သူ့ဦးလေး Abdul Talib ရဲ့ ပယောဂများလဲ ပါဝင်ပါတယ် … ဒီအယူဝါဒတခု စတင် ဖြစ်ပေါ်လာခဲ့တဲ့ ရေခံမြေခံသမိုင်ကြောင်းနဲ့လဲ ဆိုင်ပါတယ် …

မိုဟာမက်ဟာ သူ့ရဲ့ အစ္စလာမ်ဝါဒကို သူ့ဆွေမျိုးတသိုက်ထဲမှာ သွတ်သွင်းပြီးခဲ့ပါပြီ … ဒေသခံများရဲ့ အယူဝါဒတွေနဲ့ ဆန့်ကျင်တဲ့အတွက်လဲ ဒေသခံများက တိုက်ခိုက်ကြပါတယ် … ဒီအတိုင်းဆက်သွားရင် သူ့ဆွေမျိုးတသိုက်လုံး မြို့ပြင်ထုတ်ခံရကိန်း ရှိပါတယ် …

အဲဒီလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေနေမှာ … ဟီးဘရူးကျမ်းဟောင်းထဲက ကော်ပီချည်းပဲ ကူးမနေတော့ပဲ ပြင်သင့်တာကို ပြင်ရပါမယ် ..

ဒီအယူအဆကို ဒီဒေသမှာ ပျံ့နှံ့ဖို့ဆိုရင် မိုဟာမက်နဲ့ သူ့ အပေါင်းပါ တစုဟာ အယူဆ မတူသူများကို သုတ်သင်ခြင်း … မိုဟာမက်ကို မယုံကြည်သူများအား သုတ်သင်ခြင်း စတဲ့ အယူဆများဖြင့် အစ္စလာမ်ဝါဒ ပျံ့နှံ့အောင် ကြိုးစားလာခဲ့ကြပါတယ် ..

ဥပမာ - 047.013
YUSUFALI: And how many cities, with more power than thy city which has driven thee out, have We destroyed (for their sins)? and there was none to aid them.
PICKTHAL: And how many a township stronger than thy township (O Muhammad) which hath cast thee out, have We destroyed, and they had no helper!
SHAKIR: And how many a town which was far more powerful than the town of yours which has driven you out: We destroyed them so there was no helper for them.

033.026
YUSUFALI: And those of the People of the Book who aided them - Allah did take them down from their strongholds and cast terror into their hearts. (So that) some ye slew, and some ye made prisoners.
စသည်ဖြင့် အစ္စလာမ်ဝါဒကို အလာကိုယ်တော်တိုင်က ဟောခဲ့ပါတယ်ဆိုပြီး အယုံသွင်း ခြောက်လှန့်ခဲ့ပါတယ် …

ခုခေတ် အယူဝါဒ ဆွေးနွေးပွဲတွေမှာ အဲဒီအချက်တွေကို ထောက်ပြတိုင်း အစ္စလာမ်ဘာသာဝင်တွေ ဖြေစရာအဖြေမရှိကြပါဘူး … ဟီးဘရူးဘာသာက ယူထားတာပါလို့လဲ ပြောလို့မရ …

ဟုတ်ပါတယ်ဆိုရင်လဲ အစ္စလာမ်တွေ ယုံကြည်ကိုးကွယ်နေတဲ့ အလာ မကောင်းရာကျတော့မယ် …
ဘုရားဟောမဟုတ်ပါဘူးဆိုရင် မိုဟာမက် လိမ်ရာကျမယ် …
ဘုရားဟော မဟုတ်ပါဘူးဆိုရင် … အကုန်လုံး မိုဟာမက် လုပ်ကြံပြောသွားတာ ဖြစ်သွားပြီ … ဒီလိုဆိုရင် အလာက လူတွေရဲ့ ဖန်ဆင်းရှင်မဟုတ်တော့ဘူး .. အလာကိုယ်တိုင် မိုဟာမက်ဖန်ဆင်းတာ ခံလိုက်ရပြီ …

အဲဒီတော့ မွတ်စလင်ဆရာများက မယုတ်မလွန်လေး ပြောကြတယ် … misinterpretation ဖြစ်မှာပါတဲ့ ….
အမှန် ပြောသင့်တာက … သူတို့ ဘာသာ ကိုအာန်မှာ အဲလိုမျိုး အထင်ကရ ရေးသားထားတာ ရှိတယ်ဆို ရှိပါတယ်ပေါ့ …
ဒါပေမယ့်လဲ လက်ရှိခေတ်မှာ အဲဒီလို လူသားမဆန်တာတွေကို ဆက်လက် မကျင့်သုံးတော့ပါဘူးပေါ့ …
အဲဒီလိုမျိုး ပြောသင့်တာပါ ... ဒါပေမယ့် အခြေနေကလဲ အဲဒီလိုပြောဖို့ မဖြစ်သာပါဘူး ...
ကမ္ဘာပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုကြည့်ပြီး လက်ညှိုးထိုးစရာဖြစ်နေလို့ပါပဲ ..

>>>>>(ဆက်ရန်) <<<<<<<


ဓါတ်လုံး

ပြုပြင်ဖြည့်စွက်ခြင်းများစွာနဲ့ ဘိုင်ဘယ်လ်

ကျောက်ကွင်းဝါဒပြိုင်ပွဲ စာအုပ်ထဲကပါ

``ဥပမာ……. ခရစ်သက္ကရာဇ် ၁၃၅၀ ခုနှစ်လောက် ပထမဆုံး အင်္ဂလိပ်ဘာသာအဖြစ် ပြန်ဆိုရေးသားတဲ့ (၀င်ကလစ်ဖ်)ရဲ့ `ဘိုင်ဘလ်´ ခေါ်တဲ့ သမ္မာကျမ်းစာကို `တင်ဒေလ်း´ ရဲ့ နောက်မှ ပေါ်တဲ့ သမ္မာကျမ်းစာနဲ့တိုက်ကြည့်ရင် ကွဲလွဲနေတာတွေ အများကြီးရှိနေတာကို တွေ့ရပါ့မယ်။ အဲဒီလို `ဗားဒေးလ်´ရဲ့ သမ္မာကျမ်းစာကလည်း တစ်မျိုးဖြစ်နေပြန်တယ်။ အဲဒီလိုကွဲ လွဲချက်တွေကို မစဉ်းစားမဆင်ခြင်ပဲနဲ့ Aကုန်လုံးကို သိမ်းကျူံးပြီး ခရစ်တော်က ဒီအတိုင်းဟောခဲ့ တယ်ဆိုရင် ဦးသာဒင်တို့ ကြိုက်ကြပါ့မလား ´´ ။
`` တင်ဒေးလ်´ရဲ့သမ္မာကျမ်းစာကိုလည်း ခရစ်သက္ကရာဇ် ၁၅၆၀ လောက်မှာ `မိုင်းအလ်စ် ကိုဘားဒေးလ် ´ က ပြီးတော့ ပြုပြင်ရေးထားတာကို တွေ့ရပြန်တယ်။ အဲဒီနှစ် လောက်မှာပဲ ဒီဆရာတွေရဲ့ ရေးသားချက်တွေဟာ ခရစ်တော်ရဲ့ တရားများကို ယုတ္တိကင်းမဲ့စေ တယ် ။ လွဲမှားစေတယ် ဆိုပြီးတော့ ဂျာမနီက `မာတင်လူသာ´ တို့က ကိုယ်ကြိုက်သလို ပြင်ပြီး ရေးတာကိုလည်း တွေ့ရပြန်ပါတယ်။ ` တင်ဒေးလ်´က ၊ `ဟီးဘရူး´ကျမ်းကို အခြေခံပြီး ရေးတဲ့ `ဘိုင်ဘလ်´ထဲမှာ `ဂျေရုဆလင်´မြို့ကြီးကို သမုဒ္ဒရာနှင့် ရေလွမ်းသတ်တယ်လို့ ရေးတဲ့အခန်းကို `မာတင်လူသာ´တို့က မကြိုက်ကြဘူး ။ ဒါနဲ့ဒီအခန်းကို ပြုပြင်ပြီး ရေးလိုက်ကြတယ် ´´။
`` အဲဒါတွေကို ကြည့်ရင် ခရစ်ယာန်ရှေးကျမ်းများမှာပဲ တစ်ကျမ်းနှင့်တစ်ကျမ်း ကွဲလွဲ ချက်တွေ ၊ မတူတာတွေ ရှိနေပါတယ်။

Dead sea scrolls ဆိုတာ ပင်လယ်သေနားက ကျောက်ဂူတွေထဲမှာ ရှာဖွေတွေ့ရှိတဲ့ အစောဆုံးရှေးအကျဆုံး ဓမ္မဟောင်းကျမ်း အပိုင်းအစတွေဖြစ်ပါတယ်။ ၁၅၀ ဘီစီကနေ ၇၀ အေဒီအတွင်း အသုံးပြုခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဘီစီ၁၅၀၀လောက်မှာ စတင်ရေးသားခဲ့တယ်ဆိုတဲ့ ဓမ္မဟောင်းကျမ်းရဲ့ အစောဆုံးမူတောင်မှ ဘီစီ၁၅၀မှာပဲစတာဖြစ်တဲ့အတွက်ကြောင့် မူရင်းဖြစ်နိုင်ချေ အင်မတန်နည်းပါတယ်။ အဲဒီကျောက်ဂူတွေနားမှာနေထိုင်ခဲ့တဲ့ ဂျူးတွေအသုံးပြုခဲ့တဲ့ ကျမ်းစာလို့သီအိုရီတွေကဆိုပါတယ်။ ဓမ္မဟောင်းကျမ်းကို အပြည့်အစုံမပါပါဘူး။ မူရင်းကျမ်းလိပ်လုံးဝမဟုတ်ပါ။ မူရင်းကျမ်းလိပ်လို့ပြောချင်ရင် ကမ္ဘာဦးကျမ်းဘယ်သူရေးလဲ၊ မောရှေရေးတယ်လို့ဆိုတဲ့ ကျမ်းငါးအုပ်မှာ မောရှေရဲ့အသုဘအကြောင်း ဘာလို့ပါနေလဲ၊ စတဲ့ မေးခွန်းတွေတန်းစီထွက်လာပါတယ်။ စာရေးဆရာ ဘယ်သူမှန်းတောင်မသိရင် အဲလူရဲ့မူရင်းလက်ရာပါလို့ ပြောဖို့ကမဖြစ်နိုင်ပါဘူး။ ပြီးတော့အခုလက်ရှိဓမ္မဟောင်းနဲ့တူတာဆိုလို့ အဲဒီကျမ်းစာလိပ်တွေရဲ့ ၄၀% ပဲပါတာ တွေ့ရပါတယ်။

ပြီးတော့ပင်လယ်သေကျမ်းလိပ်တွေနဲ့ပတ်သက်ပြီးပြောချင်တာက ဘိုင်ဘယ်လ်ထဲမှာမတွေ့ရတဲ့ Ezekiel, Jeremiah နဲ့ Daniel ပရော်ဖက်စီတွေကို ကျမ်းလိပ်တွေထဲမှာတွေ့ရတာရယ်၊ ဒါဝိမင်းနဲ့ယောရှုကိုရည်စူးထားတဲ့ ဟိုအရင်ကတစ်ခါမှမတွေ့ဖူးသေးတဲ့ ဆာလံကျမ်းတွေပါနေတာရယ်၊ Joseph, Judah, Levi, Naphtali, Amram တို့ရဲ့ နောက်ဆုံးစကားတွေ ပါနေတာရယ်၊ Enoch, Abraham, Noah စတဲ့ ဘိုင်ဘယ်လ်လာပုဂ္ဂိုလ်တွေအကြောင်း အရင်ကမသိသေးတဲ့ ဇာတ်လမ်းတွေပါနေတာရယ် အထူးသဖြင့် ဘုရားသခင်က အေဘရာဟမ်ရဲ့ ၁ဦးတည်းသောသား အိုင်ဇက်ကိုယာဇ်ပူဇော်ဖို့ ဘာလို့စေခိုင်းခဲ့ရလည်းဆိုတဲ့ ရှင်းပြချက်ရယ် စတဲ့စတဲ့ လက်ရှိဘိုင်ဘယ်လ်နဲ့
ကွဲလွဲတဲ့အချက်တွေပါနေပါတယ်။ ဘီစီ၁၅၀၀မှာစရေးတဲ့ကျမ်းတွေကို ၁၅၀-၂၀၀လောက်မှာတွေ့ရတာဆိုတော့ ဒီကြားထဲဘယ်လောက်တောင်များ ဖြည့်စွက်ပြုပြင်ထားမလည်းမသိနိုင်ပါဘူး။ ဓမ္မဟောင်းတင်မကပါဘူး ဓမ္မသစ်မှာလည်း အလယ်ခေတ်ခရစ်ရှန်အသင်းတော်တွေရဲ့လက်ရာ ဖြည့်စွက်ချက်တွေကို နှောင်းလူဘိုင်ဘယ်လ်ပညာရှင်တွေက တိုက်စစ်ကြည့်တဲ့အခါမှာ တွေ့ရပါတယ်။

နောက်တစ်ချက်က death sea scrolls နဲ့ထပ်တူကျပါတယ် အသင်းတော်ပေးစာ ဘာညာတွေနဲ့ ထပ်တူကျပါတယ်လို့ဆိုလို့ တစ်ချက်ပြန်ကြည့်လိုက်မိတဲ့အခါမှာ တွေ့ပါပြီ။ ဘိုင်ဘယ်လ်ပေါင်းသောင်းခြောက်ထောင်ပါ။

Septuagint - ၂၅၀အေဒီ - ဂရိဘာသာစကား

Vulgate- ၄၀၀ အေဒီ၊ ကာသေ့ခ်ျမြို့ညီလာခံမှာ ပထမဦးဆုံးကျမ်းပြုပုံနှိပ်ခဲ့တဲ့ ဘိုင်ဘယ်လ် - လက်တင်ဘာသာစကား

မာတင်လူသာရဲ့ ဂျာမန်ဘိုင်ဘယ်လ် - ၁၅၃၄ အေဒီ

King James Version- ၁၆၁၁ အေဒီ . လူသုံးအများဆုံးမူဖြစ်ပေမယ့် စာရေးသူတွေကဟီဘရူးစာကို ကောင်းကောင်းနားမလည်လို့ အမှားပေါင်းမြောက်များစွာပါနေတယ်။

Revised Standard Version- ၁၉၅၂ အေဒီ၊ အစောဆုံးဖြစ်နိုင်ချေရှိတဲ့ ကျမ်းစာတွေကိုသုံးပြီးတော့ ဘက်မလိုက်ပဲ အမေရိကန်အင်္ဂလိပ်စာသို့ ပြန်ဆိုခဲ့တယ်။

New International Version - ၁၉၆၀-၇၀ အေဒီ. ခေတ်ပေါ်ရှေးရိုးစွဲ အင်္ဂလိပ်မူ

Jerusalem Bible- ၁၉၆၆ အေဒီ. အေဒီ၎ရာစုကတည်းက ကတ်သလစ်အသင်းတော်က တာဝန်ယူပြုစုနေတဲ့ ပထမဆုံးမူ

New Revised Standard Version- ၁၉၉၀ အေဒီ. ပညာရှင်တွေနဲ့ လေ့လာသူတွေကပြုစုထားတဲ့ မူရင်းကျမ်းစာတွေကို အတတ်နိုင်ဆုံးတိတိကျကျဘာသာပြန်ထားတဲ့မူ။

ခရစ်ရှန်များကိုမေးချင်တာက ထာဝရဘုရား၏နှုတ်ကပတ်တော်ဆိုတာ ဒီအထဲက ဘယ်တစ်ခုကိုပြောတာလဲ။ အခုဟာတွေက ဘိုင်ဘယ်လ်မူပေါင်း၁ဒါဇင်လောက်ရှိတဲ့အထဲက အထင်ရှားဆုံးမူကွဲတွေပဲ။ ဘိုင်ဘယ်လ်ကလည်း ခေတ်နဲ့အညီပြောင်းလဲနေပါလား။ နောင်တစ်ချိန်မှာ နောက်ထပ်မူတစ်မူ ထွက်ကောင်းထွက်လာနိုင်သေးတယ်နော်။

အခုရေးထားသလောက်က ဘိုင်ဘယ်လ်မူအမျိုးမျိုးအကြောင်း အကျဉ်းချုပ်ကလေးပါ။ တကယ်တော့ ဘိုင်ဘယ်လ်ကိုထိန်းသိမ်းနေတာ လူသားစဉ်စစ်တွေသာဖြစ်တယ် ဘုရားသခင်မဟုတ်ဘူးဆိုတာ အထင်းသားသိနိုင်ပါတယ်။ ကျမ်းကိုပြင်ဆင်ရေးသားရင် ကျိန်ခြင်းခံရမယ်တဲ့ သိပ်ဟုတ်တာပေါ့ ယေဟောဝါရယ် ကိုယ်ကဘာမှမလုပ်နိုင်တာကို ထိုင်ဆဲနေရုံကလွဲပြီး ဘာများတတ်နိုင်မှာလဲ။ မြန်မာပြည်က တိုင်းရင်းသားပေါင်း၁၃၅မျိုးထဲမှာ ထက်ဝက်လောက်ဘာသာပြန်ပြီးပြီဆိုတဲ့ ဘိုင်ဘယ်လ်တွေကရော ပရိုတက်စတင့်ဘိုင်ဘယ်လ်လား ကက်သလစ်မူလား? ဘယ်မူကိုယူပြီး ဘာသာပြန်ထားတာလဲ? ယုဒသန်ဘိုင်ဘယ်လ်ကရော ဘယ်မူတုန်း? ကြည့်မိသလောက်ကတော့ ယုဒသန်ဘိုင်ဘယ်လ်ဆိုတာ king james bible လည်းမဟုတ် RSV လည်းမဟုတ်။ ပြီးတော့ တိုင်းတစ်ပါးသား အမေရိကန်တစ်ယောက်က မြန်မာပြည်မှာ၃နှစ်ပဲ ဗမာစာလေ့လာပြီး ဟီဘရူး၊ဂရိ၊အာမေးနီးယန်းစကားတွေကနေ ဗမာလိုဘာသာပြန်ခဲ့တဲ့ဘိုင်ဘယ်လ်က ဘယ်လောက်များတိကျမှာလဲလို့ မေးခွန်းထုတ်မိပါတယ်။ ယုဒသန်ထက် အဆပေါင်းမြောက်မြားစွာ အထောက်အပံ့အကူအညီရခဲ့တဲ့ King James bible ဘာသာပြန်တွေတောင်မှ ဘယ်လိုမျိုးတွေမှားနေတယ်ဆိုတာ။ အင်္ဂလန်က King James ရဲ့ လုပ်ပိုင်ခွင့်နဲ့ပြုစုခဲ့တဲ့ဘိုင်ဘယ်လ်နော်။ အခုတော့တော်လိုက်တော့မယ်။ နောက်ပို့စ်တစ်ခုမှာ ဘိုင်ဘယ်လ်ထဲမှာတွေ့ရတဲ့ ပြင်ဆင်ဖြည့်စွက်ချက်တွေကို ရေးဦးမယ်။

ယေရှုနှုတ်ကပတ်တော်လာ မိဘကျေးဇူးဆပ်နည်း

ဤလောကတွင်အဘယ်သူကိုမျှ‘အဖ’ ဟုမခေါ် ကြနှင့်။ သင်တို့တွင်ကောင်းကင်ဘုံရှင်အဖတစ်ပါး တည်းသာရှိ၏။ (ရှင်မဿဲခရစ်ဝင် ၂၃:၉)

ယေရှုခရစ်က သူ့တပည့်များကို သြဝါဒမြွတ်ကြားရာမှာ ဘုရားသခင်ကလွဲပြီး ဘယ်ယောက်ျားကိုမှ အဖေမခေါ်နဲ့ဟူသတတ်။ စဉ်းစားကြည့်ပါလေ။ ယေရှုဆိုသည်မှာ အလွန်ပင်မွေးရကျိုးနပ်သော သားလိမ္မာလေးပါပေတကား။ မိမိကိုပြုစုစောင့်ရှောက်သွန်သင်ပေးခဲ့သော ဖခင်ယောသပ်မျက်နှာကိုမှမထောက်။ ဤသို့ဆိုလျှင် အဘယ်သို့ခေါ်ရမည်နည်း? "ဟေ့ယောသပ် ကျွန်တော့်ကိုဟိုဟာလေးကူပါဦး၊ ယောသပ်ရေ ကျွန်တော့်ကိုဒါလေးရွှေ့ပေးပါဦး" စသဖြင့် ခေါ်ခဲ့တန်ရာ၏။ မထူးဆန်းပါချေ။ အပျိုစင်ကမီးရှူးသန့်စင်ဖွားမြင်သဖြင့် အဖေမရှိဟုဆိုနိုင်ပေသော်လည်း အမေရှိသည်ကား အသေအချာပင်။ ထိုကဲ့သို့မိမိကို ကိုးလလွယ်ဆယ်လဖွား ကျွေးမွေးပြုစုစောင့်ရှောက်လာသော မိခင်အရင်းကိုတောင်မှ အမေဟူ၍တစ်ခါမှ မခေါ်ခဲ့ပါချေ။ ကြည့်လော့...

ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။ မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။(ရှင်ယောဟန်ခရစ်ဝင် ၂:၄-၅)

ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊(ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၆)


ဂါရဝေါစ နိဝါတောမင်္ဂလာ အလျင်းမရှိသော ယေရှူပင်တည်း။ ထိုမျှမကသေး သူ၏သမိုင်းဝင် နောက်လိုက်တစ်သိုက်ကို သင်ကြားထားပုံမှာ အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်းမမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ (ရှင်လုကာခရစ်ဝင် ၁၄:၂၆) ဟူ၍။ မဿဲ၊ လုကာ၊ မာကု၊ ယောဟန်၊ ပေတရုတို့တစ်သိုက်မှာ အဘယ်အတန်းအစားဟူ၍ ဋီကာချဲ့ပြရန်လိုမည်မထင်။ ယေရှူပင်မဆိုထားနှင့်ဦး သူ၏နောက်လိုက်ကဲ့သို့ သားသမီးမျိုးမွေးမိသော မိဘတို့မှာကား ရင်ကျိုးရမည်မှာအမှန်ပင်။ သြော်... မွေးရကျိုးနပ်ပေစွ။ အလားတူပင် ယေရှူခရစ်၏ကမ္ဘာကျော် တောင်ပေါ်မှဒေသနာတော်တွင်လည်း

သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမတို့ ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။- (ရှင်မဿဲခရစ်ဝင် ၁၀:၃၇)
ဟူ၍တစ်နည်း

မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။- (ရှင်မဿဲခရင်ဝင် ၁၀:၃၇) ဟူ၍တစ်ဖုံ

နာကြားရမည်ဖြစ်ပေသည်။ ဤသည်ကား ခရစ်ရှန်ဘာသာမှ သင်ကြားပြသသော မိဘကျေးဇူးဆပ်နည်းဆိုလျှင်လည်း မှားမည်မထင်ပေ။ သို့သော်လည်း ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ခုတစ်မျိုးတော်ကြာတစ်မျိုး ပေါင်းသော်ကား လေးမျိုးဖော်ပြလေ့ရှိသော ထာဝရဘုရား၏သမ္မာကျမ်းတော်မြတ် ဖြစ်သည်နှင့်အားလျော်စွာ ဓမ္မဟောင်းကျမ်းမှ တမန်တော်မောရှေယူဆောင်လာသော ထာဝရဘုရားသခင်ကြီး ယေဟောဝါ၏ ပဉာတ်တော်တစ်ချက်နှင့် သွားငြိလေကုန်၏။

သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။ (ထွက်မြောက်ရာကျမ်း ၂၀:၁၂)


အဖဘုရားသခင်၊ သားတော်ယေရှူ၊ သန့်ရှင်းသောဝိဉာဉ်တော် သုံးပါးပေါင်းမှ တစ်ဆူဖြစ်တော်မူပေထသော သရီးအင်ဝမ်းခရစ်ရှန်ဘုရားများမှာ အချင်းချင်း ထချကြကုန်တော်မူ၏။ အဘယ့်ကြောင့်ဆိုသည်ကိုမူ အသင်စာရှုသူ သဘောပေါက်လောက်ချေပြီ။

ချေပချက်

ယေရှုနောက်လိုက် ခရစ်ရှန်ဆီကနေ ဒီနေ့ပဲပြန်စာရပါတယ်။ ချေပထားတာကလည်း လုံးခြာလိုက်လို့ပါလား။ ခရစ်ရှန်ဧဝံဂေလိသာသနာပြုတွေရဲ့ ထုံးစံအတိုင်းပါပဲ။ ကိုယ်ပြောချင်တာပြောလိုက်ရပြီးရော စာဖတ်ပရိသတ်ကိုမက်ဆေ့ခ်ျပေးလိုက်ရပြီးရော ကိုယ်ပြောတာအဓိပ္ပါယ်ပေါက်မှန်းတောင်မသိဘူး။ လောဂျစ်မတတ်မှန်းကောင်းကောင်းသိသာတယ်။ သူ့ထုံးစံအတိုင်း Circular reasoning တွေနဲ့ဖြေထားပါတယ်။ ပြီးတော့ ခွေးတွေ၊ဝက်တွေနဲ့နှိုင်းဆဲလို့ဆဲ စာတန်၊နတ်ဆိုးနဲ့ နှိုင်းဆဲလို့ဆဲ အရူးလို့ပြောလိုပြော ဆဲရေးတိုင်းထွာခဲ့တဲ့ ယေရှုနည်းတူ လုပ်ရပ်ကို C box မှာတွေ့ရမှာပါ။ ကျွန်တော်တို့ C box မှာ ဆဲချင်ရင်ဆဲလို့ရပါတယ် မဖျက်ပစ်ပါဘူး။ ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတယ်လို့ပဲသဘောထားပါတယ်။ အခုသူချေပတာကိုပြန်ချေပပါ့မယ်။

ခရူဆေဒါ၏ချေပချက်

ယနေ့ဤအဖြေလွှာများတွင် အဆွေကျေနပ်မှုရရှိသည်သော်၎င်း၊ မရှိသည်သော်၎င်း အဆွေသိစေရန် ကျွန်ုပ်ရေးသား သိစေလိုသောအရာမှာ အဆွေတို့သည် အခြားသူတပါးက မိမိတို့အား ရေးသားခြေပသောအခါတွင် လုံးဝကြိုက်နှစ်သက်ခြင်း မရှိကြပါပဲလျှက် မိမိတို့ကိုယ်တိုင်ကား သူတပါးဘာသာတရားကို ထင်သလို ချယ်လှယ်ခြင်းပြုခြင်း၊ မဟုတ်တမ်းရား ရေးသားခြင်း၊ ထုတ်ဝေခြင်း စသည်တို့သည်ကား အဆင့်အတန်းမှန်ကို ပြသနေသော ကျွန်ုပ်တို့၏အနွယ်ကို လူရှေ့သူရှေ့တွင် အရှက်ကွဲစေသော အမျိုးယုတ်သစ္စာ

ကိုယ့်ကိုယ်ကိုယ် မှန်ထောင်ပြီးပြောနေသလားအောက်မေ့ရတယ်။ သူတစ်ပါးကရေးသားချေပတာကို မကြိုက်ဘူးလို့ ဘာလို့ပြောနိုင်တာပါလဲ? ကိုယ့်စိတ်နဲ့နှိုင်းရင် ရိုင်းပေမပေါ့။ ထင်သလိုခြယ်လှယ်တယ်လို့ ဘာအကြောင်းကြောင့်ပြောရတာလဲ? အခြေအမြစ်မရှိပဲစွပ်စွဲရင် စော်ကားရာကျပါတယ်။ ကိုယ့်အဆင့်ကိုယ်ဖော်ပြနေတာပါပဲ။ မဟုတ်တမ်းတရားရေးသားတယ်လို့ပြောရအောင် ဘိုင်ဘယ်လ်ထဲမှာမပါတဲ့အကြောင်းတွေ ကိုးကားပြနေလို့လား? ဘာသာတိုင်းကိုတိုက်ခိုက်ဖို့ ဘာသာဆွယ်နည်းတွေ သာသနာပြုနည်းတွေသင်ကြားပေးတဲ့ ဧဝံဂေလိသင်တန်းတွေကသာ မင်းအခုပြောတဲ့စွပ်စွဲချက်တွေနဲ့ ကွက်တိကိုက်ညီကြပါတယ်။

ခရူဆေဒါ၏ချေပချက်

အထက်ပါ အမေးအဖြေများနှင့် ပါတ်သက်ပြီး စာမေးသူအနေဖြင့် မဟုတ်တမ်းရားများကို ရေးထားသည်ကို ဦးစွာ ရှင်းလင်းလိုပါသည်။ ၄င်းတို့မှာ (၁ ) ပလန်းနက်မှ ပြေးထွက်သွားခြင်းဟူသည် ဘယ်တော့မှ ရှိမည်မဟုတ်ပါ အကြောင်းအရင်းမှာကား အကြိမ်ကြိမ် ပိတ်ပင်ခံလိုက်ရသောကြောင်းသာလျှင် အမည် အမျိုးမျိုးဖြင့် ဝင်ရောက်ကာ ရေးသားရခြင်းပင်ဖြစ်လေသည်ကို ဦးစွာ သိမှတ်ရန်။ (၂) မဟုတ်တမ်းရာရေးထားသည်မျှားကို အမှန်ကြိုက်သောသူများက ဘယ်သောအခါမှ လက်ပိုက်၍ ကြည့်နေနိုင်မည်မဟုတ်သောကြောင့် တနေ့နေ့တချိန်ချိန်တွင် အမှန်ဟူသည် ပေါ်လာမည်မလွဲဆိုသည်ကို သိရှိထားရန်။ (၃) မှောင်ခို တရားဝင်ဖြင့် ဖွင့်လစ်ထားသော ပလန်းနက်မှ ကြောင်သူတော်အများစုသည် စည်းမျဉ်းစည်းကမ်းများ ထားရှိသည်ဟုဆိုသော်ငြားလည်း ထိုစည်းကမ်းတို့မည်သည် လိုရာဆွဲတွေးရေးသော စည်းကမ်းများဖြစ်သည်ကို အားလုံးကသိသောကြောင့် တနေ့ တရား၏ အဆိုအတိုင်း ဒုက္ခရောက်ရမည်ကို သိထားစေလိုပါသည်။

ဘာပဲဖြစ်ဖြစ် လက်ရှိ မေးထားသော မေးခွန်းများကိုကား သင်းအုပ်ဆရာများကိုပင် ခေါ်ဆိုမေးမြန်းရန်မလို၊ အနီးအနားရှိ ဥပုဒ်စာဖြေ ကလေးသူငယ်များကိုပင် မေးပါက ဖြေပေးနိုင်သော မေးခွန်းများဖြစ်သော်လည်း၊ ပညာရှိသတိဖြစ်ခဲဆိုသည့်အတိုင်း သတိလက်လွတ်ဖြစ်သွားသော အဆွေအတွက်ဤနေရာမှရေးသား ဖြေရှင်းပေလိုက်ရပါတော့သည်။


ပလန်းနက်မှာ ပို့စ်တွေကိုဗရပွတင်၊ flooding လုပ်၊ မိုက်မိုက်ရိုင်းရိုင်းဆဲဆို တာသာရှိမယ်။ မင်းပြန်ချေပထားတာ လုံးဝမရှိသလောက်ပဲ။ account အသစ်ပြန်လုပ်လို့ရရင် နာမည်အသစ်နဲ့ဘာလို့ပြန်မချေလဲ? မင်းသာအဆင့်အတန်းရှိရှိလာဆွေးနွေးမယ်ဆိုရင် အချိန်မရွေး welcome ပါ။ ပလန်းနက်တင်မကပါဘူး တစ်ခြားဘယ်ဖိုရမ်မှာပဲသွားလုပ်လုပ် ဒီအချိုးမျိုးနဲ့ဆို အဘန်းခံရမှာပါပဲ။ ပလန်းနက်လို ပြည်တွင်းအခြေစိုက် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာ နိုင်ငံပိုင်ဥပဒေတွေနဲ့အညီ ဖွင့်ထားတဲ့ website တစ်ခုကို မှောင်ခိုတရားဝင်လို့ စွပ်စွဲတဲ့ အကြောင်းကို သိချင်ပါတယ်။ အဖြေဆိုတာကတော့ ကပေါက်တိကပေါက်ချာဖြေရင်လည်းရတာပဲ။ ဟီဘရူးစာမတတ်တဲ့မင်းကို အကြံကောင်းပေးထားခြင်းသာဖြစ်ပါတယ်။ ဘယ်သူဖြေဖြေပါ။ အဖြေမှန်နေရင်တော့ ကလေးလူကြီးမရွေးပါဘူး။ ဒါပေမယ့်ထွက်မပြေးကြေးပေါ့။

ခရူဆေဒါ၏ချေပချက်

အဖြေ။ အပျိုးကညာ မာရိအားဖြင့် ဖွားမြင်ခြင်းကို ခံယူတော်မူခဲ့သော အရှင်သည် အဆွေစာရှုသူဆိုသော လုံမငယ် အပျိုစင်ပင်ဖြစ်ပါသည်။ အကြောင်းကား ရှေးပဝေသဏီကပင် အနာဂတ္တိစကားကို ပေးတော်မူသော ဘုရားမြတ်တို့၏ ဧကဝါစာ စကားတော်အတိုင်း ခရစ်တော်သည် အပျိုးကညာဝမ်းမှပင် ဖွားမြင်တော်မူခြင်းကို ခံယူခဲ့ကြောင်း အရှင်းသား သမ္မာကျမ်းစာတွင် ဤသို့တွေ့ရပါသည်။ သမ္မာကျမ်းစာတွင် မဿဲ၁း၁၈၌ ယေရှုခရစ်သည် ဘွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓွေစွဲနေ၏။ ဧလိရှဖင်သည် ငါးလလွန်သောအခါဟူ၍ လု၁း၂၅-၂၆ တွင်၎င်း၊ အငယ် ၂၆-၃၀ တွင် ကောင်းကင်တမန်နှင့်တွေ့ဆုံပြီးနောက် သွားလည်သည်၊ ထိုမှအပြန်တွင် ကိုယ်ဝန်ရှိနေသည်မှာ အရှင်းသားတွေ့ရပါသည်။ လုပ်ကြံဇာတ်လမ်းမဟုတ်ပါ မြန်မာလိုနှင့် အားလုံးဖတ်ရှုနိုင်ပါသည် ရဟန်း၊ ရှင်လူ၊ ပြည်သူအပေါင်းတို့ခင်များ။

အဆွေသည် အမှန်တရားကိုပင် ကောင်းစွာမမြင်သေးသော ဘဝဖြင့် ဘဝကို အချိန်ကုန်ခံနေမည့်အစား ရခဲလှသော ဘဝတွင် ဘာသာအစွဲ၊ လူမျိုးအစွဲ စသော အစွဲတရား ဒိဋ္ဌိတွေကို ဖြုတ်ကာ နန်းအမတကို တက်လှမ်းနိုင်သူဖြစ်သော လမ်းစကိုသာ အမှန်ရှာကြံနိုင်ပါစေ။

ယေရှုကို အပျိုစင်ကနေဖွားမြင်မယ်ဆိုတဲ့ ပရော်ဖက်စီကို (ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄) ကလွဲလို့ တစ်ခြားဘယ်နေရာမှာ တွေ့နိုင်ပါသေးလဲ? အပျိုစင်ကလေးမွေးခြင်းဆိုတာ လုပ်ကြံဇာတ်စစ်စစ်ပါ။ ဒါဆိုမေးပါ့မယ်။ အပျိုစင်ကလေးမွေးကြောင်းကို မဿဲနဲ့လုကာရေးတဲ့ ကျမ်းတွေကလွဲလို့ တစ်ခြားဧဝံဂေလိ၂ကျမ်းမှာ ဘာလို့မတွေ့ရတာလဲ? မဿဲနဲ့လုကာကျမ်း၂ကျမ်းဆိုတာကလည်း source တစ်ခုတည်းကိုပဲ ယူရေးကြတာပါ။ လေ့လာချင်ရင် http://en.wikipedia.org/wiki/Q_document

source ၁ခုတည်းကယူရေးပြီး ဘာလို့ကျမ်း၂ကျမ်းက တစ်ကျမ်းနဲ့တစ်ကျမ်း ရှေ့နောက်မညီဖြစ်နေတာပါလဲ?

(ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄)မှာ အပျိုစင်မွေးလို့ပြောမထားကြောင်း၊ မိန်းမငယ်တစ်ယောက်က ကိုယ်ဝန်ရပြီးကလေးမွေးမယ်လို့ပြောထားကြောင်းကို မူရင်းဟီဘရူးပါကူးပြပြီး ဟီဘရူးစာတတ်တဲ့ သင်းအုပ်တွေကို သွားရောက်မေးမြန်းခိုင်းတာ။ နားမလည်တဲ့မင်းကို နောက်ထပ် အင်္ဂလိပ်လိုအထောက်အထား

ထပ်ထုတ်ပြပါမယ်။

[Isaiah 7:14] Therefore the Lord himself will give you a sign. Behold, a young woman shall conceive and bear a son, and shall call his name Imman'u-el.(RIV bible)

[Isaiah 7:14] Therefore the Lord himself will give you a sign. Look, the young woman is with child and shall bear a son, and shall name him Immanuel.(NRIV bible)

[Isaiah 7:14] The Lord will give you a sign in any case: It is this: the young woman is with child and will give birth to a son whom she will call Immanuel. (NJB bible)


မင်းကိုငါ ဟီဘရူးလိုကော အင်္ဂလိပ်လိုပါ အကိုးအကားတွေပြလိုက်ပြီနော်။ အဲဒီမှာ New Revised Standard Version ခေါ် NRSV ဘိုယ်ဘယ်လ်ဆိုတာ မင်းတို့အခုသုံးနေတဲ့ King James ဘိုင်ဘယ်လ်ထက် များစွာပိုတိကျပါတယ်။ NRSV ဘိုင်ဘယ်လ်ဆိုတာ ဘိုင်ဘယ်လ်ပညာရှင်တွေက နောက်ဆုံးရှာဖွေတွေ့ရှိထားတဲ့ ကျမ်းလိပ်တွေနဲ့တိုက်ပြီး ပြုစုထားတဲ့ဘိုင်ဘယ်လ်ဖြစ်ပါတယ်။ မင်းတို့သုံးနေတဲ့ဘိုင်ဘယ်လ်မှာ ဘာသာပြန်မှားနေကြောင်း သက်သေပြနေတာကို မင်းကဘာသာပြန်အမှားကြီးနဲ့ပဲ ပြန်ငြင်းနေတာ ဦးနှောက်မရှိလို့ပဲလား? မင်းတို့ဘိုင်ဘယ်မူကွဲပေါင်းများစွာတောင်မှ တစ်ခုနဲ့တစ်ခုတူညီကြတာမဟုတ်ဘူးဆိုတာ အခုသက်သေပဲ။ King James bible အပါအဝင် ကျန်တဲ့ဘိုင်ဘယ်လ်တွေမှာ အပျိုစင်မွေးဆိုပြီး လိမ်ညာဘာသာပြန်ထားပါတယ်။ ဗမာစာကို ၃နှစ်ပဲသင်ယူပြီး ဘာသာပြန်ထားတဲ့ ယုဒသန်ရဲ့ အမှားပေါင်းတစ်ထောင်ဘိုင်ဘယ်လ်ထက် များစွာခိုင်မာပြီး ပင်မကျတဲ့ ဘိုင်ဘယ်လ်အထောက်အထားတွေ ထုတ်ပြထားတာဖြစ်ပါတယ်။ King James bible မှာ ဘယ်လိုတွေ မှားနေတယ်၊ ဖြည့်စွက်ရေးထားတယ်ဆိုတာ နောက်ထပ်ပို့စ်အသစ်မှာ ဖော်ပြပါမယ်။

ဓမ္မဟောင်းထဲမှာ အပျိုစင်ကလေးမမွေးကြောင်းကို ဟီဘရူးလိုကော အင်္ဂလိပ်လိုပါ ဘိုင်ဘယ်လ်အမျိုးပေါင်းစုံနဲ့ သက်သေပြပြီးပြီဖြစ်ပါတယ်။ ဓမ္မသစ်ထဲမှာတော့ ကိုယ်လိုရာဆွဲရေးတဲ့ မဿဲနဲ့လုကာတို့ရဲ့ လက်ရာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဂျူးတွေရဲ့ မေရှိယ ခေါ် ကယ်တင်ရှင်ဘုရားကို ယေရှုဖြစ်ကြောင်း ပူးသတ်ပြီးအကောက်ကြံထားတာတွေကို ဓမ္မသစ်တစ်လျှောက်လုံးမှာ မြင်နိုင်ပါတယ်။ မာရီဟာ တမန်တော်နဲ့တွေ့ပြီး ဝိဉာဉ်တော်အားဖြင့် ကိုယ်ဝန်ရတယ်ဆိုတာ ထွင်လုံးသပ်သပ်သာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မဿဲနဲ့လုကာနဲ့ မွေးသေးတာမဟုတ်ပါဘူး။ ယေရှုကလည်း တစ်ဆင့်ပြန်ပြောပြတာမဟုတ်ပါဘူး။ ဝိဉာဉ်တော်အားဖြင့်သိတယ်ဆိုရင်လည်း ဘာလို့တစ်ကျမ်းနဲ့တစ်ကျမ်း ကွဲလွဲဆန့်ကျင်နေတာပါလဲ? ကောင်းကင်တမန်တော်လာတယ်ဆိုတာ ဘယ်သူသက်သေရှိပါသလဲ? တမန်တော်တွေရှိကြောင်း ဘယ်သူမြင်ဖူးလဲ? ဖြစ်နိုင်ချေအရှိဆုံးကတော့ အိမ်ကနေထွက်သွားပြီး အပြင်မှာကိုယ်ဝန်ရတာပါပဲ။ အဲဒါကအဓိပ္ပါယ်အရှိဆုံးနဲ့ လက်တွေ့အကျဆုံးပါ။ တမန်တော်ကလာတွေ့တယ် သန့်ရှင်းသောဝိဥာဉ်တော်အားဖြင့် ကိုယ်ဝန်ရတယ်ဆိုတာတွေက နတ်သမီးပုံပြင်သာသာပါပဲ။ ကောင်းကင်တမန်တော်နဲ့တွေ့ပြီး သွားလည်တယ် အပြန်ကျကိုယ်ဝန်ရတယ်ဆိုရင် ဘာလို့၂လတည်းနဲ့ ကိုယ်ဝန်ရှိကြောင်း မသိရတာပါလဲ? သေသေချာချာဝေဖန်စမ်းစစ်ကြည့်လေလေ အပျိုစင်ကိုယ်ဝန်ရခြင်းဇာတ်လမ်းက မိုးလုံးပြည့်လိမ်ဆင်ကြီးဖြစ်ကြောင်း သိလေလေဖြစ်ပါတယ်။ မြန်မာလိုဖတ်ဖတ် အင်္ဂလိပ်လိုဖတ်ဖတ် ကုလားလိုဖတ်ဖတ်ပါ။ ဘရိန်းမရှိတဲ့ကောင်တွေက အမှန်တရားကို တွေးမိမှာမဟုတ်ပါဘူး။

ခရူဆေဒါ၏ချေပချက်
ဧမာနွေလ အမည်ဖြင့်မည့်ရမည်ဆိုသည့်အတိုင်း ခရစ်တော်သည် ဧမာနွေလ အရှင်ပင်ဖြစ်ပါသည်။ အကြောင်းမှာကား ဧမာနွေလ အနက်ကား ငါတို့နှင့် အတူရှိတော်မူသော ဘုရားဟူ၍ အနက်အဓိပ္ပါယ်ရပါသည် အင်္ဂလိပ်လို God is with us! ဟူ၍အမည်ကို ကြည်ခြင်းအားဖြင့် အနန္တမျက်မှောက်တော်ဖြစ်တော်မူသော ခရစ်တော်ဘုရားက ငါသည်သင့်ကို အလျှဉ်းစွန်း၍မထားဆိုသည့်အတိုင်း ယုံကြည် ကိုးစားသော သူများအားလုံးအတွက် ဧမာနွေလအရှင် ဘုရားမြတ်ရှင်ပင်ဖြစ်တော်မူသည့်အတိုင်း ဧမာနွေလ အမည်ကို အမှန်ပင် သက်ဝင်ယုံကြည်ခြင်းမှာ ဧကန်ဧက အမှားအယွင်းမရှိသော ခရစ်ယာန်တို့၏ ယုံကြည်ချက်ပင်ဖြစ်လေသည်။

မဿဲ၁း၂၃ တွင် ကြည့်ပါက ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓွေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရလတံ့ ဟုလာသတည်း။ ဧမာနွေလအနက် ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသတည်း။

မေးခွန်း၂နဲ့ပတ်သက်ပြီး အဖြေပေးထားတာမတွေ့ရပါဘူး။ မေးခွန်းနဲ့အဖြေနဲ့လွဲရင် စာမေးပွဲကျတတ်တယ်ဆိုတာ သိပါတယ်နော်? ယေရှုအမေကသူ့ကို ဧမာနွေလလို့ နာမည်ပေးမယ်လို့ ဓမ္မဟောင်းမှာကော အသစ်မှာပါပြောထားတယ်နော်။ ခရစ်ရှန်တွေ လူသားယေရှုကို ပရိုမိုးရှင်းပေးပြီး ဘုရားဇာတ်သွင်းထားလို့ ဧမာနွေလလို့ယုံကြတာပါ။ အခုမေးခွန်းက အဲဒီယုံကြည်မှုကို မေးခွန်းထုတ်တာပါပဲ။ ယေရှုကိုဘယ်သူကမှ ဧမာနွေလလို့မခေါ်ခဲ့ပါဘူး။ မင်းပြောပုံအရဆိုရင် ဓမ္မဟောင်းပရော်ဖက်စီအရ ဧမာနွေလလို့ခေါ်တာမဟုတ်ပဲ ယေရှုနောက်လိုက်တွေကြောင့် ဧမာနွေလလို့ယုံတယ်လို့ ဆိုလိုရင်းရောက်သွားပါတယ်။ အခုပရော်ဖက်စီကလည်း ဂျူးတွေယုံကြည်တဲ့ မျှော်လင့်စောင့်စားနေတဲ့ မာရှီးယားဘုရားကို ပြောတာသာဖြစ်ပါတယ်။ ယေရှုမဟုတ်ပါ။ သားတော်ခရစ်မဟုတ်ပါ။ ဂျူးတွေကိုကယ်တင်မယ့် ဂျူးဘုရားအကြောင်းပြောထားခြင်းစစ်စစ်ပါ။ ခရစ်ရှန်ကျမ်းစာရဲ့ ၃ပုံ၂ပုံလောက်က ဂျူးကျမ်းစာတွေဆိုတာလည်း မမေ့ပါနဲ့။ ခရစ်ရှန်တွေရဲ့ လုပ်ကြံပူးသတ်ထားတဲ့ လိမ်ဆင်ပေါင်းမြောက်များစွာထဲက တစ်ခုပေါ့။ အခုခေတ်ဘာသာပေါင်းစုံ ခရစ်ရှန်သာသနာပြုတွေအပေါ်မှာ သတိထားရမယ့်အချက်ပဲ။

ခရူဆေဒါ၏ချေပချက်
အဖြေ။ ယေရုရှလင်မြို့အနီး ဗက်ဖာဂေရတွင် ခရစ်တော်ဘုရားက မြည်းကလေးကို စီးလျှက် ဝင်ရောက်သောနေရာတွင် အဆွေပြောသည့်အတိုင်းပင် အမှန်ဖြစ်ပါသည်။ ထို့အတူ အဆွေဖေါ်ပြထားသော စစ်သူကြီးအသွင်ယူဆောင်ထားသော အနာဂတ္တိစကားသည်လည်း နောင်လာမည့် ခရစ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်မည့်အရှင်ဖြစ်ကြောင်းကို နီးစပ်ရာ အသင်းတော်တွင် ခံယူလေ့လာနိုင်ပါသည်။ ဤနေရာတွင် ခရစ်တော်၏ အသက်စွန့်လှုအသေခံတော်မူခြင်းသည် သင်နှင့် ကျွန်ုပ်တို့ လုံးဝ တရားသဘောအားဖြင့် လွတ်လမ်းမရှိ ငရဲတွင် အပါယ်ဆိုက်ရောက်ရမည်ကို မလိုလားသော ဘုရားမြတ်က တပါးတည်းသော သားတော်ကို စေလွှတ်ကာ အပါယ်တံခါးကိုပိတ်စေ၍ ထာဝရ နန်းအမတကို ဖွင့်ထားပေးသော အချိန်ကာလကို ကျေးဇူးတော်ကာလဟု ဆိုထားသော်လည်း နောင်တွင်ကား ခရစ်တော်ဘုရား၏ ဒုတိယ ကြွလာတော်မူခြင်းတွင်ကား ကျေးဇူးတော်မရှိ ခရစ်တော်ဘုရား၏ မျက်မှောက်တော်တွင် လူတိုင်း ဒူးထောက်ဝန်ခံကာ အရှင်သခင်အဖြစ် အသိအမှတ်ပြုကြရသော်လည်း တမလွန် အပါယ်ငရဲသည်ကား လုံးဝ ရှောင်လွှဲမရတော့ပေ။
မေးခွန်း(၃) အတွက်က ဥပမာလွဲနေပါတယ်ခင်ဗျား။ လူမျိုးတကာတို့ကို တရားစီရင်မည့်အရှင် ဆိုရင်လည်း တရားသူကြီးဖြစ်သွားမှာပေါ့။ စစ်သူကြီးဘယ်ဟုတ်တော့မလဲ။ ယေရှုက စစ်လေးကိုလည်းမဖျက်ခဲ့ပါဘူး။့ စစ်ပြေငြိမ်းရေးလည်း မလုပ်ခဲ့ပါဘူး။ ဂျေရုစလင်မြို့ကြီးကိုလည်း ဖျက်ဖို့နေနေသာသာ ကားစင်ထက်မှာ သေခြင်းဆိုးနဲ့ သေခဲ့ရပါတယ်။ အခုဟာကတော့ ငရဲ့နဲ့ခြောက် ကောင်းကင်ဘုံနဲ့မြှောက် ဒါတွေနဲ့ပဲလုံးခြာလိုက်နေတဲ့ ခရစ်ရှန်ဘာသာရဲ့ နောက်ထပ်မက်လုံးတစ်ခုဖြစ်ကြောင်းပါ။

ခရူဆေဒါ၏ချေပချက်
အဖြေ။ သမ္မာကျမ်းစာနှင့် စပ်လျှဉ်း၍ အဆွေစာရှုသူက မွတ်ဆလင်တစ်ဦးထံမှ ယူထားသည်ဟု ဆိုသော်လည်း မဖြစ်နိုင်ပါ အကြောင်းကား မွတ်ဆလင်တို့သည် အဆွေထက် ဤနေရာတွင် သာ၍သိရှိနားလည်နိုင်သောကြောင့် သွေးထိုးစကားဆိုသော်လည်း ယုံနိုင်စရာ ယုတ္တိမတန်ပါ။ သို့သော် အဖြေမှာကား သမ္မာကျမ်းစာကို ကျွန်ုပ်တို့က ဘုရားမြတ်၏ ဧကဝါစာ စကားတော်မြတ်အဖြစ်ယုံကြည်လက်ခံသည့်အတိုင်း ဆက်လက်၍လည်း ယုံကြည်နိုင်ပါသည်။ အကြောင်းမှာ သမ္မာကျမ်းစာသည် ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်ဆိုသော တစ်ဆူတည်း အတုမရှိသော ဘုရားမြတ်က စကားဖြင့်သာ ဆိုထားရုံသက်သက်မဟုတ် လက်တွေ့လည်း ကမ္ဘာက အသိပင်ဖြစ်ပါလေတော့သည်။ မူပေါင်းများစွာ ရှိနေသည်ဆိုသည်မှာလည်း အဆွေတို့လို ပါဠိသာလျှင် နိဗ္ဗာန်သွားရာ လမ်းတစ်ခုလို မသတ်မှတ်ထားသလို လူမျိုးတကာတိုင်းအတွက် ဖြစ်သောကြောင့် လူမျိုးတကာ နားလည်နိုင်ရန်အလို့ငှါ အင်္ဂလိပ်စကားပြေ အမျိုးမျိုးဖြင့် ရေးသားထားပါသည်။ သို့သော် ဘုရားမြတ်၏ စကားတော်ကို လုံးဝမမှားမယွင်းနိုင်သည့်အကြောင်းကို သင်္ဃာယနာ တင်သောစည်းမျဉ်းတွင်ကြည့်ပါက မူရင်း ပုရပိုဒ်စာသာဖြစ်ကြောင်း အဆွေသိနိုင်ပါစေ၊ တဖန် နီးစပ်ရာတွင် အသင်ပြောသော စကားများထဲမှ ဂျိန်းစ်ဘုရင်မူကွဲတွင် အဆွေပြောသော အမှားဟူသည်ကို ကြည့်လိုမြင်လိုပါကြောင်း ပြောကြားရင်း ဤနေရာတွင် ရပ်နားလိုက်ပါသည်။
မေးခွန်း(၄) ။ မွတ်ဆလင်တစ်ဦးဆီကယူတယ်လို့ ငါဘယ်မှာပြောထားလို့လဲ ပြောစမ်းပါဦး? ဒီမှာ source http://wiki.answers.com/Q/How_many_different_versions_are_there_of_the_Bible
အခုပြောထားတဲ့ ဘိုင်ဘယ်လ်မူတွေဆိုတာ ဘာသာပြန်ကွာရုံတင်မဟုတ်ပါဘူး။ ယူရေးတဲ့ source တွေလည်းကွဲပြားပါတယ်။ အောက်ကပို့စ်မှာ ဘိုင်ဘယ်လ်လာပြင်ဆင်ဖြည့်စွက်ခြင်းတွေထဲက တစ်ချို့ကို ရေးပြထားပါတယ်။ ပြန်ချေပပါ။ ဗုဒ္ဓတရားတော်တွေကို အင်္ဂလိပ်လိုလည်းဟောပါတယ် ကုလားလိုလည်းဟောပါတယ် ဂျပန်လိုလည်းဟောပါတယ်။ ကမ္ဘာအနှံ့က ဗုဒ္ဓဘာသာတရားစခန်းတွေမှာ ပါဠိလိုဟောတာရှားပါတယ်။ ပါဠိလိုဟောမှ နိဗ္ဗာန်ရောက်မယ်လို့ တစ်လုံးတစ်ပါဒမှ ဗုဒ္ဓဘာသာကျမ်းဂန်တွေထဲမှာ မပါရှိပါ။ ဒါပေမယ့် မူရင်းကျမ်းစာလာ ဘာသာစကားတွေနဲ့ ဘာသာပြန်နဲ့ ကွဲလွဲရင် အမှန်တရားကိုမြင်နိုင်မှာမဟုတ်ပါဘူး။ ဒါဘာသာတိုင်းနဲ့ဆိုင်ပါတယ်။ အခုလည်းကြည့် ဟီဘရူး၊အာမေးနီးယန်း၊ဂရိလိုမတတ်တဲ့ ကမ္ဘာတစ်ဝန်းကခရစ်ရှန်တွေကို ညာစားလာတာ နှစ်ပေါင်း၂၀၁၀ကျော်ခဲ့ပါပြီ။ နောက်ဆက်ပြီးတော့လည်း လိမ်စားညာစားကြဦးမှာပါပဲ။ အဲဒီတော့ ဘိုင်ဘယ်လ်လာစကားတွေဆိုရင် ချင့်ချိန်ယုံကြဖို့ သတိပေးအပ်ပါတယ် ခရစ်ရှန်မဟုတ်တဲ့ သူတော်စင်အပေါင်းတို့။ မူရင်းပုရပိုဒ်ဆိုတာ ဥပမာပြောရင် စာရေးဆရာက ပုံနှိပ်တိုက်ကို စာမူအပ်တယ်ဆိုပါစို့။ သူ့ရဲ့စာမူကသာ မူရင်းဖြစ်နိုင်မယ်။ နောက်ထွက်လာတဲ့ဟာတွေက ကော်ပီတွေပါပဲ။ ပင်လယ်သေနားက ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ ကျမ်းစာတွေဟာ မူရင်းမဟုတ်ပါဘူး။ တွေ့ရှိရတဲ့ကျမ်းစာတွေထဲမှာ အစောဆုံးဖြစ်ရုံပါပဲ။ အဲဒီအကြောင်းကို သက်ဆိုင်ရာပို့စ်မှာဖတ်နိုင်ပါတယ်။ King James bible အကြောင်းကို ပို့စ်အသစ်တင်ပြီး ရေးပါ့မယ်။ ခရစ်ရှန်အချင်းချင်းက လေ့လာရှာဖွေပြထားတဲ့ အမှားတွေ ဖြည့်စွက်ချက်တွေကို ဖော်ပြပေးပါ့မယ်။ စောင့်ဖတ်ကြပါ။

ခရူဆေဒါ၏ချေပချက်
အဖြေ။ အဆွေပြောသော သားအမိပုံပြင်သည် မြန်မာပြည်တွင် ခေတ်စားနေသော ညအိပ်ရာဝင်ပုံပြင်တွင်သာ အသုံးပြုသင့်ပါသည်။ အကြောင်းမှာ သမ္မာကျမ်းစာတွင် ယုံကြည်သူမည်သည် ဘယ်သောအခါမျှ ကောင်းကင်တမန်ဖြစ်သွားသည်ဟု ဆိုရိုးစကားမရှိသလို ဖြစ်လာမည်လည်း မဟုတ်ပေ။ တဖန် ငရဲသွားသော သားအတွက် မျက်ရည်ကြီးငယ်ကျစရာလည်း အကြောင်းမရှိပါ ကောင်းကင်နိုင်ငံတည်းဟူသော အို၊ နာ၊ သေခြင်း၊ ပူဆွေးသောက၊ ဒုက္ခကြီးငယ် အသွယ်သွယ်လည်း မရှိသောကြောင့် အဆွေပြောသော ပေါက်တတ်ကရမျိုးလည်း မရှိနိုင်တော့ပေ။ လူသည် တခါတည်းသေ၍ ထို့နောက်တရားစီရင်ခြင်းခံရမည်ဆိုသည့်အတိုင်း အဆွေသည်လည်း တနေ့တွင် ထိုစီရင်ခြင်းအတွက် အသင့်ရှိမရှိသာဂရုပြုခြင်းဖြင့် အနာဂတ်ကိုရင်ဆိုင်နိုင်ပါစေ။
မေးခွန်း(၅) logical မေးခွန်းတွေကို စဉ်းစားနိုင်လောက်တဲ့ ဦးနှောက်တောင်မပါရှာဘူးပဲ။ ငါပြောတဲ့အိန်ဂျယ်ဆိုတာ ကောင်းကင်ဘုံပေါ်မှာ အဖြူတွေဝတ် အတောင်တွေပေါက်နေတဲ့ သတ္တဝါတွေကိုပြောတာလေ။ ကောင်းကင်တမန်တော်လို့ မဆိုလိုဘူး။ မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။ (ကမ္ဘာဦးကျမ်း ၆:၆) ဖန်ဆင်းရှင်ဘုရားသခင်ကြီး ယေဟောဝါတောင်မှ နောင်တရပြီး နှလုံးတော်ပူပန်နေပါတယ်ဆိုမှ သူ့ဖန်ဆင်းခံတွေကကော ဘယ်ပူဆွေးသောက ကင်းနိုင်မှာလဲ။ ပေါက်တက်ကရဆိုတာ ငါလား ဘိုင်ဘယ်လ်လားဆိုတာ သေချာပြန်စဉ်းစား။ အခုငါဘိုင်ဘယ်လ်ထဲက ပေါက်တက်ကရတွေကို ထုတ်ပြနေတာနော် အကိုးအကားနဲ့။ တရားစီရင်တဲ့နေ့ဆိုတဲ့ နတ်သမီးပုံပြင်တွေနဲ့ လူတွေကိုခြောက်သိလား။ လူတွေကြောက်လေလေ မင်းတို့ဧဝံဂေလိလုပ်ငန်းစဉ်တွေ အောင်မြင်လေပဲ။ တရားစီရင်တဲ့နေ့ရှိတယ်ပဲဆိုပါစို့ လူတွေအကုန်လုံးစုဝေးပြီးစီရင်ခံရင် သားနဲ့အမေနဲ့တွေ့ကြမှာပဲ။ မတွေ့တောင်မှ အမေလုပ်တဲ့လူက သားလုပ်တဲ့လူကို သတိရမှာပဲ။ ကောင်းကင်ဘုံမှာ အရွေးခံလိုက်ရပြီဆိုတာနဲ့ သစ်တုံးကြီးတွေလို စိတ်ခံစားချက်မရှိတော့ဘူးလား ပြောပါဦး? စိတ်ခံစားချက်လည်းရှိတယ် လက်တွေ့လည်းသိလိုက်ရပြီဆိုရင် အထက်မှာသက်သေပြထားတဲ့အတိုင်း ကောင်းကင်ဘုံမှာပူဆွေးသောကရှိနေသေးလို့ ဒီအမေလုပ်တဲ့သူဟာ သေချာပေါက် ဝမ်းနည်းပူဆွေးမှာ မြေကြီးလက်ခပ်မလွဲပါဘူး။

ခရူဆေဒါ၏ချေပချက်

အဖြေ။ ပြည့်စုံ၍ သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားရှင်က ဤလောကနှင့် ကျွန်ုပ်တို့အား ဖန်ဆင်းခြင်းသည် မပြည့်စုံ၍ မဟုတ်သလို သင့်နှင့် ကျွန်ုပ်တို့ကို ဖန်ဆင်းပေးခဲ့သည်ကိုပင် ကျေးဇူးတသိတတ်သော အဆွေလောက် မိုက်မဲသောသူသည် ရှိမည်မဟုတ်ပေ ( အို၊ နာ၊ သေခြင်း အကြောင်းများ အဖြေကို အရင်ပိုစ့်တွင် ကြည့်ပါ မေးခွန်းပြန်ထုတ်ရန်မလိုတော့) ။ ဘုရားမြတ်ရှင်၏ အဖြစ်တော်တွင်၊ မာရ်ငါးပါး၊ သဗ္ဗညုတ၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗစက္ခု၊ အနာဂတဿ၊ ဣဒ္ဓိဝိဒ၊ စသော တန်ခိုးတော်အစုံ ညာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါသည်။ ၄င်းအရာကို အဆွေလည်း အသိပင်။ တဖန် ဤကား အဖြစ်တော်သာလျှင်ဖြစ်ပြီး၊ တန်ခိုးတော်အားဖြင့် ဖန်ဆင်းရာတွင်။ ပြည့်ဝစုံလင်တော်မူသော ဘုရားမြတ်က ဖန်ဆင်းခြင်းသည် လူသားများအတွက်ဟူ၍ အတိအလင်းဆိုထားသည်ကို ကြည့်ပါက….

ဟေရှာယ အနာဂတ္တိကျမ်းတွင် ၄၅း၁၈ မှ ၁၉ တွင်

ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊ အချည်းနှီးဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသောဘုရားသခင် မိန့်တော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။ ၁၉ငါသည်တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည်ဖြောင့်မတ်စွာ ပြော၍အတည့်အလင်း ဟောတတ်သောထာဝရ ဘုရားဖြစ်၏။ တဖန်ကျိုးကြောင်း ခိုင်လုံသောမူကိုကြိုက်သော အသင်သည် ဂေါတမ၏ ကနဦး ကြွေးကြော်ခြင်း သုံးခုကို ပြန်လည် မြင်ယောင်ကြည့်လိုက်ပါဦး မိတ်ဆွေ။ အဖြစ်တော်နှင့် တန်ခိုးတော်ကို ကွဲကွဲပြားပြား ခြားနားစွာနားလည်နိုင်ပါစေ အဆွေ။

မေးခွန်း(၆) အင်း.. ဒီမေးခွန်းမှာလည်းအဖြေမပါပြန်ဘူး။ အဲဒီအရာရာပြည့်စုံပါတယ် တန်ခိုးပေါင်းစုံနဲ့မလုပ်နိုင်တာမရှိပါဘူးဆိုတဲ့ ဘုရားသခင်ကြီးကိုငါမေးခွန်းတစ်ခုမေးမယ်ကွာ။ သူမ မနိုင်လောက်အောင်ကိုလေးတဲ့ ကျောက်တုံးတစ်တုံးကို သူဖန်ဆင်းနိုင်လား ပြောပါဦး? ပြီးတော့ ဘိုင်ဘယ်လ်လာ ဘုရားကြီးယေဟောဝါ မလုပ်နိုင်တဲ့ကိစ္စတွေရှိကြောင်း မပြည့်စုံကြောင်းကို ဘိုယ်ဘယ်လ်နဲ့ပဲ ပြန်သက်သေပြပါမယ်။

ထာဝရဘုရားသည် ယုဒနှင့် အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသောသူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကိုမနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည်သံရထားရှိကြ၏။ (တရားသူကြီးမှတ်စာ ၁:၁၉)

မကျန်းမာသော သူအချို့တို့အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။ (ရှင်မာကုခရစ်
၆:၅)

အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်း ဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကိုအမှီပြု၍၊ ကိုယ်ရှေ့၌ ထားသောမြော်လင့်ရာကို ခိုလှုံခြင်းငှါပြေးသောငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။ (ဟေဗြဲသြဝါဒစာ ၆:၁၈)

ကဲ မောင်ရင်လေး မင်းတို့ဘုရားကြီးမလုပ်နိုင်တဲ့အလုပ်တွေကို လော့ဂျစ်အရကော ဘိုင်ဘယ်လ်အရပါ သက်သေပြပြီးပြီနော်။ တို့ရှင်တော်မြတ်ဘုရားက အနတ္တလို့ဟောခဲ့တာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်ကတည်းကပါကွာ။ အနတ္တကိုဆန့်ကျင်ပြီး ယုံကြည်ကြတဲ့ အတ္တဆိုတာကလည်း ယုံတမ်းပုံပြင် ဒဏ္ဍာရီသက်သက်ပါကွယ်။ အဲဒီအကြောင်းတွေကိုလည်း ကြုံရင်ကြုံသလို ငါသက်သေပြနေသားပဲ။ ဘုရားသခင်က လူတွေကိုဘာလို့ဖန်ဆင်းလဲလို့မေးတာကို ဖန်ဆင်းခြင်းကလူတွေအတွက်လို့ဖြေတယ်နော်။ အမေးနဲ့အဖြေနဲ့က ကွက်တိပဲ(ရွဲ့တာ)။ မင်းအဲဒီအဖြေကိုမသိဘူးမဟုတ်လား။ ယေဟောဝါကြီးက အာဒမ်နဲ့ဧဝကို အေဒင်ဥယျာဉ်ထဲမှာ မာလီအနေနဲ့ ခိုင်းစားချင်လို့ ဖန်ဆင်းထားတာ။
ပြမယ်ကြည့်
ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှါ ထားတော် မူ၏။ (ကမ္ဘာဦးကျမ်း ၂:၁၅)

ကိုယ့်အိမ်မှာခန့်ထားတဲ့ အိမ်ဖော်တွေ မာလီကုလားတွေကိုတောင်မှ အဝတ်အစားဝယ်ဆင်ပေးရပါတယ်။ အခုကြည့်ပါဦး ကျွန်ပိုင်ရှင်ကြီးယေဟောဝါက အာဒမ်နဲ့ဧဝကို ရာသီဥတုဒဏ်ကာကွယ်ပေးမယ့် ဟီရိသြတပ္ပတရားကို ထိန်းသိမ်းပေးမယ့် အဝတ်အစားကို မဝတ်စေခဲ့ပါဘူး

ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ကြ၏။ (ကမ္ဘာဦးကျမ်း ၂:၂၅)

ကဲ အဖြေမရှိသေးတဲ့မေးခွန်းကို ပြန်မေးပါ့မယ်။ ဘုရားသခင်က ဘာလို့ဖန်ဆင်းတာလဲ? သူ့ဘာသူတစ်ယောက်တည်း ဘာလို့မနေနိုင်ရတာလဲ?

ခရူဆေဒါ၏ချေပချက်

အဖြေ။ မောရှေသည် ပညတ္တိကျမ်းငါးကျမ်းကို ရေးသားရသည့်အရာအတွက် ဒုက္ခကို တွေးကာ သနားမိပါသည်။ ကြည့်ပါ ထိုအဖြစ်အပျက်ကိုသာမက နောင်ကြွလာမည့် ကယ်တင်ရှင် အကြောင်းနှင့် စပ်လျှဉ်း၍ပင် ကမ္ဘာဦး ၃း၁၅ တွင်တွေ့ရခြင်းက အဘယ့်ကြောင့်နည်း။ ဘုရားရှင်သည် သူ၏ အနာဂတဿညာဏ်တော်ဖြင့် ဖွင့်ပြထား၍ ရေးသားထားသော ထိုကျမ်းငါးကျမ်းကို ရေးသားသော မောရှေအား အသင်နောက်ထပ်မည်ကဲ့သို့သော မေးခွန်းဖြင့် ဘုရား၊ တရားရေးရာတွင် မိုက်တွင်းနက်နေဦးမည်နည်း။

ဟေဗြဲသြ၀ါဒ စာစောင်အား ပေါလုရေးသားခဲ့ပါသည်။ အထောက်အထားကို ကြည့်လိုပါက.. ပေါလုသည် နို့အား အမြဲတမ်း မရင့်ကျက်သော အသက်တာကို အမြဲပြောခဲ့သလို၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဆိုသော စကားကို ( ရောသြ၀ါဒ၊ ဂလာတိ၊ နှင့် ဟေဗြဲ) ရေးခဲ့သည်။

မေးခွန်း(၇)။ ဒီတစ်ခုလည်းမဖြေနိုင်ပါလား။ ကမ္ဘာဦးကျမ်းက မောရှေရေးတာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တရားဟောရာကျမ်းမှာ မောရှေသေတဲ့အကြောင်းကို ဖော်ပြထားတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် မောရှေရေးတဲ့စာအုပ်မဖြစ်နိုင်ဘူး ဒါမှမဟုတ် မောရှေတစ်ယောက်တည်းရေးတာ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချတယ်။ ကမ္ဘာဦးကျမ်း ၃:၁၅ မှာလည်း လူကမြွေတွေရဲ့ခေါင်းကိုတက်နင်းမိမယ် မြွေကလည်းလူကိုပြန်ပေါက်မိမယ်လို့ common sense နဲ့ပြောထားတာပါ။ အဲဒါကို ရှင်ပေါလုတို့လို ကျမ်းပြင်ဆရာတွေက ကိုယ်လိုရာဆွဲပြီး မာရှီးယားပရော်ဖက်စီအဖြစ် အဓိပ္ပါယ်ဖွင့်ကြတာပါပဲ။ ဂျူးတွေကတောင်မှ အဲဒီ ၃:၁၅ ကို မာရှီးယား ပရော်ဖက်စီအနေနဲ့ မသတ်မှတ်ကြပါဘူး။ ဟေဗြဲသြဝါဒစာကို ပေါလုရေးတယ်ဆိုရင် ဘာလို့သူ့ရဲ့တစ်ခြားကျမ်းတွေလို အစပိုင်းမှာ သူ့နာမည်မဖော်ပြထားတာပါလဲ?

(ဆက်ပါဦးမည်)

ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း ကြီးပွါးတိုးတက် ကြသည်- ၂

အများသိနေကြ ဖြစ်တဲ ဗုဒ္ဓ၀င် ကို ပဲ လေ့လာကြည့်ကြရအောင်။

ဗုဒ္ဓဘုရား မပွင့် ခင် အချိန်က ဒီကမ္ဘာမှာ ဗုဒ္ဓဘာသာ ၀င် ရှိပါသလော။ မရှိဟု ပဲ အဖြေထွက်ပါမယ်။

သစ္စာလေးပါးကို သယမ္ဘူဥာဏ် ဖြင့် ကိုယ်တိုင် ထွင်းဖေါက်သိမြင်တော်မူပြီးနောက် သတ္တ၀ါ ဝေနေယျ အများ .. အား အလို အကြိုက် စရိုက် အားလျှော်စွာ ထိုသိထားတဲ့တရားကို ဟောကြားပေးတော်မူပါတယ်။ ဆို ဆုံးမ ပေးတော်မူခဲ့တယ်။ ပထမ ၀ါ အတွင်း.. ပဉ္စ၀ဂ္ဂီ ငါးပါး နှင့် ယဿသတိုးသား နဲ့သူငယ်ချင်း အပေါင်း .. ရဟန်းပြုကြတယ်။ ပထမ ၀ါအပြီး..မှာတော့.. လောကမှာ ရဟန္တာပေါင်း ၆ ကျပ်နဲ့ ၁ ပါး ပေါ်ထွန်းလာခဲ့၏။

ရဟန်းတို့.. ခရီးထွက်ကြ.. တစ်ကြောင်းတည်း သော ခရီး ကို နှစ်ပါး မကြွ နဲ့...စသည်ဖြင့် . သာသနာပြု သြ၀ါဒ ပေးတော်မူပါတယ်။

အသေချာစဉ်းစားကြည့်ပါ။

မြတ်ဘုရား သာသနာပြုစေလွတ်တော်မူတဲ့အရပ်ဒေသ ဆိုတာ ဘာသာခြားတွေ ချည်းပါ။ ဘယ်ဗုဒ္ဓဘာသာ တစ်ဦးတစ်ယောက်မှ မရှိကြတဲ့ အရပ်။

ရောက်ရာအရပ်မှာ အယူဝါဒ ပြိုင်ပွဲတွေ၊ စကးစစ်ထိုးပွဲတွေ ဖြစ်ခဲ့ ပါတယ်။

အရှုံးပေး ရသူက တပည့်ခံ ကြေး ဆိုပြီး စိန်ခေါ် ၀ါဒပြိုင်ပွဲများပင်လျှင် ပိဋကတ် မှာ မှတ်တမ်းတင်ထားတာ မှတ်သားမိပါတယ်။

သုတ္တန်ဒေသနာတော် အတော်များများ ရဲ့ အဆုံး တွေမှာ..

”အရှင်ဘုရား..အကျွနုပ်သည် အသျှင်ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော် ကို လည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာ ဘုရား သည် အကျွနုပ် ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာ သုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါ ဟု (လျှောက်၏)။ ”

ဆိုတဲ့ စကားရပ်တွေ ကို ဖတ်ရှုရတယ်။

တကယ်တော့ ရတနာ သုံးပါးကို ကိုးကွယ်ပါတယ်.ဆိုခြင်းဟာ ဘာသာခြားမှ ဗုဒ္ဓဘာသာ အဖြစ် ကူးပြောင်းခြင်း မဟုတ်ပါလား။


ယနေ့ မြန်မာအများစု ကတော့ ..တလွဲအယူမှား တွေ နဲ့ အခြေခိုင်နေကြပါ၏။ ဘာသာခြားကို ဗုဒ္ဓတရား မဟောရ ဟု အယူစွဲမှား နေကြတယ်။ ဘာသာရေးဆိုင်ရာ ဖေါ်ဝပ်မေး တစ်ချို့ ရဲ့အောက်မှာ..တကယ်၍ ဤစာကို ဘာသာခြား တွေ လက်ခံရရှိပါက ... ဆောရီး ပါ..တဲ့။ လွဲ သမှ တကယ့် ကို အလွဲ။

တကယ်တော့....

ဘုရား သာ သနာ တည်ခဲ့တာ လွယ်လွယ်နဲ့တော့ မဟုတ်။ ထိုခေတ်က ပေါ်ထွန်းနေခဲ့တဲ့အယူဝါဒ မျိုးစုံ ကြား .၀ါဒချင်းယှဉ်ပြိုင် အနိုင်ယူကာ. .ယူနီဗာဆယ် အမှန်တရား ဆိုတာ ဒါပဲ ဆိုပြီး. ရဲ့ဝံ့ ပြတ်သား စွာ ချပြ နိုင်ခဲ့ပါတယ်။ ထို့ကြောင့် ပင်.. ဘုရားပွင့်ပြိး နောက် ၄၅ နှစ် အကြာ.အိန္ဒိယ မှာ သာသနာအရှိန်အဟုန်ကောင်းစွာ ထွန်းကားခဲ့ပါတယ်။


တကယ်တော့ ရှိပြီးသားသာသနာ ကို အစဉ်တည်တံ့ စေဖို့ အားလုံးမှာ တာဝန်ရှိပါ၏။ နောင်တစ်ချိန် ပေါ်ပေါက်လာမဲ့ အတွင်း အပြင် ဓမ္မန္တရယ်များ ကို.. ဘယ်နည်း ဘယ်ပုံ ဖြေရှင်းရမယ်၊ ချေမှုန်းရမယ်..ဆိုတာ နည်းစနစ် ဥပဒေ သများ..ဘုရားရှင် အပြည့်စုံ ချပြ ဟောကြားတော်မူခဲ့ပါ၏။



ထိုအကြောင်းကို ဒီဃနိကာယ်. မဟာပရိနိဗ္ဗာန်သုတ်တွင် မှတ်တမ်းတင်ထားသည်မှာကား...........


အသျှင်ဘုရား၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုရန် အချိန်တန်ပါပြီ။

အသျှင် ဘုရား၊ မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ “ မာရ် နတ် ငါ၏ တပည့် ရဟန်းတို့သည်. ( ရဟန်းမိန်းမ တို့သည်၊ ဥပါသကာ တို့သည်၊ ဥပါသိကာမတို့သည်) အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကိုသင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒ ကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုမဟောပြနိုင်ကြကုန်သေး၊ ထိုမျှ လောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန် ပြုတော်မူမည်မဟုတ်“ ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည်. ( ရဟန်းမိန်းမ တို့သည်၊ ဥပါသကာ တို့သည်၊ ဥပါသိကာမတို့သည်) တတ်သိလိမ္မာရှိကြပါပြီ။ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ တရားနှင့် လျော်သောတရားကို ကျင့်နိုင်ကြပါပြီ။ လျော်သော အကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့် လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ။ ဖြစ်ပေါ်လာသော သူတစ်ပါးဝါဒကို အကြောင်း မှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်ကြပါကုန်ပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရား သည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သောအကျင့် ဟု ဆိုအပ်သော သာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့် တိုင်အောင် ပြည့်စုံပါပြီ။ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများ သိပါပြီ။ များစွာဖြစ် ထွန်းပါပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုချိန် တန်ပါပြီ” ဟု (လျှောက်၏)။

ဤသို့လျှောက်သော် မြတ်စွာဘုရားသည်ယုတ်မာသော မာရ် နတ်အား ဤစကားကို မိန့်တော်မူ၏။ -

”မာရ်နတ် သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလ လွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုလိမ့်မည် ” ဟု (မိန့်တော်မူ၏)။

သတိပေးခြင်း

ထေရဝါဒဗုဒ္ဓဘာသာကို တာဝန်ကြီးတစ်ရပ်အနေနဲ့ အပုတ်ချ၊ ဘလော့၃ခုပြိုင်ထောင် ပို့စ်တွေကိုစက်နဲ့လှိမ့်ထုတ်နေသလိုမျိုး လိမ်လည်ဝါဒဖြန့်နေတဲ့ ဘလော့ဂါကိုရည်ရွယ်ပြီးတော့ ဒီပို့စ်ကိုရေးပါတယ်။ သူ့ဘလော့တွေအကြောင်း သိနေတာကတော့ဖြင့် ၁နှစ်လောက်ကြာပါပြီ။ ပလန်းနက်ဖိုရမ်မှာ လွန်ခဲ့တဲ့၁နှစ်လောက်တုန်းက victorious ဆိုတဲ့နာမည်နဲ့ ပါဠိပျက်၊လက်ဖြစ်ပါဠိတွေပွထနေတဲ့ ပို့စ်တွေနဲ့ဗုဒ္ဓဘာသာကို အပုတ်ချဝေဖန်ထားတဲ့ ဘာသာဝင်တွေကိုထင်ယောင်ထင်မှားဖြစ်စေမယ့် ပို့စ်တွေကိုကော်ပီပေ့စ်တွေကိုကူးလာပြီး ဗုဒ္ဓဘာသာဝင်တွေကိုသွေးတိုးလာစမ်းပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ သဒ္ဓါတရားနဲ့ပညာကို ယှဉ်လို့မရပါဘူး။ စုတ်ပြတ်သပ်အောင် အဗျင်းခံလိုက်ပြီး ထွက်သွားရတာချည်းပါပဲ။ နာမည်အမျိုးမျိုးနဲ့လည်း အရှက်မရှိ(ဒါမှမဟုတ်) ရှက်ရကောင်းမှန်းမသိပဲ အကြိမ်ကြိမ်ပြန်လာပြီးတော့ ဖိုရမ်ဖောင်းပွအောင် လုပ်ပါတယ်။ လာတဲ့အခေါက်တိုင်းအခေါက်တိုင်းမှာလဲ အရှက်တကွဲအကျိုးနည်းနဲ့ အဆုံးသတ်ရတာချည်းပါပဲ။ သူကိုယ်တိုင်ကလည်း ဖိုရမ်မှာကော အီးမေးလ်ထဲမှာကော တောင်းပန်ထားပါသေးတယ်။ ဒါပေမယ့် ခရစ်ရှန်တွေရဲ့ထုံးစံအတိုင်းပဲပေါ့ အပြောနဲ့အလုပ်နဲ့မညီ ပါးစပ်ကဘုရားလက်ကားယားဖြစ်နေတာ ဘလော့လောကနဲ့ ဖိုရမ်လောကတွေမှာ ကျင်လည်နေတဲ့လူတွေ သတိထားမိမှာပါ။ ကျွန်တော်အခုပြောနေတာ ဘယ်သူလည်းဆိုတာကို တစ်ချို့သိတဲ့သူတွေ ရိပ်မိနေလောက်ပါပြီ။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေက ဒီကောင့်စာတွေကို အဆင့်အတန်းမရှိလို့ ဘောင်မဝင်လို့ ခွေးဟောင်လို့လသာမပျက်ဘူးဆိုပြီး လစ်လျူရှုထားခဲ့ကြပါတယ်။ ဒါကိုပဲ သူတော်ချင်းချင်းသတင်းလွေ့လွေ့ အဆင့်အတန်းတူသူတွေက သူ့ကိုခွေးဂိုဏ်းချုပ်ကြီးမြှောက်ပြီး ဆင့်ပွားဘလော့တွေထောင်လို့ထောင် ဆိုရှယ်လ်နက်ဝေါ့က်တွေထောင်လို့ထောင်နဲ့။ ခွေးက ဟောင်ရုံမက အိမ်ပေါ်အထိတက်ကိုက်တော့မယ်ဆိုရင် ဒါမှမဟုတ် ခွေးရူးတွေစုမိပြီဆိုရင်တော့ အသေရိုက်သတ်ရမယ်ဆိုလည်း လက်တွန့်နေမှာမဟုတ်ပါဘူး။ အခုလည်းဗုဒ္ဓဘာသာကျမ်းဂန်တွေကို နှံ့စပ်ပါတယ်ဆိုတဲ့ http://all4myanmar.wordpress.com/ http://ashinnanda.blog.com/ နဲ့ http://ashinnanda.blogspot.com/ က ဘလော့ဂါ ကျွန်တော်တို့အခေါ် မောင်နန္ဒ(သို့) ကိုကိုအောင်မင်း(သို့) စသည်စသည် နာမည်တွေနဲ့ပုဂ္ဂိုလ်ကို ကျွန်တော်ဒီကနေစိန်ခေါ်ပါတယ်။ သူတစ်ပါးဘာသာကိုပုတ်ခတ်မှ သာသနာပြုတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာအကြောင်း ကျမ်းစာအကြောင်း ပြန့်ပွားအောင်လုပ်တာလည်း သာသနာပြုတာပါပဲ။ ကျမ်းစာပြန့်ပွားအောင်လုပ်မယ့်ခရစ်ရှန်တွေကတော့ မြန်မာပြည်မှာသာမက ကမ္ဘာအနှံ့အပြားမှာရှိပါတယ်။ အဲဒီတော့ အဲဒီဘလော့ဂါကို ကျွန်တော်စိန်ခေါ်တဲ့အနေနဲ့ကော ရာဇသံအနေနဲ့ကော ဘိုင်ဘယ်လ်လာ မေးခွန်း၁၀ခုမေးပါမယ်။ သူ့ကိုမေးတာဖြစ်ပေမယ့်လည်း သိတဲ့လူမည်သူမဆို ဝင်ရောက်ဖြေဆိုပိုင်ခွင့်ရှိပါတယ်။ သင်းအုပ်တွေ၊ ဖာသာတွေနဲ့လည်း တိုင်ပင်ပြီးဖြေလို့ရပါသေးတယ်။ အခုမေးခွန်းတွေက အစပဲရှိပါသေးတယ်။ သူ့အနေနဲ့ အခုလိုမျိုး ဗုဒ္ဓဘာသာကိုအပုတ်ချစော်ကားနေတဲ့ လုပ်ရပ်တွေဆက်လုပ်နေမယ်ဆိုရင်တော့ ဒီဓမ္မဂါးဒီးယန်းဘလော့ဟာ ခရစ်ရှန်ဆန့်ကျင်ရေးဘလော့အဖြစ်ပြောင်းသွားမှာဖြစ်ကြောင်း သေချာသတိပေးအပ်ပါတယ်။ ဒီဘလော့ကို ဘာသာခြားဝေဖန်သူတွေရဲ့စွပ်စွဲချက်တွေကို ပြန်ဖြေရှင်းဖို့ ဗုဒ္ဓဘာသာဘလော့ဂါတွေပေါင်းပြီး တည်ထောင်ထားတာဖြစ်ပါတယ်။

မေးခွန်း(၁)အနေနဲ့

ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓေယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊ (ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄)

အခုကျမ်းပိုဒ်ဟာ ခရစ်ရှန်တွေထဲမှာ တော်တော်အကိုးအကားများပါတယ်။ ဆူးလေနားက ဧမာနွေလဘုရားကျောင်း ဆိုတဲ့နာမည်ကလည်း ဒီကျမ်းပိုဒ်ထဲကလာတာဖြစ်ပါတယ်။ အရေးလည်းပါပါတယ်။ ခရစ်ရှန်တွေတဖွဖွပြောနေတဲ့ အပျိုစင်မာရီကနေ ယေရှုကိုမွေးဖွားလိမ့်မယ်လို့ ဗျာဒိတ်ပေးထားတာပါဆိုပြီး ခရစ်ရှန်တွေယုံကြည်ကြပါတယ်။ အဲဒီမှာသတို့သမီးကညာဆိုတာကို မူရင်းဟီဘရူးလိုဖတ်ကြည့်မယ်ဆိုရင် ငယ်ရွယ်သောအမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရပြီးကလေးမွေးလိမ့်မယ်လို့ လွယ်လွယ်လေးပဲပြောထားတာပါပဲ။ ယေရှုကိုဘုရားသခင်အဖြစ် သရဏဂုံတင်ချင်တဲ့ ယေရှုနောက်လိုက်တွေရဲ့လက်ရာ လိုရာဆွဲဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မူရင်းဟီဘရူးစာကြောင်းကိုကူးပြပါမယ်
לָכֵן יִתֵּן אֲדֹנָי הוּא לָכֶם אוֹת הִנֵּה הָעַלְמָה הָרָה וְיֹלֶדֶת בֵּן וְקָרָאת שְׁמוֹ עִמָּנוּאֵל
ူ
ခရစ်ရှန်များအနေနဲ့ အကောင်းဆုံးလုပ်သင့်တာကတော့ ဟီဘရူးစာတတ်တဲ့ ဖာသာတွေသင်းအုပ်တွေဆီသွားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာခေါင်းချင်းဆိုင်ဆွေးနွေးဖို့ပါပဲ။

စကားချပ်အနေနဲ့ မာရီဟာအပျိုစင်ဖြစ်ခဲ့ပုံမပေါ်ပါဘူး။ ဘာလို့လည်းဆိုတော့ လုကာ ၁:၅၆ မှာ မာရီဟာ သူ့ရဲ့အမျိုး အဲလိဇဘက်ဆီမှာ ၃လနေထိုင်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့သူ့အိမ်လည်းရောက်ရော ကိုယ်ဝန်ရှိနေကြောင်းသိရပါတယ်။ မဿဲ ၁:၁၉ မှာပြောထားတာက မာရီနဲ့စေ့စပ်ထားတဲ့ ဂျိုးဆပ်ဟာ သူနဲ့ပေါင်းသင်းနှီးနှောဖူးခြင်းလည်းမရှိဘဲ ကိုယ်ဝန်ရနေတဲ့မာရီကို တိတ်တဆိတ်ခွဲခွာဖို့ ကြံစည်ခဲ့တယ်လို့ပြောပါတယ်။ အဲဒါဆိုရင် ဂျိုးဆပ်နဲ့လည်းရတာမဟုတ် လွန်ခဲ့တဲ့၃လလောက်တုန်းကလည်း မာရီကသူများအိမ်မှာသွားနေထိုင်ခဲ့တာဆိုတော့ ကြားကားဖြစ်ဖို့များပါတယ်။ လျော့လျော့ပေါ့ပေါ့လေးတွေးပေးပါ့မယ် အချစ်နယ်ကျွန်ပြီး မှားခဲ့တာဖြစ်မှာပါလို့။

မေးခွန်း(၂)

အထက်ပါ ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄ အရပဲ ယေရှုကိုမွေးလိမ့်မယ် ပြီးတော့ ဧမာနွေလလို့အမည်ပေးလိမ့်မယ်လို့ ပရောဖက်ကြီး ယေရှာယက ဟောခဲ့ပါတယ်။ ဒါဆိုပြန်မေးကြည့်ရအောင် ယေရှုမှာ နာမည်ဘယ်နှမျိုးရှိခဲ့လဲ? သူ့ကိုသူ့အမေမာရီက ဧမာနွေလလို့နာမည်ပေးခဲ့လား? ဘယ်သူကကော သူ့ကိုအဲဒီနာမည်ခေါ်ဖူးလဲ? အထက်ပါမေးခွန်းတွေနဲ့ကိုက်ရင် အခုကျမ်းပိုဒ်ဟာ မှန်ခဲ့တယ် မကိုက်ညီရင် ပရောဖက်ကြီးဟေရှာယက ဖောရှောလား ယေရှုနောက်လိုက်တွေက ဖောရှောလားဆိုတာ ကြိုက်တာရွေးကြပါခရစ်ရှန်အပေါင်း သူတော်ကောင်းတို့။

မေးခွန်း(၃)

ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ရောက်ကြသောအခါ၊ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ချည်နှောင်လျက်ရှိသော မြည်းမနှင့်မြည်းကလေးကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။ သူတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။ ထိုအကြောင်းအရာမူကား၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ ဟူသောပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းဖြစ်သတည်း။ (ရှင်မဿဲခရစ်ဝင် ၂၁:၁-၅)

ဒီအပိုဒ်မှာတော့ ယေရှုကဟိုးရှေးကရှိခဲ့တဲ့ ပရော်ဖက်စီကို ဖြည့်သလိုလို သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာခရိအနာဂတ္တိကျမ်း ၉:၉ လာ ပရော်ဖက်စီကို ပြောနေတာဖြစ်ပါတယ်။ အဲဒီမှာဘာပြောထားလည်းဆိုတော့

အိုဇိအုန်သတို့သမီး အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး ကြွေးကြော်လော တရားသဖြင့် စီရင်၍၊ ကယ်တင်ခြင်းသို့ရောက်သောသခင် သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့။ ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရုရှလင်မြို့၌၄င်း ပယ်ဖျက်မည်။ စစ်လေးကိုလည်းပယ်ဖျက်မည်။ တပါးအမျိုးသားတို့ သည် စစ်ငြိမ်းမည်အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်းတည်လိမ့်မည်။ ( ဇာခရိအနာဂတ္တိကျမ်း ၉:၉-၁၀)

တိုက်စစ်ကြည့်လိုက်ပါ။ တူသလားလို့? ဓမ္မဟောင်းမှာပြောထားတာက မြည်းစီးပြီးဝင်လာမယ့်လူက စစ်ခေါင်းဆောင်တစ်ဦးကိုပြောတာဖြစ်ပါတယ်။ ယေရှုမှာစစ်တိုက်တတ်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ် ကားစင်ပေါ်စို့ရိုက်သတ်တဲ့လူတွေလက်ကနေ လွတ်အောင်မပြေးနိုင်ရှာပါဘူး။ အဲဒီတော့ အခုပရော်ဖက်စီအရ ယေရှုကအလွန်သရုပ်ဆောင်ကောင်းတဲ့ လူလိမ်ဖြစ်ချင်ဖြစ် မဟုတ်ရင် ဒီပရော်ဖက်စီမပြည့်စုံခဲ့ဘူးလို့ မှတ်ရပါမယ်။

မေးခွန်း(၄)

ဘိုင်ဘယ်လ်မူခွဲပေါင်း ၁ဒါဇင်လောက်ရှိပါတယ်။ အခုအောက်မှာပြောထားတဲ့ဟာတွေက အထင်ရှားဆုံးဟာတွေပါပဲ။ ဘိုင်ဘယ်လ်ကပြုပြင်ပြောင်းလဲခြင်းခံရတာတွေရဲ့ အထောက်အထားလို့ပြောလည်း မမှားပါဘူး။ ကျွန်တော်သိချင်တာက ဘယ်ဘိုင်ဘယ်လ်က ထာဝရဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အစစ်အမှန်ပါလဲ ဆိုတာပါ။

Septuagint - ၂၅၀အေဒီ - ဂရိဘာသာစကား

Vulgate- ၄၀၀ အေဒီ၊ ကာသေ့ခ်ျမြို့ညီလာခံမှာ ပထမဦးဆုံးကျမ်းပြုပုံနှိပ်ခဲ့တဲ့ ဘိုင်ဘယ်လ် - လက်တင်ဘာသာစကား

မာတင်လူသာရဲ့ ဂျာမန်ဘိုင်ဘယ်လ် - ၁၅၃၄ အေဒီ

King James Version- ၁၆၁၁ အေဒီ . လူသုံးအများဆုံးမူဖြစ်ပေမယ့် စာရေးသူတွေကဟီဘရူးစာကို ကောင်းကောင်းနားမလည်လို့ အမှားပေါင်းမြောက်များစွာပါနေတယ်။

Revised Standard Version- ၁၉၅၂ အေဒီ၊ အစောဆုံးဖြစ်နိုင်ချေရှိတဲ့ ကျမ်းစာတွေကိုသုံးပြီးတော့ ဘက်မလိုက်ပဲ အမေရိကန်အင်္ဂလိပ်စာသို့ ပြန်ဆိုခဲ့တယ်။

New International Version - ၁၉၆၀-၇၀ အေဒီ. ခေတ်ပေါ်ရှေးရိုးစွဲ အင်္ဂလိပ်မူ

Jerusalem Bible- ၁၉၆၆ အေဒီ. အေဒီ၎ရာစုကတည်းက ကတ်သလစ်အသင်းတော်က တာဝန်ယူပြုစုနေတဲ့ ပထမဆုံးမူ

New Revised Standard Version- ၁၉၉၀ အေဒီ. ပညာရှင်တွေနဲ့ လေ့လာသူတွေကပြုစုထားတဲ့ မူရင်းကျမ်းစာတွေကို အတတ်နိုင်ဆုံးတိတိကျကျဘာသာပြန်ထားတဲ့မူ။

မေးခွန်း(၅)

သားအမိ၂ယောက်ရှိတယ်ဆိုပါတော့။ အမေကသားကိုအရမ်းချစ်တယ်။ အမေလုပ်တဲ့လူက born again ခရစ်ရှန်အစစ်အမှန်။ သားလုပ်တဲ့လူက မယုံကြည်သူ အပြစ်သား။ တရားစီရင်တဲ့နေ့ရောက်တော့ အမေကကောင်းကင်ဘုံရောက် သားကထာဝရငရဲရောက်သွားကော။ အဲဒီမှာကောင်းကင်ဘုံမှာ အိန်ဂျယ်လ်ဖြစ်နေတဲ့အမေက သူ့သားငရဲကျသွားတာကိုလည်းသိကော စိတ်ဆင်းရဲပါလေရော။ အဲဒီလိုအခါမျိုးမှာဆိုရင် ထာဝရဘုရားသခင်က မျက်ရည်တွေကိုဘယ်လိုသုတ်ပေးမလဲ (ဝါ) ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ သိချင်ပါတယ်။ ငရဲရောက်နေတဲ့သားကို ကောင်းကင်ဘုံပေါ်ခေါ်တင်ထားမလား ဒါမှမဟုတ် အမေလုပ်တဲ့လူကိုပဲ သားနဲ့အတူတူနေရအောင်လို့ ငရဲထဲကန်ချလိုက်မလား။

မေးခွန်း(၆)

ဖန်ဆင်းရှင်ဘုရားသခင်ဆိုတာ ပြည့်စုံတယ်လို့ပြောကြတယ်နော်။ ပြည့်စုံတယ်ဆိုတာ တစ်နည်းအားဖြင့် ဘာမှမလိုအပ်တော့တာပေါ့။ ပြည့်နေတဲ့ရေအိုးထဲကို ရေထပ်ဖြည့်လို့မရသလိုပေါ့။ ဒါဆိုရင် ချို့ယွင်းမှုကင်းတဲ့ ပြည့်စုံပြီးသား ဘုရားသခင်က ဘာလို့အရာရာကို ဖန်ဆင်းတာပါလဲ? ပြည့်စုံပြီးသားဆိုရင် ကိုယ့်ဘာကိုယ်တစ်ယောက်တည်းနေလို့ရတာပဲ။ ရေအိုးထဲရေမပြည့်သေးလို့ ထပ်ဖြည့်လို့ရတာပေါ့။ အဲဒီတော့ဘုရားသခင်ဆိုတာမပြည့်စုံသေးပါဘူး မပြည့်စုံသေးတဲ့အတွက်ဘုရားသခင်လို့ခေါ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ ဘုရားသခင်ဆိုတဲ့အရာဟာ မရှိပါဘူးလို့ လော့ဂျစ်ပိုင်းဆိုင်ရာ သက်သေပြလို့ရပါတယ်။

မေးခွန်း(၇)

ဘိုင်ဘယ်လ်ရဲ့ပထမဆုံးငါးကျမ်းဖြစ်တဲ့ တိုရာကျမ်းတွေကို မောရှေရေးတာလို့ယုံကြည်ကြပါတယ်။ မောရှေရေးတာဆိုရင် ဘယ်လိုလုပ်ပြီး မောရှေရဲ့အသုဘအကြောင်းပါနေရတာလဲ? မောရှေက သေရွာကနေထပြီး မြေကြီးထဲကနေလှမ်းရေးတာလား? ပြီးတော့ ဓမ္မသစ်ထဲက ဟေဗြဲသြဝါဒစာကို ဘယ်သူရေးတာပါလဲ?

မေးခွန်း(၈)

ထိုအခါကိုယ်တော်က“ငါသည်ပျောက်နေသောသိုးစု ဖြစ်သည့်ဣသရေလအမျိုးသားများအတွက်သာ လျှင်လာရောက်ခြင်းဖြစ်သည်” ဟုဖြေကြားတော်မူ၏။ (ရှင်မဿဲခရစ်ဝင် ၁၅:၂၅)

ယေရှုကိုယ်တိုင်ကဝန်ခံထားတာက အစ္စရေးလ်လူမျိုးတွေအတွက်သာ လူ့ပြည်ကိုရောက်လာခြင်းဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ အဲဒါဆိုရင် လူသားတစ်ရပ်လုံးအတွက်မဟုတ်ဘူးပေါ့။ အဲဒါဆိုရင် ယေရှုဟာ ဂျူးမဟုတ်တဲ့လူမျိုးခြားတွေအတွက် မဟုတ်တော့ဘူးဆိုတာလက်ခံလား? ဂျူးမဟုတ်တဲ့လူတွေ ကယ်တင်ခြင်းမရတော့ဘူးလား?
အဲဒါကိုလက်ခံနိုင်လောက်တဲ့ အဖြေပေးပါ။

မေးခွန်း(၉)

သခင်ယေရှုကလည်း“အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။- တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုပ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏” ဟု တပည့်တော်တို့အားမိန့်တော်မူ၏။ (ရှင်မဿဲ ၁၉:၂၃-၂၄)
သူဌေးတွေကောင်းကင်ဘုံရောက်ဖို့က အပ်နဖားပေါက်ထဲကို ကုလားအုပ်ဝင်ဖို့ထက်ကို ပိုခက်တယ်လို့ပြောထားပါတယ်။ အဲဒါ လုံးဝမဖြစ်နိုင်ဘူးလို့ ယေရှုက သွယ်ဝိုက်ဆိုလိုက်တာပါပဲ။ အပ်ပေါက်ထဲ ကုလားအုပ်အကောင်ကြီးက ဘယ်လိုလုပ်ဝင်လို့ရမှာလဲ။ ကုလားအုပ်မွှေးဆိုလည်း ဖြစ်နိုင်သေးတယ်။ ဒါဆိုအခုခေတ်ခရစ်ရှန် မစ်ရှင်နရီကြီးတွေကို ဓနအင်အားနဲ့ဖြည့်တင်းနေကြတဲ့ ကမ္ဘာတစ်ဝှမ်းကသူဌေးကြီးတွေ သေရင်ဘယ်ရောက်ကြမှာပါလဲ? ငရဲပဲပေါ့မဟုတ်ဘူးလား။

မေးခွန်း(၁၀)

မင်းကြီးများကိုလုပ်ကြံရာမှ ပြန်လာသောအာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊ အာဗြဟံ လှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသောဘုရား သခင်၏ ယဇ်ပုရောဟိတ်မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့်တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်းမင်းဟု ဆိုလိုသောရှာလင်မင်းဖြစ်လျက်၊ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။ အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာ များကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသော ထိုမင်းသည် အဘယ်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။ (ဟေဗြဲသြဝါဒစာ ၇:၁-၄)

ယာဇ်ပုရောဟိတ် မေလခိဇေဒက်ဆိုတာ မိဘလည်းမရှိ ရှေးမျိုးလည်းမရှိ အသက်အပိုင်းအခြားလည်းမရှိ၊ ဘုရားသခင်ရဲ့သားတော်ဆိုတော့ ယေရှုနဲ့တစ်တန်းတည်းထားပြီး ကိုးကွယ်သင့်ပါတယ်။ အဲဒါခရစ်ရှန်များ ဘာလို့မကိုးကွယ်ကြတာပါလဲ?

အခုမေးခွန်းတွေကတော့ အလွယ်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ ဆယ်ခွန်းကိုမေးထားတာဖြစ်ပါတယ်။ အထက်ပါဘလော့ဂါဖြေဖို့အတွက်ပါ။ ရှောင်ပြေးနေမယ် ဒါမှမဟုတ် ဝေ့လည်ကြောင်ပတ်ဖြေနေမယ်ဆိုရင်ဖြင့် လက်ရှိဘလော့ကနေ ခရစ်ရှန်ဆန့်ကျင်ရေးဘလော့အဖြစ် ပြောင်းသွားမှာဖြစ်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးအပ်ပါတယ်။